← Chapters

ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်း

Vol. 1 Ch. 3

ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်း

Vol. 1 Ch. 3

" ဒီဂိတ်တံခါးက ငါ့ကို အခြားကမ္ဘာကို ပို့ဆောင်ပေးနိုင်တာလား။ "

ဂိတ်တံခါးမှ အချက်အလက်များက သူ၏ စိတ်ထဲသို့ စီးဆင်းလာသည်။ သူသာ ဆန္ဒရှိလျှင် စိတ်ထဲမှ ဂိတ်တံခါးကို ဖြတ်သွားနိုင်လေသည်။ ထို့နောက် အခြားကမ္ဘာသို့ ဝင်ရောက်နိုင်လေသည်။

၎င်းက ပြင်ပခန္ဓာကိုယ်ဖြင့် ဝင်ရောက်ခြင်းမဟုတ်ဘဲ ကမ္ဘာကူးပြောင်းသကဲ့သို့ အစစ်အမှန်ဝိညာဉ်နှင့် စိတ်အသိတို့သာ ဝင်ရောက်ခြင်းဖြစ်သည်။

" အနန္တနယ်မြေတွေရဲ့ ဂိတ်တံခါး။ " လင်းယွမ်က ကြည့်ပြီး စဉ်းစားနေသည်။ သူ၏ စိတ်ထဲမှ ဂိတ်တံခါးက အနန္တနယ်မြေများ၏ ဂိတ်တံခါးဖြစ်ပြီး သူက ဂိတ်စောင့်ကြပ်သူဖြစ်သည်။

" ငါစမ်းကြည့်သင့်လား။ " လင်းယွမ်က အတွေးထဲ နစ်မြှုပ်နေသည်။ အနန္တနယ်မြေများ၏ ဂိတ်တံခါးက သူ၏ ဝိညာဉ်နှင့် စိတ်အသိကို အခြားကမ္ဘာသို့ ပို့ဆောင်ပေးနိုင်လေသည်။

သို့သော် အချိန်က အကန့်အသတ်ရှိပြီး ပို့ဆောင်မှုတိုင်းအတွက် ဂိတ်တံခါးကို စွမ်းအားပြန်ဖြည့်ရန် လိုအပ်လေသည်။ ကန်လန်ကြယ်၏ အချိန်စီးဆင်းမှုအရ တစ်နှစ်လျှင် ရှစ်လရှိလေသည်။

" စဉ်းစားမနေနဲ့ကွာ " လင်းယွမ်က စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။

ရက်အနည်းငယ်အတွင်း သူက စစ်မှုထမ်းသွားရတော့မည်ဖြစ်သည်။ ထို့နောက် အခြားတပ်သားသစ်များကဲ့သို့ သူက တင်းကျပ်သော စောင့်ကြည့်မှုအောက်တွင် ရှိနေပေလိမ့်မည်။ သူ၏ စိတ်ဝိညာဉ်က အနန္တနယ်မြေများ၏ ဂိတ်တံခါးမှတစ်ဆင့် အခြားကမ္ဘာသို့ သွားခဲ့လျှင် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ထူးခြားမှုများ ရှိမရှိ မသိနိုင်ပေ။ သို့သော် သူက အလောင်းအစား မလုပ်ချင်ပေ။

သူ၏ စိတ်ထဲမှ အနန္တနယ်မြေများ၏ ဂိတ်တံခါးက ထူးခြားသော ရတနာတစ်ခု ဖြစ်သည်ကို မြင်ရုံနှင့် သိနိုင်လေသည်။

ထို့ကြောင့် အခြားနယ်မြေများသို့ သွားရန် ယခုအချိန်က အသင့်တော်ဆုံးအချိန် ဖြစ်လေသည်။ ယခုအချိန်တွင် သူ့ကို ဘယ်သူမှစောင့်ကြည့်မနေပေ။ ထူးခြားမှုများ ဖြစ်ပေါ်လျှင်တောင် ဖုံးကွယ်ထားနိုင်လေသည်။ ထို့အပြင် အနန္တနယ်မြေများ၏ ဂိတ်တံခါးက ထူးဆန်းပြီး သူ့ကို စစ်မှုထမ်းမှ ရှောင်ရှားရန် အခွင့်အရေးတစ်ခု ပေးနိုင်လောက်ပေသည်။

" သွားမယ်။ " လင်းယွင်က တွေးလိုက်သည်နှင့် သူ၏ စိတ်ထဲမှ ဂိတ်တံခါးက တုန်ခါသွားသည်။ သူ၏ စိတ်အသိက ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ဂိတ်တံခါးထဲသို့ ဝင်ရောက်သွားသည်။

တလီနိုင်ငံ။

မဟာဇင်ဘုရားကျောင်း။

ဗုဒ္ဓ၏ အထွတ်အမြတ်ထားရာနေရာတစ်ခုဖြစ်ပြီး နက်နဲသော အမွေအနှစ်များ ရှိလေသည်။ ရှန်ထျန်အဆင့် သိုင်းပညာရှင် ဘုန်းကြီး ငါးဆယ်ထက်မနည်းရှိပြီး ဆရာသခင်အဆင့် တော်ဝင်ဘုန်းကြီးတစ်ပါးပင် ရှိလေသည်။ အုပ်ချုပ်ရေးတွင်ဖြစ်စေ သိုင်းပညာတွင်ဖြစ်စေ မဟာဇင်ဘုရားကျောင်းက အထွတ်အထိပ်တွင် ရှိနေလေသည်။

ဆရာသခင်တစ်ယောက်၏ ဦးစီးမှုနှင့်အတူ မဟာဇင်ဘုရားကျောင်းက ထိပ်တန်းအင်အားစုများထဲမှ တစ်ခုဖြစ်လေသည်။

သိုင်းလေ့ကျင့်ရေးအဆောင်။

ဘုန်းကြီးတစ်ရာကျော်က အပေါ်ပိုင်းဗလာဖြင့် လောဟန်လက်သီးသိုင်းကို လေ့ကျင့်နေကြသည်။ လောဟန်လက်သီးသိုင်းက နက်နဲသော သိုင်းပညာတစ်ခုမဟုတ်သော်လည်း သူတို့၏ ကျင့်ကြံခြင်းအခြေခံအတွက် ကြီးမားသော အကျိုးကျေးဇူးရှိလေသည်။

မဟာဇင်ဘုရားကျောင်းမှ ဘုန်းကြီးတိုင်းက သူတို့၏ ခန္ဓာကိုယ်အတွင်းမှ သွေးနှင့်ချီကို လှည့်ပတ်ရန် ထိုလက်သီးသိုင်းကို လေ့ကျင့်ကြလေသည်။

ဘုန်းကြီးများက လက်သီးသိုင်းကို အကြိမ်ကြိမ် လေ့ကျင့်နေသကဲ့သို့ မနီးမဝေးတွင် သုံးလေးနှစ်အရွယ်ရှိသော ကိုရင်ငယ်လေးများက လေးစားအားကျစွာဖြင့် ကြည့်နေကြသည်။

ထိုကိုရင်လေးများမှာ မကြာသေးမီက မဟာဇင်ဘုရားကျောင်းမှ ခေါ်ယူထားသော တပည့်အသစ်များ ဖြစ်ကြလေသည်။ သူတို့၏ အထောက်အထားများအရ အများစုမှာ မိဘမဲ့ကလေးများသာ ဖြစ်ကြလေသည်။

" ငါမမျှော်လင့်ထားဘူး...." ကိုရင်ဆယ်ယောက်ကျော်ကြားမှ ကိုရင်လေးတစ်ယောက်၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင်များ လင်းလက်နေသည်။

ထိုကိုရင်လေးက ဝိညာဉ်ကူးပြောင်းလာသော လင်းယွမ်ပင်ဖြစ်၏။

" သိုင်းကမ္ဘာ...." လင်းယွမ်က အတွေးထဲတွင် နစ်မြှုပ်နေသည်။ မူလကိုရင်လေးက ငယ်ရွယ်သော်လည်း ဤကမ္ဘာကြီးအကြောင်း အနည်းငယ်သိလေသည်။

၎င်းက ကမ္ဘာမြေ၏ ရှေးခေတ်အချိန်များနှင့် တူညီပြီး လူများက သိုင်းတာအိုကို လေ့ကျင့်ကြလေသည်။

ကိုရင်လေး၏ မှတ်ဉာဏ်များအရ မဟာဇင်ဘုရားကျောင်းမှ ဘုန်းကြီးတစ်ပါးက ဆယ်မီတာကျော်မှ နံရံတစ်ခုအား လက်ဝါးတစ်ချက်တည်းနှင့် ဖြိုနိုင်သည်ကို တွေ့ခဲ့ရလေသည်။

စကြာဝဠာထဲမှ လူသားမျိုးနွယ်၏ ကမ္ဘာတွင် ထိုစွမ်းအားက ဆင့်ကဲပြောင်းလဲသူများကြား စူပါလူသားတစ်ယောက်ဟု ပြောလို့ရပေသည်။

နာမည် - လင်းယွမ်

အဆင့်အတန်း - အနန္တနယ်မြေများ၏ ဂိတ်စောင့်ကြပ်သူ

အဆင့် - မရှိ

ပါရမီ - ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်း

လက်ရှိအခြေအနေ - စိတ်အသိ ဆင်းသက်ခြင်း

အချိန် - နှစ်နှစ်ဆယ်။

လင်းယွမ်၏ ရှေ့တွင် အလင်းမျက်နှာပြင်တစ်ခု ပေါ်နေသည်။

" ငါ ဒီကမ္ဘာမှာ နှစ်နှစ်ဆယ်ပဲ နေနိုင်တာလား။ " လင်းယွမ်က အတွေးထဲ နစ်မြှုပ်သွား၏။ အားလုံးက နားလည်ရလွယ်ကူသော်လည်း ပါရမီဟူသော စွမ်းရည်က လင်းယွမ်ကို စိတ်ရှုပ်သွားစေသည်။

" ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်း။ " လင်းယွမ်က သူ့ကိုသူ စစ်ဆေးပြီး အာရုံငါးပါးက ပို၍ ကြည်လင်လာသည်ကို ခံစားလိုက်ရသည်။

" ဟမ် အဲ့ဒါ စာကလေးလား။ " လင်းယွမ်က ကောင်းကင်တွင် ပျံသန်းနေသော စာကလေးငှက်ကို ကြည့်လိုက်သည်။ သူ၏ စူးရှသော အာရုံများက စာကလေးငှက်၏ ခန္ဓာကိုယ်မှ ပြောင်းလဲမှုတိုင်းကို သိနေလေသည်။

အမွှေးများ၊ တောင်ပံများ၊ ခြေထောက်များ....

ခနကြာသောအခါ

[ သင်က စာကလေး ပျံသန်းခြင်းကို လေ့လာပြီး နတ်စာကလေး ကောင်းကင်ဖြတ်သန်ခြင်းစွမ်းရည်ကို နားလည်သွားပါပြီ။ ]

လင်းယွမ်က ရုတ်တရက် မျက်လုံးပြူးသွားသည်။ ချက်ချင်း နတ်စာကလေးကောင်းကင်ဖြတ်သန်ခြင်းစွမ်းရည်၏ အချက်အလက်များက သူ၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။

ထိုစွမ်းရည်က လူတစ်ယောက်ကို လေထဲတွင် ခနပျံသန်းစေနိုင်ပြီး စာကလေးကဲ့သို့ အမှန်တကယ် မပျံသန်းနိုင်သော်လည်း ခနကပင် အံ့ဩစရာကောင်းနေပြီဖြစ်သည်။

" ဒါဆို ဒါက ​ကောင်းကင်ကိုဆန့်ကျင်တဲ့နားလည်နိုင်စွမ်းပေါ့။ " လင်းယွမ်က အသက်ပြင်းပြင်းရှုလိုက်သည်။

စာကလေးငှက်ကို ခနကြည့်ရုံဖြင့် သူက အဆင့်မြင့်သော ရွေ့လျားခြင်းစွမ်းရည်တစ်ခုကို နားလည်ခဲ့လေသည်။ အမှန်တကယ်ပင် ကောင်းကင်ကို ဆန့်ကျင်ခြင်းဖြစ်၏။

" ဟမ် တီကောင်တစ်ကောင်..." လင်းယွမ်က အောက်သို့ကြည့်လိုက်ပြီးနောက် မြေကြီးထဲသို့ တူးဝင်နေသော တီကောင်တစ်ကောင်ကို တွေ့လိုက်ရသည်။

[ သင်က တီကောင် မြေကြီးတူးခြင်းကို လေ့လာပြီး နဂါးမြေလူးသိုင်းပညာကို နားလည်သွားပါပြီ။ ]

တူးဖော်ခြင်းနည်းလမ်းများနှင့် အတွေ့အကြုံများက သူ၏ စိတ်ထဲတွင် ထွတ်ပေါ်လာသည်။ လင်းယွမ်က နဂါးမြေလူးသိုင်းပညာကို အသုံးပြု၍ မြေအောက်ဥမင်လှိုဏ်ခေါင်းများစွာကို တူးဖော်ပြီး ဂူဖောက်သူတို့၏ ဘိုးဘေးပင် ဖြစ်လာနိုင်လေသည်။

" ဆန်းကျယ်တယ် သိပ်ကို ဆန်းကျယ်တယ်။ '

လင်းယွမ်က အလွန်အံ့ဩနေခဲ့သည်။ ထို့နောက် သူက ပတ်ဝန်းကျင်ကို ဂရုမစိုက်တော့ဘဲ အဝေးမှ လက်သီးသိုင်း လေ့ကျင့်နေသော ဘုန်းကြီးများကို ကြည့်လိုက်သည်။

[ သင်က လောဟန်လက်သီးသိုင်း လေ့ကျင့်နေသော ဘုန်းကြီးများကို လေ့လာပြီး သာလွန်အဆင့်ဖြစ်သော လောဟန်ဗုဒ္ဓလက်သီးသိုင်းကို နားလည်သွားပါပြီ။ ]

ယခင်နှစ်ကြိမ်နှင့်နှိုင်းယှဉ်ပါက ယခုအကြိမ်မှာ အချိန်ပိုယူရပြီး အမွှေတိုင်တစ်ဝက် လောင်ကျွမ်းချိန် ကြာမြင့်သွား၏။

" လောဟန်ဗုဒ္ဓလက်သီးသိုင်း "

လင်းယွမ်က ရုတ်တရက် ဉာဏ်အလင်းပွင့်သွားပြီး လက်သီးသိုင်းကို စတင်လေ့ကျင့်လိုက်သည်။

သိုင်းလေ့ကျင့်အဆောင်ရှိ သစ်ပင်အိုကြီးအောက်တွင် ကျောင်းထိုင်ဘုန်းကြီး ဟွေ့ဝမ်က ရပ်ပြီး ဘုန်းကြီးများ လေ့ကျင့်သည်ကို စောင့်ကြည့်နေသည်။

" မဆိုးဘူး။ မဆိုးဘူး။ သိုင်းတာအိုရဲ့ လမ်းစဉ်က ဖြတ်လမ်းမရှိဘူး။ ဆယ်စုနှစ်ကြာအောင် ကြိုးစားလေ့ကျင့်ပြီးမှ သေချာတဲ့အောင်မြင်မှုအချို့ ရလိမ့်မယ်။ " ဆရာတော်ဟွေ့ဝမ်က ခေါင်းငြိမ့်လိုက်ပြီး သဘောကျစွာ ကြည့်နေသည်။

သူက ခနကြည့်နေပြီး ဘုန်းကြီးတိုင်းက ခိုကပ်မနေဘဲ ကြိုးစားလေ့ကျင့်နေကြသည်ကို တွေ့ရလေသည်။

" အဲ့ဒီကလေးတွေကတော့...." ကျောင်းထိုင်ဘုန်းကြီး ဟွေ့ဝမ်၏ အကြည့်က ကိုရင်ငယ်လေးများပေါ်သို့ ကျရောက်သွားသည်။

မဟာဇင်ဘုရားကျောင်းက ဗုဒ္ဓ၏ သန့်စင်သော နေရာဖြစ်သော်လည်း သိုင်းဂိုဏ်းကြီးများထဲတွင် ပါဝင်နေသောကြောင့် သိုင်းတာအိုကို လေ့ကျင့်ရသည်မှာ ပုံမှန်သာ ဖြစ်၏။

" လမ်းမလျှောက်နိုင်သေးခင် ပြေးဖို့ တွေးနေကြတာလား။ "

ကိုရင်လေး ခြောက်ယောက် ခုနှစ်ယောက်လောက်က ဘုန်းကြီးများ သိုင်းလေ့ကျင့်နေကြသည်ကို ကြည့်၍ သူတို့ကလည်း လက်သီးသိုင်းကို မညီမညာလေ့ကျင့်နေကြလေသည်။

လောဟန်လက်သီးသိုင်းက နက်နဲသော သိုင်းပညာတစ်ခု မဟုတ်လျှင်တောင် မဟာဇင်ဘုရားကျောင်း၏ လျို့ဝှက်သိုင်းပညာတစ်ရပ် ဖြစ်နေဆဲ ဖြစ်သည်။ ၎င်းကို ခုနှစ်နှစ် ရှစ်နှစ်နှင့် လေ့ကျင့်ရန် အလွန်ခက်ခဲလေသည်။

၎င်းက ချီနှင့်သွေး လုံလောက်ရန်သာမက ပညာရှင်များ၏ လမ်းညွှန်မှုကိုလည်း လိုအပ်လေသည်။ ကိုရင်လေးများအနေဖြင့် သူတို့၏ ခန္ဓာကိုယ်က လုံလောက်အောင် မကြီးထွားသေးဘဲ လောဟန်လက်သီးသိုင်းကို လေ့ကျင့်ရန် မဖြစ်နိုင်ပေ။

" အဓိပ္ပါယ်မရှိဘူး။ " ကျောင်းထိုင်ဟွေ့ဝမ်က မျက်မှောင်ကြုတ်နေသည်။ သိုင်းပညာကို အတင့်အကျပ် လေ့ကျင့်ခြင်းက အကူအညီမဖြစ်သည့်အပြင် ခန္ဓာကိုယ်ကို ထိခိုက်သွားစေနိုင်သည်။

" ဟမ် " ကျောင်းထိုင်ဆရာတော် ဟွေ့ဝမ်က ကိုရင်ငယ်လေးများကို မောင်းထုတ်ရန် ပြင်လိုက်ချိန်တွင် သူ၏ အကြည့်များက ရုတ်တရက် အေးခဲသွားသည်။

ကိုရင်လေးများထဲမှ တစ်ယောက်က အခြားကိုရင်များကဲ့သို့ လက်သီးသိုင်းကို လေ့ကျင့်နေသည်။

" အဲ့ဒါ " ကျောင်းထိုင်ဆရာတော် ဟွေ့ဝမ်၏ အမူအရာက လုံးဝပြောင်းလဲသွားပြီး သူ၏ စိတ်က မယုံကြည်နိုင်ခြင်းများဖြင့် တုန်လှုပ်သွားသည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters