အင်ပါယာခွာ၏အပျက်အစီးနေရာ
Vol. 013 Ch. 1241
ရီဖူရှင်းတို့အုပ်စုက ချန်ယဲ့မြို့စား အိမ်တော်သို့ ပြန်ရောက်လာခဲ့ကြပြီ ဖြစ်သည်။
ရီဖူရှင်းက ကြယ်တာရာခူးဆွတ်သူ ရှန့်ထို၏ ရည်ရွယ်ချက်အား တွေးတောနေသည်။ သူက အဘယ်ကြောင့် ထိုသို့လုပ်ခဲ့သည်ကို ရီဖူရှင်း လုံးဝ စဉ်းစား၍ မရပေ။
ဆန်းဇွန်၏ အလိုအရ ထိုလူသည် မီးတောက်အား ထိန်းသိမ်းနိုင်စွမ်းရှိကာ သွေးနဂါးဘုံတွင် ရန်ဟောင်တန်ခိုးရှင်မှအပ သူ့အား ဖမ်းဆီးနိုင်စွမ်း၊ ခြေရာခံနိုင်စွမ်းရှိသူ မရှိပေ။ သူ၏ရုပ်ပြောင်းရုပ်လွှဲ ပညာရပ်ကား ပြိုင်ဘက်ကင်းသည်။
မည်သို့ဆိုစေ ရန်ဟောင်အဆင့် မီးတောက်ကား သူတို့လက်ထဲသို့ ရောက်နေပြီဖြစ်သည်။ သို့သော်လည်း ထိုသို့ ထိန်းသိမ်းနိုင်ခြင်းမှာလည်း အင်ပါယာရှားဘုံ၏ အထောက်အပံ့ကြောင့်သာ ဖြစ်သည်။ သူ့တစ်ယောက်တည်းဖြင့် ဆိုလျှင် မီးတောက်အား ယူဆောင်လာရန်မှာ မဖြစ်နိုင်ပေ။
ရှီကလန်သည်ကား သူတို့ထံသို့ ဦးဆုံး လာရောက် တိုက်ခိုက်ပေလိမ့်မည်။
ရီဖူရှင်းက မြို့စားအိမ်တော်သို့ ပြန်ရောက်ပြီးနောက် ဆန်းထျန်ကျန့်ထံသို့ သွားရောက်ကာ အလုံးစုံရှင်းပြလျက် မေးမြန်းသည် ... “ ကြယ်တာရာခူးဆွတ်သူ ရှန့်ထိုက ဘာသဘောလဲဆိုတာ စီနီယာ သိပါသလား”
ဆန်းထျန်ကျန့်ကား ကြယ်တာရာခူးဆွတ်သူ ရှန့်ထိုနှင့် အဆင့်အတူတူ ဖြစ်သည်။ သူက တစ်ဘက်လူ၏သဘောကို ခန့်မှန်းနိုင်လောက်၏။
သို့သော်လည်း ဆန်းထျန်ကျန့်က ခေါင်းယမ်းကာ ပြောသည် ... “ကြယ်တာရာခူးဆွတ်သူ ရှန့်ထိုက အမြဲတမ်း ထူးဆန်းတယ်။ သူဘာလိုချင်လဲ ဘယ်သူသိမှာလဲ။ တစ်ခါက သူဟာ ရှေးဟောင်းအင်ပါယာ မြို့တော်သို့ သွားပြီးတော့ တစ်စုံတစ်ခုကို ခိုးဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ ပြီးတော့ သူက နဝမအစေခံနဲ့ တိုက်ခိုက်တဲ့အခါ ဒဏ်ရာရခဲ့ဖို့ များတယ်။ မီးတောက်ကိုတော့ ငါ တစ်ခါလောက် ကြည့်လို့ရမလား” ဆန်းထျန်ကျန့်က ပြောသည်။
ရီဖူရှင်းက ခေါင်းညိတ်ကာ မီးတောက်အား ထုတ်လိုက်သည်။ ချက်ချင်းပင် ပူပြင်းလောင်မြိုက်သော အငွေ့အသက်များနှင့်အတူ မီးတောက်အလင်းသည် ကောင်းကင်သို့အထိ ထိုးတက်သွားသည်။
ဆန်းထျန်ကျန့်က မီးတောက်အား ကြည့်ကာ ပြောသည် ... “သိမ်းလိုက်လို့ ရပြီ ”
ရီဖူရှင်းက မီးတောက်အား သိမ်းဆည်းလိုက်သည်။ ဆန်းထျန်ကျန့်က ဆက်ပြောသည် ... “မီးတောက်ဟာ အင်ပါယာခွာ ချန်ထားခဲ့တာ။ မင်းက မီးတောက်ကို ထိန်းချုပ်နိုင်တဲ့အခါ ခွာမျိုးနွယ်စု ကိုးခုဆီသို့ သွားနိုင်ပြီးတော့ အင်ပါယာခွာ နယ်မြေသို့ ဝင်ရောက် ခွင့်ရနိုင်မယ် ”
ရီဖူရှင်းကား ဆန်းထျန်ကျန့်၏စကားကို ကြားသောအခါ နားမလည်စွာဖြင့် မေးသည် ... “ဒါဆို ဒီမီးတောက်က တခြားအသုံးရှိသေးတာပေါ့။ ဒါက ရန်ဟောင်နယ်မြေကို ဝင်ခွင့်ရစေတာလား ”
သူ မီးတောက်ကို ရရှိခဲ့သည်နှင့် မီးတောက်နက်ကလန်မှ ကျိုးရွှီက ထိုမီးတောက်အား ကြည့်ရန် တောင်းဆိုခဲ့သည်ကို အမှတ်ရမိ၏။ ကျိုးရွှီကား ရန်ဟောင်မျိုးဆက် ဖြစ်သည်။ သူတို့က မီးတောက်နှင့် ပတ်သက်၍ အနည်းငယ် ရိပ်မိခဲ့ဟန်ရသည်။ ရီဖူရှင်းက သူ့အား ဂရုမစိုက်ခဲ့ပေ။
“အမှန်ပဲ ...” ဆန်းထျန်ကျန့်က ခေါင်းညိတ်ကာ ပြောသည် ... “ အင်ပါယာခွာရဲ့ မီးတောက်တွေက နှစ်နည်းနည်းကြာရင် တစ်ခါပေါ်တယ်။ ဒါက တစ်ခါတလေမှ ပေါ်တတ်တဲ့မီးတောက်ပဲ။ ဒါပေမဲ့ သွေးနဂါးဘုံမှာ တစ်ပြိုင်နက်တည်းလည်း မီးတောက်တွေ အများကြီး ပေါ်တတ်တယ်။ ထိပ်သီးအင်အားစုတွေက အဲဒီမီးတောက်တွေကို လျှို့ဝှက်ရယူ စုဆောင်းကြတယ်။ အချို့က မီးတောက်ကို ရပြီး ဘာမှ မလုပ်လိုက်ရခင် ပျောက်သွားတာမျိုးလည်း ရှိတယ်။ အချို့က အကျိုးအမြတ်အတွက် အရောင်းအဝယ်လုပ်ကြတယ်။ နောက်ဆုံးမှာ ကျင့်ကြံခြင်းအတွက် အချို့က အသုံးချကြပြီးတော့ ကျန်တဲ့သူတွေကတော့ ခွာလူမျိုးစုတို့ဆီကို သွားကြတယ် ”
“ ကျုပ်က ဘာလို့ အလကား ရခဲ့တာလဲ ” ရီဖူရှင်းက နားမလည်စွာ ရေရွတ်သည်။
ဆန်းထျန်ကျန့်ကလည်း ထိုအချက်ကို နားမလည်ပေ။ ရီဖူရှင်းကား အမှန်ပင် ကံကောင်းလွန်းသည်။ ကြယ်တာရာခူးဆွတ်သူ ရှန့်ထိုက အဖြစ်အပျက်များအား အစီအစဉ်ချထားခဲ့သည် များလားဟု သူတွေးနေမိသည်။
“ကျိုးယန်ရှန့်ထိုက မင်းဆီက အတင်းမလုရဲတာဟာ မင်းရဲ့ ကျောထောက်နောက်ခံကြောင့် ဖြစ်လိမ့်မယ်။ ဒါပေမဲ့ မီးတောက်ကို မီးတို့ဆီမှာ ဆုံးရှုံးသွားတော့ သူတို့က တခြားတစ်နေရာက ရဖို့ ကြိုးစားကြလိမ့်မယ်” ဆန်းထျန်ကျန့်က ပြောသည်။ သည်မီးတောက်များမှာ တခြားနေရာများတွင်လည်း ရှိပေသေးသည်။
အတိတ်တွင် အင်ပါယာခွာ၏ မီးတောက်များသည် နေရာအနှံ့တွင် ပေါ်လာတတ်၏။
“ခွာမျိုးနွယ်စုတွေက ဘယ်မှာလဲ ” ရီဖူရှင်းက မေးသည်။
“သူတို့ကို သွေးနဂါးဘုံရဲ့ အနောက်ဘက်ဒေသတွေမှာ တွေ့နိုင်တယ်။ အရင်တုန်းက အဲဒီနေရာတွေဟာ အင်ပါယာခွာရဲ့ နယ်မြေတွေပဲ။ လက်ရှိ ခွာမျိုးနွယ်စုကိုးခုဟာ သွေးနဂါးအင်ပါယာဘုံရဲ့ အဓိက အင်အားစုကိုးခုလည်း ဖြစ်တယ်။ သူတို့က ဒီမှာရှိတဲ့ ငါတို့မြို့တွေလိုပဲ ” ဆန်းထျန်ကျန့်က ရှင်းပြသည်။
ရီဖူရှင်းက ခေါင်းညိတ်သည်။ ရန်ဟောင်တစ်ပါး၏ လက်အောက်တွင် တိုက်ခိုက် ခစားခဲ့ကြသော မျိုးနွယ်စုများမှာ သေချာပေါက် အားကောင်းပေမည်။
“ကြည့်ရတာ သွေးနဂါးဘုံမှာ မီးတောက်တွေကို လျှို့ဝှက်ပြီး စုဆောင်းနေကြပြီထင်တယ်။ ငါတို့ သတိထားနေတာ ကောင်းမယ် ” ဆန်းထျန်ကျန့်က ပြောသည်။ သွေးနဂါးဘုံမှ လူများက သူတို့ကို ကြံစည်ရန် တွန့်ဆုတ်ကြမည်ဖြစ်သော်လည်း သတိထားခြင်းက မမှားပေ။
ရီဖူရှင်းက အင်ပါယာခွာ၏ မီးတောက်ကို ရရှိခဲ့သည်ဟု လူအများအပြားက ခန့်မှန်းမိကြပေမည်။ ကျိုးရွှီသည်လည်း သံသယဝင်ခဲ့ဟန်ရှိ၏။
“ကောင်းပါပြီ” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက ချန်ယဲ့မြို့မှ ထွက်သွားရန် ဆန္ဒမရှိသေးပေ။
“မင်းတောက်ကို တစ်ခုခုလုပ်လို့ရမလား စမ်းကြည့်ချေ။ မီးတောက်တွေက သူတို့သခင်ကို ရွေးချယ်တယ်လို့ ငါကြားတယ် ” ဆန်းထျန်ကျန့်က ပြောသည်။
“ ကောင်းပြီ ” ရီဖူရှင်းက ခေါင်းညိတ်ကာ ထွက်ခွာသွားသည်။
ရီဖူရှင်းက လေ့ကျင့်ရေးကွင်းသို့ သွားရောက်ကာ ထိုနေရာအား ယာယီပိတ်ဆို့ ထားလိုက်သည်။ ထို့နောက်က သူက မီးတောက်အား ထုတ်လိုက်၏။ ထိုနေရာတစ်ခုလုံး ချက်ချင်း ပူပြင်းလာခဲ့သည်။ အလွန်အမင်း ပူးပြင်းသော အငွေ့အသက်များသည် ထိုနေရာတစ်ခုလုံးအား လွှမ်းခြုံထား၏။
ရီဖူရှင်းက မျက်လုံးများကို မှိတ်လိုက်ကာ သူ၏စိတ်အသိအား မီးတောက်အတွင်းသို့ တဖြည်းဖြည်း ပျော်ဝင်စေပြီး မီးတောက်၏စွမ်းအင်များကို ခံစားသည်။
စက္ကန့်ပိုင်းအတွင်း မီးတောက်မှ ပေးသော ကြောက်မက်ဖွယ် အသိအား သူခံစားမိ၏။ ရီဖူရှင်းက သူ့စိတ်အသိမှာ ချက်ချင်းလိုပင် လောင်ကျွမ်းသွားတော့မည်ကဲ့သို့ ထင်မှတ်မိလိုက်သည်။
မီးတောက်ကား တိုက်ခိုက်ရန်ရည်ရွယ်ချက်ဖြင့် ဖန်တီးထားခြင်း မဟုတ်ပေ။ သို့သော်လည်း မီးတောက်အနီးတွင် ရှိနေခြင်းကပင် သူ့အား အလွန်တရာ ပူပြင်းလောင်မြိုက်မှုဒဏ်ကို ခံစားရစေသည်။
ရီဖူရှင်းက ထိုနည်းအတိုင်း ဆက်လက် မကြိုးစားတော့။ သူ့နဖူးမှ တော်ဝင်အလင်းတစ်ချက် လက်သွားသည်။ သူ့ခန္ဓာကိုယ်က နတ်ဘုရားအရောင်အဝါများ လင်းလက်လာ၏။
ဧကရာဇ်အသိက မီးတောက်ထဲသို့ စိမ့်ဝင်သွားပြီး မီးတောက်၏သဘာဝကို ခံစားသည်။
ဤတွင် မီးတောက်အတွင်း ပျော်ဝင်နေသော ကြီးကျယ်ခမ်းနားသော ပုံရိပ်တစ်ခုအား ရီဖူရှင်းက ခံစားရ၏။
နေမင်း၏ဘေးတွင် နတ်ဘုရားအလား သဏ္ဌာန်တစ်ခု ထည်ဝါခန့်ညားစွာ ရပ်နေ၏။ သူကား နေမင်း၏မီးလျှံများကို ဝါးမျိုနေဟန်ရသည်။ ကောင်းကင်ထက်တွင် ရပ်နေသော နတ်ဘုရားခန္ဓာကိုယ်သည် စစ်မှန်သော မီးတောက်များဖြင့် လောင်ကျွမ်းနေဟန်ရသည်။ သူ၏မျက်လုံးများမှာ နေမင်းအလား တလက်လက် တောက်နေပြီး အကြည့်တစ်ချက်မျှက လောကအား လောင်ကျွမ်းပြာကျသွားစေနိုင်ပေသည်။
နှိုင်းယှဉ်ရလျှင် ရီဖူရှင်းသည် သူ၏သက်စောင့်ဝိညာဉ် မည်မျှ အားနည်းသည်ကို တွေ့ရှိရသည်။ တခြားသော တန်ခိုးရှင်များသည် ရှန့်ထို သို့မဟုတ် ရန်ဟောင်အဆင့်သို့ ရောက်သောအခါ လမ်းစဉ်ကို လက်ဆင့်ကမ်း၍ နောက်မျိုးဆက်များအတွက် လမ်းဖွင့်ပေးနိုင်သည်မှာ မထူးဆန်းတော့။ ထိုမျှအဆင့်သို့ ရောက်သောအခါ သူတို့မှာ အကြီးမြတ်ဆုံးသော မျိုးစေ့များအား ချပေးနိုင်သည်။ သူတို့၏မီးတောက်ကို စုပ်ယူနိုင်သော နည်းလမ်းနှင့်စွမ်းရည်မှာ အလွန်တရာ အားကောင်းလွန်းပေသည်။
ရှီကလန်၏စွမ်းရည်မှာလည်း သည်ပညာနှင့် ဆင်တူပေသည်။ သူတို့က မီးတောက်အား အလွန်လိုချင် တပ်မက်ဖြစ်သည်မှာ မထူးဆန်းတော့။ သူတို့က မီးတောက်ကို ဆုံးရှုံးခဲ့ရသည့်အတွက် အလွန်တရာ ခေါင်းကိုက်ကြပေလိမ့်မည်။
ထိုအရာများကို ခံစားမိပြီးနောက် မီးတောက်၏အသိသည် ရီဖူရှင်း၏အစိတ်အသိနှင့် လာရောက်ပေါင်းစပ်သည်။ ထိုအခိုက်တွင် ရန်ဟောင်အရောင်အဝါများ ရီဖူရှင်း၏ခန္ဓာကိုယ်၌ လင်းလက်လာ၏။ ထိုအရာက မီးတောက်၏သဘောတူလက်ခံမှုကို ရရှိပြီဟူသော လက္ခဏာဖြစ်ပေမည်။
မီးတောက်က ရီဖူရှင်းအား ထိခိုက်စေခြင်း မရှိတော့ပေ။ ထို့နောက်တွင် ရီဖူရှင်းက မီးတောက်၏စွမ်းရည်များကို ခံစားကာ သူ၏ခန္ဓာကိုယ်နှင့်စတင်ပေါင်းစပ်ရန် ကြိုးစားသည်။
တခြားလူများအတွက်တော့ သည်ကဲ့သို့ စွမ်းအင်ကို ထိန်းချုပ်လေ့ကျင့်ရန် မဖြစ်နိုင်ပေ။ သူတို့က ဖြည်းညင်းစွာ ဆက်သွယ်၍ မီးတောက်ကို အာရုံခံစားရန်လိုသည်။ ရီဖူရှင်းကဲ့သို့ တိုက်ရိုက်ပေါင်းစပ်နိုင်မည် မဟုတ်ပေ။
ရီဖူရှင်းက အချိန်များစွာ ယူလျက် မီးတောက်ကို သူ၏ကိုယ်ပိုင်အဖြစ် ပြောင်းလဲရန် ကြိုးစားခဲ့သည်။
သူက မီးတောက်ကို သူ၏ကိုယ်ပိုင်အဖြစ်သာ ပြောင်းလဲသည်မဟုတ်၊ သူ၏ထိုးထွင်းသိမြင်နားလည်ခြင်းတို့ကို သုံးလျက် ကိုယ်ပိုင်လမ်းစဉ်မီးတောက်ကိုပင် ဖန်တီးနိုင်ပေလိမ့်မည်။
သူ တစ်ဦးတည်း လေ့ကျင့်နေစဉ် တစ်စုံတစ်ယောက်သည် ချင်ယဲ့မြို့စားအိမ်တော်သို့ ရောက်လာခဲ့ကာ မီးတောက်ကို ဝယ်ယူလိုသည်ဟု ပြောခဲ့၏။ ရီဖူရှင်းက မီးတောက်ကို လေ့ကျင့်နေသည်ဟု မည်သူကမှ မတွေးထားကြပေ။ ရီဖူရှင်း၏တန်ခိုးအဆင့်မှာ မီးတောက်ကို လေ့ကျင့်ရန် နိမ့်ပါးလွန်းပေသည်။ ထို့ကြောင့် သူတို့က မီးတောက်ကို မြင့်မားသော တန်ဖိုးတစ်ခုဖြင့် ဝယ်ယူလိုခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုသူမှာ ချက်ချင်း ငြင်းပယ်ခံလိုက်ရ၏။
အသေးစား ခိုက်ရန်ဖြစ်မှုများမှ လွဲလျှင် သွေးနဂါးဘုံ၌ ထိပ်သီးအင်အားစုများအကြား ထူးထူးခြားခြား ဖြစ်ပျက်ခဲ့ခြင်း မရှိပေ။ မီးတောက်အတွက် အားပြိုင်မှုမှာ နောက်ကွယ်တွင် ရှိနေဟန်ရသည်။ သို့သော်လည်း မည်သူကမှ ရီဖူရှင်းကို မီးတောက်အတွက် ကြံစည်ခြင်း မရှိကြပေ။
ဆန်းထျန်ကျန့်က တစ်နေ့တွင် ရီဖူရှင်းထံသို့ လာရောက်ရှာဖွေကာ သတင်းအချို့ပေးသည်။ သွေးနဂါးဘုံမှ ထိပ်သီးအင်အားစုများသည် သူတို့မြို့မှ စတင်ထွက်ခွာကြသည်။
ရီဖူရှင်းကလည်း ဆန်းထျန်ကျန့်နှင့်အတူ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။
အင်ပါယာခွာနယ်မြေသည် အင်ပါယာခွာ ချန်ထားရစ်ခဲ့သော အပျက်အစီး နယ်မြေဖြစ်သည်။ သူက သည်အခွင့်အရေးအား လက်လွှတ်မခံနိုင်ပေ။
***
အင်ပါယာခွာမြို့ အမည်ရှိသော မြို့သည် သွေးနဂါးဘုံ၏ အနောက်ဘက်ဒေသ၌ တည်ရှိသည်။ မြို့ဟောင်းကား ယခင် အင်ပါယာခွာ၏နန်းတော်တည်ရှိရာ မြို့ဖြစ်သည်။
အင်ပါယာခွာကို ခစားသော မျိုးနွယ်ကိုးစုသည် မြို့အား ဝန်းရံလျက် တည်ရှိ၏။
လတ်တလောတွင် အင်ပါယာခွေမြို့သည် အလွန်စည်ကားသက်ဝင်လာသည်ဟု ပြောရပေမည်။ သွေးနဂါးဘုံမှ ထိပ်သီးအင်အားစုတိုင်း ထိုနေရာသို့သွားကြ၏။ မြို့မှ လူများက အကြောင်းအရင်းကို တွေးတောကြသည်။
အင်ပါယာခွေမြို့သည်လည်း လှုပ်ခတ်မှုများကို ခံစားမိကြသည်။ ထိုနေရာတွင် အဆုံးအစမဲ့သော မီးတောက်များလောင်ကျွမ်းနေသော အင်ပါယာခွေရုပ်တုကြီး တစ်ခုတည်ရှိသည်။ ထိုရုပ်တုကြီးမှာ မြင့်မားထည်ဝါလွန်းရာ အသက်ရှိနေသကဲ့သို့ပင် ထင်မှတ်ရ၏။
ရှီကလန်၏တန်ခိုးရှင်များမှာ ထိုနေရာတွင် တွေ့နိုင်သည်။ ရှီကလန်လည်း ထိုနေရာသို့ ရောက်နေခဲ့၏။
မီးတောက်အား ရီဖူရှင်း ယူသွားပြီးနောက် ရှီကလန်ကလည်း နောက်ထပ် မီးတောက်တစ်ခုကို ရယူရန် ကြီးမားသော တန်ဖိုးကို ပေးဆပ်ခဲ့ရသည်။
ရှီချန်က အင်ပါယာခွေရုပ်တုရှေ့တွင် ရပ်ကာ ရန်ဟောင်မီးတောက်အား ပြသခဲ့သည်။ သူမအနီးတွင် သူမအား ဖိတ်ခေါ်သော လူအများအပြား ရှိသည်။ သူတို့အားလုံးမှာ တစ်ကြိမ်တစ်ခါက အင်ပါယာခွေကို ခစားခဲ့သူများဖြစ်ကြသည်။
ရီဖူရှင်းနှင့် ဆန်းထျန်ကျန့်တို့လည်း ထိုနေရာတွင် ရှိပေသည်။ ဆန်းထျန်ကျန့်သည် ထိုကိစ္စကို များစွာ သဘောပေါက်နားလည်ထားကာ ရီဖူရှင်းအား အင်ပါယာခွေအပျက်အစီးနယ်မြေနှင့် ပတ်သက်၍ ကောင်းကောင်းရှင်းပြပေးနိုင်ပေသည်။
ရီဖူရှင်းအပြင် တခြားသော အင်အားစုများလည်း ရောက်လာကြသည်။ ကျန့်မုမြို့မှ ချန်ကလန်လည်း ရောက်လာ၏။
အဆိပ်မီးတောက်မြို့နှင့် တိမ်တိုက်နီမြို့မှ တန်ခိုးရှင်များလည်း ရောက်လာကြသည်။
အင်ပါယာခွေက မီးတောက် မည်မျှ ဖန်တီးခဲ့သနည်းဟု ရီဖူရှင်း တွေးနေသည်။
“သွား ... အပျက်အစီးနယ်မြေကို သွားဖို့ မျိုးနွယ်စုတွေရဲ့ ထောက်ခံမှု လိုအပ်တယ်။ သူတို့အင်အားတွေက မတိမ်းမယိမ်းတွေပဲ။ မျိုးနွယ်စုကိုးခုက အချင်းချင်း ပြိုင်ဆိုင်ကြတယ်။ ငါက မျိုးနွယ်စုတွေနဲပတ်သက်ပြီး မင်းကို ရှင်းလင်းပြောပြပြီးပြီ။ မင်းက အားအကောင်းဆုံးမျိုးနွယ်စုကို ရွေးဖို့လိုတယ်” ဆန်းထျန်ကျန့်က ရီဖူရှင်းအား စိတ်ဖြင့် ပြောသည်။ ရီဖူရှင်းကလည်း ခေါင်းညိတ်ကာ အင်ပါယာခွေ ရုပ်တုရှေ့သို့ လျှောက်သွားလိုက်သည်။ တောင်ဝင်အလင်းများ သူ့ကို ရစ်ပတ်လာခဲ့သည်။ ထိုအခိုက်တွင် သူကား နတ်ဘုရားအလင်းများဖြင့် ထွန်းလင်းနေ၏။
“ မင်းက ... ” မျက်လုံးပေါင်းများစွာက ရီဖူရှင်းထံသို့ ရောက်လာကြသည်။
“ ချန်ယဲ့မြို့က ရီဖူရှင်း ” ရီဖူရှင်းက ပြောသည်။
ထိုလူများက ခေါင်းညိတ်ကြသည်။ မျိုးနွယ်စုကိုးခုသည်လည်း သွေးနဂါးဘုံမှ သတင်းစကားများကို ကြားသိကြပေသည်။ ရီဖူရှင်းသည် ဆန်းဇွန်ကို အနိုင်ယူခဲ့ကာ ကောင်းချီးနန်းတော်မှ သခင်လေးကိုလည်း သတ်ဖြတ်ခဲ့သည်။ သို့သော်လည်း ထိုမျှသော စွမ်းဆောင်ရည်က ဘာမှ မဟုတ်ပေ။ ယူချင်းနှင့်ယှဉ်လျှင် ရီဖူရှင်း၏စွမ်းဆောင်ရည်မှာ မှေးမှိန်လွန်းပေသည်။ ထို့ကြောင့် ရီဖူရှင်းအပေါ် ယုံကြည်ရန် ထိုက်တန်ပါ၏လောဟူသော မေးခွန်းကို မျိုးနွယ်စုများက တွေးတောနေခဲ့ကြသည်။
***