← Chapters

တလီဧကရာဇ်၏ ကြိုဆိုမှု....

Vol. 1 Ch. 11

တလီဧကရာဇ်၏ ကြိုဆိုမှု....

Vol. 1 Ch. 11

တလီနန်းတော်၊ ထိုက်ကျိခန်းမ။ နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ယောက်က စားပွဲတစ်လုံးရှေ့တွင် ထိုင်နေသည်။ သူနှင့်ဆန့်ကျင်ဘက်တွင် ပိန်လီသော လူအိုကြီးတစ်ယောက် ရှိနေသည်။

" ဦလေး ဘိုးဘေး လက်ရှိကမ္ဘာပေါ်မှာ ဦးလေးရဲ့ ပြိုင်ဘက်မရှိနိုင်ဘူး မဟုတ်လား။ "

နဂါးဝတ်ရုံနှင့် လူက လက်ရှိ တလီနိုင်ငံ၏ ဧကရာဇ်ဖြစ်ပြီး ပိန်လီသော လူအိုကြီးက လက်ရှိတော်ဝင်မိသားစု၏ ခေါင်းဆောင် ဖြစ်၏။ သူက သန်မာသော ဆရာသခင်အဆင့် အထွတ်အထိပ်သိုင်းပညာရှင်တစ်ယောက်လည်း ဖြစ်၏။

" မဟာဆရာသခင်အဆင့် မရောက်ဘဲနဲ့ ပြိုင်ဘက်ကင်းတယ်လို့ ပြောလို့မရဘူး။ " လူအိုကြီးက ပြောလိုက်ပြီး သူ၏ အသံက လေးစားမှုရှိမနေပေ။

ဆရာသခင်အဆင့်များတွင် ခွန်အားကွာခြားမှုများ ရှိနေသည်။ ထိုလူအိုကြီးက ဆရာသခင်အဆင့်တွင် အသန်မာဆုံး လူတစ်ယောက်ဖြစ်လေသည်။

အခြားသိုင်းဂိုဏ်းများတွင် မဟာဆရာသခင်အဆင့် ဘိုးဘေးများရှိလျှင်တောင် သူတို့၏ သိုင်းပညာများအားလုံးကို ယူဆောင်ထားသော တလီနိုင်ငံ၏ မဟာဆရာသခင်က အရှိန်အဝါအကြီးဆုံး ဖြစ်လေသည်။ ထိုလူက နှစ်ပေါင်းတစ်ရာကျော်သာ နေထိုင်ခဲ့သော်လည်း သူ၏ နာမည်က ယခုအချိန်ထိ သြဇာလွှမ်းမိုးမှုရှိနေဆဲ ဖြစ်သည်။

သူချန်ခဲ့သော သိုင်းပညာများက အခြားမဟာဆရာသခင်များ၏ အမွေအနှစ်များထက် ပို၍ အားမကောင်းလျှင်တောင် သူတို့က ပို၍ ပြည့်စုံလေသည်။ ကမ္ဘာပေါ်မှ သိုင်းပညာအားလုံးကို စုစည်းထားသောကြောင့် တလီနိုင်ငံ၏ အခြေခံအုတ်မြစ်မှာ အခြားဂိုဏ်းကြီးများထက် သာလွန်သည်မှာ ထင်ရှားလေသည်။

" ဦလေးဘိုးဘေးက မဟာဆရာသခင်အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ မဟုတ်လား။ " တလီဧကရာဇ်က နားမလည်စွာဖြင့် မေးလိုက်သည်။

" ခြေတစ်လှမ်းကလည်း ခြားနားတဲ့ကမ္ဘာတစ်ခု ဖြစ်နေတုန်းပဲ။ " လူအိုကြီးက သက်ပြင်းချလိုက်သည်။ သူက မဟာဆရာသခင်အဆင့်နှင့် နီကပ်လာလေ အကူအညီမဲ့သလို ခံစားရလေဖြစ်သည်။

တလီဘိုးဘေးချန်ခဲ့သော အဆင့်တက်သည့် အသိအမြင်များက သူတို့တွင် ရှိနေဆဲ ဖြစ်သည်။ ၎င်းတို့မရှိလျှင် လူအိုကြီးက မဟာဆရာသခင်အဆင့်ကို အိပ်မက်ပင် မက်ရဲမည်မဟုတ်ပေ။ ထိုကဲ့သို့ ဆိုလျှင်တောင် သူက အဆင့်တက်ရန် ယုံကြည်မှုအနည်းငယ်သာ ရှိလေသည်။

" ဒါပေမယ့် အရှင်မင်းကြီး စိတ်ချပါ။ ကျုပ် မဟာဆရာသခင်အဆင့်ကို မတက်နိုင်ရင် အခြားဆရာသခင်အဆင့်တွေလည်း တက်နိုင်မှာမဟုတ်ဘူး။ " လူအိုကြီး၏ အသံက ယုံကြည်မှုများ ရှိနေသည်။

တလီဧကရာဇ်က တစ်စုံတစ်ခု ပြောရန် ပြင်လိုက်ချိန်တွင် ကြောက်စရာကောင်းသော အသံလှိုင်းများက သူတို့ဆီသို့ ရောက်လာခဲ့သည်။

"ဒီနိမ့်ကျတဲ့ ဘုန်းကြီး ဟွေ့ကျန်းက တော်ဝင်နန်းတော်ရဲ့ သိုင်းခန်းမကို ဝင်ရောက်လေ့လာချင်ပါတယ်။ "

"ဒီနိမ့်ကျတဲ့ ဘုန်းကြီး ဟွေ့ကျန်းက တော်ဝင်နန်းတော်ရဲ့ သိုင်းခန်းမကို ဝင်ရောက်လေ့လာချင်ပါတယ်။ "

တလီဧကရာဇ်က အသံလှိုင်းများကြောင့် သူ၏ နားစည်များ တုန်ခါသွားပြီး သူ၏ အမြင်များ ဝေဝါးသွားသည်ကို ခံစားလိုက်ရသည်။

တလီဧကရာဇ်နှင့် နှိုင်းယှဉ်လျှင် လူအိုကြီးက ပို၍သန်မာသောကြောင့် ဖိနှိပ်မှုကို ပို၍ ခံစားခဲ့ရလေသည်။

" ဒါ ဘယ်လိုအသံလှိုင်းမျိုးလဲ။ " လူအိုကြီးက မယုံကြည်နိုင်ဖြစ်နေပြီး သူက ဆရာသခင်အဆင့် ဖြစ်သော်လည်း ခုခံနိုင်စွမ်းကင်းမဲ့သွားခဲ့သည်။

ဒါက ဘယ်သူလဲ။ မဟာဆရာသခင်အဆင့်လား။ တလီနိုင်ငံ၏ တည်ထောင်သူဘိုးဘေးပင် ထိုကဲ့သို့ စွမ်းဆောင်နိုင်မည်မဟုတ်ပေ။

တော်ဝင်နန်းတော်၏ အပြင်ဘက်တွင် လင်းယွမ်၏ အကြည့်များက တည်ငြိမ်နေသည်။ သူက မဟာဇင်ဘုရားကျောင်း၏ သိုင်းပညာ ၇၂မှ ခြင်္သေ့ဟိန်းသံ သိုင်းပညာကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ခြင်္သေ့ဟိန်းသံ သာလွန်အဆင့်သိုင်းပညာက ရှားပါယသော အသံလှိုင်းသိုင်းပညာတစ်ခုလည်း ဖြစ်၏။ သို့သော် ထိုသိုင်းပညာမျိုးက ရှန်ထျန်းအဆင့် သိုင်းပညာရှင်များအပေါ်တွင် သက်ရောက်မှု ရှိရန် ခက်ခဲလေသည်။ ခန္ဓာကိုယ်တိုက်ခိုက်မှုများ၊ လက်နက်များနှင့် နှိုင်းယှဉ်ပါက အသံလှိုင်း၏ သက်ရောက်မှုက အကန့်အသတ်ရှိလေသည်။

သို့သော် လင်းယွမ်၏ လက်ရှိခွန်အားက မဟာဆရာသခင်အဆင့်အထက် ဒဏ္ဍာရီအဆင့်သို့ ရောက်ရှိနေပြီး သူ၏ ဟိန်းသံက အနည်းဆုံး ဆရာသခင်အဆင့်တစ်ယောက်ပင် ဖင်ထိုင်လျက် လဲကျသွားစေနိုင်လေသည်။

လင်းယွမ်းက သေစေနိုင်သော ရည်ရွယ်ချက်မရှိသောကြောင့် သူ၏ အသံလှိုင်းက ဟောက်ထျန်းအဆင့်အောက် လူများအတွက် ထိခိုက်မှုမရှိဘဲ နားအူသွားစေရုံသာ ရှိလေသည်။

ဟောက်ထျန်း၊ ရှန်ထျန်နှင့် ဆရာသခင်အဆင့်များက သက်ရောက်မှုကြီးပြီး ပြန်လည်သက်သာလာရန် တစ်လ၊ နှစ်လတော့ အချိန်ယူရပေလိမ့်မည်။

တလီနိုင်ငံ၏ တည်ထောင်သူဘိုးဘေးက မဟာဇင်ဘုရားကျောင်းသို့ အလည်သွားချိန်တွင် သူတို့၏ သိုင်းပညာများအားလုံး ပေးအပ်ရန် ဖိအားပေးခဲ့လေသည်။

ယခု လင်းယွမ်၏ အော်သံက တော်ဝင်နန်းတော်၏ ခုခံကာကွယ်မှုကို ပြောင်းပြန်လှန်ပစ်ခဲ့သည်။

" ဗုဒ္ဓသားတော် ဒါ ဒါ..." သူ၏ ဘေးမှ သက်လတ်ပိုင်းဘုန်းကြီးက မစဉ်းစားနိုင်ဖြစ်သွား၏။

သူက ဗုဒ္ဓသားတော်၏ တိုက်ရိုက်ပြောလိုက်ဟူသော စကားကို နောက်ဆုံး နားလည်သွားသည်။ သူက မယုံကြည်နိုင်စရာမြင်ကွင်းကို မြင်လိုက်ရသည်။

" ကြည့်လိုက် ကျုပ်တို့ မကြာခင် ဝင်ရတော့မယ်ထင်တယ်။ " လင်းယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

လင်းယွမ်၏ အော်သံက နန်းတော်ကို ဖရိုဖရဲဖြစ်စေခဲ့ပြီး ဆရာသခင်အဆင့်များ၏ အရှိန်အဝါများပင် ကျဆင်းသွားခဲ့သည်။

ခနကြာသောအခါ နဂါးဝတ်ရုံနှင့်လူတစ်ယောက်နှင့် လူအိုကြီးတစ်ယောက်တို့က နန်းတော်ထဲမှ လျင်မြန်စွာ ထွက်လာကြသည်။ သူတို့၏ ဘေးတွင် လူအချို့လည်း လိုက်ပါလာကြပြီး သူတို့၏ အော်ရာများက အားနည်းနေကြသည်။

တလီဧကရာဇ်က နန်းတော်ထဲမှ ထွက်လာပြီးနောက် မီးခိုးရောင်သက္ကန်းနှင့် လင်းယွမ်ကို တွေ့လိုက်ရသည်။

" အရှင်ရဲ့ နာမည်ကို သိခွင့်ရှိမလား။ " တလီဧကရာဇ်က စိတ်များ လေးလံစွာဖြင့် ပြောလိုက်ပြီး ခေါင်းငုံ့ကာ နှုတ်ဆက်လိုက်သည်။

ထိုက်ကျိခန်းမတွင် ကြောက်စရာကောင်းသော အသံလှိုင်း၏ သက်ရောက်မှုကို ခံစားရပြီးနောက် တလီဧကရာဇ်က များစွာ ထိခိုက်မှုမရှိဘဲ လျင်မြန်စွာ ပြန်ကောင်းလာခဲ့သည်။ သူ၏ ပထမဆုံး အတွေးမှာ ထွက်ပြေးရန် ဖြစ်သည်။ သို့သော် လူအိုကြီးက သူ့ကို တားခဲ့လေသည်။

လူအိုကြီးက ဆရာသခင်အဆင့်တွင် ရှိနေလေသည်။ ထိုကဲ့သို့သော အသံလှိုင်းကို ထုတ်လွှတ်နိုင်သူက လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က တလီနိုင်ငံ၏ တည်ထောင်သူဘိုးဘေးအား ဖိနှိပ်နိုင်မည်ကို သူ သိလေသည်။

ထိုသို့သော လူတစ်ယောက်၏ လက်မှ လွတ်ရန် မည်သည့်နေရာကို ပြေးရမည်နည်း။

အခြားတစ်ဖက်မှ ကြည့်လျှင် တလီဧကရာဇ်၏ ဒဏ်ရာများအရ လင်းယွမ်က တော်ဝင်မိသားစုကို သတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိသည်ဟု ကောက်ချက်ချခဲ့လေသည်။ မဟုတ်လျှင် ဆရာသခင်အဆင့်ကိုပင် ထိခိုက်စေနိုင်သော အသံလှိုင်းက ရှန်ထျန်းအဆင့်သာ ရှိသော တလီဧကရာဇ်ကို ထိခိုက်မှုအနည်းငယ်သာ ရှိရန် အကြောင်းရင်းမရှိပေ။

" ကျုပ်က ဟွေ့ကျန်းပါ။ နန်းတော်ရဲ့ သိုင်းခန်းမထဲကို ဝင်ပြီး လေ့လာချင်လို့ပါ။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

" ဒီကိစ္စက ရိုးရှင်းပါတယ်။ "

" အရှင်ကြွပါ။ " တလီဧကရာဇ်က အလွန်စိတ်ပျက်သွား၏။

သိုင်းခန်းမထဲဝင်ချင်တာကို ဘာလို့စောစောက မပြောတာလဲ။ ဒီလောက် ကြမ်းကြမ်းတမ်းတမ်းလုပ်စရာလိုလို့လား။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters