အခန်း (၁)
Vol. 1 Ch. 1
" အဲ့ဒီလိုပဲ။ မင်း ပြန်ပြီးတော့ ပြင်ဆင်ထားသင့်တယ်။ " အနက်ရောင်ဝတ်စုံနှင့် ဒါရိုက်တာက သူ၏ ရှေ့မှ အားနည်းပုံရသော လူငယ်ကို စာနာသော မျက်လုံးများဖြင့် ကြည့်နေသည်။
" ငါ.... စစ်မှုထမ်းထဲမှာ ပါသွားပြီလား။ " လင်းယွမ်၏ အမူအရာက ပြောင်းလဲသွား၏။ သူက ကမ္ဘာကူးပြောင်းလာသည်မှာ မကြာသေးဘဲ အခြေအနေကို လိုက်လျောညီထွေဖြစ်အောင် မလုပ်ရသေးပေ။
အမှန်တော့ လင်းယွမ်ကဲ့သို့ သာမန်ကျောင်းသားများအတွက် စစ်မှုထမ်းရခြင်းမှာ ဆိုးရွားသော ကိစ္စတော့ မဟုတ်ပေ။ အစိုးရက အသုံစရိတ်များကို အမြဲတမ်း ရက်ရောစွာ ပေးလေသည်။ ထို့ကြောင့် စစ်မှုထမ်းရလျှင်တောင် အခြေအနေက မဆိုးဘူးဟု ပြောလို့ရပေသည်။ သို့သော် ၎င်းက အေးချမ်းသော ကာလများတွင်သာ ဖြစ်၏။
ယခုအခါ ကြယ်စနစ်နယ်စပ်များတွင် နယ်ခြားများက ကျူးကျော်နေကြသည်ဟု ကောလဟာလများ ထွက်ပေါ်နေသည်။ စစ်မှုထမ်းစနစ်၏ ရည်ရွယ်ချက်မှာ ရှေ့တန်းကို အားဖြည့်ပေးရန်ဟု လူအများက ထင်ကြလေသည်။
နှစ်ပေါင်း ၂၆၀၀၀၀၀သက်တမ်း ရှိသော ကြယ်ပင်လယ်ခေတ်တွင် စကြဝဠာလူသားမဟာမိတ်က မရေတွက်နိုင်သော ဂလက်ဆီများကို သိမ်းပိုက်ပြီး အခြားမျိုးနွယ်များ၏ ယဉ်ကျေးမှုများနှင့် ထိတွေ့လာခဲ့သည်။
အရင်းအမြစ်များက အကန့်အသတ်ရှိပြီး စကြာဝဠာအရင်းအမြစ် အမျိုးမျိုးအတွက် ယှဉ်ပြိုင်ခဲ့ကြသည်။ လူသားမျိုးနွယ်က အခြားမျိုးနွယ်များနှင့် စစ်ပွဲများ ဆင်နွှဲခဲ့ကြသည်။ ဖယ်ရှားခံရသော အခြားမျိုးနွယ်များက လူသားမျိုးနွယ်ကို တန်ပြန်တိုက်ခိုက်ရန် အမှောင်ထဲတွင် ပုန်းခိုနေကြသည်။
" အဲ့ဒါ ပြဿနာပဲ။ " လင်းယွမ်၏ စိတ်များက တင်းကျပ်သွား၏။ လူသားမျိုးနွယ်က အခြားမျိုးနွယ်များနှင့် စစ်ပွဲတွင် အသာစီးရနေသော်လည်း ဒေသအလိုက် စစ်မြေပြင်များတွင် အခြေအနေက ချောမွေ့မည်မဟုတ်သည်ကို သူသိလေသည်။
စကြာဝဠာထဲမှ အခြားမျိုးနွယ်များက ရက်စက်ကြမ်းကြုတ်ကြပြီး စိတ်ကူးထက်ကျော်လွန်သော စွမ်းအားများကို ပိုင်ဆိုင်ကြလေသည်။ စစ်သင်္ဘောများကို ဖျက်စီးနိုင်သည်ဟူသော ဇာတ်လမ်းများက ပုံပြင်များ မဟုတ်ပေ။ လက်နက်အပြည့်အစုံနှင့် လူသားစစ်သည်များပင် ထိုမျိုးနွယ်ခြားများနှင့် တိုက်ခိုက်ရာတွင် ပျမ်းမျှသေဆုံးနှုန်းမှာ ၂၀မှ ၃၀ ရာခိုင်နှုန်းအထိ ရှိနေသည်။
ထို့အပြင် စစ်ပွဲအတွင်း လျို့ဝှက်ချက်များကြောင့် မျိုးနွယ်ခြားများကို သုတ်သင်ရှင်းလင်းရာတွင် ပါဝင်သည့် စစ်သည်အားလုံးကို ပြင်ပကမ္ဘာနှင့် ဆက်သွယ်ခြင်းမပြုရန် တားမြစ်ထားသည်။
အာကာသစစ်ပွဲများက သာမန်အားဖြင့် နှစ်တစ်ရာမှ နှစ်တစ်ထောင်အထိ ကြာမြင့်တတ်လေသည်။
အခြားစကားနှင့်ဆိုလျှင် စစ်မှုထမ်းခြင်းမှာ လင်းယွမ်က မျိုးနွယ်ခြားများနှင့် စစ်ပွဲတွင် အသက်ရှင်ခဲ့လျှင်တောင် သူ၏ သက်တမ်းတစ်ဝက်လောက်ကို အေးစက်သော အာကာသစစ်သင်္ဘောပေါ်တွင် ကုန်ဆုံးရပေလိမ့်မည်။ သူက သက်ရှိများရှိသော ဂြိုလ်များ၊ နယ်မြေများနှင့် သမုဒ္ဒရာများပေါ်သို့ ဘယ်တော့မှ ခြေချနိုင်တော့မည်မဟုတ်ပေ။
" ဒါရိုက်တာ ဒီကိစ္စနဲ့ ပက်သက်ပြီး ညှိနှိုင်းလို့ရသေးလား။ ကျွန်တော်မိဘတွေက ကျွန်တော်ကို မှီခိုနေရတဲ့အပြင် ကျွန်တော် ညီမလေးလည်း ရှိသေးတယ်။ "
ဒါရိုက်တာက စားပွဲကို လက်နှင့်ခေါက်ပြီး လေးနက်စွာ ပြောလိုက်သည်။ " စိတ်ချပါ။ မင်း စစ်မှုထမ်းဖို့ လက်ခံခဲ့ရင် အစိုးရက မင်းရဲ့ မိသားစုကို ကောင်းကောင်းစောင့်ရှောက်မှာပါ။ "
" မင်းအဖေက လက်ရှိရာထူးကနေ အဆင့်တစ်ဆင့် တိုးလာမယ့်အပြင် မင်းရဲ့အမေကလည်း ခရိုင်မှာ သင့်တော်တဲ့ အလုပ်တစ်ခု ရလိမ့်မယ်။ "
" မင်း ညီမလေးရဲ့ ကျောင်းစရိတ်ကိုလည်း အစိုးရက ထောက်ပံ့ပေးမှာ။ သူမ အသက်ဆယ့်ရှစ်နှစ်ပြည့်ရင် အဆင့်မြင့်တဲ့ တက္ကသိုလ်တစ်ခုမှာ တက်ရောက်ဖို့ အခွင့်အရေးရလိမ့်မယ်။ "
" ဒါဆို မင်းက မင်းရဲ့အနာဂတ်အတွက်ပဲ စဉ်းစားဖို့လိုတော့တယ်။ "
လင်းယွမ်က စဉ်းစားနေရင်း စိတ်ရှုပ်ထွေးနေသည်။ အမှန်အတိုင်းပြောရလျှင် အခြေအနေက လက်ခံနိုင်လေသည်။ သူ၏ အဖေက အခြားသူများ ဆယ်စုနှစ်ကျော်အောင် မချိုးဖျက်နိုင်သည့် အဆင့်တစ်ဆင့်တွင် ပိတ်မိနေခဲ့သည်။ သူ၏ အမေကလည်း သင့်တော်သော အလုပ်တစ်ခုရလျှင် သူတို့မိသားစု၏ နေထိုင်ရေးက အဆင်ပြေသွားပေလိမ့်မည်။
သူ၏ ညီမလည်း ပိုက်ဆံနှင့်ဝယ်မရသော အဆင့်မြင့်သည့် တက္ကသိုလ်တစ်ခုကို တက်ရောက်နိုင်မည့် အခွင့်အရေးတစ်ခုလည်း ရပေလိမ့်မည်။ သူမသာ အဆင့်မြင့်သည့် တက္ကသိုလ်တစ်ခုသို့ တက်ရောက်နိုင်လျှင် သူမ၏ အနာဂတ်ကလည်း အကန့်အသတ်မဲ့သွားပေလိမ့်မည်ဖြစ်သည်။
သို့သော်...
ဒါတွေအားလုံးက ဘာလို့ငါ့ရဲ့ အနစ်နာခံမှုအပေါ် မူတည်နေတာလဲ။
လင်းယွမ်က လွန်ခဲ့သော ရက်အနည်းငယ်ကပင် ထိုခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့ပြီး မှတ်ဉာဏ်များအားလုံး ပေါင်းစပ်သွားခဲ့သည်။ သို့သော် ယခု မိသားစုအဆင်ပြေရေးအတွက် လူတစ်ယောက် အနစ်နာခံသော အခြေအနေနှင့် ရင်ဆိုင်ရလေသည်။
" ငါ ကမ္ဘာပေါ်က ဘဝကို ပိုကြိုက်နေတုန်းပဲ။ " လင်းယွမ်က ဘာမှမပြောသေးဘဲ ငြိမ်သက်နေသည်။
စစ်သားတစ်ယောက်ဖြစ်လာလျှင် အရာရာတိုင်းက စစ်တပ်ထိန်းချုပ်မှုအောက် ရောက်သွားပေလိမ့်မည်။ ယခု ငြင်းငြင်း နောက်မှ ငြင်းငြင်း ထူးခြားလာမည်မဟုတ်ပေ။
" လင်းယွမ် နိုင်ငံအတွက် တာဝန်ထမ်းဆောင်တာက နိုင်ငံသားတိုင်း လိုက်နာရမယ့်တာဝန်တစ်ခုပဲ။ "
" ပြီးတော့ စစ်မှုထမ်းဖို့က မဖြစ်မနေ လိုအပ်နေတာပဲ။ မင်းကို ရွေးချယ်ပြီးရင် မင်းမသွားချင်ရင်တောင် အသုံးမဝင်ဘူး။ "
" ဒါ့အပြင် ကောင်လေး အတွေ့အကြုံအသစ်တွေရတာ မကောင်းဘူးလား။ စာအုပ်တွေထဲမှာပါတဲ့ အခြားမျိုးနွယ်တွေနဲ့ တွေ့ကြုံရတာ သာမန်ပြည်သူတွေအတွက် မဖြစ်နိုင်တဲ့အရာတစ်ခုပဲ။ ပြီးတော့ မင်းတစ်ခုခုအောင်မြင်ရင် အနာဂတ်မှာ စစ်တပ်ရာထူးကနေ ပြန်နှုတ်ထွက်လို့တောင်ရတယ်။ ဒါက ရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲ။ " ဒါရိုက်တာက လင်းယွမ်ကို စိတ်ရှည်ရှည်နှင့် ရှင်းပြနေသည်။
" ဒါပေမယ့်...." လင်းယွမ်က စကားပြောရန် ပြင်လိုက်သည်။
သို့သော် ဒါရိုက်တာက သူ၏ လက်ကို ဝှေ့ရမ်းပြီး ဖြတ်ပြောလိုက်သည်။ " ကောင်းပြီ။ မင်းအခု သွားလို့ရပြီ။ နောက်ရက်တွေမှာ မင်းမိသားစုနဲ့ ကောင်းကောင်းဖြတ်သန်းပါ။ "
လင်းယွမ်က ဘာမှမပြောတော့ဘဲ ထွက်ခွာသွားသည်။ အပြင်ဘက်တွင် လင်းယွမ်နှင့်အသက်တူသော ကျောင်းသားအချို့က တန်းစီစောင့်နေကြသည်။
" ဟေ့ ဒါရိုက်တာက ငါတို့ကို ဘာလို့ခေါ်တာလဲ။ " အသားမဲမဲနှင့် ကျောင်းသားတစ်ယောက်က လင်းယွမ်ကို ဆွဲပြီး တိုးတိုးလေး မေးလိုက်သည်။
" မင်းအထဲကိုသွားရင် သိရလိမ့်မယ်။ " လင်းယွမ်က သက်ပြင်းချပြီး ထွက်ခွာသွားသည်။
ဒါရိုက်တာနှင့်မတွေ့မီ လင်းယွမ်က စစ်မှုထမ်းရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ လွန်ခဲ့သော တစ်ပတ်က လင်းယွင်က စစ်မှုထမ်းဥပဒေအကြောင်းကို သင်ယူနေခဲ့သည်။ သို့သော် ထိုအချိန်တွင် လင်းယွမ်က ထိုအကြောင်းကို သိပ်ဂရုမစိုက်ပေ။
စစ်မှုထမ်းဥပဒေက ကန်လန်ကြယ်တစ်ခုလုံးသာမက အနီးနားရှိ ဂြိုလ်များတွင်လည်း မဖြစ်မနေ ကျင့်သုံးကြသော ဥပဒေတစ်ခု ဖြစ်၏။
ကန်လန်ကြယ်တွင် လူဦးရေ ငါးဆယ်ဘီလီယံ ရှိလေသည်။ စစ်မှုထမ်းဥပဒေခွဲတမ်းက ကန်လန်ကြယ်ပေါ်တွင် လူတစ်သိန်းသာရှိလေသည်။ ထို့ကြောင့် စစ်မှုထမ်းရန် အခွင့်အရေးက လူတစ်သိန်းလျှင် တစ်ယောက်သာ ဖြစ်၏။ ထို့ကြောင့် ထိုသို့သော ဖြစ်နိုင်ချေ အနည်းငယ်ကို လင်းယွမ်က သိပ်ဂရုမစိုက်ခဲ့ပေ။
သို့သော် လက်တွေ့ဘဝတွင် အလှည့်အပြောင်းများစွာဖြင့် ပြည့်နှက်နေသည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း