နိုင်ငံသား အဆင့်နှစ်....
Vol. 1 Ch. 18
" ဉာဏ်ပညာနတ်ဘုရားလား..." စုန်ဝူယန်၏ အမူအရာက ပြောင်းလဲသွား၏
နတ်ဘုရားသုံးပါးအနက်မှ ဉာဏ်ပညာနတ်ဘုရား၏ အခွင့်အာဏာက အနီးနားရှိ ကြယ်နယ်မြေများတွင် အမြင့်ဆုံးဖြစ်၏။ စကြာဝဠာလူသားမျိုးနွယ်တစ်ခုလုံးတွင် ဉာဏ်ပညာနတ်ဘုရားက အာဏာအမြင့်ဆုံးထဲမှ တစ်ယောက်ဖြစ်လေသည်။
" ဉာဏ်ပညာနတ်ဘုရားက ဒီအချိန်ကြီး ငါ့ကို ဘာလို့ဆက်သွယ်တာလဲ။ " စုန်ဝူယန်က တွေးလိုက်၏။
ဉာဏ်ပညာနတ်ဘုရား၏ လုပ်ဆောင်မှုတိုင်းက အသိဉာဏ်ကွန်ရက်၏ မရေတွက်နိုင်သော တွက်ချက်မှုများ၏ ရလဒ်ဖြစ်ပြီး ဘယ်တော့မှ အဓိပ္ပါယ်မရှိဘဲ မလုပ်ပေ။
" အဲ့ဒီအခြားမျိုးနွယ်တွေက စတင်လှုပ်ရှားလာပြီလား။ " စုန်ဝူယန်က မျက်မှောင်ကြုတ်သွား၏။
လွန်ခဲ့သော လအနည်းငယ်က မဟာမိတ်က အနီရှိကြယ်နယ်မြေတစ်ခုတွင် အခြားမျိုးနွယ်များ၏ အရိပ်အယောင်ကို ရှာတွေ့ခဲ့သည်။ ထို့ကြောင့် အခြားမျိုးနွယ်များကို လျင်မြန်စွာ ရှင်းလင်းရန် ရည်ရွယ်ချက်ဖြင့် စစ်မှုထမ်းခြင်းကို လျင်မြန်စွာ စတင်ခဲ့ခြင်း ဖြစ်သည်။
" ဆက်သွယ်လိုက်ပါ။ " စုန်ဝူယန်က ရှုပ်ထွေးသော အတွေးများနှင့် ဆက်သွယ်ရန် ရွေးချယ်ခဲ့သည်။
သူက ငြင်းဆိုခဲ့လျှင်တောင် ဉာဏ်ပညာနတ်ဘုရား၏ အခွင့်အာဏာနှင့် အတင်းအကျပ် ဆက်သွယ်နိုင်လေသည်။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ကြယ်သခင်အချို့က နိုင်ငံသားတိုင်း၏ ကိုယ်ရေးကိုယ်တာ လုံခြုံရေးအတွက် တိုက်ရိုက်ဆက်သွယ်ခြင်းကို ပယ်ဖျက်ရန် တောင်းဆိုခဲ့ကြသည်။ တိုက်ရိုက်ဆက်သွယ်ခြင်းကို ပယ်ဖျက်ခဲ့သော်လည်း ဆက်သွယ်ရန် ခွင့်မပြုခြင်းက ဆက်သွယ်မှုကို ရှောင်ရှားနိုင်မည်ဟု မဆိုလိုပေ။ သူတို့က ကိုယ်ရေးကိုယ်တာကိစ္စများ ပြုလုပ်နေချိန်တွင် ဉာဏ်ပညာနတ်ဘုရား၏ ဆက်သွယ်မှုကို ခနဆိုင်းငံ့ထားခြင်းသာ ဖြစ်၏။
" ဉာဏ်ပညာနတ်ဘုရားနဲ့ ချိတ်ဆက်လိုက်ပါပြီ။ "
စုန်ဝူယန်က သူကိုသူ တည်ငြိမ်အောင် ထိန်းချုပ်ပြီး လေးနက်စွာ မေးလိုက်သည်။ " ဒီလောက်နောက်ကျနေပြီ ဉာဏ်ပညာနတ်ဘုရားက ငါ့ကို ဘာလို့ ဆက်သွယ်တာလဲ သိခွင့်ရှိမလား။ "
စကြာဝဠာလူသားမျိုးနွယ်၏ နတ်ဘုရားသုံးပါးမှာ လွတ်လပ်ခြင်းနတ်ဘုရား၊ တရားမျှတမှုနတ်ဘုရားနှင့် ဉာဏ်ပညာနတ်ဘုရားဟူ၍ ရှိ၏။
ထိုနတ်ဘုရားသုံးပါးက ကွဲပြားသော ရှုထောင့်အသီးသီးကို တာဝန်ယူကြလေသည်။ လွတ်လပ်ခြင်းနတ်ဘုရားက ကျူးကျော်တိုက်ခိုက်ခြင်းနှင့် နယ်မြေချဲ့ခြင်း၊ တရားမျှတမှုနတ်ဘုရားက ဆုံးဖြတ်ချက်ချခြင်းကို စီမံခန့်ခွဲခြင်းနှင့် ဉာဏ်ပညာနတ်ဘုရားက လူမှုဖူလုံရေးနှင့် ထောက်ပံ့ရေးကို လူသားမျိုးနွယ်၏ တိုးတက်ရေးအတွက် အသီးသီး တာဝန်ယူကြလေသည်။
" ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆ အရ အဆင့်သုံး ဒါမှမဟုတ် အထက်အဆင့်ထိ တိုးမြှင့်နိုင်တဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ရှာတွေ့ရင် ဉာဏ်ပညာနတ်ဘုရားက ကြယ်နယ်မြေရဲ့ အနီးဆုံး အာဏာရှိသူကိုဆက်သွယ်ရပါတယ်။ " ဉာဏ်ပညာနတ်ဘုရား၏ အသံက ထွက်ပေါ်လာသည််။
စုန်ဝူယန်၏ အမူအရာက အနည်းငယ် အံ့ဩသွား၏။ " မင်းဆိုလိုတာ အဆင့်သုံးကို ရောက်ဖို့ အလားအလာရှိတဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ရှာတွေ့တာလား။ "
အုပ်ချုပ်သူတစ်ယောက်အနေဖြင့် စုန်ဝူယန်က သူ၏ သုံးသပ်ချက်နှင့် ခွင့်ပြုချက်ကို လိုအပ်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အသစ်များကို နေ့စဉ်တွေ့ခဲ့ရလေသည်။
သို့သော် အားလုံးနီးပါးက အဆင့်မြှင့်တင်နိုင်ရန် အလားအလာမရှိဘဲ အဆင့်တစ်သို့ ဝင်သည်ကပင် အလွန်ကံကောင်းသည်ဟု ပြောလို့ရပေသည်။ ဉာဏ်ပညာနတ်ဘုရားက နောက်ကျသော အချိန်တွင် ဆက်သွယ်လာခြင်းက မထူးဆန်းပေ။ ပုံမှန်အားဖြင့် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အသစ်တစ်ခု တွေ့ပါက ဉာဏ်ပညာနတ်ဘုရားက သူမကိုယ်တိုင် ဆုံးဖြတ်ချက်ချပြီး နောက်တစ်နေ့ကျမှ စုန်ဝူယန်ကို ဆက်သွယ်ပေလိမ့်မည်။ သို့သော် ယခုက အဆင့်သုံးကို ကျော်လွန်သွားနိုင်သော အလားအလာဖြစ်၏။
အလားအလာက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ လက်ရှိကန့်သတ်ချက်ကို ရည်ညွှန်းခြင်း မဟုတ်ပေ။ ၎င်းမှာ ဉာဏ်ပညာနတ်ဘုရားက သူမ၏ အဆုံးစွန်သော တွက်ချက်မှုကို အသုံးပြုထားသည့် အနာဂတ်မှ ကန့်သတ်ချက် ဖြစ်လေသည်။
အဆင့်သုံး သို့မဟုတ် အထက်အဆင့်သို့ ရောက်ရှိရန် အလားအလာရှိသည့် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက အဆင့်သုံး ဆင့်ကဲပြောင်းလဲသူများကို မွေးထုတ်ပေးနိုင်ပြီး လူသားမျိုးနွယ်တစ်ခုလုံး၏ အနာဂတ်တိုးတက်မှုနှင့် ကြွယ်ဝမှုပင်ဖြစ်သည်။
" မှန်တယ်။ " ဉာဏ်ပညာနတ်ဘုရားက ပြန်ဖြေလိုက်သည်။ " အရာရှိစုန်ဝူယန် ကျေးဇူးပြုပြီး ကြည့်လိုက်ပါ။ "
စုန်ဝူယန်၏ ရှေ့တွင် အလင်းမျက်နှာပြင်များ ပေါ်လာသည်။ ၎င်းတို့က သိုင်းနိယာမ၏ ရှန်ထျန်းနှင့် ဆရာသခင်နည်းစနစ်များ ဖြစ်၏။
" ဒါ..."စုန်ဝူယန်၏ မျက်ခုံးများက တွန့်ကွေးသွား၏။
သူကိုယ်တိုင်က စွမ်းအားကြီးသော ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်သောကြောင့် သိုင်းတာအို၏ ကြောက်စရာကောင်းသော သွင်ပြင်ကို ချက်ချင်း နားလည်ခဲ့လေသည်။ ၎င်းက အရင်းအမြစ်အနည်းငယ်သာ လိုအပ်ပြီး မွေးရာပါစွမ်းရည်က ဆုံးဖြတ်ပေးခြင်းမဟုတ်ပေ။
လူတစ်ယောက်က ထိုလမ်းစဉ်နှင့် ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်မလာလျှင်တောင် ကိုယ့်ကိုကို သန်မာအောင် လုပ်နိုင်လေသည်။ ၎င်းက ကန့်သတ်ချက်အနည်းငယ်ဖြင့် အလွန်လိုက်လျောညီထွေရှိပြီး သိသာထင်ရှားသော အားနည်းချက်များ မရှိပေ။
" ဒီလမ်းစဉ်ရဲ့ ဆရာသခင်အဆင့်က အဆင့်ရှိတဲ့ ဆင့်ကဲပြောင်းလဲသူတွေနဲ့ နှိုင်းယှဉ်နိုင်တယ်။ " စုန်ဝူယန်က ခန့်မှန်းလိုက်သည်။
ဆင့်ကဲပြောင်းလဲသူများကို အဆင့်ရှိသူများနှင့် အဆင့်မရှိသူများဟူ၍ နှစ်မျိုးခွဲခြားထားသည်။ အဆင့်မရှိသော ဆင့်ကဲပြောင်းလဲသူများက သာမန်လူများထက် သာလွန်သော စွမ်းအားကို ပိုင်ဆိုင်ပြီး အဆင့်ရှိသူများထက် ပိုမိုနိမ့်ကျလေသည်။
" ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ငါတို့ ကန်လန်ကြယ်ကဲ့ ဆင့်ကဲပြောင်းလဲခြင်းအဆင့်ထဲကို ဝင်ရောက်ဖို့ အရည်အချင်းပြည့်မီတယ်မဟုတ်လား။ " စုန်ဝူယန်က သိလိုစိတ်နှင့် မေးလိုက်သည်။
ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်က ကန်လန်ကြယ်ပေါ်တွင် နှစ်ပေါင်း ၈၂၀၀၀၀ ကာလအတွင်း ထွက်ပေါ်လာခဲ့သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို မှတ်တမ်းတင်ထားခြင်း ဖြစ်၏။
" အမြင့်ဆုံးတွက်ချက်မှုအရ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်ထဲမှ အဆင့် ၉၃အဖြစ် သတ်မှတ်နိုင်တယ်။ " ဉာဏ်ပညာနတ်ဘုရား၏ အသံက ထွက်ပေါ်လာသည်။
" ဒါက တကယ် ဆင့်ကဲပြောင်းလဲခြင်းအဆင့်ထဲ ရောက်သွားတာလား။ " စုန်ဝူယန်၏ အမူအရာက အနည်းငယ် ရှုပ်ထွေးသွား၏။
ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်က ကန်လန်ကြယ်၏ သမိုင်းတွင် အဆင့်အမြင့်ဆုံး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် တစ်ရာကျော်ကို အဆင့်သတ်မှတ်ထားခြင်းဖြစ်၏။ ထိုလမ်းစဉ်တစ်ရာကျော်က ရှည်လျားသော အချိန်တိုက်စားမှုဒဏ်ကို ခံနိုင်ရည်ရှိခဲ့ပြီး ပြောင်းလဲခြင်းမရှိခဲ့ပေ။
စုန်ဝူယန် အရာရှိတစ်ယောက်ဖြစ်ကတည်းက ဆင့်ကဲပြောင်းလဲခြင်းအဆင့်များက ပြောင်းလဲခြင်းမရှိခဲ့ပေ။
" ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၈၆အရ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အသစ်ဖော်ဆောင်သူကို ကောင်းမှုအမှတ် နှစ်ထောင်ဆုချီးမြှင့်ပါမယ်။ "
" အရာရှိစုန်ဝူယန် လက်ခံပါသလား။ " ဉာဏ်ပညာနတ်ဘုရား၏ အသံက တည်ငြိမ်နေသည်။
" ကောင်းမှုအမှတ် နှစ်ထောင်..." စုန်ဝူယန်က အတွေးထဲတွင် နစ်မြှုပ်သွား၏။
ကောင်းမှုအမှတ်များက လူသားမျိုးနွယ်အတွက် နတ်ဘုရားသုံးပါး သတ်မှတ်ထားသော ငွေကြေးတစ်မျိုးဖြစ်လေသည်။ လူသားမျိုးနွယ်တွင် ကောင်းမှုအမှတ်များက အားလုံးနီးပါးကို ပြုလုပ်နိုင်ပြီး လုံလောက်သော ကောင်းမှုအမှတ်များ ရှိလျှင် နတ်ဘုရားသုံးပါးကိုပင် အမိန့်ပေးနိုင်သည်ဟု ပြောကြလေသည်။ ကောင်းမှုအမှတ်များ ပေးအပ်ခြင်းက လူသားမျိုးနွယ်ကို အကျိုးပြုနိုင်မှုအပေါ်တွင် မူတည်လေသည်။ လူသားမျိုးနွယ်အပေါ် အကျိုးပြုနိုင်လေ ကောင်းမှုအမှတ်များ ပိုရနိုင်လေ ဖြစ်သည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ဖော်ဆောင်သူကို ကောင်းမှုအမှတ် နှစ်ထောင်ပေးသော ဉာဏ်ပညာနတ်ဘုရား၏ ဆုံးဖြတ်ချက်အရ စုန်ဝူယန်က သူ ထိုလမ်းစဉ်အပေါ် လျှော့တွက်မိသည်ကို နားလည်သွားသည်။ အဆင့်သုံးသို့ ရောက်နိုင်သော သာမန်အလားအလာရှိသည့် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များပင် ကောင်းမှုအမှတ် ၈၀၀ သာ ရရှိလေသည်။ ကောင်းမှုအမှတ် တစ်ထောင်ကျော်ရရှိခြင်းပင် အလွန်ရှားပါးလေသည်။
" ငါလက်ခံတယ်။ " စုန်ဝူယန်က ခေါင်းငြိမ့်လိုက်သည်။
ဉာဏ်ပညာနတ်ဘုရားက ကောင်းမှုအမှတ် နှစ်ထောင်တန်သည်ဟု ပြောသောကြောင့် ထိုဟာက အမှန်တကယ် ထိုက်တန်ပေလိမ့်မည်။
အခန်းထဲတွင် လင်းယွမ်က ထိုင်နေဆဲ ဖြစ်သည်။
" ဗိုက်ဆာနေတုန်းပဲ...." လင်းယွမ်က အနည်းငယ်မျက်မှောင်ကြုတ်သွားပြီးနောက် အသံက နောက်တစ်ကြိမ် ပြန်လည်ထွက်ပေါ်လာသည်။
" လေးစားရပါသော နိုင်ငံသားလင်းယွမ် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အကဲဖြတ်ပြီးပါပြီ။ "
" အို...." လင်းယွမ်က အံ့ဩသွားသည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က သိုင်းကမ္ဘာတွင် သူ၏ နှစ်နှစ်ဆယ်ကြာ အားထုတ်မှုနှင့် နားလည်မှုများဖြစ်ပြီး သူ၏ နောက်ဆုံး အောင်မြင်မှုဖြစ်လေသည်။ လင်းယွမ်က စကြာဝဠာလူသားမဟာမိတ်အတွက် ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ တန်ဖိုးကိုလည်း သိချင်နေသည်။
" နိုင်ငံသားလင်းယွမ် အကဲဖြတ်မှုအရ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အလွန်ကျယ်ပြန်သော အသုံးဝင်မှုနဲ့အတူ အဆင့်သုံး အလားအလာရှိတဲ့အတွက် ကောင်းမှုအမှတ် နှစ်ထောင် တန်ဖိုးရှိပါတယ်။ ယခု ထုတ်ယူချင်ပါသလား။ "
" ကောင်းမှုအမှတ် နှစ်ထောင်..." လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။သူက ကောင်းမှုအမှတ်များ၏ တန်ဖိုးကို ကောင်းကောင်းသိလေသည်။
၎င်းတို့က လူသားမျိုးနွယ်၏ နတ်ဘုရားသုံးပါးက ပေးအပ်ခြင်းဖြစ်ပြီး နိုင်ငံသားအဆင့် မြှင့်တင်ရာတွင်လည်း အသုံးပြုနိုင်လေသည်။ ကောင်းမှုအမှတ်နှစ်ထောင်က လင်းယွမ်ကို အလွန်အံ့ဩသွားစေခဲ့သည်။ အမှောင်စျေးတွင်ပင် ကောင်းမှုအမှတ်တစ်မှတ်ကို ဆယ်သန်းကျော်ဖြင့် ရောင်းချလေသည်။ ကောင်းမှုအမှတ် နှစ်ထောင်ကို အမှောင်စျေးတွင် ရောင်းချလျှင်တောင် ဘီလျံနာသူဌေးဖြစ်သွားနိုင်လေသည်။
" ကောင်းမှုအမှတ်များ ထုတ်ပြီးပါပြီ။ " ဉာဏ်ပညာနတ်ဘုရား၏ အသံက ထွက်ပေါ်လာသည်။
လင်းယွမ်က သူ၏ အကောင့်မှ ကောင်းမှုအမှတ်နေရာတွင် နှစ်ထောင်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
" နိုင်ငံသားအဆင့်ကို မြှင့်တင်မယ်။ " လင်းယွမ်က ညွှန်ကြားလိုက်သည်။
ကောင်းမှုအမှတ်များ၏ တန်ဖိုးက မြင့်မားသော်လည်ယ ၎င်းတို့၏ အရေးကြီးဆုံး ရည်ရွယ်ချက်မှာ နိုင်ငံသားအဆင့်မြှင့်တင်ရန် ဖြစ်လေသည်။ ကောင်းမှုအမှတ်များနှင့် ပစ္စည်းများလည်း ဝယ်ယူနိုင်ပြီး အမှောင်စျေးကွက်တွင် ငွေသားအဖြစ်လည်း ပြောင်းလဲနိုင်လေသည်။ သို့သော် ၎င်းက မလိုအပ်သော လုပ်ရပ်တစ်ခုသာ ဖြစ်သည်။
နိုင်ငံသားအဆင့်မြင့်လာသည်နှင့် ပိုက်ဆံမရှိမည်ကို စိုးရိမ်စရာမလိုတော့ပေ။ နိုင်ငံသားအဆင့်နှစ်အထက်သို့ ရောက်သည်နှင့် ဗဟိုဘဏ်မှ သန်နှင့်ချီ၍ ချေးယူနိုင်သည်ကို လင်းယွမ် သိလေသည်။ ထို့အပြင် အခြားနေရာများတွင် သူတို့၏ နိုင်ငံသားအဆင့်များကို အသုံးပြုပြီး တစ်နှစ်လျှင် ဆယ်သန်း သို့မဟုတ် သန်းတစ်ရာအထိ ချေးယူနိုင်လေသည်။
လင်းယွမ်က သူ၏ နိုင်ငံသား အဆင့်ကို မြှင့်တင်လိုက်သည်နှင့် ဉာဏ်ပညာနတ်ဘုရား၏ အသံက ထွက်ပေါ်လသည်။
" နိုင်ငံသားအဆင့်တစ် လင်းယွမ်က ကောင်းမှုအမှတ် တစ်ထောင်ကို အသုံးပြုပြီး နိုင်ငံသားအဆင့် နှစ်ကို မြှင့်တင်လိုက်ပါပြီ..."
၎င်းကို ကြားသောအခါ လင်းယွမ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ပေါ်လာသည်။ နိုင်ငံသားအဆင့်တစ်မှ အဆင့်နှစ်သို့ မြှင့်တင်ခြင်းက ကောင်းမှုအမှတ် တစ်ထောင်ကုန်ကျလေသည်။ အဆင့်နှစ်မှ အဆင့်သုံးသို့ မြှင့်တင်ရာတွင် အမှတ်ငါးထောင်လိုအပ်လေသည်။
လင်းယွမ်က နိုင်ငံသားအဆင့်သုံးသို့ မမြှင့်တင်နိုင်သော်လည်း အလွန်ကျေနပ်နေ၏။ သာမန်အဆင့်တစ် နိုင်ငံသား တစ်သိန်း သို့မဟုတ် ဆယ်သိန်းတွင် အဆင့်နှစ် နိုင်ငံသားတစ်ယောက်သာ ထွက်ပေါ်လာနိုင်လေသည်။ ၎င်းက ရှားပါးသော လက်ရွေးစင်အဆင့်ဖြစ်လေသည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း