သိုင်းကျမ်းအဆောင်...
Vol. 1 Ch. 5
" ကလေး ငါ့ကို မင်းရဲ့ လက်ပြပါဦး။ " ဆရာတော်နှင့် အဆောင်မှူးများက အတွေးများနှင့် တုန်လှုပ်နေစဉ် မျက်ခုံးမွှေးရှည်ဆရာတော်က ရှေ့တိုးပြီး ညင်သာစွာ ပြောလိုက်သည်။
" ဟုတ်ကဲ့..." လင်းယွမ်က မငြင်းပေ။ သူက မျက်ခုံးမွှေးဆရာတော်ကို ကြည့်လိုက်ချိန်တွင် သူ၏ ဒန်တန်ထဲမှ အတွင်းအားချီမျှင်က တုန်ခါသွားသည်ကို ခံစားခဲ့ရလေသည်။ ထိုဆရာတော်က လင်းယွမ်စိတ်ကူးနိုင်သည်ထက် ပိုသန်မာသည်မှာ ထင်ရှားလေသည်။ ထို့အပြင် သူက ဖိအားများကိုလည်း မခံစားခဲ့ရပေ။
" သိုင်းပညာက ပြည့်စုံပြီး အတွင်းအားချီ ဖြစ်ပေါ်လာတယ်။ သူက တကယ် သာလွန်အဆင့် သိုင်းပညာကို ပြီးပြည့်စုံခြင်းအဆင့်ထိ လေ့ကျင့်ခဲ့တာပဲ။ "
မျက်ခုံးမွေးရှည်ဆရာတော်က လင်းယွမ်၏ ညာလက်ကို ကိုင်လိုက်ပြီး အတွင်းအားချီက ပျံ့နှံ့သွားသကဲ့သို့ သူက သက်ပြင်းချလိုက်သည်။
" အတွင်းအားချီဖြစ်ပေါ်လာတယ်။ "
ကျောင်းထိုင်ဆရာတော်နှင့် အဆောင်းမှူးများက ထိုစကားများကြားသောအခါ ပင့်သက်ရှိုက်သွားကြသည်။ သူတို့က သံသယရှိနေကြပြီး အခြေအနေက မယုံကြည်နိုင်စရာကောင်းလေသည်။
သိုင်းတာအိုကမ္ဘာတွင် ဟောက်ထျန်းအဆင့်၊ ရှန်ထျန်းအဆင့်၊ ဆရာသခင်အဆင့်နှင့် မဟာဆရာသခင်အဆင့်ဟူ၍ ရှိလေသည်။ ဆရာသခင်အဆင့်အချို့ရှိကြသော်လည်း မဟာဆရာသခင်အဆင့်ကတော့ နှစ်တစ်ရာတွင် တစ်ကြိမ်ထွက်ပေါ်လာရန် ခက်ခဲလေသည်။
သိုင်းပညာရှင်အများစုက ဟောက်ထျန်းနှင့် ရှန်ထျန်းအဆင့်များသာ ဖြစ်ကြလေသည်။ ဟောက်ထျန်းအဆင့်မှ ရှန်ထျန်းအဆင့်သို့ တက်ရန် နည်းလမ်းသုံးမျိုး ရှိလေသည်။
ပထမနည်းလမ်း ကောင်းကင်နှင့်မြေကြီးမှ စိတ်ဝိညာဉ်ဆေးတစ်မျိုးကို စားပြီး ဆေးစွမ်းအားများကို စုပ်ယူခြင်းက သာမန်လူတစ်ယောက်ပင် ရှန်ထျန်းအဆင့်သို့ တန်းရောက်သွားနိုင်လေသည်။
ဒုတိယနည်းလမ်း ဟောက်ထျန်း အထွတ်အထိပ်အဆင့်တစ်ယောက်က အခွင့်အလမ်းတစ်ခုကို ဖမ်းဆုပ်ပြီး ရှန်ထျန်းအဆင့်သို့ ဝင်ရောက်ခြင်းဖြစ်သည်။ ၎င်းက အဓိကနည်းလမ်းတစ်ခုဖြစ်ပြီး ရှန်ထျန်းအဆင့် သိုင်းပညာရှင်များက ထိုနည်းလမ်းဖြင့်သာ အဆင့်တက်ခဲ့ကြလေသည်။
တတိယနည်းလမ်းကတော့ သာလွန်အဆင့်သိုင်းပညာတစ်ခုကို ပြီးပြည့်စုံခြင်းအဆင့်ထိ လေ့ကျင့်ခြင်းဖြစ်၏။ သာလွန်အဆင့်သိုင်းပညာများက ဆရာသခင်များ ဖန်တီးထားခြင်းဖြစ်ပြီး ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်လျှင် ခန္ဓာကိုယ်ကို အတိုင်းအတာ တစ်ခုထိ ပြုပြင်ပေးသကဲ့သို့ အတွင်းအားချီလည်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။
သို့သော် ရှန်ထျန်းအဆင့် သိုင်းပညာရှင်အများစုက သာလွန်အဆင့် သိုင်းပညာတစ်ခုကို နေ့ရောညပါ လေ့ကျင့်ပြီး သူတို့၏အသက် ၅၀ ၆၀ ရောက်မှသာ အဆင့်တက်နိုင်ခဲ့ကြခြင်း ဖြစ်သည်။
လင်းယွမ်ကဲ့သို့ အသက် သုံးလေးနှစ်အရွယ်နှင့် သာလွန်အဆင့် သိုင်းပညာတစ်ခုကို နားလည်သွားခြင်းက သူတို့တစ်ခါမှ မကြားဖူးခဲ့ကြပေ။
" ကလေး မင်းငါ့ရဲ့ တပည့်ဖြစ်ချင်လား။ " မျက်ခုံးမွေးရှည်ဆရာတော်က စိတ်ရှုပ်ထွေးနေသော လင်းယွမ်ကို ကြည့်ပြီး ရုတ်တရက် မေးလိုက်သည်။
ထိုစကားများကတော့ ကျောင်းထိုင်ဆရာတော်နှင့် အဆောင်မှူးများကို မအံ့ဩသွားစေခဲ့ပေ။ လင်းယွမ်က သာလွန်အဆင့် သိုင်းပညာကို ပြီးပြည့်စုံခြင်းအဆင့်ထိ လေ့ကျင့်နိုင်သည်ကို အတည်ပြုပြီးသောအခါ သူ၏ သိုင်းပါရမီမှာ နှစ်တစ်ထောင်အတွင်း အကောင်းဆုံးဖြစ်သည်ကို လူတိုင်းနားလည်သွားကြသည်။
ထိုကဲ့သို့သော သိုင်းပါရမီရှင်ကို မဟာဇင်ဘုရားကျောင်းတွင် မျက်ခုံးမွေးရှည်ဆရာတော်သာ သင်ပေးနိုင်လေသည်။ ကျောင်းထိုင်ဆရာတော်နှင့် အဆောင်မှူးများက လင်းယွမ်ကဲ့သို့ ရှန်ထျန်းအဆင့်များသာ ဖြစ်ကြလေသည်။
" တပည့် ဆရာကို အရိုအသေပေးပါတယ်။ " လင်းယွမ်က မျက်ခုံးမွေးရှည်ဆရာတော်ကို ချက်ချင်း အရိုအသေ ပေးလိုက်သည်။
မျက်ခုံးမွေးရှည်ဆရာတော်၏ တပည့်ဖြစ်သွားခြင်းက လင်းယွမ်ကို အလွန်အချိန်ကုန် သက်သာသွားစေခဲ့သည်။ မဟာဇင်ဘုရားကျောင်းတွင် မည်သည့်တပည့်မဆို မြင်းထိုင်ဘုန်းကြီးအဖြစ် သုံးနှစ်၊ သန့်ရှင်းရေးအဖြစ် သုံးနှစ်၊ ကျမ်းစာအဆောင်တွင် သုံးနှစ်၊ တပည့်အဆောင်တွင် သုံးနှစ်။ ထိုဆယ့်နှစ်နှစ်ပြီးမှသာ မဟာဇင်ဘုရားကျောင်းမှ သိုင်းပညာများကို သင်ယူရန် အရည်အချင်းပြည့်မီသည်ဟု သတ်မှတ်ကြလေသည်။
လင်းယွမ်က သူ၏ အရည်အချင်းများကို မပြဘဲ လူအုပ်ထဲတွင် ပုန်းနေပါက အချိန်ဘယ်လောက်ယူရမလဲ မသိတော့ပေ။ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းက တောင်တန်းနှင့် မြစ်များကို လေ့လာပြီး အကျိုးအမြတ်များ ရနိုင်သော်လည်း ထိုကမ္ဘာတွင် နှစ်နှစ်ဆယ် ပုန်းကွယ်နေခြင်းက အလုပ်ဖြစ်မည်မဟုတ်ပေ။
ဆရာသခင်အဆင့်ဖြစ်သော မျက်ခုံးမွေးရှည်ဆရာတော်၏ သင်ကြားမှုနှင့်အတူ သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းတို့ပေါင်းစပ်ပြီး လင်းယွမ်က လျင်မြန်စွာ တိုးတက်လာခဲ့သည်။
နှစ်လကြာပြီးသောအခါ လင်းယွမ်နှင့် မျက်ခုံးမွေးရှည်ဆရာတော်တို့က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
" အခုကစပြီး မင်း သိုင်းကျမ်းအဆောင်မှာ သွားနေသင့်တယ်။ " မျက်ခုံးမွေးရှည်ဆရာတော်က ပြောလိုက်သည်။ သူက လင်းယွမ်ကို သင်ပေးစရာမရှိတော့ပေ။
လင်းယွမ်၏ နားလည်နိုင်စွမ်းက အလွန်ကြောက်စရာကောင်းလှသည်။ အစပိုင်းတွင် မျက်ခုံးမွှေးဆရာတော်က လင်းယွမ်ကို လမ်းညွှန်မှုအချို့ ပေးနိုင်ခဲ့သည်။ သို့သော် ရက်အနည်းငယ် ကြာပြီးနောက် သူက တစ်စုံတစ်ခုလွဲမှားနေသည်ဟု ခံစားခဲ့ရသည်။
ရှေးခေတ်အချိန်များတွင် ပါရမီရှင်များက ဥပမာ တစ်ခုမေးလျှင် သုံးခုပြန်ဖြေနိုင်သည်ဟု ပြောကြလေသည်။ သို့သော် လင်းယွမ်က ဥပမာတစ်ခုပေးလျှင် သူက ဆယ်ခု သို့မဟုတ် တစ်ရာအထိ ပြန်လည်ကောက်နှုတ်ပေးနိုင်လေသည်။
မျက်ခုံးမွေးရှည်ဆရာတော် ဘာပြောပြော လင်းယွမ်က လျင်မြန်စွာ နားလည်ခဲ့လေသည်။ သူက ပို၍ နက်နဲသော အဓိပ္ပါယ်များကိုပင် မြင်နိုင်ခဲ့သည်။
သူ့ကို ပို၍ အံ့ဩစေသည်မှာ လင်းယွမ်၏ ပါရမီက သိုင်းတာအိုတွင်သာ ကန့်သတ်မနေခဲ့ပေ။ သူက ဗုဒ္ဓကျမ်းစာများနှင့် နိယာမများတွင်လည်း ပါရမီရှိနေသည်။
ကွဲလွဲမှုအချို့နှင့် ကြုံတွေ့ချိန်တွင် ဆရာတော်ကဲ့သို့ ဆရာသခင်တစ်ယောက်ပင် အနည်းငယ် လွှမ်းမိုးခံခဲ့ရလေသည်။ ထို့ကြောင့် အဆုံးတွင် ဆရာတော်က လင်းယွမ်ကို ညွှန်ကြားသည်ဟု ပြောရမည့်အစား သူတို့နှစ်ယောက်ကြား တန်းတူငြင်းခုံမှုတစ်ခုနှင့် ပိုတူလာသည်။
တစ်ခါတစ်ရံ လင်းယွမ်၏ စကားများက ဆရာတော်အတွက်ပင် အကျိုးရှိခဲ့လေသည်။ ထိုအရာအားလုံးမှာ နှစ်လသာ ကြာမြင့်လေသည်။
" သိုင်းကျမ်းအဆောင် " လင်းယွမ်၏ မျက်လုံးများက အနည်းငယ်တောက်ပသွား၏။
သိုင်းကျမ်းအဆောင်က မဟာဇင်ဘုရားကျောင်း၏ သိုင်းပညာများ သိမ်းဆည်းထားသော နေရာတစ်ခုဖြစ်လေသည်။ ၎င်းက အလွန် အရေးကြီးသော နေရာတစ်ခုဖြစ်လေသည်။
လျို့ဝှက်သိုင်း ၇၂ မျိုး၊ သာလွန်အဆင့် သိုင်းပညာ ၇၂မျိုး အားလုံးက သိုင်းကျမ်းအဆောင်၏ ဒုတိယအထပ်တွင် ရှိနေလေသည်။ တတိယအထပ်တွင် ထိုသိုင်းပညာများကို ဖိနှိပ်နိုင်သော သိုင်းပညာများ ထားရှိလေသည်။
လင်းယွမ်က ယခင် သိုင်းကျမ်းအဆောင်သို့ သွားချင်ခဲ့သော်လည်း ဆရာတော်က ခွင့်မပြုခဲ့ပေ။ သူက အလွန်ငယ်ရွယ်ပြီး သိုင်းကျမ်းများနှင့် ထိတွေ့ရန် စိတ်အခြေမခိုင်သေးဟုသာ ပြောခဲ့လေသည်။
" သိုင်းကျမ်းအဆောင်မှာ မဟာဇင်ဘုရားကျောင်းရဲ့ အရင်ဆရာသခင်တွေ ဖန်တီးထားတဲ့ သိုင်းပညာတွေအပြင် အခြားသိုင်းပညာတွေလည်း ရှိတယ်။ အဲ့ဒီမှာ မင်း သိုင်းပညာအချို့ သင်ယူနိုင်လိမ့်မယ်။ " ဆရာတော်က သူ၏ လက်ကို ဝှေ့ရမ်းပြီး ပြောလိုက်သည်။
သူက လင်းယွမ်ကို မသင်ပေးနိုင်သောကြောင့် ဆရာသခင်များ၏ အမွေအနှစ်များကို သင်ယူစေခြင်းဖြစ်သည်။ လင်းယွမ်ထွက်သွားသည်နှင့် ဆရာတော်က တံခါးပိတ်ကျင့်စဉ်ဝင်မည်ဟု ကြေညာခဲ့လေသည်။
အသက်သုံးနှစ်အရွယ်ရှိသော လင်းယွမ်က သိုင်းကျမ်းအဆောင်မှ သိုင်းပညာများကို စတင်လေ့လာခဲ့သည်။
သိုင်းကျမ်းအဆောင်က မဟာဇင်ဘုရားကျောင်း၏ အရေးပါသော နေရာတစ်ခုဖြစ်ပြီး အစောင့်အကြပ်များ ရှိလေသည်။
သို့သော် လင်းယွမ်က ဆရာတော်၏ ခွင့်ပြုချက်နှင့် သိုင်းကျမ်းအဆောင်သို့ ဝင်ရန် ပြဿနာမရှိခဲ့ပေ။ သိုင်းကျမ်းအဆောင်က သိုင်းပညာများစွာ ရှိပြီး ၎င်းတို့ကြားတွင် လျို့ဝှက်သိုင်း ၇၂မျိုးက အကျော်ကြားဆုံးဖြစ်လေသည်။
" ယိကျင်ကျင်း "
သိုင်းကျမ်းအဆောင်၏ ဒုတိယအထပ်တွင် လင်းယွမ်က ရှေးဟောင်းစာအုပ်တစ်အုပ်ကို ယူလိုက်သည်။
ယိကျင်ကျင်းက သွေးကြောများနှင့် သိုင်းစွမ်းရည်ကို တိုးတက်စေနိုင်သော သိုင်းပညာတစ်ခုဖြစ်ပြီး ၎င်း၏ တန်ဖိုးက လျို့ဝှက်သိုင်း ၇၂မျိုးအထက်တွင် ရှိနေသည်။
သို့သော် မဟာဇင်ဘုရားကျောင်းတွင် ဘယ်သူမှ ထိုသိုင်းပညာကို မအောင်မြင်ကြပေ။ အကြောင်းမှာ လိုအပ်ချက်က အလွန်မြင့်လေသည်။ ၎င်းက သိုင်းပညာနားလည်နိုင်စွမ်းကို လိုအပ်ရုံသာမက ဗုဒ္ဓကျမ်းစာများ၏ အနှစ်သာရများနှင့်လည်း ပက်သက်နေသည်။
လင်းယွမ်က ယိကျင်ကျင်းစာအုပ်ကို ဖွင့်ပြီး စတင်လေ့လာလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း သုံးရက်ကုန်သွားသည်။
[ သင် ယိကျင်ကျင်းသိုင်းပညာကို လေ့လာပြီး ယိကျင်းခန္ဓာသန့်စင်ခြင်းနတ်သိုင်းကို နားလည်သွားပါပြီ။ ]
လင်းယွမ်က စိတ်ထဲမှ ပျော်ရွှင်သွား၏။ သူ၏ ခြေလက်များနှင့် အရိုးများမှ စွမ်းအားတစ်ခု လှည့်ပတ်လာသည်ကို ခံစားလိုက်ရပြီး သူ၏ သွေးကြောနှင့်အသားများကို ဖြည်းညင်းစွာ သန့်စင်နေသည်။
ထိုစွမ်းအားက ခန္ဓာကိုယ်တွင် ကန့်သတ်ထားခြင်းမဟုတ်ဘဲ လင်းယွမ်၏ စိတ်နှင့် ဝိညာဉ်ကိုပင် အားဖြည့်ပေးသွားသည်။
" မူလ ယိကျင်ကျင်းက သွေးကြောတွေကို ပြုပြင်ပေးပေမယ့် ဒီ ယိကျင်းခန္ဓာသန့်စင်ခြင်းနတ်သိုင်းကတော့ ခန္ဓာကိုယ်အပြင် စိတ်ဝိညာဉ်ကိုလည်ယ အားဖြည့်ပေးနိုင်တယ်။ မဟာဆရာသခင်တွေတောင် ဒါကိုမြင်ရင် မနာလိုဖြစ်သွားကြမှာပဲ။ " လင်းယွမ်က ပြုံးလိုက်သည်။
မျက်ခုံးမွေးရှည်ဆရာတော်၏ သင်ကြားမှုနှင့်အတူ လင်းယွမ်က လက်ရှိကမ္ဘာ၏ သိုင်းပညာကို ပို၍ နားလည်သွားသည်။
ဆရာသခင်များက အကြောနှင့်အရိုးများကို အာရုံမစိုက်ခြင်း သို့မဟုတ် ဆရာသခင်များက သူတို့၏ အကြောနှင့်အရိုးများကို အကန့်အသတ်ထိ တိုးမြှင့်ထားပြီး ဖြစ်နိုင်လေသည်။
သို့သော် ခန္ဓာကိုယ်၏ နောက်ထပ်လုပ်ဆောင်ချက်များဖြစ်သော သွေးလည်ပတ်မှု၊ စိတ်ဝိညာဉ်သန့်စင်မှုတို့ကလည်း ဆရာသခင်များအပေါ် သက်ရောက်မှုရှိနိုင်လေသည်။
အထူးသဖြင့် စိတ်ဝိညာဉ်သန့်စင်ခြင်းဖြစ်ပြီး မဟာဆရာသခင်များပင် သိုင်းပညာမြှင့်တင်လိုစိတ်ပြင်းပြကြသည်ဟု ဆိုကြသည်။
" ယိကျင်းခန္ဓာသန့်စင်ခြင်းနတ်သိုင်းနဲ့ဆို ဆရာသခင်အဆင့်ကို ရောက်ဖို့ အချိန်သိပ်မလိုလောက်ဘူး။ " လင်းယွမ်က ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။
လောဟန်ဗုဒ္ဓလက်သီးသိုင်းကို နားလည်သွားချိန်တွင် လင်းယွမ်က ဟောက်ထျန်အဆင့်ကို ကျော်ပြီး ရှန်ထျန်းအဆင့်သို့ တိုက်ရိုက်ရောက်သွားခဲ့သည်။ သို့သော် သူ၏ ရှန်ထျန်အဆင့်စွမ်းအားက အပေါ်ယံသာ သန်မာလေသည်။
အခြားရှန်ထျန်းအဆင့် သိုင်းပညာရှင်များက အတွင်းအားချီဖြင့် သူတို့၏ ခန္ဓာကိုယ်ကို အားဖြည့်ပြီးမှ ရှန်ထျန်းအဆင့်သို့ တက်ကြလေသည်။
လင်းယွမ်ကဲ့သို့ သုံးနှစ်ကလေးခန္ဓာကိုယ်နှင့် အတွင်းအားချီက သာမန်ရှန်ထျန်းအဆင့် သိုင်းပညာရှင်များဖြင့် ယှဉ်လျှင် အရေအတွက်ရော အရည်အသွေးပါ နိမ့်ကျသည်မှာ သဘာဝပင်ဖြစ်၏။ သို့သော် အဆင့်တက်ခြင်းနှင့်အတူ အားလုံးက အချိန်တစ်ခုသာ လိုအပ်လေသည်။
ယခု ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်သော ယိကျင်းခန္ဓာသန့်စင်ခြင်းနတ်သိုင်းနှင့်ဆိုလျှင် သူက အချိန်ကုန်သက်သာသွားပြီဖြစ်သည်။
ထိုသိုင်းပညာက ယိကျင်ကျင်းထက် သာလွန်ပြီး လင်းယွမ်က လိုအပ်ချက်အားလုံးကို ပိုမိုသန်မာစေခဲ့သည်။
ထို့နောက် လင်းယွမ်က သိုင်းကျမ်းအဆောင်တွင် ငါးနှစ်နေထိုင်ခဲ့လေသည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း