← Chapters

အခန်း (၂၃၇)

Vol. 16 Ch. 237

အခန်း (၂၃၇)

Vol. 16 Ch. 237

ကျွင်းချောင်ရှောင်း သည် သိုင်းပြိုင်ပွဲများတွင် တပည့်များအား စေလွှတ်ယှဉ်ပြိုင်ပြီး အတွေ့အကြုံများ ရရှိစေချင်သည်။ သို့ပေမဲ့ စမ်းသပ်မှုမျှော်စင် ကို ရရှိပြီးသည့်နောက်မှာတော့ သူသည် ထိုအကြံအစည်အား လက်လွတ်လိုက်၏။

စမ်းသပ်မှုမျှော်စင်အား အဆင့်မြင့်တင်ရန် အချိန်အတော်လိုသေးသည်။ ထို့ကြောင့် လက်ရှိတွင် လွတ်လွတ်လပ်လပ် နှင့် အားလုံးလေ့ကျင့်လို့ရနေသည်။

အထူးတာဝန်သာ ပေါ်မလာခဲ့လျှင် သူသည် သိုင်းပြိုင်ပွဲအား လုံးဝ စိတ်ဝင်စားလိမ့်မည် မဟုတ်ချေ။ ထို့အပြင် အထူးတာဝန်ကို ပြည့်စုံစေလျှင် ဂိုဏ်းစုဆောင်းမှတ်များ ရရှိနိုင်၏။

စနစ်မှ ပြောလိုက်သည် “ပထမတုန်းကလည်း သိုင်းပြိုင်ပွဲ ဝင်ပြိုင်ဖို့၊ အခုလည်း သိုင်းပြိုင်ပွဲ ဝင်ပြိုင်ဖို့ပဲ။ အထူး တာဝန် ဆိုတော့ လွယ်မှာ မဟုတ်ဘူး”

“စိန်ခေါ်မှုမရှိရင် ဘယ်လိုလုပ် တိုးတက်မလဲ” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

အိုက်ရှန်းရီ ပြောလိုက်သည် “ကျုပ် သိသလောက်ဆိုရင် သိုင်းပြိုင်ပွဲ ဝင်ပြိုင်မယ့် ဂိုဏ်းတွေက အဆင့်ခြောက် နဲ့ အဆင့်ခုနှစ် ဂိုဏ်းတွေ များတယ်။ အားအကောင်းဆုံး ပြိုင်ပွဲဝင်က အဆင့်ကိုး သိုင်းတပည့် အဆင့်ပဲ”

စနစ် “…….”

အခုလေးတင် ခက်ခဲမယ်လို့ ပြောထားတယ်လေ။ ဘယ်လိုလုပ် သိုင်းတပည့် အဆင့်ကိုးက အားအကောင်းဆုံး ဖြစ်ရတာလဲ။

သံမဏိအရိုးဂိုဏ်းသားတွေသည် သိုင်းတပည့် အဆင့်တွင် ပြိုင်ဘက်ကင်းကြသည်။ ထို့ကြောင့် ဤပြိုင်ပွဲသို့သာ ဝင်ပြိုင်ပါက မျက်စိမှိတ်၍ ယှဉ်ပြိုင်လျှင်ပင် နိုင်မည် ဆိုသည့် အဓိပ္ပာယ် မသက်ရောက်နေဘူးလား။

ကျွင်းချောင်ရှောင်း သဘောကျသွားသည်။

စနစ်မှ ပေးသော အထူးတာဝန်သည် သူ့အတွက် ထမင်းစား၊ရေသောက် လွယ်ကူသော တာဝန် ဖြစ်လို့နေ၏။

“အိုက်ခေါင်းဆောင် …”

သူ မေးလိုက်သည် “ဆုက ဘာတွေရမှာလဲ”

တပည့်များကို လွှတ်၍ ယှဉ်ပြိုင်စေမည်ဆိုတော့ ဆုလာဘ်က အရေးကြီးလာသည်။

အိုက်ရှန်းရီ ပြောလိုက်သည် “ထိပ်ဆုံး ဆယ်ယောက်ထဲ ဝင်ရင် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံး ရမယ်။ ဗိုလ်ဆွဲရင်တော့ အဆင့်မြင့် သိုင်းနည်းစနစ် တစ်ခု နဲ့ စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာ ရမယ်”

“ရက်ရောလှချည်လား” ကျွင်းချောင်ရှောင်း ဆွံ့အသွားသည်။

လီရန်မြို့၏ သိုင်းပြိုင်ပွဲမှာတုန်းက ရှောင်ကျီ သည် ဗိုလ်ဆွဲခဲ့သည် ဆိုသော်လည်း အဆင့်မြင့် သိုင်းနည်းစနစ် တစ်ခု နှင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးကိုသာ ရရှိခဲ့၏။

ဖင်းယန်နိုင်ငံ၏ သိုင်းပြိုင်ပွဲမှာတော့ ထိပ်ဆုံးဆယ်ယောက် စာရင်းဝင်လျှင်ပင် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံး ရနေပြီ ဖြစ်သည်။ ကွာခြားချက်မှာ ကြီးမားလွန်းလှသည်။

ဂိုဏ်းစုဆောင်းမှတ်များအတွက် မဟုတ်လျှင်တောင်မှ စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာ ဆိုသည်မှာ ဝင်ရောက် ယှဉ်ပြိုင်ရန် ထိုက်တန်သည်ဟု သတ်မှတ်ရမည်။

……

အိုက်မိသားစု ဆီမှ ပြန်လည် ထွက်ခွာလာပြီးနောက် ကျွင်းချောင်ရှောင်းသည် သိုင်းပြိုင်ပွဲတွင် မည်သူ့အား ယှဉ်ပြိုင်စေမည်နည်း ဆိုသောအကြောင်း အား သေချာစဉ်းစားနေသည်။

အထူးတာဝန်နှင့် အတူ ရက်ရောလှသော ဆုလာဘ်လည်း ရှိသည်မို့ သူ့အနေဖြင့် အတွင်းစည်း တပည့်များကိုသာ ရွေးချယ်ရမည်။

ရီရှင်းချန် နှင့် လီဖေးတို့သည် လီရန်မြို့၏ သိုင်းပြိုင်ပွဲတွင် ဝင်ရောက်မယှဉ်ပြိုင်နိုင်ခဲ့ကြချေ။ ထို့ကြောင့် ဤနှစ်ယောက်ထဲမှ တစ်ယောက်အား ရွေးချယ်မှ သင့်မည်။

“ရှင်းချန် …” ကျွင်းချောင်ရှောင်း ပြောလိုက်၏။

ရီရှင်းချန်သည် ထိုအကြောင်းကို သိချိန်မှာတော့ စိတ်ထဲတွင် ခါးခါးသီးသီး ငြင်းလိုက်မိသည်။

ကလေးကစားသလို ပြိုင်ပွဲမျိုးကို ဝင်ရောက် ယှဉ်ပြိုင်ရသည်ထက် ဂိုဏ်းထဲတွင် လေ့ကျင့်နေသည်ကမှ သူ့အတွက် တိုးတက်ပေအုံးမည် မဟုတ်လား။

သို့ပေမဲ့ ဆုလာဘ်အဖြစ် စိတ်ဝိညာဉ်ကျောက်တုံးများ ရရှိမည် ဆိုသည်ကို သိချိန်မှာတော့ ချက်ချင်းပဲမေးခွန်း ထုတ်လာသည် “ဂိုဏ်းချုပ် .. ဘယ်တော့ သွားပြိုင်ရမလဲ”

“ဆယ်ရက် အတွင်း ထွက်မယ်” ကျွင်းချောင်ရှောင်း ပြောလိုက်၏။

ဆယ်ရက်ဟုတ်လား။ ထိုသို့ဆိုလျှင် သူ အချိန်အတန်ငယ် လေ့ကျင့်၍ ရနိုင်သေးသည်။

ညနက်ချိန်မှာတော့ ….

ထုံးစံအတိုင်း ကျွင်းချောင်ရှောင်းသည် လေးနာရီ တိုင်တိုင် စမ်းသပ်မှုမျှော်စင်ထဲတွင် လေ့ကျင့်ခဲ့၏။ ပြီးနောက် ရေနွေးနွေးလေးဖြင့် ကိုယ်လန့်သန့်စင်ပြီး ခြေချိတ်ထိုင်ကာ ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ် အား လေ့ကျင့်တော့သည်။

ဂိုဏ်းသည် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်။ ထို့အတူ သူတို့၏ ကျင့်ကြံခြင်းအဆင့်သည်လည်း တိုးတက်နေမှ ဖြစ်မည်။

နှစ်နာရီလောက်ကြာတော့ ကျွင်းချောင်ရှောင်းသည် ကျွမ်းကျင်စွာဖြင့် စတိုးကို ဖွင့်ကာ တီးတိုးရေရွတ်လိုက်မိသည် “refresh လုပ်ဖို့အချိန်ကျပြီပဲ”

“ဒင် .. ဂိုဏ်းစုဆောင်းမှတ် ၇၇၀ / ၁၀၀၀”

ပစ္စည်းသစ်များသည် အသုံးမဝင်လှပေ။

သို့ပေမဲ့ အောက်ဆုံးအဆင့်တွင် တပည့်များ ပစ္စည်းဝယ်ယူစက် ဆိုသော အရာတစ်ခု ရှိနေကြောင်း သူ မြင်လိုက်ရသည်။

သူ အသေးစိတ်အား ထောက်ကြည့်လိုက်၏။

ပစ္စည်း - တပည့်များ ပစ္စည်းဝယ်ယူစက်။

ဖော်ပြချက် - တပည့် စတိုးထဲတွင် ရှိသော ကုန်ပစ္စည်းများအား ဖော်ပြပေးထားမည် ဖြစ်ပြီး တပည့်များ အနေဖြင့် မိမိ၏ ဂိုဏ်းစုဆောင်းမှတ်ဖြင့် ကြိုက်နှစ်သက်ရာကို စိတ်ကြိုက် ဝယ်ယူနိုင်သည်။

ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ၁၀၀။

“ဒီပစ္စည်းက တယ်ကောင်းပါလား” ကျွင်းချောင်ရှောင်း ပျော်ရွှင်စွာ ပြောလိုက်သည်။

ဂိုဏ်းတာဝန်များ ပြည့်စုံပြီးသည့်နောက် တပည့်များသည် ဂိုဏ်းစုဆောင်းမှတ်များရရှိခဲ့၏။ ထိုတပည့်များအတွက် သူ တစ်ယောက်ချင်းစီ ပစ္စည်းများ ဝယ်ယူပေးနေရမည် ဆိုလျှင် ဘာအလုပ်မှ မလုပ်ဘဲ ဒီအလုပ်တစ်ခုတည်းနှင့် မိုးချုပ်သွားပေလိမ့်မည်။ ဤစက်ရှိခြင်းသည် သူ့အား အလွန်အမင်း သက်သာစေမှာ သေချာသည်။

“ဒင် … လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် တစ်ရာအား အသုံးပြူ၍ တပည့်များ ပစ္စည်းဝယ်ယူစက် အား ဝယ်ယူခဲ့သည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်လိုက်ပါပြီ”

“ဒင် .. ဂိုဏ်းစုဆောင်းမှတ် ၆၇၀ / ၁၀၀၀”

ဝယ်ယူပြီးသည့်နောက် စတိုးအား သူ refresh ထပ်မလုပ်ရဲတော့ချေ။ refresh ကို စွဲလန်း၍ ဂိုဏ်းစုဆောင်းမှတ် များ ကုန်ဆုံးသွားမည်ကို သူ စိုးရိမ်နေမိသည်။

နေထွက်လာချိန်မှာတော့ သူသည် တာဝန်ခွဲဝေဆောင်တွင် ပစ္စည်းဝယ်ယူစက်အား ထားရှိလိုက်၏။

…….

မနက်ခင်း ….

ထုံးစံအတိုင်း တပည့်များသည် နတ်ဘုရားတေးဂီတဖြင့် ကခုန်လျက်ရှိသည်။

အကအတော်ဆုံးမှာ လျှိုဝမ်ရှစ်ပင် ဖြစ်တော့သည်။ သူမသည် အချိုးအစား လှပစွာဖြင့် ကြည့်ကောင်းစွာ ကခုန်လျက်ရှိသည်။ သူမအား အမီကနိုင်သူဟူ၍ တဦးတယောက်မှ မရှိချေ။

မနက်ခင်း လေ့ကျင့်ခန်းများ ပြီးစီးချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် တပည့်များအား ခေါ်ယူ၍ ပစ္စည်းဝယ်ယူစက် အကြောင်း ရှင်းပြလိုက်သည်။

“ကျွန်တော်စမ်းကြည့်မယ်”

စွေ့ပုကျန့်သည် စက်ရှေ့တွင် ရပ်လျက် သူ၏ လက်ဗွေရာ နှင့် အတည်ပြုလိုက်ချိန်မှာတော့ စက်သည် မြင်ကွင်းတစ်ခုအား ပြသလိုက်သည်။

တပည့် - စွေ့ပုကျန့် ..။

ဂိုဏ်းစုဆောင်းမှတ် - ၃။

အောက်ဘက်တွင်တော့ တပည့်စတိုးမှ ဝယ်ယူရရှိနိုင်သော ပစ္စည်းများအား ပြသထားသည်။ သစ်သားဓား နှင့် ချီစုစည်းခြင်း ဆေးလုံးတို့ ဖြစ်၏။

ဘာဝယ်ရင်ကောင်းမည်နည်း။

စွေ့ပုကျန့်သည် ခဏလောက် စဉ်းစားပြီးသည့်နောက် ချီစုစည်းခြင်းဆေးရည် အား သုံးလုံးတိတိ ဝယ်ယူလိုက်တော့သည်။

လက်ရှိအချိန်တွင် လိုအပ်နေသည်မှာ သူ၏ အဆင့်မြင့်တက်ရန် ဖြစ်သည်။ ထို့ကြောင့် ချီစုစည်းခြင်းဆေးလုံး သည် သူ၏ ရည်မှန်းချက်အား အကောင်အထည် ပေါ်ပေးလိမ့်မည်။

တာဝန်ထမ်းဆောင်ပြီးသော တပည့်များသည် ရောက်ရှိလာကြပြီး သူတို့တွင် ဂိုဏ်းစုဆောင်းမှတ် များ ရှိသည် ဆိုသည်နှင့် ချီစုစည်းခြင်းဆေးလုံးကိုသာ ဝယ်ယူနေကြသည်။

“ဂိုဏ်းချုပ် …”

လီချင်းယန်သည် အဓိက ဟောခန်းအပြင်ဘက်တွင် ရပ်ပြီး ပြောလိုက်သည် “ပစ္စည်း ဝယ်ယူတဲ့စက်က မဆိုးဘူး ဆိုပေမဲ့ ဂိုဏ်းတာဝန်က နည်းတာမို့ စုဆောင်းမှတ် မရသူတွေ များနေတယ်။”

ကျွင်းချောင်ရှောင်းပြောလိုက်၏ “မလောနဲ့။ အနာဂတ်မှာ ပေါလာလိမ့်မယ်”

စနစ်သည် ဂိုဏ်းသားအရေအတွက်ပြည့်မှ အဆင့်တက်အောင် ဖန်တီးထားသည်။ ဂိုဏ်းသားအရေအတွက် ပြည့်၍ အဆင့်တက်သည် ဆိုမှ တာဝန်ကို ချမှတ်ပေးသည်။ ထို့ကြောင့် သူ့အနေဖြင့် လောလောဆယ် ဂိုဏ်းသား တစ်ထောင်ပြည့်အောင် ခေါ်ယူရန် လိုအပ်နေ၏။

ကျွင်းချောင်ရှောင်း သက်ပြင်းချလိုက်သည် “နေ့တိုင်း ဂိုဏ်းတာဝန်တွေ ရှိနေရင် ကောင်းမယ်”

စနစ်မှ ပြောလိုက်သည် “စတိုးထဲမှာ တာဝန်ထုတ်လုပ်ပေးတဲ့ အရာတစ်ခု ရှိတယ်။ အဲအရာက တပည့်တွေကို နေ့တိုင်း တာဝန်တွေ ဖန်တီးပေးနိုင်တယ်။”

“အဲတာက ရဖို့ လွယ်လား” ကျွင်းချောင်ရှောင်း မေးလိုက်သည်။

စနစ်မှ ပြန်ဖြေလိုက်၏ “အလယ်အလတ် အဆင့် စတိုးမှာ ပဲ ဝယ်လို့ရတယ်”

“တော်စမ်း ..”

…..

အိုက်ခေါင်းဆောင်သည် အလွန်တော်သူဖြစ်ပြီး လုပ်ရည်ကိုင်ရည် နှင့်လည်း ပြည့်စုံသူ တစ်ယောက် ဖြစ်တော့သည်။ ရက်အနည်းငယ်အတွင်း ဆေးပင်မျိုးစေ့ နှစ်သိန်းအား လာရောက်ပေးအပ်လေသည်။ ပျဉ်းမျှ တွက်ရမည် ဆိုလျှင် မျိုးစေ့တစ်စေ့ အတွက် ငွေတေလ်း တစ်ရာ ကျသင့်၏။

မျိုးစေ့များသည် ဈေးကြီးသည့်အပြင် စိုက်ပျိုးရသည်မှာလည်း ခက်ခဲလှသည်။

သန်းနှစ်ဆယ် အသုံးပြုပြီး မျိုးစေ့ နှစ်သိန်းအား ဝယ်ယူခြင်း ဆိုသည်မှာ ကျွင်းချောင်ရှောင်းအား နေမထိ ထိုင်မသာ တော့ ဖြစ်စေသည်။ ပိုက်ဆံရှာရသည်မှာ လွယ်ကူသည် မဟုတ်ပေ။

သို့ပေမဲ့ ထိုမျိုးစေ့များသည် သံမဏိအရိုးဂိုဏ်းအား ပိုမိုတိုးတက်အောင် ပြုလုပ်ပေးနိုင်သည် ဆိုတာကို စဉ်းစားမိတော့ သူ မျက်စိမှိတ်ကာ ကျေနပ်လိုက်ရ၏။

မျိုးစေ့များ ရရှိပြီးနောက် စီနီယာဝေသည် သူ၏ ဆေးစိုက်ပျိုးသူ အဖွဲ့သားများဖြစ်သော လုံကျိရန် ၊ စီမာကျုံးတ အစရှိသော တပည့်များအား ခေါ်ယူ၍ ဂိုဏ်းတည်နေရာ အနှံ့တွင် ဆေးပင်များ စိုက်ပျိုးတော့သည်။

ဆယ်ရက်လောက် ကြာပြီးနောက် သံမဏိအရိုးတောင် တစ်ခုလုံးတွင် အဆင့်မြင့် စိတ်ဝိညာဉ်အပင်များ ဝေဝေဆာဆာ စိုက်ပျိုးပြီး ဖြစ်၏။ စွန်းပုကုံး အပါအဝင် တပည့်များသည် ဆေးပင် စိုက်ပျိုးရာတွင် ကူညီရင်း အတွေ့အကြုံများ ရရှိကြ၏။

သူတို့အတွက် အတွေ့အကြုံသစ် ဖြစ်သောကြောင့် အားလုံးသည် ပျော်ရွှင်နေကြသည်။

“သွားကြစို့ ..”

မနက်စာစားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ရီရှင်းချန်ကို ခေါ်ဆောင်၍ ဖင်းယန်မြို့သို့ ဦးတည်သွားတော့သည်။

“ဂျုနီယာညီလေးရီ …”

“စီနီယာအစ်ကိုရီ …”

တပည့်များသည် လိုက်ပါ ပို့ဆောင်ပြီး အော်ဟစ်လိုက်ကြသည် “အောင်ပွဲနဲ့အတူ ပြန်လာတာကို စောင့်နေမယ်”

“ဟမ့်…” ရီရှင်းချန်သည် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်.

ဘာကြောင့်မှန်း မသိပေမဲ့ သူ၏ စိတ်ထဲတွင်တော့ အလွန်အမင်း လှုပ်ရှားနေမိ၏။

သူ၏ အရင်ဘဝတွင် သူငယ်ချင်း မိတ်ဆွေဆိုသည်မှာ မရှိခဲ့ဖူးချေ။ တခြားသူများနှင့် တိုက်ခိုက်လျှင်လည်း တကိုယ်တည်းဖြစ်သည်။

ယခု သိုင်းပြိုင်ပွဲသို့ သွားရာတွင် သူ့အား အားပေးနေကြသော စီနီယာအစ်ကိုနှင့် ဂျုနီယာညီလေးများ ရှိနေသည်ကို မြင်တော့ ဘယ်တုန်းကမှ မခံစားရဖူးသော နွေးထွေးသည့် ခံစားချက်ကို ရရှိနေမိ၏။

All Chapters