ထာဝရ
Vol. 105 Ch. 1377
ချင်မူ အသုံးပြုနိုင်သည့် ကျင့်စဉ်စွမ်းအင်ပမာဏသည် တဖြည်းဖြည်း တိုးတက်လာပြီး သူ၏ လမ်းလျှောက်နှုန်းကလည်း မြန်ဆန်လာသည်။ အကျဉ်းထောင်ကိုးထပ်အဆင့်၏ လျှို့ဝှက်ချက်များသည် သူ့ကြောင့် ဖြည်းဖြည်းချင်း ထွက်ပေါ်လာနေ၏။
သူ၏ကောင်းကင်နန်းဆောင်ထဲတွင် အကျဉ်းထောင်ကိုးထပ်စင်မြင့်မှာလည်း ဖြည်းဖြည်းချင်း ဖွဲ့တည်လာနေသည်။ အကျဉ်းထောင်ကိုးထပ်၏ တာအိုနှလုံးသားအပေါ် သိမြင်နားလည်မှုကြောင့် သူသည် ကောင်းကင်နတ်ဘုံ၏ ကောင်းကင်ဘုံအကျဉ်းထောင်ကို တည်ဆောက်ကာ အဆင့်တစ်ဆင့်အဖြစ် အသွင်ပြောင်းလဲနေချေပြီ။
သူ၏ဉာဏ်ရည်ဖြင့်ဆိုလျှင် ဤအဆင့်၏ လျှို့ဝှက်ချက်အားလုံး ထုတ်ဖော်ရန် သေချာပေါက် ခက်ခဲလေသည်။ အနာဂတ်တွင် ပြည့်စုံသော အဆင့်တစ်ဆင့်အဖြစ် ပြောင်းလဲနိုင်ရန် မရေမတွက်နိုင်သော ရှေးဟောင်းနတ်ဘုရားများနှင့် ကျန်သူများ၏ ကြိုးစားမှုကို အားကိုးရလိမ့်မည်။
သို့သော် ဤသိုင်းအဆင့်ကို သူ ပထမဦးဆုံး အတည်ပြုနိုင်၏။
ထိုမျှသာမက သူသည် အကျဉ်းထောင်ကိုးထပ်ကို ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်၍ ဖွင့်လှစ်ခဲ့သူမဟုတ်လော။ အနာဂတ်တွင် မရေမတွက်နိုင်သော နတ်ဘုရားများထက် သာလွန်လိမ့်မည်။
အကျဉ်းထောင်ကိုးထပ်မှာ အန္တရာယ်များလွန်းသည်။ ဤနေရာသို့ဝင်ရောက်၍ မသေဆုံးဘဲ တာအိုနှလုံးသားအား ပြန်တည်ဆောက်နိုင်သူ တချို့သာ ရှိ၏။ ချင်မူ့အတွက် အနာဂတ်လမ်းစဉ်မှာ ဤအဆင့်ကို ဖွဲ့တည်၍ အကျဉ်းထောင်ကိုးထပ်အား မည်သို့ဖွင့်ရမလဲ သင်ကြားပေးရန် ဖြစ်သည်။ ထို့မှသာ တစ်လောကလုံး ဤအဆင့်ကို သိရှိနိုင်ပေလိမ့်မည်။
နတ်ဘုရားတို့သည် သူ၏ အခြေခံအပေါ် မူတည်၍ အကျဉ်းထောင်ကိုးထပ်အဆင့်၏ ထူးကဲနက်နဲမှုကို ဆက်လက်လေ့လာကြရလိမ့်မည်။ ထို့ကြောင့် နားလည်သိမြင်သည့်အခါ အကျဉ်းထောင်ကိုးထပ်အား ကိုယ်တိုင်ဝင်ရောက်ခြင်းလောက် နက်နဲမည်မဟုတ်ပေ။
မှန်ပါသည်။ အကျဉ်းထောင်ကိုးခုထဲသို့ ဝင်ရောက်နိုင်စွမ်းရှိပါက သူ့နည်းတူ နားလည်သိမြင်၍ တည်ဆောက်နိုင်မည်ဖြစ်ကာ သူတို့၏အောင်မြင်မှုများသည်လည်း သူ့အောက် နိမ့်ကျမည်မဟုတ်ပေ။
သို့သော် ထိုသို့လုပ်နိုင်သူမှာ အလွန်တရာ နည်းပါး၏။ ကောင်းကင်နတ်အရှင်ဆယ်ပါးထဲ၌ပင်လျှင် အကျဉ်းထောင့်ကိုးခုထဲ ဝင်ရောက်၍ ထူးခြားဆန်းကြယ်မှုများကို သိမြင်နားလည်နိုင်သူ ငါးယောက်အောက်သာ ရှိပေလိမ့်မည်။
အကျဉ်းထောင်ကိုးထပ်သည် ကောင်းကင်နတ်အရှင်များကို မချုပ်နှောင်နိုင်သည်ကသာ ဖြစ်နိုင်ချေများသည်။ သူတို့အနေဖြင့် ဤနေရာသို့ ဝင်ရောက်၍ လက်ဗလာဖြင့် ထွက်သွားကြလိမ့်မည်။
အကျဉ်းထောင်ကိုးထပ်အဆင့်သည် တာအိုနှလုံးသားအတွက် လိုအပ်ချက်မြင့်မားလွန်းသည်။ သေးငယ်သော အမှားလေးတစ်ခုကပင် အကျဉ်းထောင်ထဲ၌ ထာဝရ ပိတ်မိသွားစေနိုင်၏။
အကျဉ်းထောင်ကိုးထပ်ထဲမှ အသက်ရှင်လျက် ထွက်လာနိုင်ရန် တာအိုစနစ်၌ သိုင်းအဆင့်မြင့်မားနေရန်လိုအပ်သည်။ အနည်းဆုံး တာအိုကျင့်စဉ်စနစ်တွင် ကောင်းကင်ဘုံ ၂၄ ဘုံ ရှိနေရမည်ဖြစ်၏။
သို့သော် ကောင်းကင်ဘုံ ၂၄ ဘုံကလည်း အသက်ရှင်လျက် ထွက်လာနိုင်မည်ဟု အာမခံချက်မပေးပေ။ ချင်မူ ထွက်လာနိုင်ခြင်းမှာ ကံကောင်းထောက်မခြင်းကြောင့် ဖြစ်ပြီး ကျန်နတ်ဘုရားများမှာ သူ့လောက် ကံကောင်းနိုင်ကြမည်မဟုတ်ပေ။
လက်ရှိနတ်ဘုရားများအားလုံးသည် ခွန်အားကိုသာ အသားပေးသော ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကို ကျင့်ကြံကြသည့်အလျောက် သူတို့၏တာအိုအောင်မြင်မှုများမှာ မမြင့်မားပေ။ ရလဒ်အနေဖြင့် အကျဉ်းထောင်ထဲတွင် သေဆုံးသွားကြရလိမ့်မည်။
အချိန်ကုန်လွန်လာသည်နှင့် ချင်မူသည် အကျဉ်းထောင် တစ်ခုပြီးတစ်ခုအား ဖွင့်နေ၏။ သူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲတွင် ဘိုးဘေးနန်းတော်မှာ ပြန်လည်အသက်ဝင်လာပြီး မဟာတာအိုများလည်း ပြန်လည်ရှင်သန်လာကြ၏။
ကောင်းကင်နန်းဆောင် ၁၉ ဆောင်မှာလည်း ပြန်လည်ကောင်းမွန်လာပြီး မူလဝိညာဉ်များက မားမားမတ်မတ် ရပ်တည်နေကြသည်။ သူတို့ကောင်းကင်နတ်သိုင်းများက ကျယ်ပြောနက်နဲလာကြချေပြီ။
ရွှမ်တု၊ ယိုတု၊ ယွမ်တုနှင့် အခြားကမ္ဘာလောကများလည်း ဖြည်းဖြည်းချင်း ပွင့်လာသည်။
ချင်မူ့ သိုင်းအခြေခံက ပိုမိုသန့်ရှင်းလာပြီး သူ၏ တာအိုနှလုံးသား လှည့်ပတ်ခြင်းက ပိုမိုကြည်လင်လာ၏။
သူသည် ထူးဆန်းသော အဆင့်တစ်ဆင့်သို့ ရောက်ရှိသွား၏။ အကျဉ်းထောင်ကိုးထပ်၏ တာအိုဆန်းကြယ်မှုများက တာအိုသံများ၊ တာအိုစည်းချက်များအဖြစ် ပြောင်းလဲကာ ထိုမှတဖန် ထူးဆန်းသော တာအိုအမှတ်သားများအဖြစ် ဆင့်ကဲပြောင်းလဲနေကြသည်။ သူ၏ ချီစွမ်းအင်နှင့် ဟာတာအိုက အတားအဆီးတို့အား ချိုးဖက်ရင်း ကောင်းကင်နန်းဆောင်များတွင် အကျဉ်းထောင်ကိုးထပ်အား ဖွဲ့တည်နေကြ၏။
ထိုမျှသာမက ချင်မူက အကျဉ်းထောင်ကိုးထပ်အား ကောင်းကင်နန်းဆောင်များထဲတွင်သာမက ဘိုးဘေးနန်းတော်၏ အနောက်ဘက်၌လည်း ဖွင့်လှစ်ရန် ကြိုးစားနေသေးသည်။
သူ၏ရည်ရွယ်ချက်က ဤနေရာတွင် မရပ်တန့်ပေ။ သူသည် သူ၏ဘိုးဘေးနန်းတော်ထဲတွင် ကောင်းကင်မုခ်၀လေးခု တည်ဆောက်ချင်နေ၏။ ကောင်းကင်မုခ်၀နှင့် နဂါးသွဲ့ရေကန်ကို ထိန်းချုပ်ကာ နတ်ဘုရားစီရင်ရာစင်မြင့်နှင့် ကျောက်စိမ်းမြို့တော်ကိုလည်း ဖွဲ့တည်ချင်နေသည်။
စတုရန်းကွက်လေးထဲတွင် သူ၏ သိုင်းအခြေခံမှာ ပိုမိုခိုင်မာလာကာ သူလမ်းလျှောက်နေသည့် အမြန်နှုန်းက မြန်သထက်မြန်လာ၏။
သူ၏မျက်လုံးထဲတွင် ဤနေရာလေးမှာ တာအိုနှလုံးသားကို သွေးရမည့် ဓားသွေးကျောက်သဖွယ်ပင်။ သူ့ကိုယ်ထဲမှ တဂျွတ်ဂျွတ်မြည်သံများ ထွက်ပေါ်လာနေပြီး ချိပ်ပိတ်ခံထားရသော အသိစိတ်အလျဉ်နှင့် မဟာတာအိုတို့က ကျိုးပျက်လာနေ၏။
သူ့ချီနှင့်သွေးတို့က န၀မအကျဉ်းထောင်မှ လှိုင်းဂယက်များအလား ဝုန်းခနဲ ပေါက်ထွက်လာကာ အဋ္ဌမအကျဉ်းထောင်၊ သတ္တမအကျဉ်းထောင်နှင့် ဆဌမအကျဉ်းထောင်တို့တွင် ပြည့်နှက်သွားစေသည်။
ခဏကြာသော် လှိုင်းရိုက်သံကဲ့သို့ အသံကြီးတစ်သံက အကျဉ်းထောင်ကိုးထပ်မှ ထွက်ပေါ်လာလေ၏။ ပထမအသံက နောက်ထပ်ထွက်ပေါ်လာသော အသံထက် ကျယ်လောင်ပြီး လှိုင်းတစ်လုံးချင်းစီက ကျန်လှိုင်းများထက် ကြီးမားလေသည်။ တစ်လောကလုံးကို တုတ်လုပ်သွားစေနိုင်သည့် အသံများကြားတွင် ချီနှင့် သွေးပင်လယ်ကြီးက ထွက်ပေါ်လာပြီး ကောင်းကင်ဘုံအကျဉ်းထောင်ကို ဖုံးလွှမ်းသွားတော့သည်။
ဝုန်း….
ကောင်းကင်နန်းဆောင်တစ်ဆောင်က အကျဉ်းထောင်ကိုးထပ်၏ ချီနှင့်သွေးပင်လယ်ထဲမှ ထွက်ပေါ်လာကာ ပင်လယ်ရေမျက်နှာပြင်ထက်တွင် ရပ်တည်နေသည်။ အလင်းတန်းများက ကောင်းကင်နန်းဆောင်မှ အရပ်လေးမျက်နှာသို့ ဖြာထွက်နေကြ၏။
တစ်ချိန်တည်းမှာပင် နောက်ထပ်ကောင်းကင်နန်းဆောင်တစ်ဆောင်က ထွက်ပေါ်လာပြီး ချီနှင့်သွေးပင်လယ်ကို ဖိနှိပ်ကာ အခြားကောင်းကင်နန်းဆောင်တို့နှင့် ဆက်သွယ်လိုက်သည်။
ချင်မူ့ပုံရိပ်က ချီနှင့်သွေးပင်လယ်ပေါ်မှ တဖြည်းဖြည်း မြောက်တတ်လာ၏။ သူ၏ခန္ဓာကိုယ်က ရှည်လျားတောင့်တင်းနေပြီး သူ၏ဟန်ပန်အမူအရာမှာ အားကောင်းသန်မာနေသည်။ သူက ချီနှင့်သွေးပင်လယ်မှ ဖြည်းဖြည်းချင်း လျှောက်ထွက်လာလေသည်။
ရှေးဟောင်းနတ်ဘုရားများ၏ အမှတ်အသား နှစ်ထောင်ကျော်က သူ့ရုပ်ခန္ဓာ၏ စွမ်းအင်အမှတ်များတွင် နေရာယူထားကြသည်။ သူ၏စိတ်က ကြည်လင်သထက် ကြည်လင်လာပြီး မဟာတာအိုမှာလည်း သန့်စင်လာနေ၏။
ဤသည်က သူတစ်ခါမှ မမြင်ဖူးသော ဖြစ်ရပ်တစ်ခုပင်။
ရှေးဟောင်းနတ်ဘုရားများ၏ မဟာတာအိုအပေါ် သူ၏နားလည်ခြင်းက အစောင့်အရှောက်ဆောင်၏ ကျမ်းစာများမှ အခြေခံသည်။ အဏုမြူသင်္ချာနှင့် မဟာဧကရာဇ်၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်ကို ခွဲခြမ်းစိတ်ဖြာခြင်းလည်း ပါဝင်၏။
ရလဒ်အနေဖြင့် သူသည် ရှေးဟောင်းနတ်ဘုရားများ၏ အမှတ်အသားနှစ်ထောင်နီးပါးကို နားလည်ခဲ့ပြီး သူ့ရုပ်ခန္ဓာ၏ ခွန်အားကို တိုးမြှင့်ရန် စွမ်းအင်အမှတ်များ၌ သိမ်းဆည်းထားခဲ့သည်။ သို့သော် ထိုအမှတ်အသားများမှာ မပြည့်စုံခဲ့သလို၊ မဟာတာအိုကလည်း မသန့်စင်ပေ။
အထူးသဖြင့် သူသည် မဟာဧကရာဇ်၏ မဟာခြုံလွှမ်း အသိစိတ်အလျဉ်ကို မဟာဧကရာဇ်ဆီမှ မသင်ခဲ့ဘဲ ထိုအစား မဟာဧကရာဇ်၏ အသိစိတ်အလျဉ်မှတစ်ဆင့် မှတ်ဉာဏ်အား ရယူခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သမိုင်းတစ်လျှောက် တိမ်မြုပ်ပျောက်ကွယ်ထားခဲ့သော ရှေးဟောင်းနတ်ဘုရားများကိုလည်း မြင်ခဲ့ဖူးသောကြောင့် သူ၏ရုပ်ခန္ဓာကို မဟာဧကရာဇ်၏ အဆင့်အထိ မမြှင့်တင်နိုင်ခဲ့ချေ။
ကောင်းကင်အကျဉ်းထောင်တာအိုနှလုံးသား ပြန်လည်ဖွဲ့တည်ပြီးသည့် အချိန်တွင်တော့ ထိုရှေးဟောင်းနတ်ဘုရားတို့၏ အမှတ်အသားများထဲရှိ မဟာတာအိုများကိုလည်း သန့်စင်နိုင်ခဲ့သည်။ သူ၏ အမျိုးမျိုးသော သိမြင်နားလည်မှုများက နက်နဲလာပြီး တာအိုအပေါ် သိမြင်နားလည်ခြင်းမှာ ပိုမိုသန့်စင်လာ၏။
သူ၏ရုပ်ခန္ဓာမှာ မဟာဧကရာဇ် အထွတ်အထိပ်အခြေအနေနှင့် နှိုင်းယှဉ်နိုင်ရန် ဝေးကွာနေသေးသော်လည်း မဟာဧကရာဇ်ကို ယှဉ်နိုင်၍ သာပင် သာလွန်နိုင်ရန် အလားအလာရှိလေသည်။
သူ၏ ပင်မမူလဝိညာဉ်က ကြီးမားထည်ဝါစွာဖြင့် ထွက်ပေါ်လာ၏။ သူက ကောင်းကင်နတ်ဘုံတွင် ထိုင်လိုက်ပြီး ကျန်မူလဝိညာဉ်များက သူတို့၏ ကောင်းကင်နန်းဆောင်အသီးသီးတွင် နေရာယူလိုက်ကြသည်။။
ပင်မမူလဝိညာဉ်က ကောင်းကင်နှင့် မြေကြီးအား အုပ်ချုပ်နေသည့် ဧကရာဇ်တစ်ပါးအလား လက်အောက်ရှိ မူလဝိညာဉ်များကို ထိန်းချုပ်ကာ မဟာတာအိုအမျိုးမျိုးကို စောင့်ကြပ်နေသည့် ဧကရာဇ်များကို အမိန့်ပေးနေသည်။
ချီနှင့် သွေးပင်လယ်က ပွက်ပွက်ဆူလျက် တဖြည်းဖြည်း မြောက်တက်လာက သူ၏ရုပ်ခန္ဓာနှင့် ပေါင်းစည်းသွား၏။
ချင်မူ့က ခေါင်းငုံ့၍ ကောင်းကင်အကျဉ်းထောင်ကိုးထပ်စင်မြင့်ဆီသို့ ကြည့်လိုက်ရာ မည်သည်ကိုမှ မတွေ့ရချေ။ သို့သော် သူ၏မျက်လုံးထဲတွင် အတိတ်၌ ချုပ်နှောင်ခံခဲ့ရသော တာအိုနှလုံးသားကို မြင်နေရ၏။
အကျဉ်းထောင်ကိုးထပ်မှာ သူ၏ခြေထောက်အောက်တွင်ဖြစ်သော်လည်း သူ့နှလုံးသားထဲရှိ အကျဉ်းထောင်ကိုးထပ်ထဲတွင်မူ သူက ကြိုးကြိုးစားစား ရှေ့ဆက်လျှောက်နေသည်။ သူ၏ခြေလှမ်းများက လေးလံနေပြီး သူ၏နှလုံးသားကို တစ်လှမ်းချင်း တိုင်းတာနေ၏။
သူ၏နှလုံးသားထဲတွင် တစ်စုံတစ်ခုကို နားလည်သွားသည်။ သူသည် ကောင်းကင်အကျဉ်းထောင်စင်မြင့်မှ ထွက်လာခဲ့သော်လည်း သူ၏တာအိုနှလုံးသားမှာ အကျဉ်းထောင်ထဲတွင် ရှိနေသေး၍ အဆက်မပြတ် သန့်စင်နေဆဲ ရှိသေးလေသည်။
“လူလောကကြီးက လှောင်အိမ်ကြီးတစ်ခုပဲ… အားလုံးက ထောင်ထဲမှာ ရှေ့ဆက်တိုးနေကြတာ…. အကျဉ်းထောင်ကိုးထပ်ဆိုတာ ဘဝမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေပဲ… လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို အပေါက်တွေ ဗလပွ ဖြစ်သွားစေတဲ့အထိ ထိုးစိုက်ကြမယ့် ဆူးချွန်တွေပဲ… တာအိုနှလုံးသားကိုလည်း အပေါက်တွေ ပြည့်နှက်သွားအောင် ထိုးစိုက်ကြမှာ…”
“အားနည်းတဲ့သူကတော့ ဝေဒနာခံစားရပြီး အော်ဟစ်ညည်းညူနေကြလိမ့်မယ်… ဒါပေမဲ့ သန်မာတဲ့သူကတော့ အကောင်းဆုံးကြိုးစားပြီး ဘယ်တော့မှ နောက်ဆုတ်မှာမဟုတ်ဘူး… အားနည်းတဲ့သူတွေက အကျဉ်းထောင်ထဲမှာပဲ ရှုံးနိမ့်ပြီးတော့ ဘယ်တော့မှ ရှေ့ဆက်မတိုးကြဘူး… သန်မာတဲ့သူတွေကတော့ လွတ်မြောက်ဖို့ ကြိုးစားလိမ့်မယ်”
သူ၏ ဗုဒ္ဓကောင်းကင်နန်းဆောင်သည် ရုတ်တရက် ပြီးပြည့်စုံသွား၏။ သူ၏ဗုဒ္ဓမူလဝိညာဉ်က တည်ကြည်ခံ့ညားနေသည်။ သူက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခြေဗလာဖြစ်သည်။ သူ့မျက်နှာထက်တွင် မရေမတွက်နိုင်သော အခက်အခဲများကို ကြုံတွေ့ရပြီးသည့်တိုင် အပြုံးတစ်ခု နေရာယူထား၏။
ဗုဒ္ဓလမ်းစဥ်တွင် မည်သည့်ကျင့်စဥ်စနစ်မှမရှိပေ။ ဗြဟ္မဗုဒ္ဓသည် သူ့ကို မည်သည့်ကျင့်စဉ်စနစ်မှ သင်မပေးခဲ့သလို အဘိုးကြီးမာကလည်း ဗုဒ္ဓကောင်းကင်နန်းဆောင်ကို မသင်ပေးခဲ့ပေ။
ဗုဒ္ဓလမ်းစဉ်ဆိုသည်မှာ စိတ်မှ သင်ယူရသည့် လမ်းစဉ်မျိုးဖြစ်သည်။ ဉာဏ်အလင်းပွင့်သွားသည်နှင့် ဗုဒ္ဓကောင်းကင်နန်းဆောင်သည် အလိုအလျောက် ဖွဲ့တည်လာလိမ့်မည်။
သူက ကောင်းကင်အကျဉ်းထောင်ကိုးထပ်ကို ကြည့်လိုက်သည်။ ထွက်လာနိုင်ခဲ့သော်လည်း သူ၏နှလုံးသားက အကျဉ်းထောင်ထဲတွင် ရှိနေသေးလေသည်။
သူ အကျဉ်းထောင်မှ ထွက်လာသည့်တိုင် လူ့လောကသည် နောက်ထပ် အကျဉ်းထောင်ကိုးထပ်တစ်မျိုးပင် မဟုတ်ပါလော။
သူက ရယ်မောလိုက်၏။ သူ၏တာအိုနှလုံးသားမှာ သန့်စင်ပြီးချေပြီ။ ဉာဏ်အလင်းပွင့်သည့် အခြေအနေတွင် သူသည် နားလည်သိမြင်ထားသည့် တာအိုစနစ်မှ ကောင်းကင်ဘုံ ၂၅ ဘုံကို ထုတ်ဖော်ပြသထား၏။
အကျဉ်းထောင်ကိုးခု၏ နှလုံးသား အချုပ်အနှောင်တာအိုကား ထာဝရ တည်ရှိလေသည်။
သူက အကျဉ်းထောင်ကိုးထပ်သို့ တက်လိုက်သည့်အခါ မရေမတွက်နိုင်သော ဆူးချွန်တို့က စင်မြင့်အထပ်တွင် မရပ်မနား လှည့်ပတ်လာကြ၏။ အရွယ်အစား မျိုးစုံရှိသည့် ဆူးချွန်များက ရန်သူ၏ တာအိုနှလုံးသားကို ချုပ်နှောင်လိုက်ကြသည်။