စာချုပ်ချုပ်ဆိုခြင်း
Vol. 105 Ch. 1379
လုံရှောင်မှာ အံ့အားသင့်သွား၏။ “မဟာလေဟာနယ်ဆီ သွားရမှာလား…. ဘိုးဘေးနန်းတော်ကနေ ထွက်ပြေးသွားတဲ့ ဖန်ဆင်းရှင်တွေ ဖန်ဆင်းထားတဲ့ နေရာကိုလေ”
“ဟုတ်တယ်”
ချင်မူက ပြောသည်။ “အဲ့ဒီနေရာပဲ…. ဖန်ဆင်းရှင်တွေက တခြားတစ်ဖက်မှာ နေရာတစ်ခု ဖန်ဆင်းထားတာဆိုတော့ ခင်ဗျားရဲ့သားရဲတွေ မျိုးပွားနိုင်ဖို့ အဲ့ဒီ ခေါ်သွားလို့ရတယ်…. ကောင်းကင်နတ်ဘုံက အဲ့ဒီနေရာကို တိုက်ခိုက်နေတာဆိုတော့ ကူတော့ ကူညီပေးရမှာပေါ့”
သူ၏အသိစိတ်အလျဉ်က လှိုင်းထသွားပြီး အခြားတစ်ဖက်ခြမ်းမှ အခြေအနေများအား လုံရှောင့်စိတ်ထဲသို့ လွှဲပြောင်းပေးလိုက်သည်။
လုံရှောင်မှာ အနည်းငယ် တုံ့ဆိုင်းနေသည်။ ကောင်းကင်နတ်ဘုံမှာ ထိုနေရာသို့ တိုက်ခိုက်နေလေရာ သူ သွားပါက ဧရာမကမ္ဘာဦးသားရဲကြီးများနှင့်အတူ တိုက်ပွဲတွင် ၀င်ရောက်တိုက်ခိုက်ရန်မှတစ်ပါး ရွေးချယ်စရာရှိလိမ့်မည် မဟုတ်ပေ။ ချင်မူ လွှဲပြောင်းပေးသည့် အခြေအနေအရ ကောင်းကင်နတ်ဘုံသာ ထိုနေရာကို ဖျက်ဆီးချင်ပါက မဟာလေဟာနယ်၊ လေဟာနယ်တံတားနှင့် ထိုနေရာတစ်ခုလုံးမှာ သေချာပေါက် ခုခံနိုင်လိမ့်မည်မဟုတ်ချေ။
သူနှင့် ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းမှ သားရဲကြီးများအနေဖြင့် ထိုနေရာသို့ ပြေးသွားပါက သေဘေးကို ခေတ္တရွှေ့ဆိုင်းထားခြင်းသာ ဖြစ်ပေလိမ့်မည်။
ချင်မူက သူ၏မျက်နှာအမူအရာကို ကြည့်ကာ အေးဆေးစွာ ပြောသည်။ “ခင်ဗျား မဟာလေဟာနယ်ကို မသွားဘူးဆိုရင် နောက်ထပ်အခွင့်အရေးတစ်ခု ရှိသေးတယ်…. အဲဒါက ကောင်းကင်နတ်အရှင်ဆယ့်တစ်ပါးမြောက်နဲ့ ပူးပေါင်းဖို့ပဲ”
လုံရှောင်မှာ ကြောင်အသွားပြီး သူ ပြောလိုသည့် အဓိပ္ပာယ်ကို နားမလည်ချေ။
“ဆယ့်တစ်ပါးမြောက် ကောင်းကင်နတ်အရှင်က ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှာ မဟုတ်ဘူး….” ချင်မူက ရှင်းပြ၏။ “သူ့မှာ စွမ်းရည်တစ်ခုရှိတယ်… ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ဖန်တီးနိုင်တာ… ဒါ့အပြင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတွေအားလုံး သူ့ဆီက လာတာဆိုတော့ အားနည်းချက်အကုန်လုံး သိတယ်…. ဒါပေမဲ့ သူက ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှာ မဟုတ်တဲ့အတွက် ခင်ဗျား သူနဲ့ ပူးပေါင်းရင် အန္တရာယ်များလိမ့်မယ်…. ခင်ဗျားရော၊ သူရောကို ကောင်းကင်နတ်အရှင်ဆယ်ပါးက ဖျက်ဆီးပစ်နိုင်တယ်”
လုံရှောင်၏ မျက်နှာအမူအရာမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။
ချင်မူပြောပြသည့် ဒုတိယလမ်းကလည်း အတော်လေး စွန့်စားရပေမည်။ ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်အရှင်ဆယ်ပါးသည် သူ့ကို မည်သည့်ကောင်းကင်နတ်အရှင်လက်ထဲမှ အပါခံမည်မဟုတ်ချေ။ သူသာ ဆယ့်တစ်ပါးမြောက် ကောင်းကင်နတ်အရှင်နှင့် ပူးပေါင်းလိုက်ပါက ကောင်းကင်နတ်အရှင်ဆယ်ပါး၏ သတ်ဖြတ်ခြင်းခံရပေလိမ့်မည်။
ထိုမျှသာမက ချင်မူ ပြောပြသည့် ဒုတိယလမ်းတွင် ကောက်ကျစ်စဉ်းလဲသော အကြံများ ပါနေ၏။
သူ ချင်မူပြောသည့်အတိုင်း လုပ်ပါက ကောင်းကင်နတ်အရှင်ဆယ်ပါးသည် သူနှင့် ဆယ့်တစ်ပါးမြောက် ကောင်းကင်နတ်အရှင်ကို ဝိုင်းတိုက်ကြလိမ့်မည်။ ကောင်းကင်ပြိုလဲ၍ မြေပြက်အက်ကွဲသည်အထိ တိုက်ခိုက်ကြပါက ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းသည် ဒုတိယမြောက် စစ်မြေပြင် ဖြစ်လာလိမ့်မည်သာ။
“တတိယနည်းလမ်းရှိလား” လုံရှောင်က မေးသည်။
ချင်မူက ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။ “တတိယလမ်းက အန္တရာယ်အများဆုံးပဲ… ကောင်းကင်နတ်အရှင်ဆယ်ပါးက ထွက်သွားပြီးပြီးချင်း ကျွန်တော့်ကို ကောင်းကင်မဟာမိတ်အစည်းအဝေးဆီ လာဖို့ ဖိတ်သွားတယ်… ဘိုးဘေးနန်းတော်ကို ခွဲယူဖို့နဲ့ တခြားကိစ္စတွေကို ဆွေးနွေးကြမှာ…. ကျွန်တော်လည်း ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းရဲ့ နယ်မြေတစ်စိတ်တစ်ပိုင်းကို ရလိမ့်မယ်…. ခင်ဗျား ကျွန်တော်နဲ့ တရား၀င်ပူးပေါင်းပြီး ကျွန်တော့်လက်အောက်က တပ်မှူးအဖြစ် ခံယူလိုက်”
လုံရှောင်မှာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး ခေါင်းရမ်းလိုက်သည်။ “မင်းက မင်းကိုယ်မင်းတောင် မကာကွယ်နိုင်တာ ငါ့ကို ဘယ်လိုကာကွယ်မှာလဲ”
“ကျွန်တော့်ကိုယ်ကျွန်တော် မကာကွယ်နိုင်တဲ့အတွက်ကြောင့်ပဲ အသက်ရှင်ဖို့ အခွင့်အရေး ရှိတာပေါ့”
ချင်မူက ပြုံးသည်။ “ကောင်းကင်နတ်အရှင်ဆယ်ပါးက ဖြစ်တည်မှုတစ်ခုတည်း မဟုတ်ဘူး…. သူတို့မှာ ပြိုင်ဘက်တွေ အသီးသီးရှိကြတယ်… ဒါပေမဲ့ တူညီတဲ့ပန်းတိုင်လည်း ရှိတယ်….အဲ့ဒါက တခြားရန်သူတွေကို ရှင်းလင်းသတ်ဖြတ်ပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားဖို့ပဲ…. သူတို့က ဆယ့်တစ်ယောက်မြောက် ကောင်းကင်နတ်အရှင်နဲ့ မတိုက်ခိုက်ဘဲ သူ့ကို ဘိုးဘေးနန်းတော်အနောက်ဘက်ရဲ့ နယ်မြေတစ်စု ခွဲပေးလိမ့်မယ်…. ဆယ့်တစ်ယောက်မြောက် ကောင်းကင်နတ်အရှင်ကို ပေးနိုင်တယ်ဆိုရင် ကျွန်တော့်ကိုလည်း ပေးရလိမ့်မယ်…. ဘာလို့ဆို ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှာ ကျွန်တော့်ဘက်က သူတစ်ယောက် ရှိတယ်လေ”
လုံရှောင်က မျက်မှောင်ကြုတ်၏။ “မင်းက မင်းကိုယ်မင်း ကာကွယ်နိုင်ပေမယ့် ငါ့မှာတော့ ကောင်းကင်နတ်အရှင်ဆယ်ပါးကြားမှာ လူယုံ မရှိဘူး… ငါ မင်းဆီမှာ အညံ့ခံရင် သူတို့က ငါ့ကို လက်ခံမှာလား”
“ခင်ဗျား ကောင်းကင်နတ်အရှင် ဆယ့်တစ်ပါးထဲက တစ်ယောက်ယောက်ဆီမှာ အညံ့ခံလိုက်ရင် မျှခြေပျက်သွားမယ်…. ဒါပေမဲ့ ကျွန်တော့်ဆီမှာ အညံ့ခံရင်တော့ မျှခြေမပျက်တော့ဘူး…. ကျွန်တော်တို့နှစ်ယောက်က အားအနည်းဆုံး ဆယ့်နှစ်ပါးမြောက် ကောင်းကင်နတ်အရှင်ပဲ…. ဆိုတော့ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မယ့် အခွင့်အရေး ရှိတယ်”
လုံရှောင်က ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ သူက ရုတ်တရက် ခေါင်းမော့၍ မေး၏။ “ဒါဆို စတုတ္ထနည်းလမ်း ရှိသေးလား”
ချင်မူမှာ တိတ်ဆိတ်နေသည်။
လုံရှောင်သည် အခြေအနေကို မြင်လိုက်ရသဖြင့် ချက်ချင်း ပြုံးလိုက်၏။ “ကောင်းကင်နတ်အရှင်မူ၊ စတုတ္ထနည်းလမ်း ရှိရှိ၊ မရှိရှိ ငါက မင်းအပေါ် တကယ်ကျေးဇူးတင်ပြီး မဟာမိတ်အနေနဲ့ ဆက်ဆံမှာပါ… စိတ်မပူပါနဲ့ … ငါ မင်းကို သစ္စာမဖောက်ပါဘူး”
ချင်မူက စိတ်ပိုင်းဖြတ်၍ ဆတ်ခနဲ ခေါင်းမော့ကာ ပြောသည်။ “စတုတ္ထနည်းလမ်း ရှိတယ်…. ဒီလမ်းက ခက်ခဲပေမယ့် အကောင်းဆုံးနဲ့ အောင်မြင်ဖို့ အလွယ်ကူဆုံးပဲ… ခင်ဗျားရဲ့ ရာထူးကိုတောင် ထိန်းထားနိုင်ပြီးတော့ ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ ထိန်းချုပ်မှုနဲ့ ဒုက္ခတွေဆီကနေ လွတ်မြောက်စေနိုင်တယ်…. ဒါပေမဲ့ ဒီလမ်းက ကျွန်တော့်ရဲ့ ရည်ရွယ်ချက်တွေကို အားလျော့သွားစေနိုင်တယ်…. ဒါကြောင့် ခင်ဗျား ကျွန်တော့်အတွက် တောင်းဆိုချက်သုံးခု ပြန်လုပ်ပေးရမယ်… သဘောတူရင် ဒီနည်းလမ်းအတွက် ကျွန်တော် တိုက်ခိုက်ပေးမယ်”
လုံရှောင်က တခဏ တုံ့ဆိုင်းနေပြီးနောက် တည်ကြည်လေးနက်စွာ ပြော၏။ “ကောင်းပြီ၊ မင်းရဲ့ တောင်းဆိုချက်သုံးခုက ဘာလဲ”
“စတုတ္ထလမ်းက ကောင်းကင်နတ်အရှင်ဆယ့်နှစ်ပါး ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းကို ခွဲဝေယူစေမယ်... ဧရာမသားရဲကြီးတွေကို ကမ္ဘာဦးဘုံနဲ့ အခြားကမ္ဘာလောကတွေ အနောက်ခြမ်းဆီ သွားပြီး သားရဲလောကတစ်ခု တည်ထောင်စေရမယ်”
ချင်မူ့အကြည့်က ရိပ်ခနဲ ဖြတ်ပြေးသွားသည်။ “သားရဲလောကက တခြားကမ္ဘာလောကတွေကို မှီခိုစရာမလိုဘူး…. လုံရှောင်က သားရဲလောကရဲ့ အုပ်ချုပ်သူနဲ့ တစ်ပါးတည်းသော ရှေးဟောင်းနတ်ဘုရားပဲ…. သားရဲလောကရဲ့ ဧရာမသားရဲတွေက နတ်ဘုရားတွေ ဒါမှမဟုတ် ကောင်းကင်နတ်သိုင်းပညာရှင်တွေနဲ့ ဆင့်ခေါ်စာချုပ်ချုပ်ပြီးတော့ ဆင့်ခေါ်တာကို နားထောင်နိုင်ကြတယ်…. သူတို့က သားရဲလောကကနေ ဆင်းသက်လာပြီး နတ်ဘုရားတွေ၊ သိုင်းပညာရှင်တွေနဲ့အတူ တိုက်ခိုက်နိုင်လိမ့်မယ်…. တိုက်ပွဲပြီးရင် ဧရာမသားရဲကြီးတွေက သားရဲလောကဆီ ပြန်ကြလိမ့်မယ်…. ဒီလိုနည်းနဲ့ ကောင်းကင်နတ်အရှင်ဆယ်ပါးက ခင်ဗျားကတဆင့် သားရဲလောကအပေါ် ထိန်းချုပ်နိုင်ကြမှာဆိုတော့ အားလုံး သဘောတူကြမှာပဲ”
လုံရှောင်၏ မျက်လုံးများ တောက်ပသွား၏။ ဤလမ်းက အမှန်တကယ်ပင် အကောင်းဆုံးလမ်းဖြစ်ချေသည်။ သူ့တွင် ကောင်းကင်နတ်အရှင်ဆယ့်နှစ်ပါးနှင့် ရည်ရွယ်ချက်မတူသဖြင့် သူတို့၏ ဖမ်းဆီးခြင်းခံရကာ စီးတော်ယာဉ်ဖြစ်လာလိမ့်မည်မဟုတ်ချေ။ သူ့အသက်လည်း အန္တရာယ်မရှိတော့။
သို့သော် ဤနည်းလမ်းဖြစ်မြောက်လာရန် လွယ်ကူမည်လော။
“ကောင်းကင်နတ်အရှင်ဆယ့်နှစ်ပါးက ရည်ရွယ်ချက်အသီးသီး ရှိကြတယ်ဆိုတော့ ဒီလမ်းက သူတို့ကို အနှောင့်အယှက်ပေးမှာမဟုတ်ဘူး…. ခင်ဗျား ဧရာမသားရဲတွေရဲ့ ခွန်အားကိုလည်း တိုက်ခိုက်ဖို့ သုံးလို့ရတယ်…. ခင်ဗျား မျက်နှာမလိုက်သရွေ့ ဖြစ်လာဖို့ အလွယ်ဆုံးနည်းလမ်းပဲ”
ချင်မူက သက်ပြင်းချသည်။ “ဒါပေမဲ့ ဒီလမ်းက ကျွန်တော့်ရည်ရွယ်ချက်တွေကို ဒုက္ခပေးနိုင်တယ်… ခင်ဗျားရဲ့ အကူမညီမပါရင် ကျွန်တော်က ဘိုးဘေးနန်းတော်ရဲ့ အားအနည်းဆုံးအပိုင်း ဖြစ်လာလိမ့်မယ်…. ဒါပေမဲ့ ကျန်တဲ့ကောင်းကင်နတ်အရှင်ဆယ့်တစ်ပါးကတော့ ဒီနည်းလမ်းကို သေချာပေါက် သဘောတူကြမှာပဲ”
လုံရှောင်က ပြုံး၏။ “ဒီလမ်းက အကောင်းဆုံးပဲ”
ချင်မူက သူ့ကို တစ်ချက်ကြည့်၍ ပြောသည်။ “ဒီနည်းလမ်း အောင်မြင်အောင် ကျွန်တော် ကူညီပေးနိုင်တယ်”
လုံရှောင်က ချက်ချင်းပြော၏။ “ငါ မင်းရဲ့ တောင်းဆိုချက်သုံးခုကို သဘောတူပြီး သေချာပေါက် ကတိမဖျက်ပါဘူး”
ချင်မူ့မျက်နှာအမူအရာက ပျော့ပြောင်းသွားသည်။ “ကျွန်တော် ခင်ဗျားကို မယုံတာမဟုတ်ပါဘူး….. ဒါပေမဲ့ အခြေခံစာချုပ်တစ်ခုတော့ ရှိထားသင့်တယ်လေ…. ကျွန်တော်နဲ့ ခင်ဗျား မြေအောက်ဘုံအရှင်လေးရှေ့မှာ စာချုပ်ချုပ်ကြမယ်…. အနာဂတ်မှာ စာချုပ်ဖောက်ဖျက်ခဲ့ရင် မြေအောက်ဘုံအရှင်လေးက ခင်ဗျားရဲ့ဝိညာဉ်ကို ယူသွားလိမ့်မယ်”
လုံရှောင်က ပြုံး၏။ “ဒါဆိုလည်း အဲ့ဒီလို လုပ်ကြတာပေါ့”
သူတို့နှစ်ယောက်က မြေဘောက်ဘုံအရှင်လေးအား တိုင်တည်၍ စာချူပ်ချုပ်ဆိုလိုက်ကြသော်လည်း လုံရှောင်မှာ မြေအောက်ဘုံအရှင်လေးကို အာရုံခံ၍မရချေ။ ‘မြေအောက်ဘုံအရှင်လေး မပြောနဲ့ မြေအောက်ဘုံအရှင်သခင်နဲ့ စာချုပ်ကတောင် ငါ့ကို မထိန်းချုပ်နိုင်ဘူး…. မြေအောက်ဘုံအရှင်သခင်က ငါ့ဝိညာဉ်ကို ယူသွားနိုင်ပေမယ့် သူ မရောက်နိုင်တဲ့နေရာတွေ ရှိတယ်… ငါ သားရဲလောကမှာ နေသရွေ့ မြေအောက်ဘုံအရှင်သခင် ဝင်ရောက်နိုင်မှာမဟုတ်ဘူး…. မြေအောက်ဘုံအရှင်လေးက မြေအောက်ဘုံအရှင်သခင်ထက် အစွမ်းထက်လို့လား’
ချင်မူက စိတ်ရင်းဖြင့် သတိပေးသည်။ “လုံရှောင်၊ ကျွန်တော် ခင်ဗျားကို အကောက်မကြံချင်လို့ ကြိုပြီး ပြောပြထားပါမယ်…. မြေအောက်ဘုံအရှင်လေးက မြေအောက်ဘုံအရှင်သခင်နဲ့ မတူဘူး…. သူ့မှာ ယိုတုမဟာတာအိုရဲ့ ချုပ်ချုပ်နှောင်မှုမရှိတဲ့အတွက် တစ်လောကလုံးက ကြိုက်တဲ့နေရာဆီ သွားလို့ရတယ်… ခင်ဗျား စာချုပ်ဖောက်ဖျက်ရင် သားရဲလောကကမှာ ခင်ဗျားရဲ့အသက်ကို လာနှုတ်ယူလိမ့်မယ်”
လုံရှောင်မှာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး ဂရုတစိုက် မေးသည်။ “ဒါဆို ဒီမြေအောက်ဘုံအရှင်လေးက…”
ချင်မူက ကွယ်ဝှက်မနေဘဲ ပြောပြ၏။ “သူက ကျွန်တော့်အစ်ကိုကြီးလေ… အကျင့်လေး တော်တော်ကြမ်းပြီး အရမ်းအစွမ်းထက်တယ်… ကျွန်တော်တောင် သူ့ကို နည်းနည်းကြောက်တယ်…”
လုံရှောင်မှာ ချက်ချင်း စိတ်အေးသွားပြီး စိတ်ထဲမှ တွေးလိုက်သည်။ ‘ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်အရှင်အတုဆိုတော့ သူ့အစ်ကိုကြီးကလည်း အဲ့လောက်အစွမ်းမထက်လောက်ပါဘူး… သူ ငါ့ကို ဘာမှမလုပ်နိုင်ဘူး’
“ခင်ဗျား နောက်ထပ်ရက်နည်းနည်းလောက် ပုန်းနေပြီး အသက်ရှင်ဖို့ ကြိုးစားလိုက်ဦး…. ကျွန်တော့်ဆီက သတင်းကောင်းကို စောင့်နေပါ”
ချင်မူက ပြော၏။ “နဂါးချီလင်ကိုလည်း ခေါ်သွားပါ… သူက ခင်ဗျားရဲ့ မွေးစားသားလေ… ဆိုတော့ သူ့ကို ဂရုစိုက်ရမှာပေါ့”
လုံရှောင်က သဘောတူသည်။ “စိတ်မပူပါနဲ့…. သားရဲလောက အောင်မြင်ရင် လုံပိလည်း တစ်၀က်ရမှာပါ” သူက ထိုသို့ပြောပြီး တဟားဟား ရယ်လိုက်၏။
ချင်မူက ထရပ်၍ ထွက်ခွာသွားတော့သည်။
လုံရှောင်က မေး၏။ “ပိအာ၊ မြေအောက်ဘုံအရှင်လေးက တကယ်ပဲ ကောင်းကင်နတ်အရှင်မူရဲ့ အစ်ကိုကြီးလား… ကျန်တဲ့ကောင်းကင်နတ်အရှင်တွေနဲ့ ယှဉ်ရင် သူ့စွမ်းအားက ဘယ်လိုလဲ”
နဂါးချီလင်က ပြောသည်။ “သူက ကောင်းကင်နတ်အရှင်မူထက် နည်းနည်းပိုစွမ်းတယ်…. ဒါပေမဲ့ ကောင်းကင်နတ်အရှင်တွေထက်တော့ အများကြိး ပိုနိမ့်ကျတယ်… ရိုင်းတာတော့ ရိုင်းတယ်”
လုံရှောင်က ပြုံးလျက် ပြော၏။ “ဒါဆို မြေအောက်ဘုံအရှင်လေးနဲ့ ဒီစာချုပ်က ချဲ့ကားထားတာပါပဲလေ” ထို့ကြောင့် သူက စိတ်ထဲပင် မထားတော့ချေ။