← Chapters

ဒဏ္ဍာရီအဆင့်၏ အထက်အဆင့်....

Vol. 1 Ch. 14

ဒဏ္ဍာရီအဆင့်၏ အထက်အဆင့်....

Vol. 1 Ch. 14

သိုင်းခန်းမ၏ အပြင်ဘက်တွင် လူအိုကြီး ယုဝမ်ဖန်က တောင်ပင်လယ်ဓားသူတော်စင် ပျောက်ကွယ်သွားသည်ကို ကြည့်နေခဲ့သည်။

" ဆရာ ဟွေ့ကျန်းကို အသုံးပြုပြီး မဟာဆရာသခင်အဆင့်ကို စိန်ခေါ်တယ်။ ဒါက တကယ်ကို..." ယုဝမ်ဖန်က ပြောစရာစကားမရှိတော့ဘဲ ကိုယ်ချင်းစာသော အကြည့်များက သူ၏ မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။

အချုပ်အနှောင်နှင့် အတားအဆီးများကို ချိုးဖျက်ရန် သေခြင်းရှင်ခြင်း၏ ဖိအားကို အသုံးပြုခြင်းက ရှားပါးသော ဖြစ်ရပ်တစ်ခု ဖြစ်လေသည်။ တောင်ပင်လယ်ဓားသူတော်စင်၏ အရည်အချင်းနှင့် နားလည်နိုင်စွမ်းက မဟာဆရာသခင်တစ်ယောက်၏ ဖိအားအော​က်တွင် အမှန်တကယ် အောင်မြင်နိုင်ချေများလေသည်။

ယုဝမ်ဖန်နှင့် ယှဉ်လျှင် တောင်ပင်လယ်ဓားသူတော်စင်က ယနေ့အဆင့်ထိ သူ့ဟာသူ ကြိုးစားခဲ့ခြင်းဖြစ်သည်။ သူ၏ အလားအလာက ပြောစရာပင် မလိုပေ။

တောင်ပင်လယ်ဓားသူတော်စင်၏ အကြီးမားဆုံးအမှားက ဆရာတော် ဟွေ့ကျန်းကို အသုံးချလိုခြင်းပင်ဖြစ်သည်။ ယုဝမ်ဖန်၏ မျက်လုံးထဲတွင် လင်းယွမ်၏ ခွန်အားက သာမန်မဟာဆရာသခင်များထက် သာလွန်ပြီး မဟာဆရာသခင်များကြားတွင် အသန်မာဆုံးဟု ပြောလို့ရပေသည်။

တစ်နှစ်နီးပါးနေပြီးနောက် ယုဝမ်ဖန်က သေချာလုနီးပါး ဖြစ်၏။ ထို့အပြင် သူက ပို၍ ကြောက်စရာကောင်းသော ခန့်မှန်းချက်တစ်ခုလည်း ရှိနေသည်။

" ဆရာရဲ့ ခွန်အားက အဲ့ဒီအဆင့်ကို ချိုးဖျက်သွားတာလား..." ယုဝမ်ဖန်၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွား၏။

ရှေးခေတ်ကတည်းက နှစ်ပေါင်းထောင်ချီအတွင်း မဟာဆရာသခင်အဆင့်က အသန်းမာဆုံးနယ်ပယ်အဖြစ် လက်ခံထားကြသည်။ သိုင်းပညာရှင်တိုင်း၏ နောက်ဆုံးအဆင့်လည်း ဖြစ်လေသည်။

မဟာဆရာသခင်ရဲ့ အထက်အဆင့်က....

ယုဝမ်ဖန်က မတွေးရဲသလို တွေးလည်း မတွေးချင်ပေ။

လင်းယွမ်၏ ဟိန်းဟောက်သံကြားပြီးနောက် ယုဝမ်ဖန်က သံသယဝင်စပြုလာခဲ့သည်။

မဟာဆရာသခင်အဆင့်ရဲ့ အထက်မှာ နောက်ထပ်တစ်ဆင့်ရှိနေတာလား။ လင်းယွမ်က အဲ့ဒီအဆင့်ကို ရောက်နေတာလား။

လင်းယွမ်၏ တိုက်ခိုက်ရေးစွမ်းအားကလည်း အလွန်စွမ်းအားကြီးလွန်းသောကြောင့် ယုဝမ်ဖန်၏ အတွေးများကလည်း မလွန်ပေ။ တလီနိုင်ငံ၏ တည်ထောင်သူဧကရာဇ်က မဟာဆရာသခင်အဆင့်ဖြစ်သောကြောင့် ယုဝမ်ဖန်က ထိုအဆင့်အကြောင်း ကောင်းကောင်းသိလေသည်။

ထို့အပြင် လွန်ခဲ့သော နှစ်အတွင်း လင်းယွမ်၏ လမ်းညွှန်မှုများကို ရရှိပြီးနောက် ယုဝမ်ဖန်က မဟာဆရာသခင်အဆင့်၏ အတာအဆီးကို ခံစားမိလာခဲ့သည်။

မဟာဆရာသခင်အဆင့်၏ လမ်းညွှန်မှုက အလွန်အသုံးဝင်လျှင် မဟာဆရာသခင်အဆင့်တစ်ယောက်က နောက်ထပ်တစ်ယောက်ကို မလေ့ကျင့်ပေးနိုင်ဟူသော စကားမျိုး ရှိလာမည်မဟုတ်ပေ။

သိုင်းခန်းမထဲတွင် လင်းယွမ်က တည်ငြိမ်စွာ ထိုင်နေသည်။ လွန်ခဲ့သော နှစ်ဝက်က မြို့တော်တွင် သိုင်းပြိုင်ပွဲကို စတင်ကျင်းပခဲ့ပြီး သိုင်းပညာရှင်များ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်သတ်ဖြတ်ကြသည်ကို ကြည့်ပြီး လင်းယွမ်က မရေတွက်နိုင်သော သိုင်းပညာအမျိုးမျိုးကို မြင်တွေ့ခဲ့ရသည်။

သိုင်းပြိုင်ပွဲတွင် ပါဝင်ကြသော သိုင်းပညာရှင်များက အလွန်သန်မာမည်မဟုတ်ကြသော်လည်း သူတို့ပြသခဲ့သော သိုင်းပညာများက အလွန်ကွဲပြားလေသည်။ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လင်းယွမ်က များစွာသော ရှုထောင့်များမှ ဉာဏ်အလင်းများကို ရရှိခဲ့သည်။ ၎င်းက အဆင့်မြင့်သိုင်းပညာများကို တစ်ယောက်တည်း လေ့လာခြင်းထက် ပိုမိုအသုံးဝင်လေသည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကမ္ဘာကြီး၏ သိုင်းတာအိုကို လေ့လာပြီး ဒဏ္ဍာရီအဆင့်ထက်သာလွန်သော သိုင်းတာအိုကို နားလည်သွားပါပြီ။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကမ္ဘာကြီး၏ သိုင်းတာအိုကို လေ့လာပြီး သဘာဝ၏ အနှစ်သာရကို ဖမ်းဆုပ်မိသွားပါပြီ။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကမ္ဘာကြီး၏ သိုင်းတာအိုကို လေ့လာပြီး တိမ်မြူခိုးစိတ်ဝိညာဉ်သန့်စင်ခြင်းသိုင်းပညာကို ဖန်တီးနိုင်သွားပါပြီ။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကမ္ဘာကြီး၏ သိုင်းတာအိုကို လေ့လာပြီး နောက်ထပ်အဆင့်များကို ချိုးဖျက်ရန် ဦးတည်ချက်ကို စတင်နားလည်သွားပါပြီ။ ]

လင်းယွမ်က ဉာဏ်အလင်းပွင့်ခြင်းတွင် နစ်မြှုပ်နေပြီး သေခြင်းရှင်ခြင်း၏ ​ခြိမ်းခြောက်မှုမျိုး မကြုံတွေ့ပါက နိုးထရန် ခက်ခဲလေသည်။

လင်းယွမ်၏ လက်ရှိခန္ဓာကိုယ်နှင့် ဒဏ္ဍာရီအဆင့်မှ ယွမ်စွမ်းအားများ၏ ကာကွယ်ပေးမှုကြောင့် ဆရာသခင်များ၏ တိုက်ခိုက်မှုများပင် သူ့ကို ထိခိုက်စေရန် ခက်ခဲလေသည်။

လဝက်ကြာပြီးနောက် လင်းယွမ်၏ မျက်လုံးများက ပွင့်လာသည်။

" နောက်ဆုံးတော့ ဒါကို တွေ့ပြီ။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။

ထိုခနတွင် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်း၏ အကူအညီဖြင့် နောက်ဆုံးတွင် သူက ဒဏ္ဍာရီအဆင့်ကို ဖြတ်ကျော်နိုင်မည့် လမ်းကြောင်းပေါ်သို့ ရောက်သွားခဲ့သည်။ လမ်း​ကြောင်းပေါ်သို့ ရောက်ပြီဖြစ်သော်လည်း အားထုတ်မှုများ လိုအပ်လေသည်။ သို့သော် ဦးတည်ချက်မှန်နေသရွေ့ ကျန်တာ လင်းယွမ်အတွက် အချိန်တစ်ခုသာ လိုအပ်လေသည်။

" ပြန်ဖို့ အချိန်တန်ပြီ။ " လင်းယွမ်က မတ်တပ်ရပ်ပြီး သိုင်းခန်းမ၏ အပြင်သို့ လမ်းလျှောက်ထွက်သွားသည်။ သူ၏ လက်ရှိခွန်အားနှင့် လေ့ကျင့်ရန် နေရာမရွေးပေ။

သို့သော် သူက မဟာဇင်ဘုရားကျောင်းတွင် ဆယ်နှစ်နေထိုင်ခဲ့ပြီး ရှေးဟောင်းဗုဒ္ဓအငွေ့အသက်များနှင့် အနှောက်အယှက်ကင်းဝေးသည့် ရှောင်ရှီတောင်တန်းကို သဘောကျနေဆဲ ဖြစ်သည်။ ဒဏ္ဍာရီအဆင့်ကို ချိုးဖျက်ရန် အချိန်လိုအပ်ပြီး လင်းယွမ်က ရှောင်ရှိတောင်တန်းတွင်သာ အဆင့်တက်ချင်လေသည်။

သိုင်းခန်းမ၏ တံခါးများက ပွင့်သွားပြီး အပြင်မှ ယုဝမ်ဖန်က ရုတ်တရက် ထိတ်လန့်သွား၏။

" ဆရာ..." သူက သိုင်းခန်းမ၏ အတွင်းဘက်သို့ လှမ်းကြည့်လိုက်သည်။ သို့သော် ထိုနေရာတွင် ထိုင်နေသော ကိုရင်လေး မရှိတော့သည်ကို တွေ့လိုက်ရသည်။

" ဆရာ ထွက်သွားပြီ..." ယုဝမ်ဖန်က အနည်းငယ် စိတ်မကောင်းဖြစ်သွား၏။

လင်းယွမ်ကဲ့သို့ သန်မာသော လူတစ်ယောက်က တောင်ဝင်နန်းတော်တွင် အမြဲတမ်းနေထိုင်မည်မဟုတ်သည်ကို ကြိုသိခဲ့သော်လည်း တစ်ခုခုဆုံးရှုံးသွားသကဲ့သို့ ခံစားနေရသည်။

မဟာဇင်ဘုရားကျောင်းတွင် ကျောင်းထိုင်ဟွေ့ဝမ်၊ သိုင်းလေ့ကျင့်ရေးအဆောင်မှူး ဟွေ့ယွမ်နှင့် အခြားအဆောင်မှူးအချို့က ဘုရားကျောင်းဂိတ်တံခါးတွင် စုစည်းနေကြပြီး စိုးရိမ်သော အမူအရာများနှင့် ရှိနေသည်။

လွန်ခဲ့သော နှစ်ဝက်က တလီတော်ဝင်နန်းတော်ကို မဟာဆရာသခင် ဘုန်းကြီးတစ်ပါး ထိုးဖောက်ဝင်ရောက်ခဲ့သည့်သတင်းကို သူတို့လည်း ကြားခဲ့ရသည်။ ဘုန်းကြီးမှာ ကိုရင်ငယ်တစ်ပါးဖြစ်ပြီး မဟာဆရာသခင်အဆင့်ကိုပါ ထည့်တွက်လျှင် သူတို့က ဗုဒ္ဓသားတော်ဖြစ်မှန်း ချက်ချင်း သိခဲ့ရသည်။

ပထမဆုံး သူတို့က လင်းယွမ်၏ ခွန်အားကို အံ့ဩခဲ့ရသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က တလီနိုင်ငံ၏ တည်ထောင်သူဘိုးဘေး မဟာဆရာသခင်က ရှောင်ရှီတောင်တန်းသို့ ဆင်းသက်ခဲ့သည်။

ယခု မဟာဇင်ဘုရားကျောင်း၏ ဗုဒ္ဓတပည့်က လက်တစ်ဖက်ပင် မလှုပ်ဘဲ တလီတော်ဝင်နန်းတော်ကို ဖိနှိပ်ခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့် ကျောင်းထိုင်ဆရာတော်နှင့် အဆောင်မှူးများက တစ်စုံတစ်ခု လွဲချော်နေသည်ကို ခံစားခဲ့ရသည်။

ဗုဒ္ဓသားတော်က တလီတော်ဝင်နန်းတော်မှာ နေထိုင်ဖို့ စဉ်းစားထားတာလား။

ကျောင်းထိုင်ဆရာတော်နှင့် အဆောင်မှူးများက လင်းယွမ် မဟာဇင်ဘုရားကျောင်းအား စွန့်ပစ်သွားမည်ကို မစိုးရိမ်ကြပေ။ သို့သော် သူတို့က တလီနိုင်ငံက အခြားမကောင်းသော ရည်ရွယ်ချက်များ ရှိမည်ကို စိုးရိမ်ကြခြင်းဖြစ်သည်။

လင်းယွမ်၏ ခွန်အားနှင့် တလီနိုင်ငံရှိ ဘယ်သူမှ သူ၏ ​ပြိုင်ဘက်မဖြစ်နိုင်သော်လည်း သူတို့၏ ဘိုးဘေးက မဟာဆရာသခင်အဆင့်ဖြစ်သောကြောင့် မဟာဆရာသခင်အဆင့်တစ်ယောက်အား အန္တရာယ်ပြုနိုင်မည့် နည်းလမ်းများ ရှိနေနိုင်လေသည််။ လင်းယွမ်က တလီတော်ဝင်နန်းတော်တွင် အချိန်အကြာကြီး နေခဲ့လျှင် ထောင်ချောက်ထဲသို့ ကျသွားနိုင်လေသည်။

ထို့အပြင် သူတို့ကို ပို၍ စိုးရိမ်စေသည်မှာ သိုင်းပြိုင်ပွဲတွင် မဟာဆရာသခင်များက လင်းယွမ်ကို တိုက်ခိုက်ခဲ့သောကြောင့် ဖြစ်သည်။

ထို့နောက် လင်းယွမ်၏ ခွန်အားနှင့် ပက်သက်ပြီး ကောလဟာလများ ထွက်ပေါ်လာခဲ့သည်။

မဟာဆရာသခင်

အထွတ်အထိပ်ဆရာသခင်။

ပြိုင်ဘက်ကင်းမဟာဆရာသခင်။

စသည်ဖြင့် ကောလဟာလအမျိုးမျိုး ထွက်ပေါ်ခဲ့သည်။

ထို့ကြောင့် လင်းယွမ်၏ ကျော်ကြားမှုက လွန်ခဲ့သော နှစ်တစ်ထောင်မှ ခေါင်းဆောင်ဗောဓိဓမ္မနှင့် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က တလီဘိုးဘေးတို့ထက် သာလွန်ခဲ့သည်။

အခြားဆရာသခင်အဆင့်များအတွက် ထိုအဆင့်သို့ ရောက်ရန် ဆယ်စုနှစ်များ ကြာခဲ့ပြီး သူတို့၏ စိတ်အခြေအနေများက စမ်းသပ်မှုအမျိုးမျိုးကို ကျော်ဖြတ်ခဲ့သောကြောင့် သူတို့၏ စိတ်ဓာတ်က သန်မာနေပြီဖြစ်သည်။

သို့သော် ဆယ်ကျော်သက်အရွယ် လူတစ်ယောက်က ကျော်ကြားမှုနှင့် ကံကောင်းမှုကို ခံနိုင်ရည်ရှိပါ့မလား။

" ခနလောက် ထပ်စောင့်ရအောင်။ ဗုဒ္ဓသားတော်က တောင်ပေါ်က ဆင်းတာ တစ်နှစ်ပဲရှိသေးတော့ သိပ်မကြာသေးပါဘူး။ သူက လောကီကမ္ဘာထဲ နစ်မြှုပ်သွားရင်တောင် ပြန်လာနိုင်လိမ့်မယ်။ " တပည့်အဆောင်မှူးက လေးနက်စွာ ပြောလိုက်သည်။

မဟာဆရာသခင်အဆင့်မပြောနှင့် သာမန်သိုင်းပညာရှင်များအတွက်ပင် တစ်နှစ်ဟူသည်မှာ သိပ်မကြာပေ။

" ဗုဒ္ဓသားတော်က ရိုးသားတဲ့ စိတ်နှလုံးရှိတော့..." သိုင်းလေ့ကျင့်ရေးအဆောင်မှူးက မျက်မှောင်ကြုတ်သွား၏။

ထို့အချိန် ရှောင်ရှီတောင်တန်း၏ တောင်တက်လမ်းပေါ်တွင် မီးခိုးရောင်သက္ကန်းနှင့် ကောက်ရိုးဖိနပ်ကို ဝတ်ဆင်ထားသော ကိုရင်တစ်ပါးက တောင်ပေါ်သို့ ဖြည်းညင်းစွာ တက်လာသည်။

" ဗုဒ္ဓ ဗုဒ္ဓသားတော် ပြန်လာပြီ။ " ဆရာတော် ဟွေ့ဝမ်က ပထမဆုံး မြင်တွေ့လိုက်ရသူဖြစ်၏။

ခနအတွင်း လင်းယွမ်က မဟာဇင်ဘုရားကျောင်း၏ ဂိတ်ပေါက်သို့ ရောက်လာခဲ့သည်။

" ဗုဒ္ဓသားတော် " အခြားသူများက လင်းယွမ်ကို တုန့်ဆိုင်းစွာဖြင့် နှုတ်ဆက်လိုက်ကြသည်။

" အားလုံး အဆင်ပြေသွားပြီ။ " လင်းယွမ်က ထိုစကားသာ ပြောလေသည်။

သိုင်းကျမ်းအဆောင်၏ တတိယအထပ်သို့ ပြန်မသွားမီ လင်းယွမ်က သူ၏ အတွေ့အကြုံများကို ပြန်လည်ဆန်းစစ်လိုက်သည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters