ထူးဆန်းသော ဂိတ်တံခါး
Vol. 1 Ch. 2
မူလကမ္ဘာပေါ်တွင် သူက ဆယ်နှစ်နီးပါး ထီလက်မှတ်အမျိုးမျိုးကို ဝယ်ယူခဲ့သော်လည်း တစ်ခါမှ မပေါက်ဖူးခဲ့ပေ။ သို့သော် ယခု တစ်သိန်းတွင် တစ်ယောက်သာ ရနိုင်သော ကံဆိုးမှု သူ့အပေါ်သို့ တည့်တည့်ရောက်လာခဲ့သည်။
အိမ်သို့ပြန်ရောက်သောအခါ လင်းယွမ်က သူ၏ မိဘများနှင့် ညီမလေးတို့မှာ ထိုင်ခုံများတွင် ထိုင်နေကြသည်ကို တွေ့လိုက်ရသည်။
သူ၏ ညီမလေးက သူမ၏ ရှေ့မှ ကိတ်မုန့်ကို ကြည့်ပြီး တုန့်ဆိုင်းနေသည်။
" ရှောင်ယွမ်..." သူ၏ မိခင် လုချုံးက မတ်တပ်ရပ်ပြီး လင်းယွမ်ကို စိတ်မကောင်းစွာကြည့်နေသည်။
သူ၏ ဖခင် လင်းချောင်ချန်ကလည်း မျက်မှောင်ကြုတ်ပြီး ထိုင်နေသည်။
လင်းယွမ် စစ်မှုထမ်းကျသော သတင်းက အိမ်သို့ ရောက်နေသည်မှာ ထင်ရှားလေသည်။ သူ၏ မိဘများက ထိုသတင်းကို သူ့ထက်အရင် သိနေပုံရသည်။
" ဒီစစ်မှုထမ်းဥပဒေက ညှိနှိုင်းလို့ရပါသေးတယ်။ မနက်ဖြန် မင်းဦးလေးဆီသွားပြီး ကြားဝင်ဖို့ မေးကြည့်မယ်။ " လင်းချောင်ချန်က ပြောလိုက်သည်။
သူ၏ ဦးလေးက သုတေသနဌာနတွင် အလုပ်လုပ်နေပြီး အဆက်အသွယ်အချို့လည်း ရှိလေသည်။
" မလိုတော့ပါဘူး။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။
စစ်မှုထမ်းဥပဒေက အစိုးရမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။ သုတေသနဌာနမှ ဝန်ထမ်းလေးမပြောနှင့် အုပ်ချုပ်သူတစ်ယောက်ပင် ပြောင်းလဲနိုင်ရန် ကြီးမားသော စျေးနှုန်းပေရလေသည်။
လင်းယွမ်က အုပ်ချုပ်သူများနှင့် အဆက်အသွယ်ရှိပါက သူ၏ နာမည်မှာ စစ်မှုထမ်းစာရင်းတွင် ပါလာမည်မဟုတ်ပေ။ စာရင်းမထွက်မီ စာရင်းထဲပါမည်ကို ရှောင်ရှားနိုင်သော်လည်း စာရင်းထွက်လာလျှင်တော့ ရှောင်ရှားရန် ခက်ခဲသွားပေလိမ့်မည်။
" ကျွန်တော်ပင်ပန်းနေပြီ။ သွားနားတော့မယ်။ " ညစာအနည်းငယ် စားပြီးနောက် လင်းယွမ်က ထပြီး အခန်းထဲသို့ ပြန်သွားသည်။
" စစ်မှုထမ်းဥပဒေကို ဘယ်လိုလွတ်အောင်လုပ်ရမလဲ။ " လင်းယွမ်က အိပ်ယာပေါ်တွင် လဲလျောင်းနေပြီး မျှော်လင့်ချက်မဲ့စွာ စဉ်းစားနေသည်။
" ဉာဏ်ပညာနတ်ဘုရားနဲ့ ဆက်သွယ်ရမယ်။ " လင်းယွမ်က ထထိုင်လိုက်သည်။
ဉာဏ်ပညာနတ်ဘုရားက စကြာဝဌာလူသားမျိုးနွယ်၏ မဟာနတ်ဘုရားသုံးပါးထဲမှ တစ်ပါးဖြစ်၏။ သူမက လူသားမျိုးနွယ်တစ်ခုလုံး၏ အသိဉာဏ်ရှိသော စနစ်တစ်ခု ဖြစ်ပြီး လူသားမျိုးနွယ်တစ်ခုလုံး၏ လည်ပတ်မှုကို ကြီးကြပ်ခြင်း၊ လူသားတိုင်း၏ အရေးကိစ္စများကို စီမံခန့်ခွဲခြင်း၊ ကွဲလွဲမှုများကို စောင့်ကြည့်ခြင်း စသည်တို့ကို လုပ်ဆောင်လေသည်။
ကြယ်ပင်လယ်ခေတ်၏ နှစ်ပေါင်း ၂သန်း ကာလအတွင်း လူသားမျိုးနွယ်၏ အောင်မြင်တိုးတက်မှုများက နတ်ဘုရားသုံးပါး၏ လုပ်ဆောင်မှုများဖြစ်လေသည်။ နတ်ဘုရားများက စိတ်ခံချက်များ မရှိဘဲ ဘက်လိုက်သော ဆုံးဖြတ်ချက်များကို ချမှတ်ခြင်းမရှိပေ။
လင်းယွမ်နှင့် ချိတ်ဆက်ထားသော ဉာဏ်ပညာနတ်ဘုရားက အဓိကအသိတစ်ခုမဟုတ်ဘဲ နိုင်ငံသားတိုင်းရရှိနိုင်သော သေးငယ်သော အသိလေးတစ်ခုသာ ဖြစ်၏။
" အဆင့်တစ် နိုင်ငံသား လင်းယွမ် သင်၏ မေးခွန်းများကို မေးနိုင်ပါတယ်။ " အသံတစ်သံက လင်းယွမ်၏ နားထဲတွင် ထွက်ပေါ်လာသည်။
" စစ်မှုထမ်းဥပဒေကို ရှောင်ရှားနိုင်တဲ့ နည်းလမ်းတွေ ငါသိချင်တယ်။ " လင်းယွမ်က မေးလိုက်သည်။
" ပုဒ်မ ၁၅၆ မဖြစ်မနေ စစ်မှုထမ်းဥပဒေက လူသားမျိုးနွယ်အတွင်းနဲ့ ပြင်ပစစ်ပွဲတွေအတွက် ငြိမ်းချမ်းမှုကို ထိန်းသိမ်းဖို့ ရေးဆွဲထားတဲ့ ဥပဒေတစ်ခုပဲ။ လူသားမျိုးနွယ်တိုင်းက စစ်မှုထမ်းဖို့ တာဝန်ရှိပါတယ်။ "
" စစ်မှုထမ်းဥပဒေကို ရှောင်ရှားနိုင်တဲ့ အခြေအနေသုံးမျိုးရှိပါတယ်။ "
" ပထမ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ပေါ်မှ ဆင့်ကဲပြောင်းလဲသူများ။ သူတို့က လူသားမျိုးနွယ်ရဲ့ မျှော်လင့်ချက်တွေဖြစ်လို့ စစ်မှုထမ်းဥပဒေကို ငြင်းဆန်ပိုင်ခွင့်ရှိပါတယ်။ "
ဆင့်ကဲပြောင်းလဲသူများ.... လင်းယွမ်က စိတ်ရှုပ်သွား၏။
ကြယ်ပင်လယ်ခေတ်တွင် ဆင့်ကဲပြောင်းလဲသူများက လျို့ဝှက်ချက်မဟုတ်ပေ။ ဆင့်ကဲပြောင်းလဲသူဖြစ်လာရန် နည်းလမ်းအမျိုးမျိုးရှိလေသည်။
အဓိကအားဖြင့် တိုက်ရိုက်ဆင့်ကဲပြောင်းလဲသူများနှင့် သာမန်ဆင့်ကဲပြောင်းလဲသူများဟူ၍ ခွဲခြားထားသည်။
တိုက်ရိုက်ဆင့်ကဲပြောင်းလဲသူများက ကျယ်ပြန့်စွာ မရရှိနိုင်သည့်အပြင် ပုံတူကူးယူနိုင်ခြင်းလည်းမရှိဘဲ မိသားစု၏ သွေးမျိုးဆက်မှ တိုက်ရိုက်ဆင်းသက်လာခြင်းဖြစ်သည်။ သူတို့က ဗီဇပြောင်းလဲမှုများကို ပြုလုပ်နိုင်ပြီး ထူးခြားသော စွမ်းရည်များကို ပိုင်ဆိုင်ကြလေသည်။
သာမန်ဆင့်ကဲပြောင်းလဲသူများမှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လျှောက်လှမ်းကြသော လူသားများ ဖြစ်ကြလေသည်။ သူတို့က စျေးကြီးသော ဗီဇပြောင်းလဲခြင်းဆေးများကို သောက်သုံးထားသော ဗီဇစစ်သည်များ သို့မဟုတ် စိတ်ဝိညာဉ်သခင်များ ဖန်တီးသော ရက်စက်သည့် လေ့ကျင့်မှုများ၊ ကျင့်စဉ်များမှ တစ်ဆင့် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လျှောက်လှမ်းကြခြင်းဖြစ်သည်။ ထိုနည်းလမ်းက ခက်ခဲကြမ်းတမ်းသည့်အပြင် ကုန်ကျစရိတ်လည်း ကြီးလွန်းလေသည်။
" ငါက သာမန်လူတစ်ယောက်ပဲ။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။
လင်းယွမ်က ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်ချင်ပါက သာမန်ဆင့်ကဲပြောင်းလဲခြင်း လမ်းစဉ်ကို ရွေးချယ်ရပေလိမ့်မည်။ ၎င်းက တစ်ညတည်းနှင့် ဖြစ်သွားမည့် ကိစ္စမဟုတ်သည့်အပြင် ဗီဇပြောင်းလဲခြင်းဆေးများကလည်း အလွန်စျေးကြီးလေသည်။ စကြာဝဠာလူသားမဟာမိတ်က ဗီဇပြောင်းလဲခြင်းဆေးများကို တင်းကျပ်စွာ ချုပ်ကိုင်ထားပြီး သာမန်လူများ တတ်နိုင်သော အရာမဟုတ်ပေ။
လင်းယွမ်က စဉ်းစားနေစဉ် အသံက ဆက်လက်ထွက်ပေါ်လာသည်။
" ဒုတိယ စကြာဝဠာအဆင့်လေး နိုင်ငံသားတစ်ယောက်က စစ်မှုထမ်းခြင်းကို ရှောင်ရှားရန် ဆယ်နှစ်တစ်ကြိမ် ကင်းလွတ်ခွင့်ရှိပါတယ်။ "
" အဆင့်လေးနိုင်ငံသား " လင်းယွမ်က အနည်းငယ် ပြုံးလိုက်သည်။
ကြယ်ပင်လယ်ခေတ်တွင် လူသားများကို နိုင်ငံသားအဆင့်များဖြင့် ခွဲခြားထားသည်။ နိုင်ငံသားအဆင့်တက်ရန် လူသားမျိုးနွယ်ကို ထောက်ပံ့ကူညီရန် လိုအပ်လေသည်။ ၎င်းကို နတ်ဘုရားသုံးပါးက ကြီးကြပ်သောကြောင့် လုံးဝ တရားမျှတလေသည်။
ထို့ကြောင့်လည်း နိုင်ငံသားအဆင့်တက်ရန် အလွန်ခက်ခဲနေခြင်းဖြစ်သည်။
နိုင်ငံသား ၉၉ ရာခိုင်နှုန်းက မွေးဖွားချိန်မှ သေသည်အထိ အဆင့်တစ်နိုင်ငံသားများသာ ဖြစ်ကြလေသည်။
အဆင့်မြင့်နိုင်ငံသားများကလည်း အကျိုးကျေးဇူးများ ရှိလေသည်။ အဆင့်လေးမှ စ၍ ပိုအဆင့်မြင့်သော နိုင်ငံသားတိုင်းက စစ်မှုထမ်းခြင်းအပါအဝင် ကြီးလေးသော ပြစ်မှုများမှ ဆယ်နှစ်တစ်ကြိမ် ကင်းလွတ်ခွင့်ရှိလေသည်။
သို့သော် လက်ရှိ လင်းမိသားစု၏ အခြေအနေဖြင့် သူတို့က အဆင့်လေးနိုင်ငံသားတစ်ဦးနှင့်ပင် အဆက်အသွယ်မရှိပေ။ ကန်လန်ကြယ်မှ နိုင်ငံသားများထဲတွင် အဆင့်လေးနိုင်ငံသားတစ်ယောက်တော့ ရှိလေသည်။ သူက လူပေါင်းများစွာ၏ အသက်ကို ချုပ်ကိုင်ထားသော ကန်လန်ကြယ်အုပ်ချုပ်သူဖြစ်လေသည်။
" တတိယရွေးချယ်စရာကရော။ " လင်းယွမ်က မေးလိုက်သည်။
" တတိယ လူသားမျိုးနွယ်ကို အကျိုးပြုပြီး သင်က အဆင့်နှစ်နိုင်ငံသားတစ်ယောက်ဖြစ်လာလျှင် စစ်မှုထမ်းခြင်းကို ကင်းလွတ်ခွင့်ရနိုင်ပါတယ်။ "
အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာသော်လည်း လင်းယွမ်က တိတ်ဆိတ်သွားပြန်သည်။
အဆင့်နှစ်နိုင်ငံသားများက ဆင့်ကဲပြောင်းလဲသူများမဟုတ်ကြသော်လည်း အဆင့်အတန်းက ဆင့်ကဲပြောင်းလဲသူများအောက် မနိမ့်ပေ။ ဆင့်ကဲပြောင်းလဲသူများရရှိသော အခွင့်ထူးများကို အဆင့်နှစ် နိုင်ငံသားများကလည်း ရရှိနိုင်လေသည်။ သို့သော် ၎င်းက ဆင့်ကဲပြောင်းလဲသူများ ဖြစ်လာရန်ထက် ပိုခက်ခဲလေသည်။
လင်းယွမ်က ဆင့်ကဲပြောင်းလဲသူများ ဖြစ်လာရန် နည်းလမ်းများကို သိသော်လည်း မလုပ်နိုင်ခဲ့ပေ။ သို့သော် အဆင့်နှစ်နိုင်ငံသားတစ်ယောက်ဖြစ်လာရန် လူသားမျိုးနွယ်အပေါ် ဉာဏ်ပညာနတ်ဘုရား အသိမှတ်ပြုမည့် အကျိုးပြုမှုတစ်ခု လုပ်ရန် လိုအပ်လေသည်။
" ဘယ်လိုလုပ်ရပ်တွေက အကျိုးပြုတယ်လို့ ပြောလို့ရလဲ။ " လင်းယွမ်က မေးလိုက်၏။
" ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို စတင်ခြင်းကလည်း ကြီးမားတဲ့ အကျိုးပြုမှုလို့ ပြောလို့ရပါတယ်။ "
လင်းယွမ်က စိတ်ပျက်သွား၏။ နည်းလမ်းသုံးခုလုံးက သူနှင့်တစ်ခုမှ မသင့်တော်ပေ။ သူသာ ထိုနည်းလမ်းများကို လုပ်နိုင်ပါက စစ်မှုထမ်းရန် ဘာကြောင့် စိတ်ပူနေမည်နည်း။
အချိန်က သန်ခေါင်ကျော်နေပြီဖြစ်သောကြောင့် လင်းယွမ်က တဖြည်းဖြည်း အိပ်မောကျသွားခဲ့သည်။
ထိုအချိန်တွင် ရုတ်တရက် လင်းယွမ်၏ အသိက စိတ်၏ အနက်ရှိုင်းဆုံးနေရာသို့ ကျရောက်သွားခဲ့ပြီး ထိုနေရာတွင် အလင်းရောင်များနှင့် ကြီးမားသော ဂိတ်တံခါးတစ်ခု ရှိနေသည်။
ဂိတ်တံခါးထဲတွင် အပြာရောင်အလင်းမျက်နှာပြင်တစ်ခု ရှိနေပြီး ရေများကဲ့သို့ လှိုင်းများဖြစ်ပေါ်နေသည်။
" ဒါဘာလဲ။ " လင်းယွမ်က အိပ်ယာမှနိုးလာပြီး အံ့အားသင့်သွားသည်။
" ဒါအိပ်မက်မဟုတ်ဘူး။ " သူက သူ၏ စိတ်အတွင်းမှ ဂိတ်တံခါး၏ တည်ရှိမှုကို ခံစားနိုင်လေသည်။ ထို့နောက် သူ၏ မြင်ကွင်းထဲတွင် စာတန်းများ ပေါ်လာခဲ့သည်။
နာမည် - လင်းယွမ်
အဆင့်အတန်း - အနန္တနယ်မြေများ၏ ဂိတ်တံခါးစောင့်ကြပ်သူ
နယ်ပယ် - မရှိ
စွမ်းရည် - မရှိ
နတ်ဘုရားပညာ - မရှိ
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း