← Chapters

အကျဉ်းေထာင်ကိုးခုအဆင့်

Vol. 105 Ch. 1373

အကျဉ်းေထာင်ကိုးခုအဆင့်

Vol. 105 Ch. 1373

ချင်မူမှာ မျက်လုံးပြူး၊ မျက်ဆန်ပြူးဖြင့် နဂါးချီလင်၏ “မွေးစားဖေဖေ”နှင့် ပလ္လင်ပေါ်ရှိ လုံရှောင်၏ “မွေးစားသား” တို့ကို ကြည့်လိုက်မိသည်။

သူ့မှာတော့ နဂါးချီလင် ဧရာမသားရဲများ၏ စားသောက်ခြင်းခံရမည်ကို စိုးရိမ်ခဲ့ရသော်လည်း နဂါးချီလင်မှာမူ လုံရှောင်၏ ဖမ်းဆီးခြင်းခံရ၍ မွေးစားသားပင် ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ချေ။

ထိုမျှသာမက အခြေအနေကို အကဲခတ်ကြည့်လိုက်သည့်အခါ နဂါးချီလင်သည် လုံရှောင့်ဘေး၌ အတော်လေး အဆင်ပြေနေ၏။

ချင်မူက သူ၏ ကောင်းကင်ရတနာနယ်ပယ်ကို ဝီခနဲ အသံနှင့်အတူ ထုတ်ဖော်လိုက်ပြီး ထိုက်ချူလမ်းစဉ်ကို အသက်သွင်းကာ သူ့လည်ပင်းရှိ သံကြိုးများအား လျှောကျ ပျက်စီးသွားစေသည်။

လုံရှောင်က ဇတ်ခနဲ ခေါင်းမော့၍ ချင်မူကို မျက်လုံးဆယ့်ရှစ်လုံးဖြင့် စိုက်ကြည့်လိုက်သည်။ “မင်းက ဒီနေရာ၏ နိယာမတွေကို ခုခံနိုင်ပြီး ကောင်းကင်နတ်သိုင်းကို အသက်သွင်းနိုင်တယ်ပေါ့…”

ချင်မူက သူ့ခန္ဓာကိုယ်ကို အကြောဆန့်၍ ဟိုဟိုသည်သည် ကြည့်လိုက်သည်။ “ဒီနေရာက သဘာ၀အလျောက် မဟာတာအိုအချုပ်အနှောင်ကို ဖြစ်ပေါ်နေစေတာပဲ…. အထူးသဖြင့် လမ်းစဉ်ကို ချုပ်နှောင်တာပေါ့… ကျွန်တော် သုံးနိုင်တဲ့ မဟာတာအိုလမ်းစဉ်က သိပ်အများကြီးတော့ မရှိဘူး…လေးခုပဲ သုံးနိုင်သေးတယ်…”

လုံရှောင်မှာ မယုံကြည်နိုင်ဖြစ်နေပြီး တခဏကြာသော် တဟားဟား အော်ရယ်လိုက်သည်။ “အံ့ဩစရာပဲ… တကယ်ကို အံ့မခန်းပဲ… မင်း ကောင်းကင်နတ်အရှင်မူအဖြစ် လေးစားခံရ‌တာ အံ့ဩစရာမရှိဘူး…. မင်းက ကောင်းကင်နတ်အရှင်တွေ တမင် အရေအတွက်များအောင် ထည့်ထားတဲ့ အမှိုက်တစ်ခုပဲ ထင်ခဲ့တာ… ဒါပေမဲ့ တကယ်လုပ်နိုင်စွမ်း ရှိနေလိမ့်မယ် ထင်မထားခဲ့ဘူး…”

သူက ထရပ်၍ ပလ္လင်ပေါ်မှ ဆင်းလာကာ ခြေလှမ်းအနည်းငယ်အတွင်း ချင်မူ့ဘေးသို့ ရောက်လာ၏။ သူ၏ ရှည်လျားလှသော ခန္ဓာကိုယ်ကြီးက ချင်မူ့ကို အကြိမ်တချို့ လှည့်ပတ်လိုက်ပြီး သူ့ခေါင်းကိုးလုံးထဲမှ ခုနစ်လုံးမှာ ကျိုးနေသည်။ နဂါးချီလင် သူ့ကို ကုသပေး‌ခဲ့သော်လည်း အပြည့်အ၀ သက်သာမလာသေးခဲ့ပေ။

သူက တိရစ္ဆာန်တစ်ကောင်ကို ကြည့်နေသကဲ့သို့ ချင်မူ့ကို ‌ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး ချီးကျူးလိုက်သည်။ “တကယ်ကို အံ့ဖွယ်ပဲ…. မင်းရဲ့ သိုင်းအဆင့်က မမြင့်မားပေမယ့် စွမ်းဆောင်နိုင်စွမ်းကတော့ ထူးကဲတယ်…”

သူက ပလ္လင်ဆီသို့ ပြန်ရောက်သွားသည်။ ပလ္လင်မှာ ဆူးချွန်တောင်တန်းများ‌ဖြင့် ဖွဲ့တည်ထားသည့်အတွက် ဆူးချွန်တောအုပ်ပမာ ဖြစ်နေသော်လည်း သူ့ကို နည်းနည်းလေးမှ မထိခိုက်စေနိုင်ချေ။

ချင်မူက နဂါးချီလင်ထံ တစ်ချက်လှမ်းကြည့်ကာ ပြုံး၏။ “လုံရှောင်၊ ခင်ဗျားရဲ့ မွေးစားသားက‌ တော်တော်ထူးခြားတာပဲနော်… ချီလင်တစ်ပိုင်း၊ နဂါးတစ်ပိုင်းပါလား…”

နဂါးချီလင်သည် ဆတ်ဆတ်ကြဲ လှမ်းအော်၏။ “ဒီမှာ ငါ့ရဲ့ စီးတော်ယာဉ် ကောင်းကင်နတ်အရှင်မူ… မင်းမှတ်ထား... ငါ့မျိုးရိုးနာမည်က လုံ၊ နာမည်က ပိ… မင်း ငါ့ကို သခင်လေးပိလို့ ခေါ်…. ငါ ပြေးရင်း ကောင်းကင်နတ်သိုင်းကို အသက်သွင်းနေတုန်း ထွက်ပြေးလာတဲ့ ညီအစ်ကိုတချို့နဲ့ တွေ့ခဲ့ရတယ်.. သူတို့က ငါ့ကို ကောက်မ,ပြီး ပြေးလာကြတာပဲ…. နောက်တော့ မွေးစားဖေဖေ ရောက်လာပြီး ငါက ထက်မြတ်ထူးချွန်မှန်း သိသွားတဲ့အတွက် မွေးစားသားအဖြစ် လက်ခံခဲ့တာပဲ…”

ချင်မူမှာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ဖြစ်ကြောင်းကုန်စင်အားလုံးကို သိသွားတော့သည်။

‌ဝေစွေ့ဖုန်းနှင့် မင်းသားယိုမင်းတို့ အမိကမ္ဘာမြေကို ဝိုင်းတိုက်ခိုက်ခဲ့ပြီးနောက် ချင်မူ သူမကို သတ်ဖြတ်ခဲ့သည့်အချိန်တုန်းက ဖန်သားကောင်းကင်စေတီ ဖုံးလွှမ်းထားခဲ့သည့် နေရာဧရိယာမှာ ကျယ်ဝန်းလှသည်။ နဂါးချီလင်နှင့် အနီးနားရှိ သားရဲကြီးများမှာ ၎င်း၏ သက်ရောက်မှု မခံရစေရန် ပြေးလွှားခဲ့ကြရလေသည်။

နဂါးချီလင်မှာ သူ့ကိုယ်သူ ဘိုးဘေးနန်းတော်၏ သစ်နက်တောင်တန်းများဆီသို့ ပြန်လည်ဆင့်ခေါ်ရန် ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းကို အသက်သွင်းနေဆဲတွင် ထွက်ပြေးနေခဲ့သည့် ဓရာမသားရဲကြီးများက တွေ့ရှိခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။

ထိုဧရာမသားရဲကြီးများသည် နဂါးချီလင်ကို သူတို့သားရဲများထဲမှ တစ်ကောင်ဟု ထင်မှတ်သွားကြခြင်း ဖြစ်ပေလိမ့်မည်။ နဂါးချီလင်က နောက်ကျကျန်နေခဲ့သဖြင့် ပါးစပ်ထဲတွင် ကိုက်ခေါ်လာခဲ့ကြပြီး အသက်လုပြေးလာခဲ့ကြလိမ့်မည်။

နဂါးချီလင်မှာ ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းကို အသက်မသွင်းနိုင်ခဲ့တော့ပေ။ သူ့မှာ ဘေးကင်းသည့်နေရာသို့ ရောက်သောအခါ ထွက်ပြေးလာသည့် လုံရှောင်နှင့် တွေ့ခဲ့ရသည်။

လုံရှောင်က သူတို့အားလုံးကို ကောက်ယူပြီး ဤနေရာအထိ ပြေးလာခဲ့လိမ့်မည်။

နဂါးချီလင်၏ ဆေးပညာသည် စနစ်မကျသော်လည်း ဧရာသားရဲများကြီးထက်တော့ သာလွန်ပေသည်။ ထို့ကြောင့် လုံရှောင်၏ ဒဏ်ရာများကို အတတ်နိုင်ဆုံး ကြိုးစားကုသပေးခဲ့သောကြောင့် လုံရှောင်သည် သူ့ကို အတော်လေး သဘောကျခဲ့ပေလိမ့်မည်။ ထို့ကြောင့် ထက်မြတ်ပြိး စွမ်းဆောင်နိုင်ရည်ရှိသည်ဆိုကာ မွေးစားသားအဖြစ် ခေါ်ထားခဲ့၏။

လုံရှောင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ ဒီနေရာက ဘာလဲ သိလား…. ဒီနေရာက ချီရှန်းလို့ ခေါ်တယ်…. အတိတ်တုန်းက ဖန်ဆင်းရှင်တွေကတော့ ကောင်းကင်‌ဘုံအကျဉ်းထောင်နဲ့ အကျဉ်းထောင်ကိုးခုစင်မြင့်လို့ ခေါ်ကြတယ်… စက်ဆုပ်စရာ ပြစ်မှုတွေကို ကျူးလွန်ကြတဲ့ ဖန်ဆင်းရှင်တွေနဲ့ ‌ရှေးဟောင်းနတ်ဘုရားတွေဆိုရင် ဒီကို အပို့ခံကြရတယ်… ဒီနေရာမှာ မင်း မပြောနဲ့ ရှေးဟောင်းနတ်ဘုရားတွေတောင် သေမျိုးတွေ ဖြစ်လာနိုင်ကြတယ်… သူတို့ လှမ်းသမျှ ခြေလှမ်းတိုင်းက သူ့ခန္ဓာကိုယ်တွေကို နာကျင်စေပြီး စူးစူးဝါးဝါး အော်ဟစ်ကြရတယ်… နောက်ဆုံးမှာတော့ မမှတ်မိနိုင်အောင် ပုံပျက်ပြီးတော့ မရှုမလှ သေဆုံးသွားကြရတာပဲ..”

“ချီရှန်း… ကောင်းကင်ဘုံအကျဉ်းတောင်တဲ့လား”

ချင်မူမှာ ‌ကြောင်အသွားကာ ဟိုဟိုသည်သည် ကြည့်ရင်း ရေရွတ်လိုက်၏။ “ကောင်းကင်နတ်ဘုံမှာလည်း ကောင်းကင်ဘုံအကျဉ်းထောင်ရှိတယ်… ဒါပေမဲ့ အဲ့ဒီလောက်တော့ ကြောက်ဖို့မကောင်းဘူး… ကောင်းကင်ဘုံအကျဉ်းထောင်က အဆင့်တစ်ဆင့်ကို တုံ့ပြန်တယ်ဆိုရင် ကောင်းကင်နန်းဆောင်ရဲ့ အဆင့်ခုနစ်ဆင့်ထဲမှာ ဘယ်ဟာကို တုံ့ပြန်မှာလဲ…”

လုံရှောင်က သူ့ကို တစ်ချက်ကြည့်သည်။ “ဒါက ကောင်းကင်ဘုံအကျဉ်းထောင်ရဲ့ အပြင်လွှာပဲ ရှိသေးတယ်…. ‌‌အကျဉ်းထောင်ကိုးခုရဲ့ ပထမဆုံးအဆင့်ပေါ့… ကိုးခုမြောက်အဆင့်ကို ရောက်သွားရင် ကောင်းကင်နတ်သိုင်းတွေ အသုံးပြုဖို့ မပြောနဲ့ ကောင်းကင်နတ်အရှင်ဆယ်ပါး ဆိုတဲ့ကောင်တွေ ရောက်လာရင်တောင် သေသွားလိမ့်မယ်… ရှေးဟောင်းနတ်ဘုရားတွေရဲ့ အရိုးစုတွေ အနည်းဆုံး ဒါဇင်ကျော်လောက် ရှိတယ်… ငါ့ဆီမှာ အညံ့ခံပြီး စီးတော်ယာဉ်ဖြစ်လာလိုက်… ငါ့ကို ငြင်းရင်တော့ ‌ကိုးခု‌မြောက် ‌အကျဉ်းထောင်ထဲ ထည့်ပြီး သေရတာထက် ဆိုးတဲ့ ကံကြမ္မာကို ခံစားစေရမယ်…”

ချင်မူက အော်ရယ်လိုက်သည်။ “လုံရှောင်၊ ခင်ဗျားက သေခါနီးနေတာတောင်မှ အိပ်မက်မက်နေတုန်းပဲနော်…”

သူက ဝေစွေ့ဖုန်းကို ပြောခဲ့သည့်အတိုင်း မှင်သေသေ ပြော၏။ “ခင်ဗျားမှာ အခု အသက်ရှင်ဖို့ နည်းလမ်းတစ်လမ်းပဲ ရှိတယ်… အဲ့ဒါက ကျုပ်နဲ့ ပူးပေါင်းဖို့ပဲ…. မဟုတ်ရင် ကောင်းကင်နတ်အရှင်ဆယ်ပါး ဆင်းသက်လာတဲ့အခါ ခင်ဗျား သေချာပေါက် သေရလိမ့်မယ်”

လုံရှောင်က အေးစက်စက် နှာမှုတ်လိုက်သည်။ “ငါ ကောင်းကင်နတ်အရှင်တစ်ပါးနဲ့ သွားပူးပေါင်းလိုက်ရင် လွတ်လွတ်လပ်လပ် သွားလာနိုင်မှာပဲလေ…. ငါ့အသက်အပေါ် ဘယ်လိုအန္တရာယ်မျိုး ရှိနိုင်မှာလဲ…”

“ခင်ဗျား ကောင်းကင်နတ်အရှင်တစ်ပါးဆီမှာ အညံ့ခံလိုက်ရင် ကျန်တဲ့ကောင်းကင်နတ်အရှင်ကိုးပါးအနေနဲ့ သေ‌ချာပေါက် သတိထားလာကြလိမ့်မယ်… ကောင်းကင်နတ်အရှင်တွေကြားမှာ အင်အားဟန်ချက် ညီနေဖို့အတွက် ခင်ဗျားကို ကျိန်းသေသတ်မှာပဲ…”

ချင်မူက ပြုံး၏။ “လုံရှောင်၊ ကျုပ် ခင်ဗျားကို နှစ်ကြိမ်တိတိ ဖိတ်ခေါ်ပြီးပြီနော်… တတိယအကြိမ်တော့ မလုပ်နိုင်တော့ဘူး”

လုံရှောင်က သူ၏ နဂါးလက်သည်းစွယ်များဖြင့် ပလ္လင်ကို အသာအယာ ခေါက်နေသည်။ သူ၏မျက်နှာကိုးခုသည် အမူအရာမျိုးစုံ ဖြတ်ပြေးလျက် ချင်မူ့ကို အကဲခတ်နေရင်း ရုတ်တရက် နဂါးခေါင်းတစ်လုံးက အော်လိုက်၏။ “မင်းမှာ ငါ့လက်ရှိဒုက္ခကို ‌ဖြေရှင်းဖို့ နည်းလမ်းရှိလို့ ငါ့ကို ဒီလောက်ယုံကြည်ချက်အပြည့်နဲ့ လာရှာတာမလား…. မင်း ငါ့ကို နည်းလမ်း မပြောပြရင် ကိုးခုမြောက် အကျဉ်းထောင်ဆီ ပို့လိုက်မယ်..”

ချင်မူက ပြုံးလျက်ပင် ပတ်ဝန်းကျင်ဆီ ကြည့်လိုက်သည်။ “ခင်ဗျား ပို့စရာမလိုပါဘူး… ကျွန်တော်ကိုယ်တိုင် သွားပါ့မယ်…”

လုံရှောင်မှာ မျက်လုံးပြူးသွားတော့သည်။ ချင်မူက သူ့ဘေးမှ ဖြတ်၍ ကောင်းကင်ဘုံအကျဉ်းထောင်ထဲသို့ ၀င်ရောက်သွားချေပြီ။

ကောင်းကင်ဘုံအကျဉ်းထောင်၏ ဒုတိယအဆင့်မှာ လုံရှောင်၏ ပလ္လင်အနောက်တွင် ဖြစ်၏။ တောင်ကမ်းပါးတစ်ခု ဖြစ်ကာ ချင်မူက ၎င်းထဲ ခုန်ချလိုက်သည်။

ဤအကျဉ်းထောင်ကိုးခုစင်မြင့်ဆိုသည်မှာ ကောင်းကင်နန်းဆောင်ထဲမှ အဆင့်တစ်ဆင့်အဖြစ် သတ်မှတ်၍ရနိုင်သည်လား သူ သိချင်ခဲ့သည့်အပြင် ယခုတွင် စမ်းသပ်နိုင်လေပြီ။

လုံရှောင်က တောင်ကမ်းပါးအစွန်းသို့ ပြေးသွားကာ ငုံ့ကြည့်လိုက်၏။ သူက နှာခေါင်းရှုံ့လိုက်လေသည်။ “ကောင်းကင်နတ်အရှင်မူ၊ မခံနိုင်ရင် ပြော ငါကယ်ပေးမယ်… ဒါပေမဲ့ အကျဉ်းထောင်ကိုးခုထဲတော့ ငါ မ၀င်ရဲဘူး…. ခုန်ချပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်ရင် ငါ မင်းနဲ့ ပူးပေါင်းမယ်”

နဂါးချီလင်လည်း တောင်စွန်းနားသို့ ရောက်လာရင်း ခေါင်းပြူကြည့်ကာ အော်မေးလိုက်၏။ “မွေးစားဖေဖေက တခြားလူတွေနဲ့ ပူးပေါင်းမလို့လားဗျ”

လုံရှောင်က သူ့ဆီ တစ်ချက်ကြည့်၍ ခပ်မာမာ ပြောသည်။ “မင်းက ဒီကောင်နဲ့ တစ်ကျိတ်တည်း တစ်ဉာဏ်တည်းမလား… ငါ့ကို လာပြီး လှည့်စားမနေနဲ့”

နဂါးချီလင်မှာ ကြက်သီးတဖြန်းဖြန်း ထသွားသည်။

“မင်းက ငယ်ပါသေးတယ်ကွာ…. ကောင်းကင်နတ်အရှင်မူလောက် အတွေ့အကြုံမရှိဘူး… ငါ မင်းကို တွေ့တည်းက ငါ့အသိစိတ်အလျဉ် သုံးပြီး မင်းရဲ့မျိုးဆက်ဆယ့်ရှစ်ဆက်က ဘိုးဘေးတွေမှန်သမျှ သိထားပြီးပြီ… မင်းကို မွေးစားသားအဖြစ် လက်ခံလိုက်တာက မင်းမျက်နှာပြောင်တိုက်နိုင်တာကို လေးစားမိတဲ့အပြင် ကောင်းကင်နတ်အရှင်မူကိုလည်း အခွင့်အရေးယူချင်လို့ပဲ…. သူ့ထက် ဝါအရလည်း သာလွန်ချင်လို့…. ဒါ့အပြင် မင်းကို သုံးပြီး ငါနဲ့ ကောင်းကင်နတ်အရှင်မူကြားမှာ ပတ်သက်မှု ဖန်တီးဖို့ လိုခဲ့တယ်… ငါ့စီးတော်ယာဉ်အဖြစ် မဖမ်းနိုင်ခဲ့ရင် တိုက်ခိုက်လို့ မဖြစ်ဘူး”

နဂါးချီလင်မှာ ချက်ချင်း ရိုကျိုးသွားပြီး စိတ်ရင်းဖြင့် ချီးကျူးလိုက်သည်။ “‌မွေးစားဖေဖေက အမျှော်အမြင်ရှိလိုက်တာ..”

“ဒါပေါ့…. ဒါပေမဲ့ ငါ့ကို ဘာမှ ထပ်မကျွေးတော့နဲ့”

လုံရှောင်က နှာခေါင်းရှုံလိုက်သည်။ “နတ်ဘုရင်ပိုယန်လည်း ထက်မြက်ခဲ့တာ‌ပဲလေ… သူ ငါ့အတွက် အသက်ပေးခဲ့တဲ့အထိတောင် ငါ စီစဉ်နိုင်ခဲ့တယ်မလား”

နဂါးချီလင်မှာ မျက်လုံးများ တဖျတ်ဖျတ် တောက်ပလျက် အားကိုးကြည်ညိုစွာ ကြည့်နေတော့သည်။ သူ့အမြှီးက သူ့အနောက်တွင် တနှန့်နှန့် ခါနေ၏။

လုံရှောင်သည် သူ့ကို ကြည့်နေသည့် နဂါးချီလင်၏အကြည့်ကို မခံစားနိုင်တော့သဖြင့် အလျင်အမြန် ပြောသည်။ “ငါ မင်းရဲ့ မှတ်ဉာဏ်တွေကနေ လူထိန်းကျမ်းစာကို ဖတ်ထားပြီးပြီ… ငါ့ကို စမ်းသပ်ဖို့ မကြိုးစားနဲ့”

နဂါးချီလင်မှာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငိုက်စိုက်ကျသွား၏။ “မွေးစားဖေဖေက တကယ်ကို နတ်ဘုရင်ပိုယန်ကို ပျိုးထောင်ပေးနိုင်တဲ့အထိဆိုတော့ ကမ္ဘာဦးနတ်ဘုရင်သုံးပါးရဲ့ ခေါင်းဆောင်ဖြစ်ဖုိ့ ထိုက်တန်ပါပေတယ်.. ကျွန်တော် ကိုယ့်ကိုကိုယ် အရှက်ရမိတယ်”

လုံရှောင်က ရယ်လျက် နှစ်သိမ့်သည်။ “မင်းလည်း မဆိုးပါဘူး… စိတ်မပူပါနဲ့… ငါ့မွေးစားသားအဖြစ်နဲ့သာ နေ…. ဘိုးဘေးနန်းတော်ရဲ့ တစ်၀က်က မင်းအနောက်မှာ ရှိနေစေရမယ်”

နဂါးချီလင်က မျက်တောင်ခတ်လိုက်သည်။ ‘ငါက သူ့ကို ပျိုးထောင်ပေးခဲ့သလို သူကလည်း ငါ့ကို ပျိုးထောင်လိုက်တာပဲ… ဆရာကြီးပါလားဟ’

All Chapters