← Chapters

ဝေစုဝေမျှ

Vol. 105 Ch. 1378

ဝေစုဝေမျှ

Vol. 105 Ch. 1378

ချင်မူ၏အ၀တ်စများသည် တဖြတ်ဖြတ် လှုပ်ခတ်နေပြီး သူ၏မှော်စွမ်းအင်မှာ တစတစ တိုးလာနေသည်။ သူ၏ ကောင်းကင်နန်းဆောင် ၁၉ ဆောင်ထဲတွင် မူလဝိညာဉ်များက နဂါးသွဲ့စင်မြင့်ဆီ ဦးတည်နေကြပြီး သူတို့၏ အရှိန်အဝါများက အားကောင်းသထက် အားကောင်းလာကြသည်။

နဂါးသွဲ့ရေကန်အဆင့်ကား သူ့အတွက် အတားအဆီးတစ်ခု မဟုတ်တော့ပေ။

ထိုမျှမသာက သူ၏မူလဝိညာဉ်များသည် နဂါးသွဲ့စင်မြင့်ကို ကျော်ဖြတ်၍ နဂါးသွဲ့ရေကန်အား ဖြတ်ကာ တစ်ဖက်ကမ်းရှိ နတ်ဘုရားစီရင်ရာစင်မြင့်သို့ပင် ရောက်နိုင်သည်ဟု ခံစားနေရ၏။

သူသာ နတ်ဘုရားစီရင်ရာစင်မြင့်ကို အသက်ရှင်လျက် ကျော်ဖြတ်နိုင်လျှင် အကျဉ်းထောင်ကိုးထပ်ကိုပင်လျှင် အလွယ်တကူ ကျော်ဖြတ်နိုင်လိမ့်မည်။

ထိုအခါ ကျောက်စိမ်းမြို့တော်အဆင့်သို့ ရောက်ရန် ‌ခြေတစ်လှမ်းသာ လိုအပ်တော့မည်ဖြစ်၏။

အချိန်တခဏအတွင်း ချင်မူ၏ မူလဝိညာဉ်များသည် နဂါးသွဲ့စင်မြင့်ထက်သို့ ရောက်ရှိသွားလေပြီ။ သူ၏သိုင်းအဆင့်နှင့် အစွမ်းအစတို့ကား ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် တိုးတက်လာ၏။ ဤသည်က သူ နဂါးသွဲ့ရေကန်အဆင့်သို့ ရောက်ရှိပြီးနောက် ခွန်အားတွင် တိုးတက်လာခြင်းဖြစ်သည်။

ကောင်းကင်နန်းဆောင်များထဲတွင် သူ၏မူလဝိညာဉ်တို့က နဂါးသွဲ့ရေကန်အား ဖြတ်သန်းရန် ခြေချလိုက်၏။ ‌နဂါးသွဲ့ရေကန်သည် လှုပ်ရှားသွားပြီး လေပြင်းများ၊ ရေလှိုင်းများ ပြင်းထန်စွာ တိုက်ခတ်လာ၏။ သူ၏ သိုင်းအဆင့်မှာလည်း တဟုန်ထိုး မြင့်တက်သွားတော့သည်။

ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်တွင် လိုအပ်ချက်များ ရှိနေသေးသော်လည်း ခွန်အားအရာ၌ တိုးတက်လာခြင်းက အတော်လေးသိသာပေသည်။

သို့သော် ချင်မူက ပင်လယ်၏ အလယ်ဗဟိုတွင် ရပ်လိုက်ပြီး ရှေ့ဆက်မတိုးတော့ချေ။

‘နတ်ဘုရားတွေရဲ့ ‌ကောင်းကင်နန်းဆောင်တွေအားလုံးက ကောင်းကင်နတ်ဘုံကို တုပထားကြတယ်… ကောင်းကင်နတ်ဘုံရဲ့ နဂါးသွဲ့ရေကန်ကလည်း ဘိုးဘေးနန်းတော်ရဲ့ နဂါးသွဲ့ရေကန်ကို တုပထားတာ…. ငါက ဘိုးဘေးနန်းတော်ထဲမှာဆိုတော့ အဲ့ဒီကို ဘာပဲဖြစ်ဖြစ် ရောက်အောင်သွားပြီး ဒီအဆင့်မှာ ပြီးပြည့်စုံအောင် လုပ်ရမယ်..”

သူသည် နဂါးသွဲ့ရေကန်အဆင့်သို့ တစ်ခါတည်းတက်လိုစိတ်ကို ချုပ်တည်းမြိုသိပ်လိုက်သည်။

ကောင်းကင်နန်းဆောင်များသည် ကောင်းကင်နတ်ဘုံကို တုပ၍ ဖန်တီးထားခြင်းဖြစ်ပြီး ခွန်အားသက်သက်တွင်သာ အာရုံစိုက်ကြသည်။ ၎င်းတို့က မပြည့်စုံပေ။

သို့သော် ဘိုးဘေးနန်းတော်ထဲတွင် ထိုအဆင့်များထဲတွင် တိမ်မြုပ်နေသော တာအိုကို ဖော်ထုတ်နိုင်သည်။ ဤသည်က ပြိုင်ဘက်ကင်းသော တိုးတက်မှုတစ်ခုဖြစ်သည့်အလျောက် အဆင့်တစ်ဆင့်ချင်းစီသည် မည်သည့်ပြစ်ချက်မှရှိလိမ့်မည်မဟုတ်ပေ။

နဂါးသွဲ့ရေကန်သာမက၊ ကျန်ကောင်းကင်မုခ်၀သုံးခု၊ နတ်ဘုရားစီရင်ရာစင်မြင့်နှင့် ကျောက်စိမ်းမြို့တော်တို့လည်း အလားတူပင်။ သူ ထိုနေရာသို့ သွားရောက်ရပေမည်။

သူ၏ အစွမ်းအစဖြင့် ကောင်းကင်မုခ်၀နှင့် နဂါးသွဲ့ရေကန်ထဲတွင် ကွယ်ဝှက်နေသော တာအိုကို အာရုံမခံနိုင်ပါက သူ အကျိုးအမြတ်ရသည်ကထက် ပိုမိုများပြားစွာ ဆုံးရှုံးရမည်ဖြစ်သည်။

ချင်မူ ပတ်၀န်းကျင်သို့ ဝေ့ဝဲကြည့်လိုက်သော်လည်း လုံ‌ရှောင်နှင့် နဂါးချီလင်အား ရှာမတွေ့ပေ။ မတွေ့ရသည့် အကြောင်းအရင်းကို ချက်ချင်း သဘောပေါက်သွား၏။

‘ကောင်းကင်နတ်ဘုံက ကောင်းကင်နတ်အရှင်တချို့ ဘိုးဘေးနန်းတော်ဆီ ရောက်လာပြီဖြစ်ရမယ်…. လုံရှောင်က ခေါင်းမာပေမယ့် ကောင်းကင်နတ်အရှင်ဆယ်ပါးက ရောက်လာတာနဲ့ သူ့ကို အရှင်ရှာပြီး သတ်ဖြတ်ရှင်းလင်းကြမယ်ဆိုတာတော့ သိသားပဲ…’

ချင်မူက တစ်ယောက်တည်း ရေရွတ်နေပြီးနောက် သူ၏ သာမန်မဟုတ်သော အမြင်အာရုံကို ထိန်းချုပ်လျက် လုံရှောင်၏ ပလ္လင်အရှေ့သို့ ဆင်းသက်လိုက်သည်။

ထို့နောက် အကျဉ်းထောင်ကိုးထပ်စင်မြင့်ကို သူ၏ဘိုးဘေးနန်းတော်ထဲတွင် တိတ်တဆိတ် တည်ဆောက်နေ၏။ အကျဉ်းထောင်ကိုးထပ်စင်မြင့်အပြင် တောင်ကောင်းကင်မုခ်၀လည်း ရှိလေသည်။

“ကောင်းကင်နတ်အရှင်မူ..”

ရုတ်တရက် ကောင်းကက်နတ်အရှင်များ ဆင်းသက်လာပြီး အကျဉ်းထောင်ကိုးထပ်စင်မြင့်ဆီသို့ ရောက်ရှိလာသည်။ သူတို့က ကောင်းကင်နတ်အရှင်ကိုးပါးဖြစ်သည့် ဟောင်၊ ဟွေ့၊ ရှု၊ ကုန်း၊ ဟုန်၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ နတ်ဧကရာဇ်လန်၊ ချန်းနှင့် ယန်တို့မှလွဲ၍ အခြားသူများမဟုတ်ပေ။ သူတို့က ဟိုဟိုသည်သည် ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ကြ၏။

“ဒီနေရာမှာ တစ်ခုခု ထူးဆန်းနေတယ်..”

ကောင်းကင်နတ်အရှင်ရှုက ကောင်း‌ကင်ပေါ်သို့ ပျံတက်သွား၍ အကျဉ်းထောင်ကိုးထပ်စင်မြင့်ကို အသေးစိတ် ကြည့်လိုက်သည်။ သူမ၏ မျက်နှာအမူအရာက ပို၍ လေးနက်တည်ကြည်လာ၏။

သူမက ဆင်းသက်ကာ ဒုတိယအထပ်သို့ ချက်ချင်း ဦးတည်သွားသည်။ မကြာမီ တတိယအထပ်နှင့် စတုတ္ထအထပ်သို့ ရောက်ရှိသွားချေပြီ။

“ကောင်းကင်နတ်အရှင်မူက ဒီမှာဘာလုပ်နေတာလဲ….” ကောင်းကင်နတ်အရှင်ဟုန်က မျက်မှောင်ကြုတ်လျက် မေးသည်။

ချင်မူက ပြုံးလျက်‌ ဖြေ၏။ “အဆင့်တက်အောင် ကျင့်ကြံဖို့ ရောက်လာတာပါ….ကျွန်တော်က နဂါးသွဲ့ရေကန်အဆင့် ရောက်သွားပြီဆိုတာ အားလုံးကို သိစေချင်လို့လေ”

ရှေးဟောင်းနတ်ဘုရားဘုရင်က အေးစက်စွာ ပြောသည်။ “ငါဆို အစစ်အမှန်ကောင်းကင်နတ်ဘုံအဆင့် ရောက်တော့မှာ… နဂါးသွဲ့ရေကန်အဆင့်လောက် ရောက်တာ ဂုဏ်ယူစရာမလို့လား..”

နတ်ဧကရာဇ်လန်ရွှမ်က ကြည်လင်သော မျက်နှာအမူအရာဖြင့် ပြောသည်။ “ကောင်းကင်နတ်အရှင်မူ နဂါးသွဲ့ရေကန်အဆင့် ရောက်သွားတာ ဂုဏ်ယူစရာပေါ့…. ကောင်းကင်နတ်အရှင်မူက ဒီနှစ်ဆို အသက် ၅၀ ပြည့်ပြီမလား… အသက် ၅၀ မှာ နဂါးသွဲ့ရေကန်အဆင့် ရောက်ပြီး ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်တာ ရှားပါးတဲ့ အမြန်နှုန်းပဲ”

ချင်မူက သူ့ကို အသိပေး၏။ “ကျွန်တော်က ၁၇ နှစ်ပဲ ရှိပါ‌သေးတယ်ဗျာ”

‌ရှေးဟောင်းနတ်ဘုရားဘုရင်က ရယ်သည်။ “အသက်ငါးဆယ်ဆိုတာ သာမန်လူတွေအတွက် အတော်ရှည်တဲ့ သက်တမ်းပဲ…. ထာ၀ရငြိမ်းချမ်းရေးအင်ပါယာနဲ့ တောင်ကောင်းကင်ကလွဲရင် အသက်ငါးဆယ်အထိ အသက်ရှင်နိုင်တဲ့ လူသားတွေက တော်တော်နည်းတယ်…ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာတောင် သာမန်လူတွေက အသက်ရှစ်ဆယ်အထိပဲ အသက်ရှင်နိုင်ကြတာမလား… ကောင်းကင်နတ်အရှင်မူက အိုပြီဆိုပေမယ့် နောက်ထပ် နှစ်သုံးဆယ်တော့ ကျန်ပါသေးတယ်”

နတ်အရှင်မချန်းက ပြုံးသည်။ “ကောင်းကင်နတ်အရှင်မူ၊ လုံရှောင်နဲ့ တွေ့ခဲ့သေးလား”

ချင်မူက ခေါင်းရမ်း၏။ “ကျွန်တော် သူ့ကို တစ်ခါမှ မတွေ့ဖူးဘူး…. အရှင်မနဲ့ ကောင်းကင်နတ်အရှင်ကုန်း သူ့ကို ဒဏ်ရာရစေခဲ့တဲ့ အခွင့်အရေးကို အသုံးချပြီး ကျွန်တော် သူ့ကို သတ်မလို့ လုပ်ခဲ့သေးတယ်… ဒါပေမဲ့ ဒီနေရာကို တွေ့တော့ ကျွန်တော့်ရဲ့ ချီလှည့်ပတ်မှုက နဂါးသွဲ့ရေကန်အဆင့်ကို မြင့်တက်သွားတာ ခံစားခဲ့ရတယ်လေ…. အခုတော့ အသက်ဆယ့်ခုနစ်နှစ်တည်းနဲ့ နဂါးသွဲ့ရေကန်အဆင့် ရောက်သွားပြီ”

ကောင်းကင်နတ်အရှင်ဟောင်နှင့် နတ်အရှင်မချန်းမှာ “အခွင့်အရေးကို အသုံးချမည်” ဟူသော စကားကို ကြားလျှင် အနည်းငယ် ကသိကအောက် ဖြစ်သွားကြသည်။

သူတို့သည် ချင်မူ အခွင့်အရေးယူခြင်အား ခံခဲ့ရသော မဟုတ်လော။ တစ်ယောက်မှာ မိုင်ခြောက်သိန်းအထိ ထွက်ပြေးခဲ့ရပြီး အသက်ရှင်နိုင်ရန် နတ်ဘုရားမထိုက်စုကို အားကိုးခဲ့ရ၏။ နောက်တစ်ယောက်ကတော့ ဦးခေါင်းဖြတ်ခံရ၍ ရတနာအဖြစ် သန့်စင်ခံခဲ့ရသည်။

သိသာစွာဖြင့် ချင်မူကား လုံရှောင်ကိုလည်း အမြတ်ထုတ်ချင်ခဲ့၏။ သို့သော် သိုင်းအဆင့် တက်နေရသဖြင့် မအောင်မြင်ခဲ့ချေ။

ရှေးဟောင်းနတ်ဘုရားဘုရင်က ချောင်းဟန့်၍ သတိပေးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူက အသက်ငါးဆယ်ဆိုတော့ အိုနေပြီပဲ..”

ချင်မူ့မျက်နှာကြီးမှာ မည်းမှောင်သွားတော့သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ရှုက ထူးဆန်း‌သော မျက်နှာအမူအရာဖြင့် အကျဉ်းထောင်ကိုးထပ်စင်မြင့်မှ ပျံတက်လာ၏။ “အထဲမှာ ထူးဆန်းတာ တစ်ခု ရှိတယ်…. ငါ့တာအိုနှလုံးသား ဖိနှိပ်ခံလိုက်ရတယ်… ကံကောင်းစွာနဲ့ သိုင်းအခြေခံက သိပ်သည်းတဲ့အတွက် အန္တရာယ်တော့ မရှိခဲ့ဘူး…”

အခြားကောင်းကင်နတ်အရှင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်၍ အကျဉ်းထောင်ကိုးထပ်စင်မြင့်ထဲသို့ အတူတကွ ၀င်ရောက်သွားကြသည်။

ကောင်းကင်နတ်အရှင်ရှုက ချင်မူ့အား ကြည့်၍ နူးညံ့စွာ မေးလေသည်။ “ကောင်းကင်နတ်အရှင်မူက ဘာလို့ ဒီနေရာမှာ အဆင့်တက်ဖို့ ရွေးချယ်ခဲ့တာလဲ…”

“ဒီနေရာက ဖုန်းရွှေက သိပ်ကောင်းတယ်လေ… သဘာ၀ရတနာမြေဆိုလည်း ဟုတ်တယ်…. ကျွန်တော်ရောက်လာတုန်းက ကျွန်တော်တို့ကြားမှာ ရေစက်ပါမှန်း သိခဲ့ရလို့ပါ…”

ချင်မူ ပေါက်ကရ လျှောက်ပြောတတ်မှန်း သိထားပြီးဖြစ်သဖြင့် ကောင်းကင်နတ်အရှင်ရှုသည် အာရုံမစိုက်ချေ။

မကြာမီ ကျန်ကောင်းကင်နတ်အရှင်ရှစ်ပါးစလုံး ကောင်းကင်အကျဉ်းထောင်ကိုးထပ်စင်မြင့်မှ တက်လာ၍ ပြောသည်။ “တကယ် ထူးဆန်းတာပဲ… ငါတို့လို ကောင်းကင်နတ်အရှင်တွေကို မချုပ်‌နှောင်နိုင်တာတော့ နှမြောစရာ ကောင်းတယ်.. မဟုတ်ရင် ကောင်းကင်နတ်အရှင်တွေကိုတောင် ဒီနေရာမှာ အကျဉ်းချထားလို့ရတယ်”

ကောင်းကင်နတ်အရှင်ဟောင်က ရုတ်တရက် မေး၏။ “ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းနဲ့ ပက်သက်ပြီး ငါတို့ ဘာလုပ်သင့်တယ်လို့ ကောင်းကင်နတ်အရှင်မူ ထင်လဲ”

ချင်မူက ပြုံးသည်။ “ကျွန်တော်ကတော့ ထုံးစံအတိုင်း မျှဝေယူချင်တာပေါ့ဗျာ..”

ကျန်ကောင်းကင်နတ်အရှင်များ မျက်ခုံးပင့်လိုက်ကြသည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်မှာ ပြင်းပြင်းထန်ထန် တုန်ခါသွား၏။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက ကောင်းကင်ပေါ်မှ ဘိုးဘေးနန်းတော်အနောက်ဘက်သို့ ဆင်းသက်လာသည်။

ကောင်းကင်နတ်အရှင်ကိုးပါးမှာ တအံ့တဩဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

“ဘယ်သူက ကောင်းကင်လက်နက်ကို ဒီနေရာဆီ ပို့လိုက်တာလဲ...” ကောင်းကင်နတ်အရှင်ဟောင်က ခပ်ဩသြ မေးသည်။

ကောင်းကင်နတ်အရှင်ဟုန်က ခေါင်းရမ်း၏။ “ဒီကောင်းကင်လက်နက်က ကျုပ်တို့ဆီကမဟုတ်သလို ကောင်းကင်နတ်အရှင်ရှောင်ဆီကလည်း မဟုတ်ဘူး…. မြေအောက်ဘုံအရှင်သခင်လက်ထဲက ကောင်းကင်လက်နက်များလား…”

ချင်မူမှာလည်း ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ကြည့်ကာ အံ့အားသင့်နေသည်။ သူက ရုတ်တရက် ပြော၏။ “ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှာ ဆယ့်တစ်ပါးမြောက် ကောင်းကင်နတ်အရှင် ရှိနေတာများလား”

ကောင်းကင်နတ်အရှင်ကိုးပါးမှာ ၎င်းကို ကြားသည်နှင့် စိတ်နှလုံးများ တုန်လှုပ်သွားကာ အလျင်အမြန် ထွက်ခွာသွားကြသည်။ မကြာမီ ‌သူတို့ ပျောက်ကွယ်သွားပြီး ကောင်းကင်နတ်အရှင်ကုန်း၏အသံ ထွက်ပေါ်လာ၏။ “ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်မဟာမိတ် အစည်းအ‌ဝေးက ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းရဲ့ ကံကြမ္မာကို ဆွေးနွေးဆုံးဖြတ်မှာ… နောက်ထပ် ဆုံးဖြတ်စရာ အရေးကြီးကိစ္စတွေလည်း ရှိတာမလို့ မပျက်ကွက်ပါနဲ့”

“ကောင်းကင်မဟာမိတ် အစည်းအဝေးလား… ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းအပြင် တခြားအရေးကြီးကိစ္စတွေလည်း ရှိနေသေးတာလား..”

ချင်မူ့အကြည့်က ရိပ်ခနဲ ဖြတ်ပြေးသွားသည်။ “ဘိုးဘေးနန်းတော်ရဲ့ ချိပ်တံဆိပ်က လုံး၀ ဖယ်ရှားခံလိုက်ရတာများလား…. တစ်ခုခုတော့ ထူးဆန်းတယ်…. ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ ဆင်းသက်လာမှုကို ထိန်းချုပ်တဲ့သူက မြေအောက်ဘုံအရှင်သခင်လား… အရှင်မယွမ်မုလား”

အချိန်တချို့ကြာသော် ခပ်ကြီးကြီး သားရဲတစ်ကောင်နှင့် ခပ်သေးသေး သားရဲတစ်ကောင် ရောက်ရှိလာကြသည်။ ချင်မူက မျက်လုံးဖွင့်၍ သူတို့ကို စစ်ဆေးကြည့်သော်လည်း ထူးဆန်းသည့် မည်သည့်အရာကိုမှ မတွေ့ရချေ။ သို့သော် သူတို့ထဲမှ တစ်ကောင်က လုံရှောင်ဖြစ်ပြီး နောက်တစ်ကောင်က နဂါးချီလင်ဖြစ်သလို ခံစားလိုက်ရ၏။

သူ့မှာ အံ့အားသင့်သွားပြီး မျက်ခုံးနှစ်ဖက်ကြားမှ ဒေါင်လိုက်မျက်လုံးကို ဖွင့်၍ ကြည့်လိုက်သည်။ သူ့မျက်လုံးသည် ပြောင်းလဲမှုအလုံးစုံကို ထွင်းဖောက်မြင်နိုင်သော်လည်း သားရဲနှစ်ကောင်ကိုတော့ ထွင်းဖောက်မမြင်နိုင်ချေ။

“လုံရှောင်က တကယ်စွမ်းတာပဲ… သွေးသံချေးဇုန်တိုက်ပွဲမှာ အသက်ရှင်ကျန်နိုင်ခဲ့တာ အံ့ဩစရာမရှိဘူး”

ချင်မူက ပြုံး၏။ “အဲ့ဒီတုန်းက ကောင်းကင်နတ်ဧကရာဇ်နဲ့ တခြားရှေးဟောင်းနတ်ဘုရားတွေ ခင်ဗျားကို ‌သတိမထားမိအောင် ဒီနည်းလမ်းကို သုံးခဲ့တာမလား…. ဒီနည်းလမ်းနဲ့ပဲ ကောင်းကင်နတ်အရှင်တွေဆီကနေ ပုန်းခဲ့တာလား…”

“ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်အရှင်ဆိုတဲ့အတိုင်း ထူးကဲတဲ့ စွမ်းဆောင်ရည်တွေကို ပိုငိဆိုင်ထားတာပဲ..”

ခပ်ကြီးကြီးသားရဲက ပြော၏။ “ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူတောင် ငါ့ကို မမြင်နိုင်တဲ့အပြင် ကောင်းကင်နတ်အရှင်ကိုးပါးလည်း မမြင်နိုင်ခဲ့ဘူး…. ဒါပေမဲ့ မင်းကတော့ သတိထားမိတယ်…. မင်းမှာ ကောင်းကင်နတ်အရှင်မူဆိုတဲ့ နာမည်နဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်တော့ ရှိတယ်ဆိုတဲ့သဘောပဲ”

ချင်မူက ပြောသည်။ “ကျွန်တော်လည်း ခင်ဗျားရဲ့ ပြောင်းလဲခြင်းတွေကို မမြင်ရပါဘူး… ကျွန်‌တော့်နှလုံးသားကတော့ ခင်ဗျားလို့ ထင်ခဲ့တာ… လုံရှောင်၊ ကျွန်တော်ပြောတာ မမှားဘူးဆိုတာ ခင်ဗျားသိတယ်မလား…”

လုံရှောင်က တည်ကြည်လေးနက်စွာ ပြော၏။ “ကောင်းကင်နတ်အရှင်ဆယ်ပါးက ငါ့ကို သတ်ချင်နေတယ်…. ဆိုတော့ ငါ မဟာမိတ်လိုတယ်… ကောင်းကင်နတ်အရှင်မူ၊ ငါ မဟာမိတ်တစ်ယောက်အနေနဲ့ မေးမယ်…. ငါ့အသက်နဲ့ ငါ့မျိုးနွယ်ရဲ့အသက်ကို ဘယ်လိုကာကွယ်နိုင်မလဲ”

“လွယ်လွယ်လေးပါ… မဟာလေဟာနယ်ဆီ သွားပေါ့” ချင်မူက ခပ်ပြတ်ပြတ် ပြောသည်။

All Chapters