← Chapters

တလီနိုင်ငံ၏ တည်ထောင်သူဘိုးဘေး...

Vol. 1 Ch. 9

တလီနိုင်ငံ၏ တည်ထောင်သူဘိုးဘေး...

Vol. 1 Ch. 9

" ဗုဒ္ဓသားတော်က လောကီကမ္ဘာထဲ ဝင်ရောက်သွားတာလား။ " သိုင်းလေ့ကျင့်ရေးအဆောင်မှူးက ချက်ချင်း တုန့်ပြန်လိုက်သည်။

မဟာဇင်ဘုရားကျောင်းမှ ဘုန်းကြီးများ တောင်ပေါ်မှ ဆင်းပြီး လောကီကမ္ဘာထဲသို့ ဝင်ရောက်ခြင်းမှာ ထူးဆန်းသော ကစ္စတစ်ခု မဟုတ်ပေ။ သူတို့အားလုံးပင် တောင်ပေါ်မှ တစ်ကြိမ်ထက်ပို၍ ဆင်းဖူးကြလေသည်။ အဆင့်မြင့်သော ဘုန်းကြီးများက သူတို့၏ စိတ်ကို လေ့ကျင့်ပေးရန် တောင်ပေါ်မှ ဆင်းကြခြင်း ဖြစ်သည်။

လင်းယွမ်က တောင်ပေါ်မှ တစ်ခါမှမဆင်းဖူးဘဲ သိုင်းကျမ်းအဆောင်တွင် ဆယ်နှစ်လုံး နေထိုင်ခဲ့ခြင်း ဖြစ်လေသည်။ ထိုစိတ်အခြေအနေမျိုးနှင့်ဆိုလျှင် နည်ပြခေါင်းဆောင်အချို့နှင့်ပင် နှိုင်းယှဉ်နိုင်မည်မဟုတ်ပေ။

" ဗုဒ္ဓသားတော်က တောင်ပေါ်က တစ်ယောက်တည်းဆင်းသွားတာ အန္တရာယ်တော့မရှိလောက်ဘူး မဟုတ်လား။ " တပည့်အဆောင်မှူးက တစ်စုံတစ်ခုကို တွေးမိပြီး ပြောလိုက်သည်။ သို့သော် သူ၏ စကားမဆုံးမီ တံတွေးများကို ပြန်မျိုချလိုက်ရသည်။

ကျောင်းထိုင်ဆရာတော် ဟွေ့ဝမ်နှင့် အခြားသူများက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။

အန္တရာယ်လား။ ဘယ်လိုဟာသမျိုးလဲ။ သူတို့က လင်းယွမ်ရဲ့ အဆင့်ကို မေ့နေကြတာလား။

လွန်ခဲ့သော ငါးနှစ်ကတည်းက လင်းယွမ်က မဟာဆရာသခင်အဆင့်တွင် ရှိနေခဲ့သည်။ ယခုဆို ပို၍ စွမ်းအားကောင်းလာမည်မှာ သေချာလေသည်။ မဟာဆရာသခင်အဆင့်၏ စွမ်းအားနှင့် စစ်သည်တစ်သောင်းပါဝင်သော စစ်တပ်ကိုပင် အလွယ်တကူ ချေမှုန်းနိုင်မည်မှာ သေချာလေသည်။

မဟာဆရာသခင်တစ်ယောက် လောကကို လှည့်ပတ်သွားလျှင် သူမသေချင်လျှင် ဘယ်သူမှ သူ့ကို သတ်နိုင်မည်မဟုတ်ပေ။

" ဒါက အဆင်ပြေတယ်။ "

" ဗုဒ္ဓသားတော်ရဲ့ ပုံတူကို ဘုရားကျောင်းတွေကို ပို့ပြီးသွားပြီ။ "

" အနယ်နယ်အရပ်ရပ်မှာ ရှိတဲ့ ငါတို့ မဟာဇင်ဘုရားကျောင်းက ဘုန်းကြီးတွေကလည်း ဗုဒ္ဓသားတော်ရဲ့ အမိန့်ကို လိုက်နာကြလိမ့်မယ်။ " ကျောင်းထိုင်ဆရာတော် ဟွေ့ဝမ်က ဖြည်းညင်းစွာ ပြောလိုက်သည်။

မဟာဇင်ဘုရားကျောင်းက ဗုဒ္ဓတော်ဝင်နယ်မြေတစ်ခုဖြစ်သည့်အပြင် အခြားဂိုဏ်းကြီးများအပေါ် လွှမ်းမိုးမှုရှိသော ဂိုဏ်းကြီးတစ်ဂိုဏ်းလည်း ဖြစ်၏။

မဟာဇင်ဘုရားကျောင်း၏ အပြင်ဘက် ကျဉ်းမြောင်းသော လမ်းလေးပေါ်တွင် မီးခိုးရောင်သက္ကန်းကို ဝတ်ဆင်ထားသော ကိုရင်ငယ်လေးတစ်ပါးက ဖြည်းညင်းစွာ လမ်းလျှောက်နေသည်။ ထိုကိုရင်ငယ်လေး ခြေလှမ်း လှမ်းလိုက်သည့်အကြိမ်တိုင်း မီတာအနည်းငယ်အဝေးတွင် ပေါ်လာခဲ့သည်။

ထိုကိုရင်ငယ်လေးက လင်းယွမ်ပင်ဖြစ်သည်။ မဟာဇင်ဘုရာကျောင်းမှ ထွက်လာပြီးနောက် လင်းယွမ်က မိုင် ၁၂၀၀ကို နှစ်နာရီတည်းဖြင့် သွားခဲ့လေသည်။

မဟာဆရာသခင်အဆင့်နှင့် နှိုင်းယှည်လျှင် ဒဏ္ဍာရီအဆင့်၏ စွမ်းအားက ဆင့်ကဲပြောင်းလဲသွားခဲ့သည်။ လင်းယွမ်ကတော့ ၎င်းကို ယွမ်စွမ်းအားဟု ခေါ်လေသည်။ ယွမ်စွမ်းအားတစ်မျှင်က မဟာဆရာသခင်အဆင့်၏ စိတ်ဝိညာဉ်စွမ်းအားမျှင် ဆယ်မျှင်နှင့် ညီမျှလေသည်။

လင်းယွမ်၏ ခန့်မှန်းချက်အရ သူ၏ တိုက်ခိုက်ရေးစွမ်းအားကလည်း ဘယ်သူမှမရောက်နိုင်သော အဆင့်တွင် ရှိပေလိမ့်မည်။ ရှေးခေတ်မှ မဟာဆရာသခင်အားလုံး ပြန်ရှင်လာလျှင်တောင် သူ၏ ရှေ့တွင် လက်ဝါးတစ်ချက်ပင် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

" ဟားဟား စိတ်လှုပ်ရှားစရာပဲ။ တကယ်စိတ်လှုပ်ရှားစရာကောင်းတယ်။ " လင်းယွမ်၏ ခြေလှမ်းတိုင်းတွင် သူ၏ သွေးနှင့် ယွမ်စွမ်းအားများ လှည့်ပတ်နေခဲ့သည်။ ဒဏ္ဍာရီအဆင့်၏ ခန္ဓာကိုယ်က လင်းယွမ်ကို မွန်းစတားတစ်ကောင်ကဲ့သို့ ခံစားရစေလေသည်။

ထိုအချိန်တွင် လင်းယွမ်က ရုတ်တရက် ရပ်တန့်သွားသည်။ လေအေးတစ်ခုက သူ၏ မျက်နှာကို ဖြတ်သန်းတိုက်ခတ်သွားသည်။

လင်းယွမ်က အတွေးထဲတွင် နစ်မြှုပ်သွားပြီး အချိန်များစွာ ကုန်ဆုံးသွားသည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် များပြားလှသော ကျမ်းများကို ဖတ်ရှုပြီး လေ၏ နိယာမသဘောတရာများကို သိမြင်ကာ အစစ်အမှန်သိုင်းပညာ နတ်လေခြေလှမ်းကိုးလှမ်းကို နားလည်သွားပါပြီ။ ]

လင်းယွမ်က သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး အစစ်အမှန်သိုင်းပညာ၏ အသိအမြင်များက သူ၏ စိတ်ထဲတွင် ပေါ်လာသည်။ အစစ်အမှန်သိုင်းပညာက မဟာဆရာသခင်အဆင့်ထက် ကျော်လွန်သော သိုင်းပညာများ ဖြစ်လေသည်။

လင်းယွမ်က မဟာဇင်ဘုရားကျောင်းမှ ထွက်ခွာပြီးနောက် သူ၏ စိတ်များက အနှောင်အဖွဲ့များ ကင်းလွတ်နေပြီး ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကောင်းကင်နှင့်မြေကြီး၏ လေကို ခံစားက ထိုသိုင်းပညာကို ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။

" နတ်လေခြေလှမ်းကိုးလှမ်း..." လင်းယွမ်က လေးနက်စွာ စဉ်းစားနေခဲ့သည်။ ယခု သူနားလည်သွားသော သိုင်းပညာက ရွေ့လျားခြင်းသိုင်းပညာဖြစ်လေသည်။

သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားဖြင့် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို ဆွဲငင်ပြီး ခြေလှမ်းကိုးလှမ်းကို လေနှင့်ပေါင်းစပ်က သူ၏ အလျင်ကို အဆပေါင်းများစွာ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

"ကြောက်စရာကောင်းတယ်။ " လင်းယွမ်က စိတ်လှုပ်ရှားသွားမိသည်။ သူ၏ အဆင့်နှင့် သူ၏ စွမ်းရည်များက အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။ အဆများစွာမပြောနှင့် သေးငယ်သော တိုးတက်မှုလေးကပင် အလွန်ကောင်းမွန်သည်ဟု ပြောလို့ရပေသည်။

" အစစ်အမှန်သိုင်းပညာက ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားကို ဆွဲယူတာဆိုတော့ ကောင်းကင်၊ မြေကြီးတို့နဲ့ သက်ဆိုင်နဲ့ လမ်းစဉ်တစ်ခုလား။ " လင်းယွမ်က သူ၏ နေရာတွင် ရပ်ပြီး စဉ်းစားနေခဲ့သည်။

ပုတုဘုရားကျောင်း။

ထိုဘုရားကျောင်းမှာ လွန်ခဲ့သော နှစ်ပေါင်းသုံးရာက မဟာဇင်ဘုရားကျောင်းမှ အဆင့်မြင့်ဘုန်းကြီးတစ်ပါးက တောင်ပေါ်မှ ဆင်းပြီးနောက် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ နှစ်ပေါင်းရာချီကြာပြီးသော်လည်း မဟာဇင်ဘုရားကျောင်းနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိနေခဲ့သည်။

" ဗုဒ္ဓသားတော်က မင်ရွှယ်နန်းတော်ကို ဘာလို့သွားချင်တာလဲ။ " ပုတုဘုရားကျောင်း၏ ကျောင်းထိုင်က မေးလိုက်သည်။

သူ၏ ရှေ့တွင် ကိုရင်ငယ်လေးဖြစ်သော လင်းယွမ်က ထိုင်နေသည်။ မဟာဇင်ဘုရားကျောင်းမှ ထွက်လာခဲ့သော လင်းယွမ်၏ ရည်ရွယ်ချက်မှာ အခြားဂိုဏ်းကြီးများမှ သိုင်းပညာများကို လေ့လာနိုင်ရန်ဖြစ်သည်။

စာရင်းထဲမှ ပထမဆုံးဂိုဏ်းများမှာ မဟာဇင်ဘုရားကျောင်းနှင့် အတူရပ်တည်နေသော ဂိုဏ်းများပင် ဖြစ်သည်။ ထိုဂိုဏ်းများက ယေဘုယျအားဖြင့် မဟာဆရာသခင်များ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး သမိုင်းထဲတွင်လည်း မဟာဆရာသခင်များကို မွေးထုတ်ပေးနိုင်ခဲ့သည်။

မင်ရွှယ်နန်းတော်၏ တည်ထောင်သူကလည်း အများသမီး မဟာဆရာသခင်တစ်ယောက်ဖြစ်၏။ ထို့အပြင် မင်ရွှယ်နန်းတော်က ဂိုဏ်းကြီးများထဲမှ တစ်ဂိုဏ်းဖြစ်လေသည်။

" ကျုပ်က မင်ရွှယ်နန်းတော်က သိုင်းပညာအမျိုးမျိုးကို လေ့လာချင်တယ်။ " လင်းယွမ်က ထိုင်နေပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

မင်ရွှယ်နန်းတော်သို့ သွားရာလမ်းတွင် သူက ပုတုဘုရားကျောင်းသို့ ဝင်ပြီး ခန အနားယူခြင်းဖြစ်လေသည်။

ဒဏ္ဍာရီအဆင့်ကလည်း လူသားတစ်ယောက်သာ ဖြစ်သောကြောင့် စက်ရုပ်တစ်ရုပ်ကဲ့သို့ မပင်ပန်းဘဲ မရှိပေ။ ပုတုဘုရားကျောင်းက မဟာဇင်ဘုရားကျောင်းနှင့် နက်ရှိုင်းစွာ ပက်သက်နေသောကြောင့် ကျောင်းထိုင်က လင်းယွမ်ကို သိနေခဲ့ပြီး ရိုသေစွာ ကြိုဆိုခဲ့လေသည်။

" မင်ရွှယ်နန်းတော်..." ကျောင်းထိုင်ဆရာတော်က တုန့်ဆိုင်းသွားပုံရ၏။

" ဗုဒ္ဓသားတော် ပွင့်ပွင့်လင်းလင်းပြောရရင် လွန်ခဲ့တဲ့ခြောက်လက မင်ရွှယ်နန်းတော်ရဲ့ဆရာသခင်က ဆုံးပါးသွားခဲ့တယ်။ နန်းတော်ရဲ့ ဆက်ခံသူမရှိခင် ပုန်ကန်မှုဖြစ်သွားပြီးတော့ သိုင်းကျမ်းအချို့လည်း ပျောက်ဆုံးသွားခဲ့တယ်။ " ကျောင်းထိုင်ဆရာတော်က အသံနိမ့်ပြီး ပြောလိုက်သည်။

မင်ရွှယ်နန်းတော်က သတင်းများကို အမှောင်ချခဲ့သော်လည်း ပုတုဘုရားကျောင်းက အထူးနည်းလမ်းများဖြင့် ၎င်းကို သိခဲ့လေသည်။

" ဟမ် " လင်းယွမ်က အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

" ဗုဒ္ဓသားတော်က မင်ရွှယ်နန်းတော်ရဲ့ သိုင်းပညာတွေကို လေ့လာချင်ရင်တော့ တလီမြို့တော်ကို သွားနိုင်ပါတယ်။ အတိတ်မှာတုန်းက တလီနိုင်ငံရဲ့ တည်ထောင်သူဘိုးဘေးက ကမ္ဘာအနှံ့လှည့်ပတ်ခဲ့ပြီးတော့ မင်ရွှယ်နန်းတော်ကို ရောက်တဲ့အချိန်မှာ သိုင်းပညာအားလုံးကို ကူးယူသွားခဲ့တယ်။ " ပုတုဘုရားကျောင်း၏ ကျောင်းထိုင်က စဉ်းစားပြီး ပြောလိုက်သည်။

ထိုအချိန်က မင်းရွှယ်နန်းတော်တစ်ခုတည်းမဟုတ်ပေ။ ဧကရာဇ်က မဟာဇင်ဘုရားကျောင်းအပါအဝင် ဂိုဏ်းကြီးအားလုံးကို လည်ပတ်ခဲ့ပြီး သိုင်းပညာများကို ကူးယူခဲ့လေသည်။ မဟာဆရာသခင်တစ်ယောက်က သူ၏ ခေတ်တွင် ​ပြိုင်ဘက်ကင်းတည်ရှိမှုတစ်ခုဖြစ်ပြီး ဂိုဏ်းကြီးများအားလုံးက ရွေးချယ်စရာမရှိဘဲ အရှုံးကို လက်ခံခဲ့ရလေသည်။

" အို.." လင်းယွမ်၏ မျက်လုံးများက အနည်းငယ် တောက်ပသွား၏။ သူက ထိုအကြောင်းကို မဟာဇင်ဘုရားကျောင်းတွင် မဖတ်ခဲ့ရပေ။

တစ်စုံတစ်ယောက်က သင်၏ အိမ်သို့ လာပြီး သိုင်းပညာအားလုံးကို ကူးယူသွားခဲ့ခြင်းက ဂုဏ်ယူစရာတစ်ခု မဟုတ်ပေ။ ထိုလူက တလီနိုင်ငံ၏ မဟာဆရာသခင် ဧကရာဇ်ဖြစ်လျှင်တောင် မဟာဇင်ဘုရားကျောင်းက ထိုအကြောင်းကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားမည်မဟုတ်သော်လည်း မှတ်တမ်းတင်ထားမည်မဟုတ်ပေ။

" ဒါဆို တလီနိုင်ငံမှာ ဂိုဏ်းကြီးအားလုံးရဲ့ သိုင်းကျမ်းတွေ ရှိတာပေါ့။ " လင်းယွမ်က မေးလိုက်သည်။

" အတိတ်တုန်းက တလီနိုင်ငံ၏ တည်ထောင်သူဧကရာဇ်က ဆက်ပြီးတိုးတက်ချင်တာကြောင့် ကမ္ဘာတစ်ဝန်းက သိုင်းပညာတွေကို စုစည်းခဲ့တယ်။ ထင်ရှားတဲ့ သိုင်းဂိုဏ်းတွေက ခြွင်းချက်မရှိဘဲ သူတို့သိုင်းပညာတွေကို ပေးအပ်ခဲ့ဏတယ်။ " ကျောင်းထိုင်ဆရာတော်က အမှန်တိုင်း ပြောလိုက်သည်။

" အဲ့ဒါ ကောင်းတယ်။ " လင်းယွမ်က ခေါင်းငြိမ်လိုက်သည်။

ပုံမှန်အားဖြင့် သူက ဂိုဏ်းအသီးသီးမှ သိုင်းပညာများကို လေ့လာချင်သောကြောင့် ဂိုဏ်ကြီးတစ်ဂိုဏ်းပြီးတစ်ဂိုဏ်း သွားရပေလိမ့်မည်။ ၎င်းက အချိန်ယူရမည်ဖြစ်သည်။ ယခု အချိန်ကုန်သက်သာပြီး တလီမြို့တော်သို့ သွားရုံသာ လိုအပ်လေသည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters