← Chapters

လူရောဟုတ်သေးလား....

Vol. 1 Ch. 6

လူရောဟုတ်သေးလား....

Vol. 1 Ch. 6

" ငါးနှစ်ကြာသွားပြီ။ " လင်းယွမ်က ထိုင်နေပြီး သူ၏ အကြည့်များက လေးနက်နေ၏။ သူက ဤကမ္ဘာကို ရောက်သည်မှာ ငါးနှစ်ရှိသွားပြီဖြစ်ပြီး အချိန်က ဆယ့်ငါးနှစ်သာ ကျန်တော့လေသည်။

ငါးနှစ်အတွင်း သူက ကျင့်ကြံခြင်းနှင့် သိုင်းပညာများ လေ့ကျင့်ခြင်းအပြင် ဤကမ္ဘာကြီးအကြောင်းကိုလည်း အဆင့်တစ်ခုအထိ နားလည်ခဲ့သည်။ သူ၏ နားလည်မှုက မဟာဇင်ဘုရားကျောင်းမှ လာခြင်းဖြစ်သည်။

မဟာဇင်ဘုရားကျောင်းက ဗုဒ္ဓတော်ဝင်နယ်မြေတစ်ခုဖြစ်သည့်အပြင် သိုင်းဂိုဏ်းကြီးတစ်ဂိုဏ်းလည်း ဖြစ်၏။ ထိုကြောင့် မဟာဇင်ဘုရားကျောင်းက လောကကြီးနှင့် အဆက်အသွယ်ပြတ်ခြင်းမရှိခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့၏ သတင်းကွန်ရက်က ဗုဒ္ဓယုံကြည်သူများကြောင့် ပိုမိုကျယ်ပြန့်လာခဲ့သည်။

လင်းယွမ်၏ ဗဟုသုတအရ လက်ရှိတွင် တလီနိုင်ငံက အလယ်ပိုင်းနယ်မြေကို အုပ်ချုပ်နေပြီး သာယာဝပြောသော ကာလတစ်ခု ဖြစ်လေသည်။ နယ်မြေတစ်ခုလုံးက သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။

မဟာဇင်ဘုရားကျောင်းမှ သတင်းအချက်အလက်များအရ တလီနိုင်ငံကို ခစားသော ဆရာသခင်အဆင့် သိုင်းပညာရှင် အနည်းဆုံး ခြောက်ယောက်ရှိလေသည်။

သိုင်းလောကတစ်ခုလုံးတွင် ဆရာသခင်အဆင့် သိုင်းပညာရှင်များမှာ ဆယ်ယောက်ကျော်သာ ရှိလေသည်။ ဆရာသခင်ခြောက်ယောက်ကို ထိန်းချုပ်ထားသော တလီနိုင်ငံ၏ အင်အားမှာ ခန့်မှန်းစရာပင်မလိုပေ။

ဆရာသခင်အဆင့် သိုင်းပညာရှင်တစ်ယောက်ရှိသော မဟာဇင်ဘုရားကျောင်းပင် သိုင်းလောကတွင် ဂိုဏ်းကြီးတစ်ဂိုဏ်းအဖြစ် ရပ်တည်နေသည်။

တလီနိုင်ငံ၏ အခြေခံအုတ်မြစ်မှာ သူတို့၏ ဘိုးဘေး မဟာဆရာသခင်ကြောင့်ပင် ဖြစ်သည်။ ဆရာသခင်၊ မဟာဆရာသခင်။ စကားလုံးလေးနှစ်လုံးသာ ပိုလာသော်လည်း ကွာခြားမှုက မိုးနှင့်မြေလိုပင် ဖြစ်၏။

ရှေးခေတ်များတွင် ဆရာသခင်များကို ဆယ်ယောက် သို့မဟုတ် ဆယ်ယောက်ကျော်အထိ ထွက်ပေါ်ခဲ့ဖူးသည်။ သို့သော် မဟာဆရာသခင်တစ်ယောက်ကတော့ ရာစုနှစ်အချို့ကြာမှသာ တစ်ယောက်လောက်သာ ထွက်ပေါ်နိုင်လေသည်။

တလီနိုင်ငံက ကမ္ဘာတစ်ဝှမ်းကို လွှမ်းမိုးနိုင်ခဲ့ပြီး တည်ထောင်သူဘိုးဘေး မဟာဆရာသခင်ကြောင့် မဟာဇင်ဘုရားကျောင်းကဲ့သို့သော ဂိုဏ်းကြီးများပင် အညံ့ခံခဲ့ရလေသည်။

တည်ထောင်သူဘိုးဘေးက ကွယ်လွန်သွားခဲ့သော်လည်း သူတို့က ယနေ့တိုင်အောင် သိုင်းပညာရှင်များကို အမိန့်ပေးနိုင်သေးသည်။

ဟောက်ထျန်း၊ ရှန်ထျန်းနှင့် ဆရာသခင်အဆင့်များက ခန္ဓာကိုယ်ကို ဦးစားပေးလေ့ကျင့်ကြသော်လည်း မဟာဆရာသခင်အဆင့်က စိတ်ဝိညာဉ်ကို သန့်စင်ကြလေသည်။ မဟာဆရာသခင်တစ်ယောက်က ဆရာသခင်တစ်ယောက်ကို တစ်ချက်ကြည့်ရုံနှင့် တုန်ယင်သွားစေနိုင်လေသည်။

" စိတ်ဝိညာဉ်စွမ်းအား..."

လင်းယွမ်က သူ၏ နဖူးကို ထိလိုက်သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက မဟာဇင်ဘုရားကျောင်း၏ ခေါင်းဆောင် ဗောဓိဓမ္မကလည်း မဟာဆရာသခင်တစ်ယောက်ဖြစ်၏။ ထို့ကြောင့် ဘုရားကျောင်းက မဟာဆရာသခင်များ၏ မှတ်တမ်းများ ရှိနေသည်မှာ အံ့ဩစရာမရှိပေ။

ဆရာသခင်များနှင့်ယှဉ်လျှင် မဟာဆရာသခင်များ၏ အားသာချက်မှာ စိတ်နှင့် ဝိညာဉ်၏ စွမ်းအားကို လေ့ကျင့်ခြင်းဖြစ်သည်။ မဟာဆရာသခင်အဆင့်သို့ တက်ရောက်ရန် လူတစ်ယောက်က စိတ်ဝိညာဉ်စွမ်းအားကို စုစည်းနိုင်ရန် လိုအပ်လေသည်။

သို့သော် သာမန်ဆရာသခင်များက ဆယ်စုနှစ်များကြာသည်အထိ ထိုကဲ့သို့သော စွမ်းအားကို အာရုံမခံနိုင်ကြပေ။ ဆရာသခင်တစ်ယောက်က စိတ်ဝိညာဉ်စွမ်းအားကို အာရုံခံနိုင်ခဲ့လျှင်တောင် တစ်စုံတစ်ခု မှားယွင်းသွားသည်နှင့် နောက်ပြန်လှည့်၍မရသော ဘေးဆိုးများ ဖြစ်ပေါ်လာနိုင်လေသည်။

ပြင်ပဒဏ်ရာများက ကုသရန် လွယ်ကူသော်လည်း စိတ်နှင့် ဝိညာဉ်က အထိခိုက်ခံ၍ မရပေ။ ဆရာသခင်တစ်ရာတွင် ရှစ်ဆယ်က စိတ်ဝိညာဉ်စွမ်းအားကို ထိတွေ့နိုင်ခြင်းမရှိကြပေ။ ဆယ့်ကိုးယောက်က စိတ်ဝိညာဉ်စွမ်းအားကို ထိတွေ့နိုင်လျှင်တောင် အမှားအယွင်းများ ဖြစ်ပေါ်လာနိုင်လေသည်။ အဆုံးတွင် ဆရာသခင်တစ်ယောက်သာ မဟာဆရာသခင်အဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။

" သိုင်းပညာ ၁၆၃မျိုးက မဟာဆရာသခင်အဆင့်ကို တက်ရောက်ဖို့ လုံလောက်နိုင်ပါတယ်။ " လင်းယွမ်က စဉ်းစားလိုက်သည်။

လွန်ခဲ့သော လေးနှစ်က သူက ယိကျင်ကျင်းခန္ဓာသန့်စင်ခြင်းနတ်သိုင်းကို အသုံးပြုပြီး ဆရာသခင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ သူက သူ၏ လေ့ကျင့်မှုများမှတစ်ဆင့် မဟာဆရာသခင်အဆင့်သို့ တက်လှမ်းနိုင်မည့် နည်းလမ်းကို စဉ်းစားနေခဲ့သည်။

လင်းယွမ်၏ ကောင်းကင်က်ု ဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် စိတ်ဝိညာဉ်စွမ်းအားကို ထိတွေ့နိုင်ရန် သေချာလေသည်။ သို့​သော် စွန်းစားမှုများမရှိဘဲ စိတ်ဝိညာဉ်စွမ်းအားကို စုစည်းနိုင်ရန် ခက်ခဲနေသည်။ စိတ်နှင့် ဝိညာဉ်ကို ထိခိုက်စေနိုင်သောကြောင့် သူပင် အလွန်သတိထားနေရသည်။

မဟာဇင်ဘုရားကျောင်း၏ ခေါင်းဆောင် ဗောဓိဓမ္မက မဟာဆရာသခင်အဆင့်သို့ တက်လှမ်းနိုင်မည့်နည်းလမ်းကို အမှန်တကယ်ထားခဲ့လေသည်။ ၎င်းက သိုင်းကျမ်းအဆောင်၏ တတိယအထပ်တွင် သိမ်းဆည်းထားသည်။ သို့သော် အောင်မြင်နိုင်ချေက ၉၆ ရာခိုင်နှုန်းသာ ရှိလေသည်။

လင်းယွမ်က ၉၉ ရာခိုင်နှုန်းရှိမှသာ လက်ခံနိုင်ပေလိမ့်မည်။ ထို့ကြောင့် သူက ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် စွန့်စားမှုကင်းသော မဟာဆရာသခင်သို့ ဝင်ရောက်မိုင်မည့်နည်းလမ်းကို ဖန်းတီးချင်နေသည်။

သိုင်းပညာ ၁၃၆မျိုးက လင်းယွမ်ကို စိတ်ကျေနပ်စေခဲ့သည်။ မဟာဆရာသခင်အဆင့်သို့ ချိုးဖျက်ချိန်တွင် မတော်တဆဖြစ်ခဲ့လျှင်တောင် သူက အချိန်မရွေး နောက်ပြန်ဆုတ်နိုင်လေသည်။ ထို့ကြောင့် သူက ပို၍ ယုံကြည်မှုရှိလာခြင်းဖြစ်သည်။

" ဒီနေ့ မဟာဆရာသခင်အဆင့်ကို တက်လှမ်းမယ်။ " ခနစဉ်းစားပြီးနောက် လင်းယွမ်က ချက်ချင်းအဆင့်တက်ရန် ဆုံးဖြတ်လိုက်သည်။

ထိုအချိန်တွင် မဟာဇင်ဘုရားကျောင်း၏ ကျောင်းထိုင်ဆရာတော် ဟွေ့ဝမ်နှင့် အခြားအဆောင်းမှူးအချို့က စကားပြောနေကြသည်။

" အချိန်ကို ခန့်မှန်းကြည့်ရသလောက် ဟွေ့ကျန်း သိုင်းကျမ်အဆောင်ထဲက မထွက်တာ သုံးလေးနှစ်လောက် ကြာပြီမဟုတ်လား။ "

တပည့်အဆောင်မှ အဆောင်မှူးက ခနစဉ်းစားပြီးပြောလိုက်သည်။

ဟွေ့ကျန်းမှာ လင်းယွမ်ပင်ဖြစ်၏။ သူက မျက်ခုံးမွှေးဆရာတော်၏ တပည့်ဖြစ်လာသောကြောင့် ကျောင်းထိုင်ဆရာတော်၊ အဆောင်မှူးများနှင့် အဆင့်တူသွားပြီး ဟွေ့ ဘွဲ့ကို ခံယူရခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် ကျောင်းထိုင်ဆရာတော်က​ လင်းယွမ်ကို ဂျူနီယာညီလေးဟုသာ ခေါ်လေသည်။

" အမှန်ပဲ။ " ဆရာတော်ဟွေ့ဝမ်က ခေါင်းငြိမ့်လိုက်သည်။

လင်းယွမ်က သိုင်းကျမ်းအဆောင်ထဲသို့ ဝင်ခဲ့သော ပထမနှစ်တွင် ရံဖန်ရံခါ အပြင်ထွက်လေ့ရှိသည်။ သို့သော် နောက်လေးနှစ်အတွင်း သူက သိုင်းကျမ်းအဆောင်မှ တဖဝါးမှ မခွာခဲ့ပေ။

" ဟွေ့ကျန်းက အသက်သုံးနှစ်နဲ့ အတွင်းအားချီကို စုစည်းနိုင်တဲ့ ပါရမီရှင်ဖြစ်ပေမယ့် သူ့ရဲ့ သိုင်းပညာကတော့ သာမန်လူတွေနဲ့ မယှဉ်နိုင်လောက်ဘူး။ " တာဝန်အဆောင်၏ အဆောင်မှူးက ပြောလိုက်သည်။

အခြားသူများကလည်း ခေါင်းငြိမ့်လက်ခံလိုက်ကြသည်။

" ဟွေ့ကျန်းရဲ့ ကျင့်ကြံခြင်းက ဘယ်အဆင့်ရောက်ပြီလဲဆိုတာ ငါသိချင်မိတယ်။ " နောက်ထပ်အဆောင်မှူးက သိချင်စိတ်ဖြင့် ပြောလိုက်သည်။

လင်းယွမ်က လောဟန်လက်သီးသိုင်းကို လေ့လာပြီး ရှန်ထျန်းအဆင့်သို့ ဝင်ရောက်နိုင်ခဲ့သည်။ ယခု ငါးနှစ်ကြာသွားပြီဖြစ်သောကြောင့် သူတို့က လင်းယွမ်၏ အဆင့်ကို သိချင်နေကြသည်။

" ဂျူနီယာညီလေးဟွေ့ကျန်းရဲ့ ပါရမီနဲ့ဆို သူက ရှန်ထျန်းအဆင့် အထွတ်အထိပ်လောက်တော့ ရောက်သွားလောက်ပြီ။ "

" ရှန်ထျန်းအဆင့်အထွတ်အထိပ်လား။ " ဆရာတော်ဟွေ့ဝမ်က ခန တုန့်ဆိုင်းသွား၏။

လင်းယွမ်က အသက်သုံးနှစ်ဖြင့် ရှန်ထျန်းအဆင့်ကို ဝင်ရောက်နိုင်ခဲ့သော်လည်း သုံးနှစ်အရွယ်ခန္ဓာကိုယ်က မလုံလောက်ပေ။ ရှန်ထျန်းအဆင့်သို့ ဝင်ရောက်ပြီး အခြေခံကို တည်ဆောက်နိုင်ရန် အချိန်ယူရပေလိမ့်မည်။ အချိန်ငါးနှစ်က လင်းယွမ်ကို သာမန် ရှန်ထျန်းအဆင့် သိုင်းပညာရှင်အဖြစ်သို့ ရောက်သွားစေနိုင်လေသည်။

" ဖြစ်နိုင်ပါတယ်။ " ဆရာတော်ဟွေ့ဝမ်က ခနစဉ်းစားပြီး ခေါင်းငြိမ့်လိုက်သည်။ လင်းယွမ်က အခြေခံကို တည်ဆောက်ပြီး ရှန်ထျန်းအဆင့် အထွတ်အထိပ်သို့ ရောက်သွားသည်ကို သူက သိပ်မယုံချင်ပေ။

သို့သော် လင်းယွမ်က မျက်ခုံးမွှေးဆရာတော်၏ တပည့်ဖြစ်သောကြောင့် သူတို့က အထင်သေးသော စကားများကို ပြောဆို၍ မရပေ။

" မင်းတို့နှစ်ယောက်က ဂျူနီယာညီလေးဟွေ့ကျန်းရဲ့ ပါရမီိကို သံသယဝင်နေတာလား။ "

" သူက အခုဆို ဆရာသခင်အဆင့်တောင် ရောက်သွားလောက်ပြီ။ "သိုင်းလေ့ကျင့်ရေးအဆောင်မှူးက သိုင်းကျမ်းအဆောင်ကို ကြည့်ပြီး ပြုံးလိုက်သည်။

" ဆရာသခင်..."

တပည့်အဆောင်မှူးနှင့် တာဝန်အဆောင်မှူးတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ခေါင်းခါလိုက်ကြသည်။ သိုင်းလေ့ကျင့်ရေးအဆောင်မှူးက အမှန်တိုင်းပြောလျှင်တောင် သူတို့က ယုံကြည်ရန် ခက်ခဲလေသည်။ အဆုံးတွင် ၎င်းက ဆရာသခင်အဆင့်ဖြစ်၏။

" တော်ပြီ။ ဟွေ့ကျန်းအကြောင်းဆွေးနွေးမနေတော့နဲ့။ "ဆရာတော်ဟွေ့ဝမ်က အခြေအနေဆိုးသွားမည်စိုးသောကြောင့် ကြားဖြတ်ပြောလိုက်သည်။

ထိုအချိန်တွင်....

" ဝုန်း..."

မမြင်နိုင်သော စွမ်းအားတစ်ခုက ကောင်းကင်သို့ ထိုးတက်သွားပြီး အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။

" အဲ့ဒါစိတ်ဝိညာဉ်စွမ်းအားလား။ "

" ဒါ မဟာဆရာသခင်... မဟာဆရာသခင်ရဲ့ စိတ်ဝိညာဉ်စွမ်းအားလား..."

ဆရာတော်ဟွေ့ဝမ်နှင့် အဆောင်မှူးများက တုန်လှုပ်သွားကြသည်။

မဟာဆရာသခင်တစ်ယောက် ရောက်ပေါ်လာတာလား။ မဟာဆရာသခင်က သူတို့ မဟာဇင်ဘုရားကျောင်းကို ဘာလို့လာတာလဲ။

" မဟုတ်ဘူး။ ဒီစိတ်ဝိညာဉ်စွမ်းအားက သိုင်းကျမ်းအဆောင်က လာတာပဲ။ "

" အဲ့ဒါ ဂျူနီယာညီလေး ဟွေ့ကျန်းရဲ့ အော်ရာပဲ။ " တပည့်အဆောင်မှူးက တစ်စုံတစ်ခုကို ခံစားမိလိုက်သကဲ့သို့ သူ၏ မျက်လုံးများ ပြူးသွားသည်။

" ဂျူနီယာညီလေးဟွေ့ကျန်းရဲ့ အော်ရာလား။ "

" စိတ်ဝိညာဉ်စွမ်းအား.... မဟာဆရာသခင်..."

ဆရာတော်ဟွေ့ဝမ်နှင့် အဆောင်မှူးများက ထိတ်လန့်သွားပြီး ကြောက်စရာကောင်းသော အဖြေတစ်ခုက သူတို့၏ ခေါင်းထဲတွင် ပေါ်လာသည်။

သိုင်းကျမ်းအဆောင်မှာ ငါးနှစ်နေခဲ့တဲ့ ဂျူနီယာညီလေးဟွေ့ကျန်းက မဟာဆရာသခင်အဆင့်ကို ချိုးဖျက်သွားလား။ အသက်သုံးနှစ်တွင် ရှန်ထျန်းအဆင့်၊ အသက်ရှစ်နှစ်တွင် မဟာဆရာသခင်အဆင့်။

ဒါ လူရောဟုတ်သေးလား။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters