← Chapters

ရေတွင်းအောက်ခြေမှ ဖားသူငယ်...

Vol. 1 Ch. 13

ရေတွင်းအောက်ခြေမှ ဖားသူငယ်...

Vol. 1 Ch. 13

တလီနိုင်ငံမှ ကျင်းပသော သိုင်းပြိုင်ပွဲတွင် အနိုင်ရရှိခြင်းက တစ်လောကလုံး ကျော်ကြားသွားစေနိုင်လေသည်။

" ပြီးတော့ ဆရာသခင်တွေရောပဲ..." လင်းယွမ်က သူ၏ မေးစေ့ကို ပွတ်သပ်လိုက်သည်။

ဆရာသခင်အဆင့်များ သိုင်းပြိုင်ပွဲတွင် ပါဝင်ခြင်းက အဓိပ္ပါယ်မရှိပေ။ ထို့အပြင် ဆရာသခင်အဆင့် သိုင်းပညာရှင်များ၏ အရေအတွက်က နည်းပါးပြီး လက်ဆယ်ချောင်းပင် မပြည့်နိုင်ပေ။ လျို့ဝှက်စွာ ကျင့်ကြံနေကြသော လူများ ရှိနိုင်သော်လည်း သူတို့၏ အရေအတွက်က နှစ်ဆယ်ပင် မပြည့်နိုင်ပေ။

" ဆရာသခင်အဆင့်တစ်ယောက်လာရင် သူတို့က ကျုပ်ကို စိန်ခေါ်နိုင်တယ်။ နိုင်နိုင် ရှုံးရှုံး သူတို့က စိတ်ဝိညာဉ်သိုင်းပညာတစ်ခုကို ရလိမ့်မယ်။ " လင်းယွမ်က ဖြည်းညင်းစွာ ပြောလိုက်သည်။

ရိုးရှင်းစွာဖြင့် ဆရာသခင်များက သိုင်းပြိုင်ပွဲသို့ တက်ရောက်သည်နှင့် စိတ်ဝိညာဉ်သိုင်းပညာတစ်မျိုးကို ရရှိပေလိမ့်မည်။ ဆရာသခင်အဆင့်က စိတ်ဝိညာဉ်သိုင်းပညာကို မလေ့ကျင့်နိုင်သော်လည်း နှစ်ပေါင်းများစွာ လေ့လာခြင်းဖြင့် မဟာဆရာသခင်အဆင့်သို့ တက်ရောက်ရာတွင် အထောက်အကူဖြစ်ပေလိမ့်မည်။

" ဟုတ်ကဲ့ " လူအိုကြီးက တံတွေးများ မျိုချလိုက်သည်။

တလီနိုင်ငံ၏ တည်ထောင်သူဧကရာဇ်ချန်ခဲ့သော စိတ်ဝိညာဉ်သိုင်းပညာအချို့ ရှိသော်လည်း စိတ်ဝိညာဉ်သိုင်းပညာရရှိနိုင်မည့်အခွင့်အရေးကို ဘယ်သူမှ လက်လွှတ်ခံမည်မဟုတ်ပေ။ ကွဲပြားသော သိုင်းပညာများကို လေ့လာခြင်းဖြင့် မဟာဆရာသခင်အဆင့်သို့ ချိုးဖျက်ရာတွင် ပိုမိုလွယ်ကူသွားပေလိမ့်မည်။

သိုင်းပြိုင်ပွဲသတင်း ထွက်လာသည်နှင့် တစ်ကမ္ဘာလုံးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး သိုင်းပညာရှင်များအားလုံး တုန်လှုပ်သွားကြသည်ာယ

သိုင်းပြိုင်ပွဲ၏ ထိပ်တန်းဆယ်ယောက်ထဲတွင် ပါဝင်ရုံနှင့် သာလွန်အဆင့် သိုင်းပညာသုံးမျိုူကို ရွေးချယ်ခွင့်ရှိလေသည်။ တလီနိုင်ငံ၏ ဧကရာဇ်ကိုယ်တိုင် ကြေညာခြင်းမဟုတ်ပါက ၎င်းကို ဘယ်သူမှယုံကြည်မည်မဟုတ်ပေ။

အစပိုင်းတွင် ထိုပြိုင်ပွဲကို သံသယဝင်သော သိုင်းပညာရှင်များ ရှိခဲ့သော်လည်း ပထမပြိုင်ပွဲကျင်းပပြီးနောက် ထိပ်ဆုံးဆယ်ယောက်က သာလွန်အဆင့် သိုင်းပညာသုံးမျိုးကို ရရှိခဲ့ကြလေသည်။ တစ်ကမ္ဘာလုံးမှ သိုင်းပညာရှင်များက စိတ်လှုပ်ရှားပြီး ရူးသွပ်သွားကြသည်။

သူတို့က နောက်ထပ် သိုင်းပြိုင်ပွဲများတွင် ပါဝင်နိုင်ရန် စိတ်အားထက်သန်စွာဖြင့် တလီနိုင်ငံသို့ ခရီးနှင်ခဲ့ကြလေသည်။

ဟောက်ထျန်းနှင့် ရှန်ထျန်းအဆင့် သိုင်းပညာရှင်များသာမက ဆရာသခင်အဆင့် သိုင်းပညာရှင်များကလည်း သူတို့၏ စိတ်များကို စတင်ပြောင်းလဲလာကြသည်။

တလီဧကရာဇ်၏ ကြေညာချက်ထဲတွင် ဆရာသခင်အဆင့်များက သိုင်းပြိုင်ပွဲတွင် ပါဝင်ပြီး ဆန်းကျယ်သော ကိုရင်လေးကို စိန်ခေါ်လိုက်သည်နှင့် သူတို့က စိတ်ဝိညာဉ်သိုင်းပညာတစ်မျိုးကို ရရှိမည်ဖြစ်သည်။ ထိုအချိန်တွင် ဆရာသခင်များကလည်း ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ တလီနိုင်ငံသို့ ထွက်လာခဲ့ကြသည်။

နှစ်ဝက်ကြာပြီးနောက် တလီတော်ဝင်နန်းတော် သိုင်းခန်းမ၏ အပြင်ဘက်တွင် ကြီးမားသော ဓားကြီးတစ်လက်ကို ကိုင်ဆောင်ထားသော လူထွားကြီးတစ်ယောက်က တိတ်ဆိတ်စွာ ပေါ်လာသည်။ သူ၏ ဘေးတွင် ၁၅နှစ် ၁၆နှစ်အရွယ်ရှိသော လူငယ်တစ်ယောက်လည်း ရှိနေ၏။

" တောင်ပင်လယ်ရဲ့ ဓားသူတော်စင် မင်းလည်း လာလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ " သိုင်းခန်းမရှေ့မှ လူအိုကြီးက လေးနက်သော အမူအရာနှင့် ပြောလိုက်သည်။

လင်းယွမ်နှင့်မတွေ့မီ လူအိုကြီးက မဟာသခင်အဆင့်အောက်တွင် ပြိုင်ဘက်မရှိဟု သူ့ကိုသူ ယူဆခဲ့ပြီး တစ်လောကလုံးတွင် သူသတိထားရမည့် ဆရာသခင် အနည်းငယ်သာ ရှိလေသည်။ သူတို့ထဲတွင် တောင်ပင်လယ်ဓားသူတော်စင်က တစ်ယောက်အပါအဝင်ဖြစ်သည်။

ခွန်အားအရ တောင်ပင်လယ်ဓားသူတော်စင်က လူအိုကြီးထက် ပိုသန်မာခြင်း မရှိပေ။ အများစုမှာ သူတို့က ညီမျှလေသည်။ သို့သော် တောင်ပင်လယ်ဓားသူတော်စင်က သူ၏ လက်ရှိအဆင့်ကို တစ်လှမ်းချင်း တက်လှမ်းခဲ့ခြင်းဖြစ်လေသည်။

လူအိုကြီးက တလီတော်ဝင်မိသားစုတွင် မွေးဖွားခဲ့ပြီး ငယ်စဉ်ကတည်းက ဆရာသခင်တစ်ယောက်၏ လမ်းညွှန်ပေးမှုကို ရရှိခဲ့သည်။ သူက တည်ထောင်သူဧကရာဇ်ချန်ခဲ့သော အသိအမြင်များကိုလည်း လေ့လာခဲ့ရသည်။ ထို့သို့ဖြင့် သူက လက်ရှိအဆင့်သို့ ရောက်ခဲ့ခြင်းဖြစ်သည်။ တောင်ပင်လယ်ဓားသူတော်စင်က သူ့ကိုသူ အားကိုပြီး လူအိုကြီးနှင့် အဆင့်တူတွင် ရပ်တည်နိုင်ခဲ့သည်။

" မင်း မင်း စိတ်ဝိညာဉ်စွမ်းအားကို စုစည်းနိုင်နေပြီလား။ " တောင်ပင်လယ်ဓားသူတော်စင်ကို သေချာကြည့်ပြီး လူအိုကြီးက တုန်လှုပ်သွား၏။ သူက တစ်ဖက်လူဆီမှ စိတ်ဝိညာဉ်ဖိအားတစ်ခု ထွက်ပေါ်နေသည်ကို ခံစားမိလေသည်။

၎င်းက စိတ်ဝိညာဉ်စွမ်းအားကို စတင်ကျင့်ကြံနိုင်သည့် လက္ခဏာပင် ဖြစ်သည်။ စိတ်ဝိညာဉ်စွမ်းမျှင်တစ်ခုကို စုစည်းနိုင်လျှင် မဟာဆရာသခင်အဆင့်သို့ ချိုးဖျက်နိုင်ပြီဖြစ်သည်။

တောင်ပင်လယ်ဓားသူတော်စင်က စကားမပြောပေ။ သူက စရောက်တည်းက လူအိုကြီးကို မကြည့်ဘဲ သိုင်းခန်းမထဲကိုသာ ကြည့်နေခဲ့သည်။

" မဟာဆရာသခင်..." တောင်ပင်လယ်ဓားသူတော်စင်က ပြုံးလိုက်သည်။

အခြားဆရာသခင်များကဲ့သို့ တောင်ပင်လယ်ဓားသူတော်စင်က စိတ်ဝိညာဉ်သိုင်းပညာကြောင့် ဤနေရာသို့ လာခဲ့ခြင်း မဟုတ်ပေ။ စိတ်ဝိညာဉ်သိုင်းပညာက စိတ်ဝိညာဉ်စွမ်းအားများ စုစည်းရာတွင် အထောက်အကူဖြစ်သော်လည်း သူက ၎င်းကို မလိုအပ်ပေ။ သူက တလီနန်းတော်ကို တစ်ယောက်တည်း ထိုးဖောက်ခဲ့သော ထိုဆန်းကျယ်သော ကိုရင်လေးကို စိန်ခေါ်ချင်သောကြောင့် လာခဲ့ခြင်း ဖြစ်၏။

တောင်ပင်လယ်ဓားသူတော်စင်က ပို၍ ကြီးမားသော ရည်ရွယ်ချက်ရှိနေသည်။ သူက မဟာဆရာသခင်ကို အသုံးချပြီး သူအဆင့်တက်နိုင်မည့် ကိုယ်ပိုင်လမ်းစဉ်ကို ရှာဖွေရန် ဖြစ်သည်။

" ဆရာ တကယ်ဝင်မှာလား။ " သူ၏ ဘေးမှ လူငယ်လေးက အနည်းငယ် ကြောက်ရွံ့နေသည်။

အမှန်တော့ ဆန်းကျယ်သော ကိုရင်လေးက မဟာဆရာသခင်အဆင့်တွင် ရှိနေသည်ဟူသော အချက်အပြင် အပြင်လောကရှိ သိုင်းပညာရှင်များကြားတွင် နောက်ထပ် လက်ခံထားသော အမှန်တရားတစ်ခုလည်း ရှိနေသည်။

မဟာဆရာသခင်အဆင့်ဖြစ်လျှင်တောင် တလီတော်ဝင်နန်းတော်ကို ဘယ်သူက တစ်ယောက်တည်း ထိုးဖောက်ရဲမှာလဲ။

သူ၏ ဆရာ တောင်ပင်လယ်ဓားသူတော်စင်က အလွန်သန်မာသော စွမ်းရည်များ ရှိပြီး စိတ်ဝိညာဉ်စွမ်းအားကို စတင်စုစည်းနိုင်နေပြီဖြစ်သော်လည်း အဆုံးတွင် သူက မဟာဆရာသခင်တစ်ယောက် မဟုတ်ပေ။ မဟာဆရာသခင်တစ်ဦးနှင့် ရင်ဆိုင်ရလျှင် သေခြင်းရှင်းခြင်းက ခန့်မှန်း၍ မရပေ။

" တပည့် စိတ်အေးအေးထား။ ဆရာရဲ့ လက်ရှိခွန်အားနဲ့ဆို မဟာဆရာသခင်တစ်ယောက်ရဲ့ စိတ်ဝိညာဉ်ဖိအားကို ရင်ဆိုင်ရရင်တောင် ဆရာက မဟာဆရာသခင်အဆင့်ကို အချိန်မရွေး ချိုးဖျက်နိုင်လိမ့်မယ်။ " တောင်ပင်လယ်ဓားသူတော်စင်က စိုးရိမ်ခြင်းမရှိပေ။ ယခု သူက မဟာဆရာသခင်အဆင့်နှင့် ခြေတစ်လှမ်းသာ လိုတော့လေသည်။

သူက စစ်မှန်သော မဟာဆရာသခင်တစ်ယောက်၏ တွန်းအားတစ်ခုသာ လိုအပ်ပြီး ချက်ချင်း အဆင့်တက်သွားပေလိမ့်မည်။ သူက ဆန်းကျယ်သော ကိုရင်လေးကို အနိုင်မယူနိုင်လျှင်တောင် မရှုံးနိုင်ဘူးဟု ယုံကြည်နေသည်။

" ငါဝင်မယ်။ ငါ့တပည့် အပြင်မှာ ခနစောင့်နေဦး။ " တောင်ပင်လယ်ဓားသူတော်စင်၏ မျက်နှာက မျှော်လင့်ချက်များနှင့် ပြည့်နှက်နေသည်။

သိုင်းခန်းမ၏ တံခါးက လျင်မြန်စွာ ပွင့်သွားခဲ့သည်။ တောင်ပင်လယ်ဓားသူတော်စင်က တိုက်ခိုက်လိုစိတ်အပြည့်နှင့် ဝင်ရောက်သွားသည်။ လူငယ်လေးက အထဲသို့ ကြည့်လိုက်သောအခါ မီးခိုးရောင်သက္ကန်းနှင့် ကိုရင်တစ်ပါးထိုင်နေသည်ကို တွေ့လိုက်ရသည်။

" ဆရာရှုံးမှာမဟုတ်ဘူး။ " လူငယ်က လက်သီးဆုပ်ပြီး စိတ်ထဲမှ ရေရွတ်လိုက်သည်။

ခနအတွင်း အမွှေးတိုင်တစ်ဝက်စာ ကြာသွားခဲ့သည်။ သိုင်းခန်းမ၏ တံခါးက လျင်မြန်စွာ ပြန်ပွင့်လာသည်။

တောင်ပင်လယ်ဓားသူတော်စင်က သူ၏ ဓားကြီးကို သယ်ဆောင်ပြီး အေးခဲနေသော အမူအရာနှင့် ပြန်ထွက်လာသည်။

" ဆရာ ဆရာ ခနလေးနဲ့ ပြီးသွားတာလား။ " လူငယ်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။

" သွားမယ်။ " တောင်ပင်လယ်ဓားသူတော်စင်က သူ၏ ခေါင်းကို အနည်းငယ် ခါလိုက်ပြီး လူငယ်နှင့်အတူ နန်းတော်ထဲမှ ထွက်ခွာသွားသည်။

သူတို့က မြို့တော်၏ အပြင်ဘက်သို့ ရောက်လာသောအချိန်တွင် တောင်ပင်လယ်ဓားသူတော်စင်က ရပ်တန့်သွားပြီး နန်းတော်ရှိရာသို့ ကြည့်ကာ ထိုင်ချလိုက်သည်။

သူက " လူတစ်ယောက်က ဘာလို့ဒီလောက် သန်မာနေရတာလဲ " ဟူသော စကားကို အကြိမ်ကြိမ် ရေရွတ်နေခဲ့သည်။

လူငယ်လေးက သူ၏ ဆရာ ဆိုးရွားစွာ ရှုံးနိမ့်ခဲ့သည်ကို နားလည်သွားသည်။ မဟုတ်လျှင် သူက ထိုကဲ့သို့ အမူအရာ ရှိမည်မဟုတ်ပေ။

" ဆရာ သူက အဲ့လောက်သန်မာလို့လား။ နောက်တစ်ချိန် ဆရာ မဟာဆရာသခင်အဆင့်ကို ချိုးဖျက်နိုင်သွားရင် သူ့ကို ပြန်စိန်ခေါ်ပြီး အနိုင်ယူလို့ရပါသေးတယ်။ " လူငယ်က ဘေးမှ ပြောလိုက်သည်။

တောင်ပင်လယ်ဓားသူတော်စင် သိုင်းခန်းမထဲသို့ ဝင်သွားချိန်တွင် လူငယ်က ဆန်းကျယ်သော ကိုရင်လေးကို ခန မြင်ခဲ့ရသည်။ ကိုရင်၏ အော်ရာက နားမလည်နိုင်သော်လည်း သူ၏ ဆရာထက် အနည်းငယ်သာ သန်မာပုံရပြီး အနာဂတ်တွင် မယှဉ်နိုင်စရာအကြောင်းမရှိပေ။

" အဲ့လောက်သန်မာလို့လား..." တောင်ပင်လယ်ဓားသူတော်စင်က ပြောစရာစကားရှာမတွေ့ဘဲ တိတ်ဆိတ်သွား၏။

အချိန်အတော်ကြာပြီးနောက် သူက ပြန်လည်တည်ငြိမ်သွားပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

" အခု မင်းက ရှန်ထျန်အဆင့်ပဲ ရှိသေးတယ်။ ရေတွင်းအောက်ခြေက ဖားတစ်ကောင် ကောင်းကင်က လကို ကြည့်နေသလိုပဲ အမြင်ကျဉ်းမြောင်းလွန်းတယ်။ "

" တစ်နေ့ မင်းက ဆရာသခင်အဆင့်ကို ရောက်ရင် ဒါမှမဟုတ် ဆရာလို မဟာဆရာသခင်တစ်ပိုင်းအဆင့်ကိုရောက်ရင်..." တောင်ပင်လယ်ဓားသူတော်စင်က ရှုပ်ထွေးသော ခံစားချက်များနှင့် ပြောလိုက်သည်။

" မင်းသူ့ကို တွေ့တဲ့အခါ ပိုးကောင်တစ်ကောင်က ကောင်းကင်ကြီးကို မော့ကြည့်နေရသလို ခံစားရလိမ့်မယ်။ "

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters