← Chapters

ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့် ပြောင်းလဲသွားခြင်း....

Vol. 1 Ch. 20

ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့် ပြောင်းလဲသွားခြင်း....

Vol. 1 Ch. 20

" သား စစ်မှုထမ်းသွားစရာမလိုတော့ဘူး။ " လင်းယွမ်က ပြန်ပြောလိုက်သည်။ သူ၏ မူလအစီအစဉ်က ဆင့်ကဲပြောင်းလဲသူအဖွဲ့ကို အရင်သွားရန် စဉ်းစားထားခဲ့သည်။ စာရင်းသွင်းပြီး ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်လာမှ စစ်မှုထမ်းခြင်းကို ငြင်းပယ်နိုင်လေသည်။ သို့သော် အဆင့်နှစ်နိုင်ငံသားဖြစ်လာသောကြောင့် အားလုံးက ရိုးရှင်းသွားခဲ့သည်။

စစ်မှုထမ်းခြင်းကို ငြင်းပယ်နိုင်သော အချက်သုံးချက်ထဲတွင် ဆင့်ကဲပြောင်းလဲသူဖြစ်လာခြင်း သို့မဟုတ် အဆင့်နှစ် နိုင်ငံသားဖြစ်လာခြင်းတို့ ပါဝင်လေသည်။

" ရှောင်ယွမ် သားအဆင်ပြေရဲ့လား။ ဆေးရုံသွားဖို့ လိုသေးလား။ " လုချုံးက ပျော်ရွှင်ဟန်မပြဘဲ စိုးရိမ်စွာ မေးလိုက်သည်။ သူမ၏ အမြင်တွင် လင်းယွမ်က ပြင်းထန်သော တုန်လှုပ်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားသည်ဟု ထင်နေသည်။

" သားအဆင်ပြေပါတယ်။ " လင်းယွမ်က သူ၏ ခေါင်းကို အနည်းငယ် ခါပြီးနောက် ခနစဉ်းစားလိုက်သည်။ " သားကအခု ဆင့်ကဲပြောင်းလဲသူတစ်ယောက်လို့ ပြောလို့ရနေပြီ။ သားကို မယုံဘူးလား။ ဒီမှာကြည့်။ "

လင်းယွမ်က သူ၏ ညာလက်ကို မြှောက်ပြီး ရှေ့သို့ ဝှေ့ရမ်းလိုက်သည်။ မီတာအနည်းငယ် အဝေးရှိ စားပွဲပေါ်မှ ကြွေပန်းကန်က ချက်ချင်း အမှုန့်ဖြစ်သွား၏။

" ဟင် " လုချုံးက မျက်လုံးများ ပြူးသွား၏။ မယုံကြည်နိုင်စရာမြင်ကွင်းကို မြင်လိုက်ရချိန်တွင် သူမက အလွန်တုန်လှုပ်သွား၏။

" တကယ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်လား။ "

ဆင့်ကဲပြောင်းလဲသူများအပြင် ထိုကဲ့သို့ အံ့ဩစရာကောင်းသော အရာများကို မည်သူကလုပ်နိုင်မှာလဲ။

" ချောင်ချန် ချောင်ချန် မြန်မြန်ထဦး " လုချုံးက သူမ၏ ယောကျာ်းကို သတင်းကောင်းပြောပြန်ရန် လျင်မြန်စွာ ပြေးထွက်သွားသည်။

ခနကြာသောအခါ လင်းယွမ်က စားပွဲရှေ့တွင် ထိုင်နေသည်။ သူ၏ မိဘများက မတ်တပ်ရပ်နေပြီး လင်းယွမ်ကို ခေါင်းအစခြေအဆုံး ကြည့်နေကြသည်။

အထူးသဖြင့် လင်းချောင်ချန်က စစ်မှုထမ်းကိစ္စနှင့် ပက်သက်၍ အလွန်စိတ်ညစ်နေပြီး သူ၏ သားကို အခြားမျိုးနွယ်များနှင့် တိုက်ခိုက်ရန် မလွှတ်ချင်ပေ။ သို့သော် သူက ထိုကိစ္စကို ဖြေရှင်းနိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

လင်းယွမ်က ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လာခဲ့သည်။ လူသားမျိုးနွယ်၏ ဥပဒေအရ အဆင့်မသတ်မှတ်ထားသော ဆင့်ကဲပြောင်းလဲသူများပင် စစ်မှုထမ်းခြင်းကို ငြင်းပယ်နိုင်လေသည်။

" သား ဘယ်လိုလုပ်ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လာတာလဲ။ " လင်းချောင်ချန်က မေးလိုက်သည်။

ဆင့်ကဲပြောင်းလဲသူဖြစ်လာရန် နည်းလမ်းအမျိုးမျိုး ရှိသော်လည်း အများစုက ငွေနှင့်ဖြစ်စေ အခြားနည်းလမ်းများနှင့် ဖြစ်စေ တန်ရာတန်ကြေးတစ်ခုတော့ ပေးဆပ်ရလေသည်။

" သား ဒီမနက် အိပ်ယာနိုးလာတော့ ဖြစ်သွားတာပဲ။ " လင်းယွမ်က ခနစဉ်းစားပြီး​နောက်ပြောလိုက်သည်။

သူက သူ၏ စိတ်ထဲမှ အနန္တနယ်မြေများ၏ ဂိတ်တံခါးကို ထုတ်ပြောလို့မရပေ။ ၎င်းက သူ၏ အကြီးမားဆုံး လျို့ဝှက်ချက်တစ်ခု ဖြစ်ပြီး သူနှင့် ရင်းနှီးသူများကိုပင် ပြောပြ၍ မရပေ။ သူ၏ မိဘများက လင်းယွမ်ကို ထိခိုက်စေမည်မဟုတ်သော်လည်း လူများသိသွားလျှင် ဒုက္ခရောက်သွားနိုင်လေသည်။

" ဒါဆို မင်းက နိုးထခြင်းအမျိုးအစား ဆင့်ကဲပြောင်းလဲသူလား။ " လင်းချောင်ချန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ဆင့်ကဲပြောင်းလဲသူများတွင် အမျိုးအစားအမျိုးမျိုးရှိလေသည်။ နိုးထခြင်းအမျိုးအစားက သူတို့၏ သွေးထဲတွင် ထူးခြားသော မျိုးရိုးဗီဇများ ပါဝင်လာပြီး တစ်နေ့တွင် အပြောင်းအလဲတစ်ခုကြောင့် နိုးထနိုင်ကြလေသည်။

လင်းယွမ်၏ စကားများအရ သူက နိုးထခြင်းအမျိုးအစား ဆင့်ကဲပြောင်းလဲသူဖြစ်နိုင်လေသည်။

" ငါတို့ လင်းမိသားစုဘိုးဘေးတွေထဲမှာ စွမ်းအားကြီးတဲ့ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ရှိရမယ်။ မဟုတ်ရင် ဆင့်ကဲပြောင်းလဲခြင်းဗီဇက ဘယ်လိုလုပ် ပေါ်လာမှာလဲ။ " လင်းချောင်ချန်က ဂုဏ်ယူစွာ ပြောလိုက်သည်။

လုချုံးက ချက်ချင်း ငြင်းဆိုလိုက်သည်။ " ဆင့်ကဲပြောင်းလဲခြင်းဗီဇက ကျွန်မတို့ဘက်မှာရော မရှိနိုင်ဘူးလား။ "

သူတို့နှစ်ယောက်က သိသိသာသာ ပေါ့ပါးသွားကြလေသည်။ ဆင့်ကဲပြောင်းလဲခြင်းဗီဇက မည်သည့်ဘက်မှ ပါလာသည်ဖြစ်စေ လင်းယွမ်က ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လာသောကြောင့် စစ်မှုထမ်းခြင်းက သူနှင့် မသက်ဆိုင်တော့ပေ။ သို့သော် စစ်မှုထမ်းခြင်း ကင်းလွတ်သွားသောကြောင့် အစိုးရမှ ယခင်ကမ်းလှမ်းထားသော အခြေအနေများကလည်း ပျက်ပြယ်သွားမည်ဖြစ်သည်။

သို့သော် သူတို့၏ သား ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လာခြင်းနှင့်ယှဉ်လျှင် ထိုအရာများက လုံးဝ အရေးမပါပေ။ လင်းယွမ်က ဆင့်ကဲပြောင်းလဲသူဖြစ်လာပြီး တဖြည်းဖြည်း တိုးတက်လာလျှင် သူတို့က ၎င်းမှ အကျိုးအမြတ်များ ရနိုင်လေသည်။

ကန်လန်ကြယ် VWကမ္ဘာ အလယ်ပိုင်းဧရိယာတွင် ပေါ်လာသူများက အဆင့်နှစ်နိုင်ငံသားအထက်နှင့် ဆင့်ကဲပြောင်းလဲသူများသာ ဖြစ်ကြသည်။ သာမန်လူများက VW ကမ္ဘာသို့ မဝင်ရောက်နိုင်သောကြောင့် ထ်ုနေရာတွင် ပေါ်မလာနိုင်ပေ။

VWကမ္ဘာ၏ နေရာခုနှစ်ခုထဲတွင် အလယ်ပိုင်းဧရိယာက ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်ကြောင့် လူစည်ကားလေသည်။ ၎င်းကို အဆင့်မြင့်နိုင်ငံသားများနှင့် ဆင့်ကဲပြောင်းလဲသူများစွာက စောင့်ကြည့်နေကြသည်။

" မင်း ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်လာပြီး ဒီကမ္ဘာကို ဝင်ရောက်လာရင် ပထမဆုံး လုပ်ရမယ့်အရာက ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်ရဲ့ အရေးပါပုံကို သိဖို့လိုတယ်။ "

အလယ်ပိုင်းဧရိယာ၏ ထောင့်တစ်နေရာတွင် မျက်မှန်တပ်ထားသော အမျိုးသမီးတစ်ဦးက လူငယ်အချို့ကို ပြောပြနေသည်။

" ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်ထဲမှာ ငါတို့ ကန်လန်ကြယ်သမိုင်းတစ်လျှောက် အခြားကြယ်နယ်မြေတွေအထိပါ ကျော်ကြားခဲ့တဲ့ စွမ်းအားအကောင်းဆုံး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ရာကျော် ပါဝင်တယ်။ "

" ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ရာက ငါတို့ ဆင့်ကဲပြောင်းလဲသူတွေအတွက် အရေးပါဆုံးအရာပဲ။ " အနက်ရောင်မျက်မှန်နှင့် အမျိုးသမီးက လျင်မြန်စွာ ပြောလိုက်သည်။

လူငယ်များက သေချာနားထောင်ပြီး ခေါင်းငြိမ့်လိုက်ကြသည်။ သူတို့က အရူးများ မဟုတ်လျှင် ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်၏ တန်ဖိုးကို သိကြပေလိမ့်မည်။

" အင်း " အမျိုးသမီးက ခေါင်းငြိမ့်လိုက်သည်။ " နောက်ထပ်..."

သူမက စကားဆက်ပြောရန် ပြင်လိုက်ချိန်တွင် ကလေးမျက်နှာနှင့် မိန်းကလေးတစ်ယောက်က မျက်လုံးများ ပြူးသွား၏။

" အမရွမ် အဲ့ဒါပြောင်းသွားပြီ။ အဆင့်တွေပြောင်းသွားပြီ။ "

" နင် မျက်စိမကောင်းတော့ဘူးလား။ ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်က ဘယ်လိုလုပ်ပြောင်းနိုင်မှာလဲ။ " အမျိုးသမီးက အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်က နှစ်ပေါင်းတစ်သန်းအတွင်း ထွက်ပေါ်လာသော မရေတွက်နိုင်သည့် လမ်းစဉ်များထဲမှ အသန်မာဆုံးဖြစ်လေသည်။ ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့် ပြောင်းလဲသွားခြင်းက အလွန်သန်မာသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အသစ်တစ်ခု ထွက်ပေါ်လာသည်ကို ဆိုလိုလေသည်။

သူမက ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်ကို ကြည့်လိုက်သည်။

" သွေးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်..." အမျိုးသမီးက နောက်ဆုံးတစ်ရာနေရာမှ သွေးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကြည့်လိုက်သည်။

" အဲ့ဒါ တကယ်ပျောက်သွားတာပဲ။ " သူမက အံ့ဩသွား၏။

အဆင့်တစ်ရာတွင် ရှိနေသော သွေးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ပျောက်ကွယ်သွားပြီး အဆင့် ၉၉ က ၎င်း၏ နေရာသို့ ရောက်သွားခဲ့သည်။

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်..." အမျိုးသမီးက အဆင့် ၉၃ နေရာမှ မရင်းနှီးသော စာလုံးများကို လျင်မြန်စွာ သတိထားမိသွားသည်။

" အဲ့ဒါ ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်ထဲကို ဝင်ရောက်လာတဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်စဉ်အသစ်လား။ "

အဆင့်ထဲသို့ ဝင်ရောက်လာသောကြောင့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အလားအလာကို သက်သေပြထားပြီးဖြစ်ပြီး ထိုလမ်းစဉ်အသစ်ကြောင့် သူမက အလွန်တုန်လှုပ်သွားလေသည်။

" ပြဿနာကြီးတစ်ခုတော့ ဖြစ်လာတော့မယ်။ " အမျိုးသမီးက တွေးတောလိုက်သည်။

ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်၏ ပြောင်းလဲမှုက ကန်လန်ကြယ်မှ စွမ်းအားကြီးသူများ၏ အာရုံကို ဆွဲဆောင်နိုင်ပေလိမ့်မည်။ ဥပမာ အဆင့်သတ်မှတ်ချက်မှ ဖယ်ထုတ်ခြင်းခံလိုက်ရသော သွေးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ဖော်ဆောင်သူက ယခု ရူးသွပ်သွားနိုင်ဖွယ်ရှိလေသည်။

ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်၏ ပြောင်းလဲမှုကို ဧရိယာထဲရှိ အခြားသူများလည်း သတိပြုမိသွားကြပြီး ထိုနေရာတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

" အံ့ဩစရာပဲ။ အဆင့်သတ်မှတ်ချက်က လွန်ခဲ့တဲ့နှစ်ပေါင်း ၅၆၀ တုန်းက ပြောင်းလဲသွားခဲ့တာ။ "

" အာ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဘယ်သူက ဖန်တီးခဲ့တာလဲ။ ဒေါက်တာချန်လား။ ဒါမှမဟုတ် ကျောင်းအုပ် ရှီလား။ "

" မသေချာဘူး။ ဒေါက်တာချန်က ငါ့ဆွေးမျိုးပဲ။ သူ အခုတလော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အသစ်ဖန်တီးတယ်လို့ ငါမကြားမိပါဘူး။ "

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဆိုတာ ဘယ်လိုမျိုးလဲ။ တစ်ယောက်ယောက် စမ်းကြည့်ဖူးလား။ "

အဆင့်မြင့်နိုင်ငံသားများနှင့် ဆင့်ကဲပြောင်းလဲသူများက အမျိုးမျိုးဆွေးနွေးနေကြသည်။ သူတို့က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဖန်တီးသူကို သိလိုကြသော်လည်း နိုင်ငံသားနံပါတ်က ဖုံးကွယ်ထားသောကြောင့် ဘယ်သူမှ မသိနိုင်ပေ။

လင်းယွမ်က သူ၏ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကြောင့် VWကမ္ဘာတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို မသိပေ။

သူက ကုန်တိုက်သို့ သွားပြီး သူ၏ ခွန်အား ပြန်လည်ပြည့်ဝနိုင်ရန်အတွက် အရင်းအမြစ်အချို့ ဝယ်ယူရန် ပြင်နေသည်။ ကုန်တိုက်က လူသားမဟာမိတ်မှ တည်ဆောက်ထားသော စျေးဝယ်စင်တာတစ်ခု ဖြစ်၏။ တရားဝင်ထောက်ခံချက်ဖြင့် ကုန်ပစ္စည်းအမျိုးမျိုးကို မျှတသော စျေးနှုန်းဖြင့် ဝယ်ယူနိုင်လေသည်။ လင်းယွမ်က အဆင့်နှစ်နိုင်ငံသားဖြစ်သောကြောင့် ကန့်သတ်ပစ္စည်းများကိုပင် အသုံးပြုနိုင်လေသည်။

သာမန်လူများ လက်လှမ်းမမီနိုင်သည့် ဗဇအေးဂျင့်များ ရောင်းချသော အရာများလည်း ရှိနေပြီး တစ်မျိုးလျှင် ငွေတစ်သန်းတန်ကြေးရှိလေသည်။

" အဆင့်မြင့်အားဖြည့်ဆေးရည်..." လင်းယွမ်က ပစ္စည်းတစ်မျိုးကို သတိထားမိသွားသည်။

အားဖြည့်ဆေးရည်က အာကာသစူးစမ်းလေ့လာသူများအတွက် မရှိမဖြစ်လိုအပ်ပြီး စွမ်းအားများစွာကို ပြန်လည်ဖြည့်တင်းပေးလေသည်။

အားဖြည့်ဆေးရည်များကို အဆင့်နိမ့်၊ အလယ်အဆင့်နှင့် အဆင့်မြင့်ဟူ၍ ရှိသည်။ အလယ်အဆင့်နှင့် အဆင့်မြင့်ဆေးရည်များကို သားရဲကြီးများနှင့် ထူးဆန်းသော သတ္တဝါများထံမှ အသုံးပြုကြလေသည်။ သာမန်လူများက ထိုကဲ့သို့ ဆေးရည်များတွင် ပါဝင်သော ကြောက်မက်ဖွယ်စွမ်းအားကို ခံနိုင်ရည်မရှိကြပေ။

All Chapters