ကမ္ဘာကြီး၏ ကန့်သတ်ချက်....
Vol. 1 Ch. 15
လင်းယွမ် မဟာဇင်ဘုရားကျောင်းသို့ ပြန်လာခြင်းက ရုတ်ရုတ်သဲသဲ မဖြစ်ခဲ့ပေ။ ကျောင်းထိုင်ဆရာတော်နှင့် အဆောင်မှူးများမှ လွဲ၍ အခြားသူများ မသိခဲ့ပေ။
သိုင်းကျမ်းအဆောင်တွင် လင်းယွမ်က တည်ငြိမ်စွာ ထိုင်နေသည်။
" ရှစ်နှစ်ကျန်သေးတယ်။ " လင်းယွမ်က သူ၏ ရှေ့မှ အလင်းမျက်နှာပြင်ကို ကြည့်ပြီး အချိန်သိပ်မကျန်တော့သည်ကို သိလိုက်သည်။
" အဲ့ဒါ လုံလောက်သင့်ပါတယ်။ " လင်းယွမ်က အနည်းငယ် ခေါင်းငြိမ့်လိုက်သည်။
သူက ဒဏ္ဍာရီအဆင့်၏ အထက်အဆင့်ကို တိကျသော ဦးတည်ချက်ထားပြီး ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အချိန်ရှစ်နှစ်က လုံလောက်သည်ထက်ပင် ပိုလေသည်။
" သိုင်းတာအို လမ်းစဉ်...." လင်းယွမ်၏ မျက်လုံးများက နက်နဲနေသည်။
ဤကမ္ဘာကြီးတွင် သိုင်းတာအိုလမ်းစဉ်က လူခန္ဓာကိုယ်ပေါ်တွင် အခြေခံပြီး ဝိညာဉ်နှင့် ပေါင်းစပ်ကာ အဆက်မပြတ် ပြောင်းလဲခြင်းဖြစ်သည်။
တိုးတက်မှုက နှေးကွေးသော်လည်း အားနည်းချက်များ သိပ်မရှိပေ။
စကြာဝဠာလူသားမျိုးနွယ်များမှ ဗီဇစစ်သည်များ၏ ဆင့်ကဲ့ပြောင်းလဲခြင်းလမ်းစဉ်နှင့် နှိုင်းယှဉ်ပါက အလားအလာများစွာ ရှိလေသည်။ ဗီဇစစ်သည်များက သန့်စင်သော ရုပ်ပိုင်းဆိုင်ရာ ဆင့်ကဲဖြစ်စဉ်ကို လျှောက်လှမ်းကြပြီး မှော်ဆရာများ၊ စိတ်သခင်များနှင့် နှိုင်းယှဉ်ပါက သူတို့က ဘေးဖယ်ခြင်းခံထားရလေသည်။
ဆင့်ကဲပြောင်းလဲခြင်း၏ ဗီဇစစ်သည်လမ်းစဉ်က လူသားမျိုးနွယ်၏ အဆင့်မြင့်ပုဂ္ဂိုလ်များ ဖန်တီးထားသော လမ်းစဉ်တစ်ခု ဖြစ်လေသည်။ ၎င်းက ဗီဇပြောင်းလဲခြင်းဆေးများအပေါ်တွင် လုံးဝမှီခိုနေပြီး ဆေးများ ဝယ်ယူအသုံးပြုနိုင်သရွေ့ ဆက်လက်တိုးတက်နေပေလိမ့်မည်။
" သိုင်းတာအိုကို ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုလို့ သတ်မှတ်ရင် ဉာဏ်ပညာနတ်ဘုရားက ဒါကို ဘယ်လိုတွေးမလဲမသိဘူး။ " လင်းယွမ်က တွေးလိုက်သည်။
လူသားမျိုးနွယ်မဟာမိတ်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အသစ်များ ဖန်တီးနိုင်ရန် အမြဲတမ်း ကြိုးစားခဲ့ကြပြီး ဉာဏ်ပညာနတ်ဘုရားက လူသားများကို ပိုမိုဆွဲဆောင်နိုင်ရန်အတွက် ဆုလာဒ်များစွာကိုပင် ပေးအပ်ခဲ့သည်။
ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု၏ တန်ဖိုးက အချက်နှစ်ချက်အပေါ်တွင် မူတည်လေသည်။ တစ်ခုက ကျော်ကြားမှုဖြစ်ပြီး တစ်ခုက အလားအလာဖြစ်လေသည်။
ကျော်ကြားမှုက နားလည်ရလွယ်ကူလေသည်။ လမ်းစဉ်က ကျင့်ကြံခြင်းကိုသာ ခွင့်ပြုလျှင် ၎င်းက လူသားမျိုးနွယ်အတွက် အနည်းငယ်သာ အသုံးဝင်လေသည်။
အလားအလာအတွက် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ သီအိုရီကန့်သတ်ချက်များ ဖြစ်၏။
ဤကမ္ဘာကြီးထဲတွင် ဆယ်စုနှစ်ကြာပြီးသောအခါ လင်းယွမ်က သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် သိုင်းပညာများကို လေ့လာခဲ့ပြီး မဟာဆရာသခင်အဆင့်မှ ဒဏ္ဍာရီအဆင့်နှင့် ဒဏ္ဍာရီအဆင့်၏ အထက်အဆင့်တို့ကို ဖန်တီးနိုင်ခဲ့သည်။
သူက သိုင်းတာအို၏ ကန့်သတ်ချက်များကို ချိုးဖျက်ခဲ့သော်လည်း သူက ဤကမ်ဘာကြီးတွင် အမြဲတမ်းနေထိုင်မည်မဟုတ်ဘဲ နှစ်နှစ်ဆယ်ပြည့်လျှင် စကြာဝဠာလူသားမျိုးနွယ်သို့ ပြန်သွားရမည်ဖြစ်၏။
" ဆက်ပြီးလေ့ကျင့်တာပေါ့။ " လင်းယွမ်က သူ၏ မျက်လုံးများကို မှိတ်ပြီးနောက် ဉာဏ်အလင်းပွင့်ခြင်းအခြေအနေသို့ ဝင်ရောက်သွားသည်။
တလီတော်ဝင်နန်းတော်၏ သိုင်းခန်းမတွင် မရေတွက်နိုင်သော သိုင်းပညာများကို မှတ်တမ်းတင်ထားပြီး လင်းယွမ်အတွက် အထောက်အကူများစွာ ဖြစ်ခဲ့လေသည်။
လင်းယွမ်၏ စိတ်ထဲတွင် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းက ပေါက်ကွဲလာပြီး ဒဏ္ဍာရီအဆင့်၏ အထင်အဆင့်ကို ချိုးဖျက်ရန် စတင်ခဲ့လေသည်။
အချိန်များက တရွေ့ရွေ့ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း ရှစ်နှစ်ကြာသွားခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ တလီတော်ဝင်နန်းတော်သို့ ထိုးဖောက်ဝင်ရောက်ခဲ့သော ကိုရင်လေး၏ အထောက်အထားများက ထွက်ပေါ်လာခဲ့သည်။
သူက မဟာဇင်ဘုရားကျောင်းမှ ဗုဒ္ဓသားတော် ဟွေ့ကျန်း ဖြစ်လေသည်။
ထိုအချိန်က နန်းတော်၏ အပြင်ဘက်တွင် လင်းယွမ်၏ အသံကို လူများစွာ ကြားခဲ့ရလေသည်။ ထို့အပြင် သိုင်းပြိုင်ပွဲတွင်လည်း သူ့ကို မြင်တွေ့ခဲ့ရပြီး မဟာဇင်ဘုရားကျောင်းမှ ဖြန့်ဝေထားသော ပုံတူပန်းချီများကို နှိုင်းယှဉ်ကြည့်လျှင် အဖြေမှန်ကို လူတိုင်းသိနိုင်လေသည်။
ထိုအချိန်မှစ၍ မဟာဇင်ဘုရားကျောင်းက သက်ဝင်လှုပ်ရှားလာပြီး ရှောင်ရှီတောင်ခြေတွင် နေ့စဉ် သိုင်းပညာရှင်များစွာက လာရောက်ဖူးမြော်ကြလေသည်။
ဆန်းကျယ်သော ကိုရင်လေးက တစ်နှစ်ကြာပြီးနောက် ပျောက်ကွယ်သွားခဲ့သောကြောင့် သူက မဟာဇင်ဘုရားကျောင်းသို့ ပြန်သွားလမ့်မည်ဟု လူအမ်ားက ထင်ကြေးပေးခဲ့ကြလေသည်။
များပြားသော သိုင်းပညာရှင်များက လင်းယွမ်ကို မြင့်တွေ့နိုင်ရန် မျှော်လင့်ချက်ဖြင့် မဟာဇင်ဘုရားကျောင်းသို့ ရောက်လာခဲ့ကြသည်။
လင်းယွမ်က မဟာဆရာသခင်တစ်ဦးဖြစ့်ပြီး ဆရာသခင်အချို့ကပင် အသန်မာဆုံး မဟာဆရာသခင်တစ်ယောက်အဖြစ် အသိအမှတ်ပြုခဲ့ကြလေသည်။ ဆရာသခင်များက ၎င်းကို လက်ခံထားခြင်းကြောင့် ဖြစ်နိုင်ချေတစ်ခုသာ ရှိလေသည်။ ဟွေ့ကျန်းက အမှန်တကယ် နားမလည်နိုင်အောင် သန်မာပေလိမ့်မည်။
တောင်တက်လမ်းပေါ်တွင် ဓားကြီးတစ်လက်ကို ကိုင်ဆောင်ထားသော လူထွားကြီးတစ်ယောက်က ဖြည်းညင်းစွာ လမ်းလျှောက်လာသည်။ သူ၏ နောက်တွင် အသက်နှစ်ဆယ်ကျော် လူငယ်တစ်ဦးလည်း ရှိနေသည်။
" ဆရာ ဆရာက အဲ့ဒီဗုဒ္ဓသားတော်ကို နောက်တစ်ကြိမ် စိန်ခေါ်ဖို့ ဒီကိုလာတာလား။ " လူငယ်က လေးနက်စွာ မေးလိုက်သည်။
ဓားကြီးသယ်ဆောင်ထားသော လူထွားကြီးက တောင်ပင်လယ်ဓားသူတော်စင်ပင် ဖြစ်၏။ ဆရာသခင်တစ်ယောက်သာ အနီးတွင်ရှိပါက တောင်ပင်လယ်ဓားသူတော်စင်ဆီမှ နက်နဲသော အော်ရာတစ်ခု ထွက်ပေါ်နေပြီး သူ၏ မျက်လုံးများက ဓားတစ်လက်ကဲ့သို့ ထက်ရှနေသည်ကို သတိထားမိပေလိမ့်မည်။
မဟာဆရာသခင်အဆင့်။ တောင်ပင်လယ်ဓားသူတော်စင်က မဟာဆရာသခင်အဆင့်သို့ အမှန်တကယ် ခြေချနိုင်ခဲ့သည်။
အခြားအချိန်များတွက် မဟာဆရာသခင်အဆင့်တစ်ယောက် ထွက်ပေါ်လာခြင်းက အလွန်တုန်လှုပ်စရာကောင်းသော ဖြစ်ရပ်တစ်ခု ဖြစ်လေသည်။ လူများစွာက လက်ဆောင်ပစ္စည်းများဖြင့် လာရောက်နှုတ်ဆက်ကြပေလိမ့်မည်။
သို့သော် တောင်ပင်လယ်ဓားသူတော်စင်က ၎င်းတို့ကို စိတ်မဝင်စားပေ။
လွန်ခဲ့သော ရှစ်နှစ်မှ လင်းယွမ်နှင့်တိုက်ပွဲပြီးနောက် တောင်ပင်လယ်ဓားသူတော်စင်က သူ့ကိုသူ နားလည်သွားပြီး တစ်တောင်ထက် ပိုမြင့်သော တောင်များရှိသည်ကို သိရှိခဲ့သည်။ ထိုဗုဒ္ဓသားတော်နှင့် ရင်ဆိုင်ပါက မဟာဆရာသခင်အဆင့်ပင် သေရပေလိမ့်မည်။
" ငါ ဒီကို လာကြည့်ရုံပဲ။ " တောင်ပင်လယ်ဓားသူတော်စင်က ခေါင်းခါလိုက်သည်။
" ပြီးတော့ မင်းရဲ့ ဆရာကို ဗုဒ္ဓသားတော်နဲ့ မနှိုင်းယှဉ်နဲ့။ ဗုဒ္ဓသားတော်က လွန်ခဲ့တဲ့ ရှစ်နှစ်ကတည်းက မဟာဆရာသခင်အဆင့်ထက်ကို ကျော်လွန်နေပြီ။ " တောင်ပင်လယ်ဓားသူတော်စင်က ညင်သာစွာ ပြောလိုက်သည်။
ထိုအချိန်တွင် တောင်ပင်လယ်ဓားသူတော်စင်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။ သူက မဟာဇင်ဘုရားကျောင်းရှိရာ ရှောင်ရှီတောင်တန်းပေါ်သို့ ကြည့်လိုက်သည်။
" ဝုန်း "
ကြောက်စရာကောင်းသော အော်ရာတစ်ခုက ရှောင်ရှီတောင်ကို ဖုံးလွှမ်းသွားပြီး အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။
" အဲ့ဒါဘာလဲ။ " တောင်ပင်လယ်ဓားသူတော်စင်၏ မျက်နှာက ဖြူဖျော့သွား၏။ သူ၏ အမြင်တွင် မဟာဇင်ဘုရားကျောင်းမှ ထွက်ပေါ်လာသော အော်ရာက တောက်ပသော နေအလင်းရောင်ကဲ့သို့ ကမ္ဘာတစ်ခုလုံးကို ထွန်းလင်းသွားစေခဲ့သည်။
" နောက်ဆုံး နောက်ဆုံးတော့ အောင်မြင်ပြီ..." သိုင်းကျမ်းအဆောင်၏ တတိယအထပ်တွင် လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်ပြီး သိုင်းကျမ်းအဆောင်မှ ထွက်လာခဲ့သည်။
ဆယ်စုနှစ်နီးပါးကြာပြီးသောအခါ သူက ဒဏ္ဍာရီအဆင့်၏ အထက်အဆင့်ကို ချိုးဖျက်နိုင်ခဲ့သည်။
သိုင်းကျမ်းအဆောင်၏ အပြင်ဘက်တွင် မျက်ခုံးမွေးရှည်ဆရာတော်၊ ကျောင်းထိုင်နှင့် အဆောင်မှူးများက အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သည်။
လင်းယွမ်၏ အဆင့်တက်ခြင်းက အလွန်ကြီးကျယ်လှပြီး မဟာဇင်ဘုရားကျောင်းမှ ဘုန်းကြီးများမပြောနှင့် တောင်ပင်လယ်ဓားသူတော်စင်ပင် တုန်လှုပ်ခဲ့ရလေသည်။
" ဗုဒ္ဓသားတော်..."
" ဗုဒ္ဓသားတော်ကို အရိုအသေပေးပါတယ်။ " လင်းယွမ်ထွက်လာသည်နှင့် အားလုံးက အရိုအသေပေးလိုက်ကြသည်။
" အင်း " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
" ဗုဒ္ဓသားတော်ရဲ့ ခွန်အားက မဟာဆရာသခင်အဆင့်ထက်ကို ကျော်လွန်သွားပြီလား။ " ကျောင်းထိုင်ဆရာတော် ဟွေ့ဝမ်က တုန့်ဆိုင်းစွာဖြင့် မေးလိုက်သည်။
သူက ယခင်က ခန့်မှန်းထားသော်လည်း မသေချာခဲ့ပေ။ အဆုံးတွင် မဟာဆရာသခင်အဆင့်က ရှေးခေတ်ကတည်းက သိုင်းပညာရှင်များ၏ အထွတ်အထိပ်ဖြစ်လေသည်။ မဟာဆရာသခင်အဆင့်ကို ချိုးဖျက်ရန် အလွန်ခက်ခဲလေသည်။
သို့သော် ယခု လင်းယွမ်က လွယ်ကူစွာဖြင့် အဆင့်တက်သွားပုံရလေသည်။ လင်းယွမ်၏ အော်ရာက မဟာဆရာသခင်အဆင့် ဆယ်ယောက် သို့မဟုတ် အယောက်တစ်ရာပင် မယှဉ်နိုင်ပေ။
ကျောင်းထိုင်ဆရာတော် သိရသည့်အကြောင်းရင်းမှ မျက်ခုံးမွေးရှည်ဆရာတော်က လွန်ခဲ့သော တစ်နှစ်က မဟာဆရာသခင်အဆင့်သို့ တက်လှမ်းသွားခဲ့သည်။
" အနည်းနဲ့ အများပေါ့..." လင်းယွမ်၏ အကြည့်များက တည်ငြိမ်နေသည်။
" မဟာဆရာသခင်အဆင့်ထက် ကျော်လွန်တာလား။ "
လင်းယွမ်၏ အတည်ပြုချက်ကို ကြားလိုက်ရသောအခါ သူတို့၏ စိတ်များက ပြင်းထန်စွာ လှုပ်ရှားသွားကြသည်။ မဟာဆရာသခင်အဆင့်ဖြစ်သော မျက်ခုံးမွေးရှည်ဆရာတော်က ပို၍ပင် စိတ်ရှုပ်ထွေးနေသည်။ သူက ဆယ်စုနှစ်အတွင်း လင်းယွမ်၏ တိုးတက်မှုများကို မြင်တွေ့ခဲ့ရပြီး သူက ဆရာအဖြစ်ပင် အသိအမှတ်ပြုခဲ့လေသည်။
" မဟာဆရာသခင်အဆင့်အထက်မှာ ဘာရှိလဲ။ " ကျောင်းထိုင်ဆရာတော် ဟွေ့ဝမ်က မေးလိုက်သည်။
၎င်းကို ကြားသောအခါ အားလုံးက လင်းယွမ်ကို သိချင်စိတ်ဖြင့် စိုက်ကြည့်လိုက်ကြသည်။ သူတို့က မဟာဆရာသခင်အဆင့်ကို ရောက်ရန် မဖြစ်နိုင်သော်လည်း အနည်းဆုံးတော့ နားထောင်ကြည့်ချင်သေးသည်။
" မဟာဆရာသခင်အဆင့်ရဲ့ အထက်မှာ စိတ်ဝိညာဉ်စွမ်းအားကို ယွမ်းစွမ်းအားအဖြစ် ပြောင်းလဲတဲ့ ဒဏ္ဍာရီအဆင့်ရှိတယ်။ "
လင်းယွမ်က ခနရပ်ပြီး ဆက်ပြောလိုက်သည်။ " ဒဏ္ဍာရီအဆင့်ရဲ့ အထက်မှာ ကျုပ် နာမည်တော့ မစဉ်းစားရသေးဘူး။ ခွန်အား၊ သွေးနဲ့ စိတ်ဝိညာဉ်ကို ပေါင်းစပ်ပြီး ကောင်းကင်နဲ့မြေကြီးရဲ့ ချီကို အာရုံခံတာပဲ။ "
" ဟမ် "
"ဒဏ္ဍာရီအဆင့်ရဲ့ အထက်..."
ကျောင်းထိုင်ဆရာတော် ဟွေ့ဝမ်နှင့် အခြားသူများက အလွန်တုန်လှုပ်သွားကြသည်။ လင်းယွမ်က ဒဏ္ဍာရီအဆင့်အကြောင်းပြောသောအခါ သူတို့က အံ့အားသင့်နေကြသည်။
သို့သော် ဗုဒ္ဓသားတော်က ဒဏ္ဍာရီအဆင့်၏ အထက်အဆင့်ကို မရောက်လျှင် ထိုအဆင့်အကြောင်းကို ဘယ်လိုလုပ်သိနိုင်မှာလဲ။
ထို့နောက် လင်းယွမ်က အချက်အလက်အချို့ကို စိတ်ရှည်စွာ ရှင်းပြလိုက်သည်။ လင်းယွမ်က အသေးစိတ် ပြောပြခြင်းမဟုတ်သော်လည်း သူတို့၏ အဆင့်က မလုံလောက်သောကြောင့် စကားလုံးများက အသုံးမဝင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့၏ ကျင့်ကြံခြင်းကိုပင် ထိခိုက်စေနိုင်လေသည်။
" ကန့်သတ်ချက်က ရောက်လောက်ပြီ။ " လင်းယွမ်က အချိန်အတော်ကြာ တွေးတောနေပြီးနောက် ကောင်းကင်နှင့်မြေကြီးကြားမှ ဖိနှိပ်မှုကို ခံစားလိုက်ရသည်။ သူ၏ အဆင့်က ဤကမ္ဘာ၏ ကန့်သတ်ချက်သို့ ရောက်သွားပြီဖြစ်ပြီး ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့်ပင် အဆင့်တက်ရန်မဖြစ်နိုင်ပေ။
" ဒါလည်း ဖြစ်နိုင်တယ်။ "
သိုင်းကျမ်းအဆောင်တွင် လင်းယွမ်က သူ၏ ရှေ့တွင် စုပုံထားသော စာအုပ်များစွာကို ကြည့်လိုက်သည်။ သူတို့က ဟောက်ထျန်းအဆင့်မှ ဒဏ္ဍာအဆင့်ထက်ကျော်လွန်သော အဆင့်ထိ အသေးစိတ်အချက်အလက်များကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။
သိုင်းတာအိုက ပိုမိုနက်ရှိုင်းလာသည်နှင့် သာမန်လူများ နားလည်ရန် ပိုမိုခက်ခဲလာသည်။ ထို့ကြောင့် လင်းယွမ်က ဆရာတော်များနှင့် အသေးစိတ်ဆွေးနွေးရန် တွန့်ဆုတ်နေခဲ့သည်။
သို့သော် အနာဂတ်တွင် မဟာဇင်ဘုရားကျောင်းက လူတစ်ထောင်တွင် တစ်ယောက်သာ ရှိနိုင်သော ပါရမီရှင်မျိုးကို မွေးထုတ်ပေးနိုင်လေသည်။
ဒဏ္ဍာရီအဆင့်ကို ချိုးဖျက်ပြီးနောက် လင်းယွမ်က ကျင့်ကြံခြင်းကို ရပ်တန့်ခဲ့ပြီး သူဟာသူ စိတ်ပျော်သလို နေထိုင်ခဲ့လေသည်။ ထိုကဲ့သို့ဆိုလျှင်တောင် သူက ကမ္ဘာကြီး၏ ဖိအားကို ပို၍ ခံစားလာရသည်။
လအနည်းငယ်ကြာပြီးနောက် လင်းယွမ်က ရုတ်တရက် သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။
အကြောင်းမှာ သူ၏ စိတ်ထဲမှ အနန္တနယ်မြေများ၏ ဂိတ်တံခါးက အလင်းရောင်များ တောက်ပလာသောကြောင့်ဖြစ်၏။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း