အတန်းတွေ့ဆုံပွဲ
Vol. 1 Ch. 4
ကျူရှင်းရသည်ပါးစပ်ကို တစ်ဝက်လောက်ဖွင့်လိုက်ပြီး သူမ လုံးဝ အံ့အားသင့်သွားသည် ။
သူမ ဘာကြားလိုက်တာလဲ။
လင်းဖန်သည် ဝမ်ရှင်နတီအဆောက်အဉီးတစ်လုံးကို လင်းကျင်း သို့ ငှားရန် အပ်နှင်းထားတာလား။
ထို့အပြင်၊ ၎င်းသည် ဝမ်ကျင်းဝမ်ရှင်နတီမှဖြစ်သည်။
ဝမ်ကျင်းဝမ်ရှင်နတီရှိအိမ်တစ်အိမ်၏ ပျမ်းမျှစျေးနှုန်းသည် အိမ်တစ်လုံးသည် ယွမ် ၅ သိန်းခန့် ကုန်ကျသည်။ တစ်တိုက်လုံးဆိုဘယ်လောက်လဲ။
ချက်ခြင်းပဲ၊ ကျူရှင်းရဟာ မနေ့က လင်းဖန် မောင်းခဲ့တဲ့ Lamborghini Daniel ကို တဖန်ပြန်တွေးမိလိုက်သည်။
သူသည် တကယ်သူဌေးဆိုတာသိသာသည်။
ငါ... မနေ့က သူ့ကို တကယ်ကြီးငြင်းပယ်ခဲ့တာလား။
သူနဲ့အတူရှိနေရင် ဘဝမှဘာကိုမှစိတ်ပူစရာမလိုဘဲပျော်ပျော်ရွှင်နေနိုင်သည်။
ပြီးနောက် သူမသည် နာမည်ကြီး အိတ်များကို မြင်ပုံရပြီး အဆင့်မြင့်စားသောက်ဆိုင်တွေမှာတောင်တစ်သက်စားချင်မှစားရမည်။အုတော်သူမနောင်တရသည်။
နာကျင်မှု။
ကျူရှင်းရသည် သူမ၏ ရင်ဘတ်ထဲတွင် အဆုံးမရှိ နာကျင်ခြင်းကိုသာ ခံစားခဲ့ရသည်။
လင်းဖန်သည် ကျူရှင်းရ ကို တစ်ချက် ကြည့်လိုက်ပြီးနောက် အပြင်သို့ ထွက်လာခဲ့သည်။
ဆင်းရဲတဲ့သူကိုနှိမ့်ချပြီးငွေမက်သောမိန်းမျိုးသူနှင့်မတန်ပေ။
ကျူရှင်းရက “လင်... လင်းဖန်....”
သို့သော် သူမကို တုံ့ပြန်သည့်အရာမှာ အနောက်ဘက်မှ ဟေးတီအသံသာဖြစ်သည်။
“မာဒမ်၊ ဝမ်ကျင်းဝမ်ရှင်နတီမှာ အိမ်ငှားဖို့ လိုသေးလား” ဟေးတီက မေးလိုက်သည်။
“ငှား၊ အစုံငှားချင်တယ်။” ကျူရှင်းရ က ပြောသည်။
ထိုအချိန်တွင် သူမလည်း ပြန်လည်ကောင်းမွန်လာသည်။
ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ အိမ်အရင်ငှားရမယ်။
ဟေးတီ က “အခု A 104 အဆောက်အဦးကိုပဲ ငှားလို့ရပြီး တစ်လကို 30,000 ငှားရမ်းခရှိတယ်”
အစောပိုင်းတွင် လင်းဖန်သည် သူ့ရှေ့ရှိ အမျိုးသမီးကို မုန်းတီးကြောင်း သိလျက် လင်းဖန်၏ အမူအရာ ပြောင်းလဲလာမှုအပေါ် ဟေးတီအပြည့်အဝ အာရုံစိုက်နေသည်။
လင်းဖန် သည် သူ၏ဖောက်သည်ကြီးဖြစ်ရုံသယာမက သူသည် အလွန်ချောမောသည်။သူသည် သူ၏ဖောက်သည်ကြီးကိုလည်း ယုံကြည်သည်။
လင်းဖန်သည် သူ့ရှေ့က အမျိုးသမီးကို မုန်းတီးသောကြောင့် သူ့အား သင်ခန်းစာတစ်ခု သင်ပေးရမည်ဖြစ်သည်။
“30,000? ဒီလောက်ဈေးကြီးနိုင်ပါ့မလား? ဒီနေရာနဲ့ သိပ်မဝေးတဲ့ ဇိမ်ခံအသိုင်းအဝိုင်းကတောင် တစ်လကို 3,000 ပဲရှိတယ်” ကျူရှင်းရက က အော်ပြောလိုက်သည်။
“အခုပဲ၊ မင်းက ရွေးစရာ အထပ်တွေ အများကြီးရှိတယ်လို့ပြောပြီး၊ဘာလို့ 104 ပဲကျန်တော့တာလဲ”
ဟေးတီက အလျင်စလိုပြောခဲ့သည် ‘’ငါတို့ ရုံးတွင်အရောင်းသမားကငါတစ်ယောက်တည်းရှိတာမဟုတ်ပေ၊ အခုပဲအခြားဖောက်သည်များက အထပ်များစွာကို ကြိုတင်မှာယူထားသည်”
“ဇိမ်ခံရပ်ကွက်တွေက ဈေးပေါတယ်ဆိုရင်အဲ့ ဇိမ်ခံခန်းတွေပဲ သွားငှားလို့ရတယ်။”
ပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။
“မင်း…”
ကျူရှင်းရသည် အလွန်ဒေါသထွက်သွားသည်။
ထိုအချိန်တွင် သူမ၏ အိတ်ကပ်အတွင်းမှ လက်ကိုင်ဖုန်းက မြည်လာသည်။
“ရှီယာ၊ မင်းရဲ့အစ်ကိုက ဝမ်ကျင်းဝမ်ရှင်နတီ မှာ အိမ်ငှားဖို့ ကူညီပေးစမ်းပါ။ မင်းအဲ့ဒါကို မရရင် သူက ကျန်ပေ့အမှတ် ၁ အလယ်တန်းကျောင်းကို တကယ်တက်နိုင်မှာမဟုတ်ဘူး။” ခမ်မီဖန်၏ စိုးရိမ်သောက အသံသည် ဖုန်းထဲမှထွက်လာသည်။
“အမေ၊ အိမ်ကတွေ့ပြီ” ကျူရှင်းရသည်ခဏတုံ့ဆိုင်းသွားသည်။
“တကယ်လား ဟုတ်ပြီ၊ မြန်မြန်ငှားလိုက်ပါ၊ သူများတွေ မဉီးသွားစေနဲ့!” ချမ်မီဖန်က စိတ်လှုပ်ရှားစွာ အောပြောလိုက်သည်။
“ဒါပေမဲ့ အိမ်ဈေးက....”
“ဈေးဘယ်လောက်လဲ? ဘယ်လောက်ဈေးဘဲဖြစ်နေပါစေ ငှားရမှာပေါ့၊ မင်းအစ်ကို ကျောင်းတက်တာထက် ဘာဟာက ပိုအရေးကြီးလဲ” လျမ်မီဖန် က အော်ပြောလိုက်သည် ။
ကျူရှင်းရက သက်ပြင်းချလိုက်ပြီး “အင်း ဒါဆိုအခုပဲ ငှားလိုက်မယ်” လို့ပြောလိုက်သည်။
ခေတ္တနားပြီးနောက် သူက “မေမေ၊ မနေ့က လင်းဖန်ရဲ့အိမ်က အရမ်းသာမန်ဆန်တယ်လို့ မင်းပြောခဲ့တာမလား။”( သာမန်-စားနိုင်သောက်နိုင်တာကိုပြောတာပါ)
“ဟုတ်တယ် အထည်ဆိုင်လေးတစ်ဆိုင်ဖွင့်တာလေ ဘာကိစ္စရှိလို့လဲ” ချမိမီဖန် က ပြောသည်။
“ဘာမှမဟုတ်ပါဘူး။” ကျူရှင်းရသည် သက်ပြင်းချလိုက်သည်။
အထည်ဆိုင်သေးသေးလေးလား။ နိမ့်ချပြီးနေချင်လို့အထည်ဆိုင်သေးသေးလေို့ပြောတာဖြစ်မယ်။အမှန်ဆိုအဝတ်အထည်ကုမ္ပဏီကြီးတစ်ခုဖွင့်ခဲ့တာပဲဖစ်မည်။
ဖုန်းချပြီးနောက်၊ ကျူရှင်းရသည် ရှေ့သို့ပြန်သွားပြ အံကြိတ်ကာ “အဲ့ဒီ အခန်း 104 ကို ငှားမယ်”
ဟိုတယ် တွင် နေ့လယ်စာစားပြီးနောက် လင်းဖန်သည် တစ်ရေးတစ်မောအိပ်ရန် သမ္မတအိမ်တော်တစ်ခုကို ဖွင့်လှစ်ခဲ့သည်။
အခုသူသည် သူအရင်ငှားထားတဲ့အငှားခန်းထဲမှာ သူ့ကိုယ်ပိုင်ပစ္စည်းတွေ မရှိဘူးဆိုတော့် ထုံးစံအတိုင်း ပြန်မသွားတော့ပေ။
လင်းဖန်သည် မျက်လုံးမှိတ်ကာ ဖြည်းညှင်းစွာ အိပ်ပျော်သွားသည်။
မျက်လုံးဖွင့်ကြည့်လိုက်တော့ ညနေငါး နာရီထိုးနေပြီဖြစ်သည်။
လင်းဖန်သည် သူ၏ လက်ကိုင်ဖုန်းကို အမှတ်တမဲ့ လှန်ကြည့်လိုက်ရာ အချိန်အတော်ကြာ နှုတ်ဆိတ်နေသော အထက်တန်းကျောင်းသူ အတန်းဖော်အုပ်စုသည် ယနေ့တွင် တက်လာသည်ကို တွေ့လိုက်ရသည်။
ယနေ့ညနေ 19 နာရီတွင် ကျန်ပေ့ Fenglai Hotel တွင် အတန်းပြန်ဆုံပွဲတစ်ခု ပြုလုပ်မှာဖြစ်ပြီးတတ်နိုင်သမျှ ကျောင်းသားအားလုံး လာခဲ့ပေးပါ။
လင်းဖန်သည် အထက်တန်းကျောင်းမှသူငယ်ချင်းကောင်း အနည်းငယ်၏ ပုံသဏ္ဍန်ကို တွေးတောကာ မနေနိုင်ပေ။
တစ်ချိန်တည်းမှာပင် ညဘက်တွင် ဘာမှလုပ်စရာမရှိဟုတွေးကာ အတန်းပြန်ဆုံပွဲတွင် ပါဝင်ရန် ဆုံးဖြတ်လိုက်သည်။
လင်းဖန်သည်ကားပိတ်မှာစိုးသဖြင့် ဟိုတယ်မှ ထွက်လာခဲ့သည်။
တကယ်တော့ လင်းဖန် မျှော်မှန်းထားသည့်အတိုင်း လမ်းပေါ်တွင်ကားအများအပြားရှိနေသဖြင့်လမ်းပိတ်နေသည်။
သို့သော် သူသည် Lamborghini Daniel ကားကို မောင်းနှင်နေသောကြောင့်ပတ်ဝန်းကျင်မှကားများသည်လင်းဖန်ကားအားမတိုက်မိစေရန်သတိထားနေရသည်။ဒီဟာကိုအခွင့်ကောင်းယူပြီးအမြန်မောင်းထွက်သွားသည်။
လင်းဖန် ၏ ပရော်ဖက်ရှင်နယ်ဆန်ဆန် မောင်းနှင်မှုစွမ်းရည်နှင့်အတူ လမ်းတစ်ခုလုံးသည် အတားအဆီးမရှိဟု ဆိုနိုင်ပါသည်။
ဒီလိုနဲ့ 6:40 မှာ လင်းဖန် ဟာ Fenglai Hotel ရဲ့ အခန်း” 666” ကို ရောက်ရှိခဲ့သည်။
“ဟင် လင်းဖန်?” မျက်နှာဝိုင်းကလူက မသေချာမရေရာနဲ့ ပြောလိုက်သည်။
လင်းဖန်က ပြုံးကာ ခေါင်းညိတ်ကာ “ရှန်းလျန်း၊ မင်း တကယ်ကို ပြောင်းလဲသွားပြီ!”
အထက်တန်းကျောင်းတွင် ရှန်းလျန်းသည် အရပ်ရှည်ပြီး ပိန်ပိန်ပါးပါးရှိပြီး ဝါးဝါးဟု ချစ်စနိုးခေါ်ကြသည်။
“အဲဒါက မင်းဖြစ်သွားတယ်! ငါမင်းကို မတွေ့ရတာ နှစ်အတော်ကြာနေပြီ၊ ပိုပိုပြီး ချောလာတယ်။ ငါတောင်မမှတ်မိတော့ဘူး!” ရှန်းလျန်း က ပြောသည်။
“လင်းဖန်၊ ဘွဲ့ရပြီးကတည်းက ဒါပထမဆုံးတွေ့ဖူးတာဘဲ၊ အထက်တန်းကျောင်းပြီးရင် လူ့အဖွဲ့အစည်းထဲကို ရောက်သွားတယ်လို့ ကြားလိုက်ရတယ်၊ အခု တစ်လ ဘယ်လောက်ရှိပြီလဲ” လို့ ဝမ်ဟောင်ကျွမ်လို့ အမည်ပေးထားတဲ့ လူငယ်တစ်ယောက်က မေးလိုက်သည်။
“ယွမ်ငွေ တစ်ထောင်” လင်းဖန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည် ။
ယွမ်တစ်ထောင်? ဒါဆို မင်းနောက်မှ ပိုကြိုးစားဖို့တယ်။ ဒီနေ့ ငါတို့ အစားအသောက်ကပင်မင်းရဲ့ တစ်လလစာထက်အဆပေါင်းများစွာတန်တယ်။” ဝမ်ဟောင်ကျွမ် က ရယ်မောလိုက်ပြီး သူ့မျက်နှာမှာ အထင်သေးတွေ ပြည့်နှက်နေသည်။
မင်းရုပ်ချောရင်တော့ကောဘာလုပ်ရမှာလဲ။
တစ်လကို ယွမ်ငွေ ထောင်ဂဏန်းပဲရတယ်။ငါတို့ဆိုမင်းထက်အဆနှစ်ဆယ်သုံံးဆယ်ထက်သာတယ်။
လင်းဖန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ဝမ်ဟောင်ကျွမ်၏ လှောင်ပြောင်သောစကားများကို မကြားချင်ယောင်ပဲဆောင်လိုက်သည်။
ဒီနေ့က အတန်းပြန်ဆုံပွဲဖြစ်ပြီးတော့ အရမ်းအဆင်မပြောအောင်မလုပ်သင့်ပေ။
ရီဝမ်ကျူ သည် အတန်းဖော်များ၏ ချီးမွမ်းခြင်းကို ခံရပြီးနောက် သူမ၏ ပြုံးလိုက်ရင် ခန္ဓာကိုယ်သည် အလွန်တုန်လှုပ်သွားကာ သူမ၏ မျက်နှာပေါ်ရှိ မိတ်ကပ်များသည် စားပွဲပေါ်သို့ ပြုတ်ကျသွားသည်။
“မင်းရဲ့ ချီးကျူးမှုကို ကျေးဇူးတင်ပါတယ်၊ ဒါက ငါ့ခင်ပွန်း ဒူလဲ့”
ရီဝမ်ကျူ က ပြောသည်။
လင်းဖန်သည် ရီဝမ်ကျူ နှင့် သူမ၏ခင်ပွန်းအနားတွင်မထိုင်ဘဲတစ်ခြားနေရာကိုပြောင်းထိုင်သည်။
အထက်တန်းကျောင်းတွင် အတန်းတွင်းရှိ မိန်းကလေးအများအပြားသည် လင်းဖန်အား ချစ်ကြောင်း ဖော်ပြခဲ့ကြသည်။
အဲဒီအထဲမှာ ရီဝမ်ကျူ ကအရဲရင့်ဆုံးဖြစ်သည်။
သို့သော် လင်းဖန်၏စိတ်သည် သင်ယူဆဲအချိန်ဖြစ်နေသောကြောင့် ရီဝမ်ကျူနှင့် ကျန်မိန်းကလေးများအားလုံးကို ငြင်းပယ်ခဲ့သည်။
ယခု လင်းဖန်သည် ရီဝမ်ကျူ ၏အသွင်အပြင်ကိုကြည့်ကာ ထိုအချိန်က သူ့ဆုံးဖြတ်ချက်အတွက် အလွန်ကျေးဇူးတင်မိပါသည်။
ထိုအချိန်တွင် ဖြူစင်သောအသားအရည်နှင့် သူမ၏ အနက်ရောင် ဆံနွယ်များဖြင့် ရေတံခွန်ကဲ့သို့ ငိုက်စိုက်ကျနေသော ကျူရီရှောင်သည် အထဲသို့ဝင်လာခဲ့သည်။
ကျူရီရှောင်သည် သာမန် ၀တ်စုံကိုသာ၀တ်ဆင်ထားသော်လည်း သူမ၏ လက်ရာမြောက်သော အသွင်အပြင်နှင့် ပြီးပြည့်စုံသော ခန္ဓာကိုယ်သည် သူမကို ထူးထူးခြားခြား လှပစေသည်။
သူမရောက်တာနဲ့ တစ်ခန်းလုံးတောက်ပနေပုံရသည်။
လင်းဖန်၏ မျက်လုံးများပင် အနည်းငယ် တောက်ပလာသည်။
“ကျူရီရှောင်! မထင်မှတ်ပဲ၊ မင်းလဲဒီကိုရောက်လာတယ်!”
“ဒီနေ့ ကတကယ်ရှားတယ်!”
“စကားမစပ်၊ အထက်တန်းကျောင်းတုန်းက ကျူရီရှောင် နဲ့ Yang ရီဝမ်ကျူတို့နှစ်ယောက်လုံး လင်းဖန်ကို စိတ်ဝင်စားကြတယ်ဆိုတဲ့ ကောလဟာလ ရှိတယ်မလား၊ အခု အခြေအနေကဘယ်လိုလဲလဲ။”
“ဘာကိုအခြေအနေ ဘယ်လိုလဲ? ရီဝမ်ကျူက အဲဒီသူဌေးကြီးနဲ့ လက်ထပ်လိုက်ပြီလေ၊ သူမဝတ်ထားတဲ့ဟာကအကုန်နံမည်ကြီး ကုန်အမှတ်တံဆိပတွေကြီးပဲ။ ကျူရီရှောင် က မှော်မြို့မှာ ကျောင်းတက်နေတယ်လို့ ကြားတယ်။”
“ရီဝမ်ကျူ နဲ့ ကျူရီရှောင် တို့က နတ်သမီးတွေပဲ ! ပြီးတော့ လင်းဖန်က အထက်တန်းကျောင်းပြီးကတည်းကလူ့အဖွဲ့အစည်းထဲကို ဝင်သွားတယ်၊ အခု တစ်လကို ယွမ်ထောင်ဂဏန်းလောက်ပဲ ရတယ်တဲ့သူ့လိုလူကသူတို့နှစ်ယောက်နဲ့ ဘယ်လိုထိုက်တန်မှာလဲ’’
အငါကကမ္ဘာ့ပေါ်မှာအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး