သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်....
Vol. 1 Ch. 17
" အရေးကြီးဆုံးကိစ္စက ငါ့ရဲ့ စွမ်းအားတွေ ပြန်ရလာဖို့ပဲ။ " လင်းယွမ်က အိပ်ယာပေါ်တွင် ထိုင်ပြီး စဉ်းစားနေသည်။
လင်းယွမ်၏ နားလည်မှုနှင့် လုံလောက်သော စွမ်းအားများရှိပါက အထွတ်အထိပ်သို့ အချိန်တိုအတွင်း ပြန်ရောက်နိုင်ပေလိမ့်မည်။
စကြာဝဠာလူသားမဟာမိတ်က ကြီးမားသော ကြယ်နယ်မြေကို အုပ်ချုပ်ထားပြီး စွမ်းအားဖြည့်အစားအစာများနှင့် ဆေးများ ပေါများလေသည်။ သို့သော် လိုအပ်ချက်က ပိုက်ဆံအလုံအလောက်ရှိရန် လိုအပ်လေသည်။
လင်းယွမ်က ကျောင်းသားတစ်ယောက်သာဖြစ်သောကြောင့် ငွေအများကြီး မရှိပေ။ သူ၏ မိဘများက စုဆောင်းထားသော်လည်း လိုအပ်သော အရင်းအမြစ်များအတွက် လုံလောက်ခြင်းမရှိပေ။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်..."
လင်းယွမ်က ဆင့်ကဲပြောင်းလဲခြင်းလမ်စဉ်အသစ်ကို ဖော်ဆောင်ပြီး လူသားမျိုးနွယ်ကို ပေးအပ်လိုက်ပါက များပြားသော ဆုလာဒ်များ ရရှိနိုင်လေသည်။
သူက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အချို့ကို ဖော်ဆောင်ခဲ့သော ဆင့်ကဲပြောင်းလဲခြင်း ပညာရှင်များကို အင်တာနက်ပေါ်တွင် မြင်တွေ့ဖူးခဲ့သည်။
သို့သော်လည်း လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို မတင်မီ လင်းယွမ်က ပြင်ဆင်မှုအချို့ ပြုလုပ်ရန် လိုအပ်လေသည်။
သိုင်းကမ္ဘာမှ လူများနှင့် မူလကမ္ဘာမှ လူများကြား ခန္ဓာကိုယ်တည်ဆောက်ပုံချင်း မတူညီပေ။ ရလဒ်အနေဖြင့် သိုင်းကမ္ဘာမှ လေ့ကျင့်မှုများကို မူလကမ္ဘာမှ နိုင်ငံသားများ ကျင့်ကြံနိုင်လိမ့်မည်ဟု အာမမခံနိုင်ပေ။
၎င်းက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ တန်ဖိုးကို သိသိသာသာ လျော့ကျစေသည်။ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု၏ တန်ဖိုးက ၎င်း၏ ပျံ့နှံ့မှုအပေါ်တွင် မူတည်လေသည်။ သို့သော် ထိုပြဿနာများက လင်းယွမ်အတွက် အသေးအဖွဲ့သာ ဖြစ်လေသည်။
ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လင်းယွမ်က မူလကမ္ဘာမှ လူသားမျိုးနွယ်များနှင့် သင့်တော်သော သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြုပြင်နိုင်ခဲ့သည်။
[ ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် သင်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အဆင့်မြှင့်နိုင်ခဲ့ပါတယ်။ ]
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အစမှ စတင်ခြင်းထက် သိုင်းကမ္ဘာမှ လေ့ကျင့်မှုများကို ပြုပြင်ခြင်းက ပို၍ လွယ်ကူလေသည်။
နှစ်နာရီကြာပြီးသောအခါ လင်းယွမ်က ရှန်ထျန်းအဆင့်နှင့် မဟာဆရာသခင်အဆင့်အတွက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ခဲ့သည်။
သိုင်းကမ္ဘာမှ အနှစ်နှစ်ဆယ်အတွင်း သူနားလည်ထားသမျှ အားလုံးကို ပေါင်းစပ်ပြီး ပြီးပြည့်စုံသော ကျင့်ကြံခြင်းစနစ်တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။
" သိုင်းနိယာမ..." လင်းယွမ်က ၎င်းကို သိုင်းနိယာမဟု အမည်ပေးခဲ့လေသည်။
အရာအားလုံးပြီးမြောက်သွားသောအခါ လင်းယွမ်က ဉာဏ်ပညာနတ်ဘုရားနှင့် ဆက်သွယ်ခဲ့သည်။ စကြာဝဠာလူသားမျိုးနွယ်၏ အသိဉာဏ်သုံးခုထဲမှ တစ်ခုဖြစ်သော ဉာဏ်ပညာနတ်ဘုရားက ဘက်လိုက်ခြင်းမရှိဘဲ မျှတလေသည်။
ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဉာဏ်ပညာနတ်ဘုရားအား တိုက်ရိုက်ပေးပို့ခြင်းက အခြားသူများ ကြားဖြတ်ပြီး အကျိုးအမြတ်ယူသွားမည်ကို စိတ်ပူစရာမလိုတော့ပေ။ ဉာဏ်ပညာနတ်ဘုရားကိုယ်တိုင်က ၎င်း၏ တန်ဖိုးကို ဆုံးဖြတ်ပေးပေလိမ့်မည်။
ခနကြာသောအခါ လင်းယွမ်၏ နားထဲတွင် အသံတစ်သံထွက်ပေါ်လာသည်။
" နိုင်ငံသားအဆင့်တစ် လင်းယွမ် သင့်ရဲ့တောင်းဆိုမှုကို ပြောပါ။ သင်က ယခုလမှာ ဉာဏ်ပညာနတ်ဘုရားနဲ့ နှစ်ကြိမ်ဆက်သွယ်ခဲ့တာကို သတိရပါ။ သင့်မှာ အခွင့်အရေးရှစ်ကြိမ် ကျန်သေးတဲ့အတွက် အကျိုးရှိရှိ အသုံးချပါ။ "
" ကျုပ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အသစ်တစ်ခုကို တင်ပြချင်တယ်။ " လင်းယွမ်က တိုက်ရိုက်ပြောလိုက်သည်။
" ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အသစ်ကို ပေးပို့မယ်။ " အသံက အနည်းငယ်မှ ပြောင်းလဲခြင်းမရှိပေ။
အမှန်တော့ လင်းယွမ်တစ်ယောက်တည်းမဟုတ်ဘဲ နိုင်ငံသားများစွာက သူတို့၏ စိတ်ထဲတွင် ရှိနေသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ပေးပို့ကြလေသည်။ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က တည်ငြိမ်ပြီး အပြုသဘောဆောင်ရမည်ဖြစ်သည်။ နိုင်ငံသားများ ပေးပို့သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက အလွန်တစ်ဖက်သတ်ဆန်ပြီး ဘေးထွက်ဆိုးကျိုးများ ရှိနေလေသည်။ ၎င်းက ဉာဏ်ပညာနတ်ဘုရား၏ အချိန်ကို ဖြုန်းတီးခြင်းသာ ဖြစ်၏။
သို့သော် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က စွမ်းအားကြီးသူများ ထွက်ပေါ်လာနိုင်သောကြောင့် စကြာဝဠာလူသားမဟာမိတ်အတွက် အလွန်အရေးပါလေသည်။ ထို့ကြောင့် နတ်ဘုရားသုံးပါးက များပြားသော အကျိုးအမြတ်များနှင့် ကမ်းလှမ်းထားခြင်း ဖြစ်သည်။
" ဒါပဲ။ " လင်းယွမ်က သိုင်းနိယာမ၏ ရှန်ထျန်းနှင့် ဆရာသခင်အဆင့် နည်းစနစ်များကို တင်ပြလိုက်သည်။
" ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လက်ခံနေပါပြီ...."
" အကြိုအကဲဖြတ်ခြင်း စတင်ပါပြီ..."
ရှန်ထျန်းနှင့် ဆရာသခင်အဆင့် နည်းစနစ်များက ကြီးမားသော တွက်ချက်မှုစွမ်းအားအောက်တွင် စတင်တွက်ချက်ခြင်း ခံရလေသည်။
" အကြိုအကဲဖြတ်ခြင်း ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က စစ်မှန်ပါတယ်...ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ပထမဆုံးအကြိမ် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်.... "
ခနကြာသောအခါ လင်းယွမ်က မဟာဆရာသခင်အဆင့်နှင့် ဒဏ္ဍာရီအဆင့်များအတွက် နည်းစနစ်များကို စဉ်းစားနေစဉ် ဉာဏ်ပညာနတ်ဘုရား၏ အသံက သူ၏ နားထဲတွင် ထွက်ပေါ်လာသည်။ သို့သော် ယခုအသံက ယခင်အသံနှင့်မတူဘဲ အေးစက်နေပြီး ခံစားချက်အရိပ်အယောင်အချို့ပင် ပါဝင်လာသည်။
" လေးစားရပါသော အဆင့်တစ်နိုင်ငံသား လင်းယွမ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ပိုမိုလေးနက်သော အကဲဖြတ်ခြင်းကို ခံနေရပါတယ်။ ကျေးဇူးပြုပြီး ခနစောင့်ပါ။ "
" ဟမ် " လင်းယွမ်က အနည်းငယ် ထိတ်လန့်သွား၏။ ဉာဏ်ပညာနတ်ဘုရား၏ ပြောင်းလဲမှုများကို သူ သေချာသတိပြုမိလေသည်။
" အခု ငါ့ကို ဆက်သွယ်လိုက်တာ ဉာဏ်ပညာနတ်ဘုရားရဲ့ မူလအသိတွေထဲက တစ်ခုလား။ " လင်းယွမ်က တိတ်ဆိတ်သွား၏။
စကြာဝဠာလူသားမဟာမိတ်က ကြီးမားသော ကြယ်နယ်မြေများကို အုပ်ချုပ်ပြီး ၎င်း၏ နိုင်ငံသားအရေအတွက်မှာ တွက်ချက်၍ မရနိုင်ပေ။ ထို့ကြောင့် နိုင်ငံသားတစ်ယောက်ကို ပေးအပ်သော ဉာဏ်ပညာနတ်ဘုရား၏ အသိက သေးငယ်သော အသိစိတ်လေးတစ်ခုသာ ဖြစ်၏။
သာမန်အသိဉာဏ်ရှိသော စနစ်များနှင့် ကွာခြားခြင်းမရှိပေ။ တစ်ခုတည်းသော ခြားနားချက်မှာ ဉာဏ်ပညာနတ်ဘုရား၏ မူလစိတ်အသိက အရေးကြီးသော ဆုံးဖြတ်ချက်များ ချသောအခါ ထွက်ပေါ်လာမည်ဟု ဆိုကြသော်လည်း လင်းယွမ်က ၎င်းကို တစ်ခါမှ မကြုံဖူးခဲ့ပေ။
ထိုအချိန်တွင် ကန်လန်ကြယ်နှင့် အလင်းနှစ်မရေတွက်နိုင်အောင် ကွာဝေးသော ဆန်းကျယ်သည့် နေရာလွတ်တစ်ခုတွင် ကြီးမားသော အလင်းမျက်နှာပြင်ကြီးတစ်ခုက သိုင်းနိယာမ၏ တန်ဖိုးကို အကဲဖြတ်နေသည်။
" လေးနက်သော အကဲဖြတ်ခြင်း ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ပြည့်စုံခြင်းနှင့် တည်ငြိမ်ခြင်း စံနှုန်းများနဲ့ ကိုက်ညီပါတယ်။ "
" လေးနက်သော အကဲဖြတ်ခြင်း ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ ဖြစ်နိုင်ချေအကန့်အသတ်က အဆင့်သုံး ရောက်သွားပါပြီ။ "
" လေးနက်သော အကဲဖြတ်ခြင်း ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က လက်ရှိဒေတာဘေ့စ်ထဲတွင် တူညီသော လမ်းစဉ်မရှိပါ။ "
" လေးနက်သော အကဲဖြတ်ခြင်း ဤအချက်က မဟာမိတ်အဖွဲ့၏ ဥပဒေစာတမ်း အပိုဒ်သုံးနှင့် ကိုက်ညီပါတယ်။ အရေးပေါ်အစီအစဉ်ကို ချက်ချင်း စတင်ပြီး ခွင့်ပြုချက်တောင်းခံရန် အဆင်သင့်ဖြစ်နေပါပြီ။ "
" ကန်လန်ကြယ်အနီးနားရှိ ကြယ်နယ်မြေအတွင်း အမြင့်ဆုံး အာဏာပိုင်ကို ရှာဖွေနေပါပြီ။ အုပ်ချုပ်သူ စုန်ဝူယန်ကို ရှာတွေ့ပါပြီ။ "
" အုပ်ချုပ်သူ စုန်ဝူယန်ကို ဆက်သွယ်နေပါပြီ။ "
ကန်လန်ကြယ်၏ အမြင့်ဆုံးနေရာတွင် စုန်ဝူယန်က ပျင်းရိစွာဖြင့် အညောင်းဆန့်လိုက်ပြီး သူ၏ တစ်နေ့တာအလုပ်များကို အဆုံးသတ်ရန် အဆင်သင့်ဖြစ်နေသည်။
ကန်လန်ကြယ်၏ အုပ်ချုပ်သူတစ်ယောက်အနေဖြင့် သူက တာဝန်များစွာ ရှိနေသည်။ ကန်လန်ကြယ်က အလယ်အလတ်အဆင့် အသက်ဂြိုလ်တစ်ခုဖြစ်ပြီး လူဦးရေ ၅၀ ဘီလီယံ နေထိုင်လေသည်။
" အနာယူဖို့အဆင်သင့်ဖြစ်ပြီ။ ဆက်သွယ်ရေးစက်အားလုံးကို ပိတ်လိုက်ပါ။ " စုန်ဝူယန်က သူ၏ လက်ထောက်ကို ညွှန်ကြားလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
၎င်းက စုန်ဝူယန်၏ အကျင့်တစ်ခုဖြစ်ပြီး အနားယူသည်နှင့် အလုပ်ကိစ္စများကို ပါဝင်ပက်သက်ခြင်းမရှိတော့ပေ။ သို့သော် စုန်ဝူယန်၏ အနားယူသော အချိန်က အလွန်တိုတောင်းလေသည်။ တစ်ရက်လျှင် နှစ်နာရီသာဖြစ်ပြီး ထိုနှစ်နာရီအတွင်း သူက မည်သည့်အလုပ်မှမလုပ်တော့ပေ။
စုန်ဝူယန်က အနားယူရန် ပြင်လိုက်ချိန်တွင် စနစ်၏ အသံက သူ၏ နားထဲတွင် ထွက်ပေါ်လာသည်။
" အုပ်ချုပ်သူ ဆက်သွယ်မှုတစ်ခု ရောက်လာပါတယ်။ "
" ငါ ဆက်သွယ်ရေးစက်အားလုံးကို ပိတ်ထားဖို့ ပြောထားတယ်မဟုတ်လား။ ငါအနားယူတဲ့အချိန်မှာ ငါ့ကို ဘယ်သူမှနှောက်ယှက်တာ မကြိုက်ဘူး။ " စုန်ဝူယန်က သူ၏ မျက်လုံးများကို ဖွင့်ပြီး မကျေမနပ်နှင့် ပြောလိုက်သည်။
" ဆက်သွယ်တဲ့သူက အနီးနား ကြယ်နယ်မြေမှာ အဆင့်မြင့်ဆုံး အာဏာရှိလို့ ငြင်းပယ်လို့မရပါဘူး.ယ "
" အနီးနားကြယ်နယ်မြေမှာ အဆင့်အမြင့်ဆုံးလား။ " စုန်ဝူယန်က မျက်ခုံးများ ပင့်သွား၏။ " အဲ့ဒါ ကြယ်သခင်တစ်ယောက်လား။ "
" မဟုတ်ဘူး။ အဲ့ဒါက ဉာဏ်ပညာနတ်ဘုရားပဲ။ "
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း