← Chapters

တစ်ယောက်တည်းဖြင့် တလီနန်းတော်ကို စိန်ခေါ်ခြင်း....

Vol. 1 Ch. 10

တစ်ယောက်တည်းဖြင့် တလီနန်းတော်ကို စိန်ခေါ်ခြင်း....

Vol. 1 Ch. 10

တလီမြို့တော် လင်းလုံမျှော်စင်။ မြို့တော်၏ အကြီးဆုံး စားသောက်ဆိုင်တစ်ခုဖြစ်ပြီး နေ့စဉ် လူများဖြင့် စည်ကားနေသည်။ စားသောက်ဆိုင်၏ အလယ်တွင် စင်မြင့်တစ်ခု ရှိနေ၏။ ပုံပြောသူတစ်ဦးက ဇာတ်လမ်းတစ်ခုကို ကွင်းကွင်းကွက်ကွက် မြင်အောင် ပြောပြနေသည်။

" လွန်ခဲ့တဲ့ဆယ်နှစ်က ဗုဒ္ဓတော်ဝင်နယ်မြေတစ်ခု ဖြစ်တဲ့ မဟာဇင်ဘုရားကျောင်းမှာ ဗုဒ္ဓသားတော်တစ်ပါး ထွက်ပေါ်လာခဲ့တယ်။ အဲ့ဒီဗုဒ္ဓသားတော်က ဗုဒ္ဓရဲ့ လိုအပ်ချက်တွေအားလုံးနဲ့ ပြည့်စုံနေတယ်။ "

" အဲ့ဒီအချိန်တုန်းက မဟာဇင်ဘုရားကျောင်းရဲ့ အထက်မှာ ဗုဒ္ဓပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ဆယ်မိုင်ကျော်ကို ဖုံးလွှမ်းသွားခဲ့တယ်လို့ ပြောကြတယ်။ ရွှေရောင်အလင်းတန်းတွေအောက်မှာ ဒုက္ခဝေဒနါတွေအားလုံး ပျောက်ကွယ်သွားခဲ့တယ်။ အခု ဆယ်နှစ်ကျော်သွားပြီဆိုတော့ အဲ့ဒီဗုဒ္ဓသားတော်က..." ပုံပြောသူက ရုတ်တရက် ရပ်တန့်သွားပြီး လက်သီးလက်ဝါးဆုပ်လိုက်သည်။

" လေးစားရပါသော ဧည့်သည်တော်တို့ ဒီနေ့ ဇာတ်လမ်းကတော့ ဒီလောက်ပါပဲ။ ဗုဒ္ဓသားတော် ဘာဖြစ်သွားလဲသိချင်ရင် မနက်ဖြန် ပြန်လာခဲ့ကြပါ။ "

ထိုစကားများကြားသည်နှင့် ဧည့်သည်အများအပြား၏ စိတ်ပျက်သော အသံများက ထွက်ပေါ်လာသည်။ သူတို့က ဇာတ်လမ်းထဲတွင် နစ်မြောနေခဲ့ပြီး ဗုဒ္ဓသားတော် ဘာဖြစ်သွားလဲ သိချင်ကြသော်လည်း ပုံပြောသူက ထိုနေရာတွင် ရပိတန့်ပစ်လိုက်သည်။ ၎င်းကို ဘယ်သူက သည်းခံနိုင်မှာလဲ။

" ဒါ မင်းအတွက်ပဲ။ ဆက်ပြောပါ။ " သန်မာသော အမျိုးသားတစ်ဦးက ငွေတုံးတစ်တုံးကို ထုတ်ပြီး စင်မြင့်ပေါ်သို့ ပစ်ချလိုက်သည်။

အခြားဧည့်သည်များကလည်း ငွေများနှင့် တန်ဖိုးကြီးပစ္စည်းအချို့ကို ပေးလိုက်ကြသည်။

" ဟားဟား ဧည့်သည်တော်တို့ရဲ့ ရက်ရောမှုကို ကျေးဇူးတင်ပါတယ်။ ကျုပ်ဆက်ပြောပေးပါမယ်။ "ပုံပြောသူက ရယ်ပြီး ချက်ချင်း ပြန်ထိုင်လိုက်သည်။

ပုံပြောသူက ဝင်ငွေရှာချင်လျှင် ဇာတ်လမ်းကို မည်သည့်နေရာတွင် ရပ်ပြီး ပရိတ်သတ်၏ စူးစမ်းချင်စိတ်ကို နှိုးဆွရန် သိနေလေသည်။ ငွေများစွာ ရရှိပြီးနောက် ပုံပြောသူက သူ၏ ဇာတ်လမ်းကို ပြန်ဆက်လိုက်သည်။

" အသက်ကို ခန့်မှန်းကြည့်ရင် အဲ့ဒီဗုဒ္ဓသားတော်က အခုဆို ဆယ်နှစ်ကျော်လောက်ရှိလောက်ပြီ။ သူက ပုံမှန်အတိုင်း မဟာဇင်ဘုရားကျောင်းမှာ ဗုဒ္ဓကျမ်းစာတွေ ရွတ်ဖတ်ပြီး တရားအားထုတ်နေတယ်။ " ပုံပြောသူက သူ၏ စက္ကးယပ်တောင်ကို ဖြန့်ပြီး တဖျပ်ဖျပ် ခတ်လိုက်သည်။

" ဟူး..." ဧည့်သည်များက စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်သည်။

သူတို့က ဗုဒ္ဓသားတော်၏ ထူးခြားသော စွမ်းရည်များကို ကြားချင်နေကြသည်။ သို့သော် ၎င်းက ကျိုးကြောင်းဆီလျော်သည်ဟု သူတို့ တွေးမိလေသည်။ ဆယ်နှစ်အရွယ်ကလေးတစ်ယောက်က အလွန်ပါရမီရှိလျှင်တောင် ယခုအချိန်တွင် လက်တွေ့ပြနိုင်ဦးမည်မဟုတ်ပေ။

အစောပိုင်းစကားများက ပရိတ်သတ်များ၏ အာရုံကို ဆွဲဆောင်ရန် ပုံပြောသူက ဖန်တီးထားခြင်း ဖြစ်နိုင်လေသည်။

စားသောက်ဆိုင်မှ လူများ သတိမထားမိသော အရာမှာ ထောင့်တစ်နေရာတွင် မီးခိုးရောင်သက္ကန်းနှင့် ကိုရင်တစ်ပါးက အံ့ဩသော အမူအရာနှင့် ရှိနေလေသည်။

" ငါက ပုံပြင်စာအုပ်တွေထဲမှာတောင် ပါနေတာလား။ " လင်းယွမ်က သူ၏ ခေါင်းကို အနည်းငယ် ခါလိုက်သည်။ သို့သော် သူက ထူးဆန်းမှုကို မခံစားရပေ။

မဟာဇင်ဘုရားကျောင်းကဲ့သို့သော ဂိုဏ်းကြီးတစ်ဂိုဏ်း၏ လှုပ်ရှားမှုများက လူအများ၏ အာရုံကို ဆွဲဆောင်နိုင်မည်မှာ သေချာလေသည်။ အထူးသဖြင့် ဆရာသခင် မျက်ခုံးမွေးရှည်ဆရာတော်၏ တပည့်ဖြစ်သော သူ့လို လူတစ်ယောက် ပေါ်ထွက်လာခြင်းဖြစ်သည်။ ထို့အပြင် ကျောင်းထိုင်ဆရာတော်နှင့် အဆောင်မှူးများကလည်း သတင်းများကို ဖုံးကွယ်ထားခြင်း မရှိပေ။ ကောလဟာလများ ထွက်ပေါ်လာပြီး ချဲကားပြောဆိုကြသည်မှာ သဘာဝသာ ဖြစ်၏။

လင်းယွမ်က ထရပ်ပြီး ငွေတစ်တုံးကို စားပွဲပေါ်တွင် ချကာ ထွက်ခွာသွားသည်။

အပြာရောင်ကျောက်ခင်းလမ်းပေါ်တွင် စျေးသည်များ၏ အော်ဟစ်သံများ၊ လမ်းသွားလမ်းလာများနှင့် စည်ကားသိုက်မြိုက်နေသည်။

လင်းယွမ်က သူတို့က အာရုံမစိုက်ဘဲ မြို့၏ အလယ်သို့ ဆက်သွားခဲ့သည်။ လမ်းပေါ်တွင် လမ်းသွားလမ်းလာများ နည်းပါးလာပြီး ကင်းလှည့်တပ်သားများ ပိုများလာသည်။

ထို့နောက် သူက သန်မာသော အော်ရာများရှိသော စစ်သားများ စောင့်ကြပ်နေသည့် ဂိတ်တံခါးတစ်ခုသို့ ရောက်လာသည်။ ဂိတ်၏ အတွင်းဘက်တွင် တလီနိုင်ငံ၏ နှလုံးသား တလီနန်းတော်ရှိနေသည်။ အပြင်မှကြည့်ရုံနှင့် ထိုနေရာ၏ အရေးပါပုံကို သိနိုင်လေသည်။

ထိုအချိန်တွင် ရထားတစ်စင်းက နန်းတော်အတွင်းမှ ထွက်လာသည်။ ရထားကို မြင်သောအခါ အစောင့်တပ်သားများက ချက်ချင်း လမ်းဖယ်ပေးလိုက်ကြသည်။ ရထားထဲတွင် အနီရောင်သက္ကန်းကို ဝတ်ဆင်ထားသော ဘုန်းကြီးတစ်ပါးက သူ၏ မျက်ခုံးများကို နှိပ်နေသည်။

လက်ရှိ တလီ၏ မိဖုရားကြီးက ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းပြီး ဘုန်းကြီးများကို နန်းတော်သို့ မကြာခန ပင့်ဖိတ်ခဲ့လေသည်။

ထိုသက်လတ်ပိုင်းဘုန်းကြီးက မိဖုရားကြီး၏ လေးစားမှုကို ခံခဲ့ရပြီး ဆယ်ရက်ကျော်ကြာတိုင်း နန်းတော်သို့ ကြွခဲ့လေသည်။

" အခုနောက်ပိုင်း မိဖုရားကြီးရဲ့ မေးခွန်းတွေက ပိုပြီး ရှုပ်ထွေးလာတယ်။ " ဘုန်းကြီးက အနည်းငယ် စိတ်ရှုပ်နေသော အမူအရာနှင့် မျက်မှောင်ကြုတ်နေသည်။

" ငါ အခု နန်းတော်ထဲက ထွက်သွားရမယ်။ " ဘုန်းကြီးက လိုက်ကာကို မပြီး အပြင်သို့ ကြည့်လိုက်သည်။ သို့သော် သူ၏ အကြည့်များက ရုတ်တရက် ပြောင်းလဲသွားသည်။

" အဲ့ဒါ..." ဘုန်းကြီးက မလှမ်းမကမ်းတွင် ရပ်နေသော ကိုရင်ငယ်ကို အံ့ဩစွာဖြင့် ကြည့်နေသည်။

" ဗုဒ္ဓသားတော်လား။ " သက်လတ်ပိုင်းဘုန်းကြီးက မဟာဇင်ဘုရားကျောင်းမှ ထွက်လာပြီးနောက် တလီမြို့တော်တွင် ဆယ်နှစ်ကြာအောင် နေထိုင်ခဲ့သော်လည်း မဟာဇင်ဘုရားကျောင်းနှင့် ပုံမှန်အဆက်အသွယ်ရှိလေသည်။ လွန်ခဲ့သော နှစ်များစွာက မဟာဇင်ဘုရားကျောင်းမှ သူ့ကို ဗုဒ္ဓသားတော်၏ ပုံတူအား ပေးပို့ခဲ့ပြီး သားတော်နှင့် ဆုံတွေ့ခဲ့ပါက အမိန့်လိုက်နာရန် မှာကြားခဲ့သည်။ ထိုပုံတူက ယခုကိုရင်ငယ်နှင့် ဆင်တူနေသည်။

ထိုသို့တွေးပြီးနောက် သူက ရထားပေါ်မှ ဆင်းပြီး လင်းယွမ်ဆီသို့ ချဉ်းကပ်သွားသည်။

" ဗုဒ္ဓသားတော်.." သူက သိချင်စိတ်ဖြင့် မေးလိုက်သည်။

" ကျုပ်ကို သိနေတာလား။ " လင်းယွမ်က မျက်ခုံးများ ပင့်သွား၏။

" လွန်ခဲ့တဲ့ နှစ် ၂၀တုန်းက ကျုပ်ကလည်း မဟာဇင်ဘုရားကျောင်းက ဘုန်းကြီးတစ်ပါးပါ။ "သက်လတ်ပိုင်းဘုန်းကြီးက ရှင်းပြလိုက်သည်။

" ကျုပ်သိပြီ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။

မဟာဇင်ဘုရားကျောင်းက ဗုဒ္ဓတော်ဝင်နယ်မြေတစ်ခုဖြစ်ပြီး ၎င်း၏ လွှမ်းမိုးမှုက ကျယ်ပြန့်လှသည်။ လင်းယွမ် ဖြတ်လာခဲ့သော ပုတုဘုရားကျောင်း၊ ယခု သက်လတ်ပိုင်းဘုန်းကြီးတို့က သက်သေပင်ဖြစ်သည်။

" ဗုဒ္ဓသားတော်က မြို့တော်ကို ဘာလို့လာတာလဲ သိလို့ရမလား။ " သက်လတ်ပိုင်းဘုန်းကြီးက လေးနက်စွာ မေးလိုက်သည်။

လင်းယွမ်နှင့်မတွေ့မီ သူက မဟာဇင်ဘုရားကျောင်းမှ ဘာသတင်းမှ မရခဲ့ပေ။ သူထွက်လာသည်မှာ ကျောင်းထိုင်ဆရာတော်တို့ပင် သိလိုက်ပုံမရပေ။ မဟုတ်လျှင် သူတို့က သူ့ကို သေချာပေါက်အကြောင်းကြားပေလိမ့်မည်။

" ကျုပ်က တော်ဝင်နန်းတော်ရဲ့ သိုင်းခန်းမကို ဝင်ကြည့်ချင်တယ်။ " လင်းယွမ်က ပြောလိုက်သည်။

တလီတော်ဝင်နန်းတော်၏ သိုင်းခန်းမ.... ထိုနေရာက ကမ္ဘာပေါ်မှ မရေတွက်နိုင်သော သိုင်းပညာများ ရှိနေသော နေရာဖြစ်လေသည်။

ယခင် တလီနိုင်ငံ၏ တည်ထောင်သူက ဂိုဏ်းပေါင်းစုံမှ သိုင်းပညာများကို ကူးယူပြီး သိုင်းခန်းမတွင် ထားခဲ့ဆလငည်။

" သိုင်းခန်းမကို ဝင်ဖို့က နည်းနည်းတော့ ဒုက္ခများတယ်။ " သက်လတ်ပိုင်းဘုန်းကြီးက အနည်ငယ် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

ပုံမှန်အားဖြင့် တော်ဝင်မျိုးနွယ်မှ အရည်အချင်းရှိသူများသာလျှင် သိုင်းခန်းမသို့ ဝင်ရောက်နိုင်လေသည်။ ထို့အပြင် တလီကို အကျိုးပြုသော အရာရှိများကလည်း အရည်အချင်းရှိလျှင် သိုင်းခန်းမသို့ ဝင်ရောက်နိုင်လေသည်။

သို့သော် လင်းယွမ်က မည်သည့်အခြေအနေများနှင့်မှ မကိုက်ညီပေ။ ထို့ကြောင့် သူက သိုင်းခန်းမသို့ ဝင်ရောက်ခွင့်ရရန် မဖြစ်နိုင်သလောက်ပင် ဖြစ်၏။ သိုင်းခန်းမမှ အဆင့်မြင့်သော သိုင်းပညာများကို အပြင်လူတစ်ယောက်အား ကြည့်ရှုခွင့်ပြုမည်မဟုတ်ပေ။

" မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ " သက်လတ်ပိုင်းဘုန်းကြီးက ဖြည်းညင်းစွာ ပြောလိုက်သည်။

" တော်ဝင်နန်းတော်က လုံခြုံရေးတင်းကျပ်ထားတယ်။ ခိုးဝင်ဖို့တော့ မဖြစ်နိုင်ဘူး။ " သူက မိဖုရားကြီး၏ အထူးဧည့်သည်ဖြစ်သောကြောင့် နန်းတော်အကြောင်းကို အနည်းငယ် သိလေသည်။

နန်းတော်အတွင်းမှ အင်ပါယာအစောင့်ရှစ်ထောင်က တောင်ဝင်လျို့ဝှက်နည်းစနစ်ကို လေ့ကျင့်ထားသော ဟောက်ထျန်း အထွတ်အထိပ်အဆင့် သိုင်းပညာရှင်များ ဖြစ်ကြလေသည်။ ခေါင်းဆောင် နှစ်ရာက ရှန်ထျန်းအဆင့်များ ဖြစ်ကြပြီး အဓိကခေါင်းဆောင် ဆယ့်ရှစ်ယောက်က ရှန်ထျန်းအဆင့် အထွတ်အထိပ်များ ဖြစ်ကြလေသည်။

ဆရာသခင်အဆင့်တစ်ယောက်ပင် ထောင်ချီသော စစ်သားများကို ဖြတ်ကျော်ပြီး ဝင်ရောက်ရန် မဖြစ်နိုင်ပေ။

ထို့အပြင် မိဖုရားကြီး၏ စကားအရ နန်းတော်၏ အရေးပါသော နေရာများတွင် ဆရာသခင်အဆင့်များ စောင့်ကြပ်နေကြသည်ကို သက်လတ်ပိုင်းဘုန်းကြီးက သိခဲ့လေသည်။ သူ၏ ခန့်မှန်းချက်အရ နန်းတော်အတွင်းရှိ ဆရာသခင်များမှာ လေးယောက်ထက်နည်းမည်မဟုတ်ပေ။

ဆရာသခင်အဆင့်လေးယောက်၊ ရှန်ထျန်းအဆင့် အထွတ်အထိပ် ဆယ်ရှစ်ယောက်၊ ရှန်ထျန်းအဆင့် နှစ်ရာ၊ ဟောက်ထျန်းအဆင့် အထွတ်အထိပ် ရှစ်ထောင်။ ၎င်းက တလီ၏ အသန်မာဆုံး စစ်တပ်ဖြစ်လေသည်။

ယခု ကမ္ဘာကြီး ပျက်စီးသွားလျှင်တောင် တလီနိုင်ငံက တဖန်ပြန်လည်သိမ်းပိုက်နိုင်မည်ဖြစ်သည်။ ၎င်းက တလီနိုင်ငံ၏ ခွန်အားတစ်ခုသာ ဖြစ်ပြီး နယ်စပ်ကို စောင့်ကြပ်နေသော ဆရာသခင်များကလည်း တလီနိုင်ငံ၏ အမိန့်ကို လိုက်နာရန် အဆင်သင့်ရှိနေကြသည်။

" ဗုဒ္ဓသားတော် ကျုပ်နဲ့အတူလိုက်ပြီး မိဖုရားကြီးနဲ့ တွေ့လို့ရတယ်။ ကျုပ်မိတ်ဆက်ပေးရင် မိဖုရားကြီးက ဗုဒ္ဓသားတော်ကို အလေးထားမှာ သေချာတယ်။ "

" နောက်သုံးလအတွင်း ဗုဒ္ဓသားတော်က မိဖုရားကြီးနဲ့ ရင်းနှီးအောင် နန်းတော်ကို မကြာခန လာသင့်တယ်။ ခြောက်လကြာရင် ဧကရာဇ်ရဲ့ အသက်ခြောက်ဆယ်ပြည့်မွေးနေ့မှာ မိဖုရားကြီးက ဗုဒ္ဓသားတော်ကို သူနဲ့အတူ ခေါ်သွားနိုင်တယ်။ အဲ့ဒီအချိန်မှာ ကျုပ်ကလည်း ဧကရာဇ်ကို လက်ဆောင်တစ်ခု ဆက်သဖို့ ရှိတယ်။ ဧကရာဇ်သာ ကျေနပ်ရင် ဗုဒ္ဓသားတော်က သိုင်းခန်းမကို ဝင်ဖို့ တောင်းဆိုလို့ရတယ်။ " သက်လတ်ပိုင်းဘုန်းကြီးက အဆင်ပြေဆုံး နည်းလမ်းကို စဉ်းစားပြီး ပြောလိုက်သည်။

ပုံမှန်အားဖြင့် အပြင်လူတစ်ယောက်က သိုင်းခန်းမသို့ ဝင်ခွင့်မရှိပေ။ သို့သော် လက်ရှိ တလီဧကရာဇ်သာ ခွင့်ပြုလျှင် မဝင်နိုင်သရာ အကြောင်းမရှိပေ။ လင်းယွမ်က တလီဧကရာဇ်၏ မျက်နှာပေးမှုကိုသာ ရရှိလျှင် သိုင်းခန်းမသို့ ဝင်နိုင်ပေလိမ့်မည်။

" ဗုဒ္ဓသားတော် ဘယ်လိုထင်ပါသလဲ။ " သက်လတ်ပိုင်းဘုန်းကြီးက တိတ်ဆိတ်နေသော လင်းယွမ်ကို ကြည့်ပြီး မေးလိုက်သည်။

" မဆိုးပါဘူး။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။

သက်လတ်ပိုင်းဘုန်းကြီးက ၎င်းကို အလွန်စဉ်းစားပေးထားသည်မှာ ထင်ရှားလေသည်။ သူ၏ နည်းလမ်းနှင့် လင်းယွမ်က သိုင်းခန်းမသို့ ဝင်ခွင့်ရနိုင်ချေမြင့်မားလေသည်။

" အဲ့ဒါ...." လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။

" အဲ့ဒါ ဘာဖြစ်လို့လဲ။ " သက်လတ်ပိုင်းဘုန်းကြီးက စိုးရိမ်တကြီး မေးလိုက်သည်။

" အဲ့ဒါက အရမ်းဒုက္ခများတယ်။ " လင်းယွမ်က နန်းတော်ဆီသို့ တည်ငြိမ်စွာကြည့်ပြီး ပြောလိုက်သည်။

" ဒုက္ခများတာလား။ " သက်လတ်ပိုင်းဘုန်းကြီးက ဘာပြောရမှန်းမသိဖြစ်သွား၏။

သူ၏ အစီအစဉ်က ရိုးရှင်းလေသည်။ လင်းယွမ်ကို မိဖုရားကြီးနှင့် တိုက်ရိုက်တွေ့ပေးပြီး ဧကရာဇ်အပေါ် သူမ၏ လွှမ်းမိုးမှုကို အသုံးချရန်ဖြစ်သည်။ ထိုဟာက သိုင်းခန်းမသို့ ဝင်ရန် သူတွေးမိသော အမြန်ဆုံးနည်းလမ်းဖြစ်လေသည်။

ဧကရာဇ်ကို တိုက်ရိုက်သွားတွေ့ရန် လင်းယွမ်မပြောနှင့် သက်လတ်ပိုင်းဘုန်းကြီးပင် မဖြစ်နိုင်ပေ။

" တိုက်ရိုက်ပြောလိုက်တာပေါ့။ " လင်းယွမ်က ရှေ့သို့တိုး၍ နန်းတော်ဘက်သို့ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"ဒီနိမ့်ကျတဲ့ ဘုန်းကြီး ဟွေ့ကျန်းက တော်ဝင်နန်းတော်ရဲ့ သိုင်းခန်းမကို ဝင်ရောက်လေ့လာချင်ပါတယ်။ "

သူ၏ အသံက ပထမဆုံး ပြောလိုက်ချိန်တွင် ပုံမှန်သာ ဖြစ်သော်လည်း ဆက်ပြောလိုက်သည်နှင့် ကြောက်စရာကောင်းသော အသံလှိုင်းများက အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။

နောက်ဆုံး ဝင်ရောက်လေ့လာချင်ပါတယ်ဟု ပြောလိုက်ချိန်တွင် ကောင်းကင်က အက်ကွဲသွားပြီ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။

" ဝုန်း ဝုန်း ဝုန်း "

တော်ဝင်နန်းတော်တစ်ခုလုံးက ပြင်းထန်သော အသံလှိုင်းများနှင့် ဖုံးလွှမ်းသွားသည်။

အင်ပါယာအစောင့် ရှစ်ထောင်က နားများအူသွားပြီး သူတို့၏ ဦးခေါင်းများ ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ ရှန်ထျန်းအဆင့် အထွတ်အထိပ် အဓိကခေါင်းဆောင် ဆယ့်ရှစ်ယောက်က ဒူးထောက်ကျသွားပြီး ဒွာရခုနှစ်ပေါက်မှ သွေးများ ယိုစီးကျလာသည်။

နန်းတော်အတွင်းမှ ဆရာသခင်ငါးယောက်က အသံလှိုင်းကို ခုခံရန် ကြိုးစားလိုက်သော်လည်း ခနသာ ခုခံနိုင်ခဲ့ကြသည်။

တလီနိုင်ငံ၏ တင်းကျပ်သော လုံခြုံရေးက ချက်ချင်း ပြိုကွဲသွားခဲ့သည်။

" ဒါ..." သက်လတ်ပိုင်းဘုန်းကြီးက ထိတ်လန့်တကြားဖြစ်သွားခဲ့သည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters