ပြန်ရောက်လာခြင်း....
Vol. 1 Ch. 16
အနည်းငယ် မူးဝေသွားပြီးနောက် လင်းယွမ်က သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။ အိပ်ယာ၊ စာအုပ်စင်၊ ဓာတ်ပုံများ။ သူ၏ အကြည့်က အခန်းအတွင်း လှည့်ပတ်သွားပြီးနောက် သက်ပြင်းချလိုက်သည်။
" ငါပြန်ရောက်လာပြီလား။ "
ရင်းနှီးသော ပတ်ဝန်းကျင်နှင့် လင်းယွမ်က နောက်တစ်ဘဝသို့ ကူးပြောင်းသွားသလို ခံစားလိုက်ရသည်။ လွန်ခဲ့သော ခနက သူက နှစ်နှစ်ဆယ်ကုန်ဆုံးခဲ့သော သိုင်းကမ္ဘာတွင် ရှိနေခဲ့သည်။ ယခု သူက ကြယ်ပင်လယ်မှ စကြာဝဠာလူသားမျိုးနွယ်မဟာမိတ်သို့ ပြန်ရောက်လာခဲ့သည်။
"ဟုတ်တယ်... အချိန်ဘယ်လောက်ကြာသွားလဲ ကြည့်ရအောင်။ " လင်းယွမ်က ချက်ချင်း အချိန်ကို ကြည့်လိုက်သည်။
လက်ရှိအခြေအနေအရ အချိန်သိပ်မကြာသည်ကို လင်းယွမ်က ခန့်မှန်းမိလေသည်။ မဟုတ်လျှင် သူ၏ အသိက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာပြီး အခြားကမ္ဘာသို့ ဆင်းသက်သွားချိန်တွင် သူ၏ မိဘများက သူ့ကို ဆေးရုံသို့ ပို့လိုက်ပေလိမ့်မည်။
" ဆယ်မိနစ်ပဲ ကြာတာလား..." လက်ရှိအချိန်ကို စစ်ဆေးပြီးနောက် လင်းယွမ်က မှင်သက်သွား၏။
သူက သိုင်းကမ္ဘာတွင် ကုန်ဆုံးခဲ့သော နှစ်နှစ်ဆယ်က အဓိကကမ္ဘာတွင် ဆယ်မိနစ်သာ ကြာခဲ့လေသည်။
" ဒါက ဒီကမ္ဘာနှစ်ခုကြားက အချိန်ကွာခြားမှုလား။ "
သူက အခြားကမ္ဘာသို့ မသွားမီ ဂိတ်တံခါးက လက်ရှိကမ္ဘာနှင့် အခြားကမ္ဘာကြားမှ အချိန်စီးဆင်းမှု မတူညီသည်ကို သတိပေးခဲ့လေသည်။ သို့သော် အချိန်စီးဆင်းမှု ဤမျှအထိ ကွာခြားလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
နှစ်နှစ်ဆယ်က ဆယ်မိနစ်။ ရှေးခေတ်အချိန်များတွင် အင်မော်တယ်ဘုံမှ တစ်ရက်က လူဘုံတွင် တစ်ရက်ဟု ပြောပြလေသည်။
အဆင့်မြင့်ကမ္ဘာများ၏ အချိန်စီးဆင်းမှုက အဆင့်နိမ့်ကမ္ဘာများထက် ပိုမို နှေးကွေးလေသည်။ အဓိကကမ္ဘာနှင့် ယှဉ်လျှင် သိုင်းကမ္ဘာက အဆင့်နိမ့်ကမ္ဘာတစ်ခု ဖြစ်လေသည်။ အချိန်စီးဆင်းမှု ကွာခြားချက်က အင်မော်တယ်ဘုံနှင့် လူဘုံထက်ပင် ကြီးမားနေသည်။
ခနစဉ်းစားပြီးနောက် လင်းယွမ်၏ အသိက သူ၏ စိတ်ထဲမှ ဂိတ်တံခါးဆီသို့ ရောက်သွားခဲ့သည်။ သေချာလေ့လာကြည့်သောအခါ ဂိတ်တံခါးမှ အလင်းရောင်က မှေးမှိန်သွားပြီး အနားသတ်များက တဖြည်းဖြည်း ပြန်လင်းလာသည်ကို တွေ့လိုက်ရသည်။ တံခါးတစ်ခုလုံး ပြန်လည်လင်းလက်လာလျှင် လင်းယွမ်က ဒုတိယမြောက်ခရီးကို စတင်နိုင်ပေလိမ့်မည်။
လင်းယွမ်က သူ၏ အသိကို ဂိတ်တံခါးအပေါ်သို့ အာရုံစိုက်လိုက်သောအခါ အချက်အလက်များက သူ၏ စိတ်ထဲသို့ စီးဆင်းလာသည်။
" ဟမ် " လင်းယွမ်က သူ၏ မျက်လုံးများကို ပွတ်သပ်လိုက်သည်။
ပထမဆုံးခရီးသွားပြီးနောက် ဂိတ်တံခါး၏ ပိုများသော စွမ်းရည်များက သူ၏ စိတ်ထဲတွင် ပေါ်လာသည်။
ပထမအချက်မှာ အခြားကမ္ဘာသို့ ဝင်ရောက်သည့်ပုံစံဖြစ်လေသည်။ အသိနှင့်ဆင်းသက်ခြင်းအပြင် သူက ခန္ဓာကိုယ်နှင့်လည်း အနန္တနယ်မြေများ၏ ဂိတ်တံခါးကို ဖြတ်သန်းနိုင်လေသည်။ သို့သော် ထိုနည်းလမ်းက ဂိတ်းတံခါး၏ စွမ်းအားကို ပိုကုန်စေလေသည်။ ၎င်းက စွမ်းအားပြည်လည်ပြည့်ဝလာရန် နှစ်အနည်းငယ် အချိန်ယူရပေလိမ့်မည်။
လင်းယွမ်၏ အသိစိတ်ဆင်းသက်ခြင်းက အချိန် ရှစ်လမှ တစ်နှစ်လောက်သာ ကြာလေသည်။
" ခန္ဓာကိုယ်နဲ့ ဝင်ရောက်တယ်..." လင်းယွမ်က ခန္ဓာကိုယ်နှင့် ဝင်ရောက်ခြင်းကို သိမ်သဘောမကျပေ။
ခန္ဓာကိုယ်နှင့် ဝင်ရောက်ခြင်းက ကောင်းသောအချက်များရှိသော်လည်း အားနည်းချက်မှာ သေခြင်းက အမှန်တကယ် သေဆုံးခြင်း ဖြစ်လေသည်။
အသိနှင့် ဆင်းသက်ခြင်းက သေဆုံးခဲ့လျှင်တောင် အသိက မူလခန္ဓာကိုယ်သို့ ပြန်လည်ဝင်ရောက်သွားရုံသာ ရှိလေသည်။ နောက်တစ်ကြိမ် ပြန်လည်ကြိုးစားနိုင်လေသည်။
လင်းယွမ်က ခန္ဓာကိုယ်ဆင်းသက်ခြင်းကို လုံဝငြင်းပယ်ခြင်းတော့ မဟုတ်ပေ။ ၎င်းးက အနည်းဆုံး သူ၏ အသက်ကို ကယ်တင်နိုင်သော နည်းလမ်းတစ်မျိုးဖြစ်လေသည်။ ဥပမာ သူက မူလကမ္ဘာတွင် အသက်အန္တရာယ်ရှိသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရလျှင် ခန္ဓာကိုယ်ဆင်းသက်ခြင်းဖြင့် အခြားကမ္ဘာသို့ ဝင်ရောက်သွားနိုင်လေသည်။ ထို့နောက် အခြေအနေများ တည်ငြိမ်သွားလျှင် သူက မူလကမ္ဘာသို့ ပြန်လာနိုင်လေသည်။
ခန္ဓာကိုယ်ဆင်းသပ်ခြင်းအပြင် အနန္တနယ်မြေများ၏ ဂိတ်တံခါးမှ အချက်အလက်များအရ သူက အခြားကမ္ဘာမှ အရာဝတ္ထုများကို ယူဆောင်လာနိုင်ကြောင်း ပြောထားခဲ့သည်။ လင်းယွမ်က ထိုအချက်ကို မအံ့ဩပေ။ လူပင် ဖြတ်သန်းနိုင်သည့်အတွက် အရာဝတ္ထုများကို ယူဆောင်လာရန် ပြဿနာမရှိပေ။
" အတွင်းအားချီ..."
ဂိတ်တံခါးမှ အချက်အလက်များ ပေးပို့ပြီးနောက် လင်းယွမ်က သူ၏ ဒန်တန်ထဲတွင် အတွင်းအားချီမျှင်တစ်ခု စုစည်းနေသည်ကို ခံစားလိုက်ရသည်။
သိုင်းကမ္ဘာတွင် လင်းယွမ်က လောဟန်ဗုဒ္ဓလက်သီးသိုင်းကို နားလညမခဲ့ပြီး ကလေးခန္ဓာကိုယ်ဖြင့် အတွင်းအားချီကို စုစည်းနိုင်ခဲ့သည်။ ထို့အပြင် သူက ဒဏ္ဍာရီအဆင့်ကို ကျော်လွန်သွားခဲ့သည်။ လင်းယွမ်က ထိုအဆင့်ကို အနှောင်အဖွဲ့ကင်းလွတ်ခြင်းအဆင့်ဟု အမည်ပေးထားလေသည်။
ဆရာသခင်၊ မဟာဆရာသခင်နှင့် ဒဏ္ဍာရီအဆင့်များက စွမ်းအားများစွာ လိုအပ်ပြီး တစ်ညတည်းနှင့် အောင်မြင်ရန် မဖြစ်နိုင်ပေ။
" အခု ငါက ဆင့်ကဲပြောင်းလဲသူတစ်ယောက်လို့ ပြောလို့ရနိုင်လား။ " လင်းယွမ်က အတွင်းအားချီကို သူ၏ ခန္ဓာကိုယ်ထဲတွင် ဖြန့်ကျက်ပြီး တိတ်ဆိတ်စွာ တွေးလိုက်သည်။
စကြာဝဠာလူသားမဟာမိတ်တွင် ဆင့်ကဲပြောင်းလဲသူများက သာမန်လူများ မရှိနိုင်သော စွမ်းအားများကို ပိုင်ဆိုင်ကြလေသည်။ စွမ်းအားများက ယေဘုယျအားဖြင့် စိတ်သခင်များ၏ စိတ်စွမ်းအား၊ မှော်ဆရာများ၏ မှော်စွမ်းအား အားလုံးက ၎င်း၏ နယ်ပယ်အတွင်းတွင် ရှိလေသည်။
လင်းယွမ်၏ အတွင်းအားချီက ပြင်းထန်ခြင်းမရှိသေးသော်လည်း သာမန်လူများ မပိုင်ဆိုင်နိုင်သော စွမ်းအားဖြစ်လေသည်။
" ဒေါက် ဒေါက်..." ရုတ်တရက် တံခါးခေါက်သံ ထွက်ပေါ်လာသည်။
" အကိုကြီး ငါပါ။ "
မိန်းကလေးတစ်ယောက်၏ အသံကို ကြားလိုက်ရပြီး လင်းယွမ်က သူ၏ ခြောက်နှစ်အရွယ်ညီမလေး ဖြစ်မှန်း သိလိုက်သည်။
စစ်မှုထမ်းရန် အမိန့်စာကျလာသည်နှင့် သူ၏ မိဘများသာ ကောင်းကျိုးများ ရရှိခြင်းမသုတ်ဘဲ သူ၏ ညီမလေးကလည်း မူလတန်းမတက်ခင်ကတည်းက အဆင့်မြင့်ကျောင်းတစ်ခုတွင် နေရာရထားပြီးဖြစ်သည်။ ထိုအကျိုးအမြတ်များက လူများအတွက် မနာလိုဖြစ်ရလေသည်။
လင်းယွမ်က ထပြီး တံခါးဖွင့်လိုက်သည်။
" အကိုကြီး ကိတ်မုန့်စားမလား။ " သူ၏ ညီမက ကိတ်မုန့်ကို လက်ထဲတွင် ကိုင်ထားပြီး ဝမ်းနည်းနေသော အမူအရာနှင့် ပြောလိုက်သည်။
လင်းယွမ်ကို ကိတ်မုန့်လာပေးခြင်းက သူမ၏ ကိုယ်ပိုင်အကြံမဟုတ်သည်မှာ ထင်ရှားလေသည်။ သူက ဧည့်ခန်းထဲသို့ လှမ်းကြည့်လိုက်သောအခါ သူ၏ မိဘများက အခြားအလုပ်များ လုပ်နေကြသော်လည်း သူတို့ရှိရာဘက်သို့ လျို့ဝှက်စွာ အကဲခတ်နေကြသည်ကို သတိပြုမိလေသည်။
စစ်မှုမထမ်းမနေရကိစ္စမှာ မိသားစု၏ ကောင်းကျိုးများရရှိရန်အတွက် လင်းယွမ်နှင့် လဲလှယ်လိုက်ရသလိုပင် ဖြစ်နေသည်။ သို့သော် လင်းယွမ်က သူတို့သားဖြစ်ပြီး နက်ရှိုင်းသော ခံစားချက်များ ရှိကြသော်လည်း ထိုဟာက လူသားမဟာမိတ် အစိုးရ၏ ဆုံးဖြတ်ချက်ဖြစ်သောကြောင့် အခြေအနေကို မပြောင်းလဲနိုင်ပေ။
သူ၏ မိဘများက လင်းယွမ်ကို နှစ်သိမ့်ချင်ကြသော်လည်း သူစိတ်ဆိုးသွားမည်ကို စိုးရိမ်နေကြလေသည်။ ထို့ကြောင့် သူ၏ ညီမလေးကို ကိတ်မုန့်နှင့်အတူ လွှတ်လိုက်ကြခြင်း ဖြစ်သည်။
" အင်း မဆိုးပါဘူး။ " လင်းယွမ်က သူ၏ ညီမလေး လက်ထဲမှ ကိတ်မုန့်ကို ယူလိုက်ပြီး သူမ၏ မျှော်လင်းချက် မျက်လုံးများအောက်တွင် တစ်ကိုက်စားလိုက်သည်။
အတွင်းအားချီကို ပေါင်းစပ်ပြီးနောက် လင်းယွမ်က အတော်လေး ဆာလောင်နေခဲ့ပြီး ကိတ်မုန့်လေးတစ်ကိုက်က သူ့အတွက် ဗိုက်မပြည့်နိုင်သော်လည်း ထူးထူးခြားခြား ချိုမြိန်နေသည်ဟု ပြောရပေလိမ့်မည်။
" အကိုကြိး အရသာရှိလား။ " သူ၏ ညီမလေးက မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ကြည့်နေသည်။
" ဒါက အရမ်းအရသာရှိတယ်။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
သူ၏ ညီမလေးက ပျော်ရွှင်စွာဖြင့် ဧည့်ခန်းထဲသို့ ပြန်ပြေးသွားသည်။
လင်းယွမ်က အခန်းတံခါးကို ပိတ်လိုက်ပြီး စဉ်းစားလိုက်သည်။ ယခု သူက ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လာသောကြောင့် အကျိုးအမြတ်များ ရရှိနိုင်သည်ကို သူ၏ မိဘများအား ပြောပြသင့်ပေသည်။ ဆင့်ကဲပြောင်းလဲသူလက်မှတ်ကို ရယူခြင်းက အနည်းငယ် ခက်ခဲပုံရလေသည်။
သို့သော် သူက တရားဝင်အထောက်အထားများဖြင့် စစ်မှုထပ်ခြင်းမှ ကင်းလွတ်ခွင့်ကို လျှောက်ထားနိုင်မည်ဖြစ်သည်။
လင်းယွမ်က နောက်တစ်နေ့တွင် ဆင်ကဲပြောင်းလဲသူများအသင်းသို့ သွားပြီး ဆင်ကဲ့ပြောင်းလဲသူလက်မှတ်ကို ရယူပြီးမှ သူ၏ မိဘများကို ပြောပြရန် စီစဉ်ထားသည်။
မဟုတ်လျှင် သူက သူ၏ မိဘများကို ပြောပြလျှင်တောင် သူ၏ မိဘများက ယုံကြည်မည်မဟုတ်ပေ။ သူတို့၏ သားက ရုတ်တရက် ဘယ်လိုလုပ် ဆင့်ကဲပြောင်းလဲသူဖြစ်လာနိုင်မှာလဲ။
မည်သို့ပင်ဖြစ်စေ စစ်မှုထမ်းရမည့်အချိန်က လဝက်လိုသေးသည်။
စကြာဝဠာလူသားမဟာမိတ်၏ ဥပဒေများအရ စစ်သင်္ဘောပေါ် မတက်သရွေ့ ဆင့်ကဲပြောင်းလဲသူအဖြစ် စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရနိုင်လေသည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း