← Chapters

ဗုဒ္ဓသားတော်

Vol. 1 Ch. 7

ဗုဒ္ဓသားတော်

Vol. 1 Ch. 7

ရှန်ထျန်းအဆင့်နှင့် ဆရာသခင်အဆင့်ကြားမှ ကွာခြားလှသည်။ ထိုထက်ပိုသည်မှာ မဟာဆရာသခင်အဆင့်၏ စိတ်ဝိညာဉ်စွမ်းအားဖြစ်၏။

မဟာဇင်ဘုရားကျောင်းကဲ့သို့ ဂိုဏ်းကြီးအနေဖြင့် ဆန္ဒရှိလျှင် ရှန်ထျန်းအဆင့်သိုင်းပညာရှင်များကို မွေးထုတ်ပေးနိုင်လေသည်။ သို့သော် ၎င်းက အဓိပ္ပါယ်မရှိပေ။ မဟာဇင်ဘုရားကျောင်းအတွက် ရှန်ထျန်းအဆင့်များ ပိုများလာခြင်းက ထူးခြားမှုသိပ်မရှိပေ။

မဟာဇင်ဘုရားကျောင်း၏ စစ်မှန်သော အင်အားကို ဆုံးဖြတ်ပေးသည်မှာ ဆရာသခင်များ၊ မဟာဆရာသခင်များပင်ဖြစ်၏။ သူတို့က ကမ္ဘာကြီး၏ အဓိကလမ်းကြောင်းများကိုပင် ဆုံးဖြတ်ပေးနိုင်လေသည်။

ဆရာသခင်အဆင့်နှင့် မဟာဆရာသခင်အဆင့်များသို့ ဝင်ရောက်နိုင်ရန် ပြင်ပပစ္စည်းများက အနည်းငယ်သာ အသုံးဝင်လေသည်။ ဆရာသခင်အဆင့်မှ မဟာဆရာသခင်အဆင့်သို့ တက်ရောက်ချင်လျှင် စိတ်ဝိညာဉ်စွမ်းအားကို ထိတွေ့နိုင်ရုံသာမက စွန့်စားမှုများလည်း ရှိလေသည်။

ထို့ကြောင့် ဆရာတော်ဟွေ့ဝမ်နှင့် အဆောင်မှူးများက သိုင်းကျမ်းအဆောင်ထဲမှ မဟာဆရာသခင်မှာ လင်းယွမ်ဖြစ်နိုင်သည်ကို ခန့်မှန်းမိကြသောကြောင့် အလွန်တုန်လှုပ်သွားကြခြင်း ဖြစ်သည်။

ယနေ့ခေတ်တွင် ရာစုနှစ်အချို့ကြားသွားလျှင်တောင် မဟာဆရာသခင်တစ်ယောက် ထွက်ပေါ်လာခြင်းက အလွန်ရှားပါးလေသည်။ နောက်ဆုံး မဟာဆရာသခင်မှာ လွန်ခဲ့သော နှစ်ပေါင်း ၁၈၀မှ တလီနိုင်ငံ၏ တည်ထောင်သူဧကရာဇ်ဖြစ်၏။ အချိန်ကို ခန့်မှန်းကြည့်လျှင် မဟာဆရာသခင်တစ်ယောက် ထွက်ပေါ်လာရန် မဖြစ်နိုင်သေးပေ။

သို့သော် ရှစ်နှစ်သာရှိသေးသော လင်းယွမ်ကမဟာဆရာသခင်အဆင့်ကို ဘယ်လိုလုပ် ရောက်သွားတာလဲ။ ၎င်းက သူတို့ စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေပေသည်။

မဟာဇင်ဘုရားကျောင်း၏ တောင်းတန်းအနောက်တွင် တံခါးပိတ်ကျင့်ကြံနေသော မျက်ခုံးမွေးဆရာတော်ကလည်း သိုင်းကျမ်းအဆောင်မှ စိတ်ဝိညာဉ်စွမ်းအားလှိုင်းများကို ခံစားမိပြီး တုန်လှုပ်သွားသည်။

" စိတ်ဝိညာဉ်စွမ်းအား... ငါ့တပည့် ဟွေ့ကျန်း မဟာဆရာသခင်အဆင့်ကို ရောက်သွားတာလား။ " မျက်ခုံးမွှေးရှည်ဆရာတော်က ငေးငိုင်စွာဖြင့် ရေရွတ်လိုက်သည်။

သူက ယနေ့ကို မျှော်လင့်ထားခဲ့သော်လည်း လက်တွေ့ကြုံတွေ့ရသောအခါ သူ၏ ခံစားချက်များက အထိန်းအကွပ်မရှိ လှုပ်ရှားနေသည်။ မဟာဇင်ဘုရားကျောင်း၏ လက်ရှိမျိုးဆက် ဆရာသခင်တစ်ယောက်အနေဖြင့် သူက လင်းယွမ်ကို နှစ်လကြာ သင်ကြားခဲ့ပြီး သူ၏ ကြောက်စရာကောင်းသော စွမ်းရည်ကို သိခဲ့ရသည်။

သူ၏ အမြင်အရ လင်းယွမ်က အနာဂတ်တွင် ဆရာသခင်အဆင့်သို့ ရောက်ရန် ပြဿနာမရှိသည့်အပြင်မဟာဆရာသခင်အဆင့်ကိုပင် ထိတွေ့နိုင်လေသည်။ သို့သော် အနည်းဆုံး ဆယ်စုနှစ်အချို့ ကြာပေလိမ့်မည်။

ယခု ငါးနှစ်သာရှိသေးသော်လည်း လင်းယွမ်က မဟာဆရာသခင်အဆင့်သို့ ရောက်သွားခဲ့သည်။ ကျောင်းထိုင်ဆရာတော်၊ အဆောင်မှူးများနှင့် နှိုင်းယှဉ်ကြည့်လျှင် သူက ပို၍ တုန်လှုပ်ရလေသည်။

ကျောင်းထိုင်ဆရာတော်နှင့် အဆောင်မှူးများက ရှန်ထျန်းအဆင့် အထွတ်အထိပ်တွင်သာ ရှိနေကြသည်။ သူတို့က မဟာဆရာသခင်အဆင့်သို့ တက်ရောက်နိုင်ရန် မည်မျှခက်ခဲသည်ကိုသာ သိကြလေသည်။

သို့သော် မျက်ခုံးမွေးရှည်အကြီးအကဲက မဟာဆရာသခင်အဆင့်နှင့် မဝေးသော ဆရာသခင်အဆင့်တွင် ရှိနေလေသည်။ သူက တစ်ချိန်လုံး ဆရာသခင်အဆင့်နှင့် မဟာဆရာသခင်အဆင့်ကြားရှိ တွင်းနက်ကြီးကို ခံစားနေရသည်။ ခေါင်းဆောင်ဗောဓိဓမ္မက အဆင့်တက်နိုင်မည့် လျို့ဝှက်နည်းစနစ်ဖြင့်ပင် သူက အဆင့်တက်နိုင်မည့် သဲလွန်စကို ရှာမတွေ့သေးပေ။

သိုင်းကျမ်းအဆောင်ထဲတွင် လင်းယွမ်က ထိုင်နေပြီး သူ၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်စွမ်းအားလှိုင်းများ ထွက်ပေါ်နေသည်။

" ဒီစိတ်ဝိညာဉ်စွမ်းအားက စကြာဝဠာလူသားမျိုးနွယ် စိတ်သခင်တွေရဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နဲ့ တူတာပဲ။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

စကြာဝဠာလူသားမျိုးနွယ်တွင် ဆင့်ကဲပြောင်းလဲခြင်းက လျို့ဝှက်ချက်တစ်ခု မဟုတ်ပေ။ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို နိုင်ငံသားများက သိကြလေသည်။

စိတ်သခင်များ၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က သူတို့၏ စိတ်ကို အထူးနည်းလမ်းများဖြင့် လှုံ့ဆော်ပေးရန် လိုအပ်လေသည်။ ထို့ကြောင့် သူတို့က စိတ်၏ စွမ်းအားကို ထိန်းချုပ်ပြီး ထူးခြားသော စွမ်းရည်များကို ထုတ်ဖော်နိုင်ကြလေသည်။

" ဒါက တူရုံပဲရှိတာ တစ်မျိုးတည်းတော့မဟုတ်ဘူး။ " လင်းယွမ်က တွေးလိုက်၏။

စိတ်သခင်များ၏ စိတ်စွမ်းအားက ပုံရိပ်ယောင်များကို ဦးစားပေးပြီး မဟာဆရာသခင်များ၏ စိတ်ဝိညာဉ်စွမ်းအားက သိုင်းပညာကို ကိုယ်စားပြုလေသည်။

ထို့အပြင် စိတ်သခင်များ၏ ခန္ဓာကိုယ်က အားနည်းပြီး အသုံးမဝင်သလောက်ပင် ဖြစ်၏။ သို့သော် မဟာဆရာသခင်များ၏ ခန္ဓာကိုယ်က လူသားများ၏ ခန္ဓာကိုယ် အထွတ်အထိပ်သို့ ရောက်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်လေသည်။

လင်းယွမ်က စိတ်သခင်များ၏ အားသာချက်နှင့် အားနည်းချက်များကို အတိအကျ မသိပေ။ သို့သော် တိုက်ခိုက်ရေးစွမ်းအားအရ စိတ်သခင်များက ပို၍ အားနည်းနိုင်လေသည်။

" သိုင်းတာအိုက စကြာဝဠာလူသားမျိုးနွယ်မှာဆို ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အသစ်တစ်ခုလို့ ယူဆလို့ရလား။ "

" ငါ ဒီကမ္ဘာမှာ သိုင်းတာအိုကို မြင့်မားတဲ့အဆင့်ထိရောက်အောင် လေ့ကျင့်ပြီး ပြန်ရောက်လို့ ဉာဏ်ပညာနတ်ဘုရားကို တင်ပြလိုက်ရင် ကြီးမားတဲ့ ဆုလာဒ်ရနိုင်လောက်တယ်..." လင်းယွမ်က တိတ်ဆိတ်စွာ စဉ်းစားနေသည်။

စစ်မှုတမ်းတာဝန်ကျပြီး ဉာဏ်ပညာနတ်ဘုရားကို မေးမြန်းပြီးနောက် သူမက ဆင့်ကဲပြောင်းလဲခြင်းလမ်စဉ်အား မည်မျှတန်ဖိုးထားသည်ကို သူ သိသွားလေသည်။

" သူတို့က အပြင်မှာစောင့်နေကြတာလား။ " လင်းယွမ်က တစ်စုံတစ်ခုကို အာရုံခံမိပြီး သိုင်းကျမ်းအဆောင်၏ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

မဟာဆရာသခင်အဆင့်သို့ ဝင်ရောက်ပြီးနောက် စိတ်ဝိညာဉ်စွမ်းအားများက ထွက်ပေါ်လာခြင်းမရှိတော့ပေ။

သိုင်းကျမ်းအဆောင်၏ အပြင်ဘက်တွင် မျက်ခုံးမွေးရှည်ဆရာတော်၊ ကျောင်းထိုင်ဆရာတော်နှင့် အဆောင်မှူးများက စောင့်ဆိုင်းနေကြသည်။ အခြားဘုန်းကြီးများ ရှိနေလျှင် တည်ငြိမ်လှသော ဆရာတော်များက စိုးရိမ်သော အမူအရာများနှင့် ရှိနေသည်ကို သတိပြုမိပေလိမ့်မည်။

" အထဲကို ဝင်ခဲ့ကြပါ။ " ထိုအချိန်တွင် ညင်သာသော အသံတစ်ခုက သူတို့၏ နားထဲသို့ ဝင်ရောက်လာသည်။

ခွင့်ပြုချက်ရပြီးနောက် ဆရာတော်များက မျက်ခုံးမွေးအကြီးအကဲနှင့်အတူ သိုင်းကျမ်းအဆောင်ထဲသို့ ဝင်ရောက်သွားကြသည်။

" ဗုဒ္ဓသားတော်ကို အရိုအသေပေးပါတယ်။ " တတိယအထပ်တွက် သူတို့က လင်းယွမ်ကို တွေ့လိုက်ရပြီး အရိုအသေပေးလိုက်ကြသည်။

လင်းယွမ်က သုံးနှစ်အရွယ်တွင် ရှန်ထျန်းအဆင့်သို့ ရောက်ရှိခဲ့ခြင်းက သိုင်းတာအိုပါရမီရှင်ဟု ပြောနိုင်သေးသည်။ သို့သော် အသက်ရှစ်နှစ်ဖြင့် မဟာဆရာသခင်အဆင့်သို့ ရောက်သွားခြင်းက သူတို့နားလည်နိုင်စွမ်းထက် ကျော်လွန်သွားခဲ့သည်။

ဗုဒ္ဓပြန်လည်ဝင်စားသူ သို့မဟုတ် ဗုဒ္ဓသားတော်သာလျှင် လူတိုင်း၏ အသိဉာဏ်ကို ကျော်လွန်နိုင်လေသည်။ မျက်ခုံးမွေးရှည်ဆရာတော်ကပင် လင်းယွမ်ကို ဗုဒ္ဓသားတော်အဖြစ် ခေါ်ဝေါ်လေသည်။

" ဗုဒ္ဓသားတော်လား..." လင်းယွမ်က အနည်းငယ်ပြုံးလိုက်ပြီး လက်ခံခြင်းမရှိသလို ငြင်းပယ်ခြင်းလည်း မရှိပေ။

သူက ဗုဒ္ဓသားတော်မဟုတ်သည်ကို သူကောင်းကောင်းသိလေသည်။ သူတိတ်ဆိတ်နေလျှင် ဘယ်သူမှအမှန်ကို မသိနိုင်ပေ။

ထို့နောက် လင်းယွမ်က ဆရာတော်များနှင့် စကားအချို့ ပြောခဲ့လေသည်။ ထို့အပြင် သူက ကျောင်းထိုင်ဆရာတော်နှင့် အဆောင်မှူးများကို ရှန်ထျန်းအဆင့်မှ ဆရာသခင်အဆင့်သို့ တက်ရောက်ခဲ့သည့် ဉာဏ်အလင်းများကိုလည်း မျှဝေခဲ့သည်။

မဟာဇင်ဘုရားကျောင်းက မဟာဆရာသခင်တစ်ယောက်၏ အမွေအနှစ်များရှိသကဲ့သို့ ဆရာသခင်အဆင့်သို့ တက်ရောက်နိုင်သည့် မှတ်တမ်းများလည်း ရှိလေသည်။ သို့သော် ခေါင်းဆောင် ဗောဓိဓမ္မ ချန်ခဲ့သော နည်းလမ်းများက သူတို့နားမလည်နိုင်သော အရာများ ပါဝင်လေသည်။

သူတို့က ဆရာသခင်အဆင့်သို့ တက်ရောက်နိုင်ရန် စွမ်းအားအားလုံးကို ထိန်းချုပ်နိုင်ရန် လိုအပ်သည်ကို သိကြလေသည်။ သို့သော် ပြည့်စုံစွာ ထိန်းချုပ်ရန် ဘယ်လိုလုပ်မလဲ၊ ဘာအဓိပ္ပါယ်လဲ တိကျသော အချက်အလက်များ မရှိပေ။

သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လင်းယွမ်က ရှန်ထျန်းအဆင့်မှ ဆရာသခင်အဆင့်သို့ တက်ရောက်နိုင်သည့်ဖြစ်စဉ်ကို တိကျသော နည်းလမ်းများဖြင့် ပြသနိုင်လေသည်။ ကျောင်းထိုင်ဆရာတော်နှင့် အဆောင်မှူးများက မျက်ရည်ကျလုမတတ်ဖြစ်နေကြသည်။ လင်းယွမ်၏ လမ်းညွှန်မှုဖြင့် သူတို့က ဆရာသခင်အဆင့်သို့ တက်ရောက်ရန် မျှော်လင့်ချက် ရှိသွားကြလေသည်။

သူတို့က သူတို့၏ အရည်အချင်းများကို နှစ် ၂၀၊ ၃၀ကြာအောင် ပြန်လည်ပြင်ဆင်နိုင်လျှင် ဆရာသခင်အဆင့်သို့ ရောက်သွားပေလိမ့်မည်။ စကားအနည်းငယ်ဖြင့် လင်းယွမ်က ဆယ်စုနှစ်အချို့အတွင်း မဟာဇင်ဘုရားကျောင်းမှ ဆရာသခင်အချို့ ပေါ်ထွက်လာနိုင်မည့် အခွင့်အရေးကို ပေးစွမ်းနိုင်ခဲ့သည်။

ဗုဒ္ဓသားတော်မှမဟုတ်လျှင် ၎င်းကို ဘယ်သူက စွမ်းဆောင်နိုင်မှာလဲ။ လင်းယွမ်၏ ဗုဒ္ဓသားတော်ဘွဲ့ကို ဘယ်သူမှ မေးခွန်းထုတ်ရဲမည်မဟုတ်ပေ။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters