← Chapters

လှပသော အမျိုးသမီးကို အိမ်ပြန်ပို့ခြင်း

Vol. 1 Ch. 6

လှပသော အမျိုးသမီးကို အိမ်ပြန်ပို့ခြင်း

Vol. 1 Ch. 6

ထိုအချိန်တွင် အခြေအနေမကောင်းသည်ကိုမြင်သည်နှင့်တစ်စုံတစ်ယောက်က မတ်တပ်ရပ်ပြီး ချီးယားလို့ပြောလိုက်သည်။

“ငါတို့အားလုံးနဲ့အခု​လိုတွေ့ဖို့ ကခက်တယ်၊ လာအတူတူ လာသောက်ကြ!”

“မှန်တယ်၊ကယ်အားလုံးချီးယား!”

ထို့နောက် အားလုံးထ၍ ချီး။းလုပ်ပြီးသောက်လိုက်ကြသည်။

အကုန်လုံးသောက်ပြီးနောက်အခန်းထဲရှိလေထုသည်တန်ဖန်ပြန်လှန်ရင်းနှီးလာကြသည်။

အတန်းဖော်များသည် အချင်းချင်း စကားစမြည်ပြောဆိုကြပြီး ရံဖန်ရံခါ ရယ်မောကြသည်။

ဟန်ဂျင်သည် ကောင်းမွန်သော ဆက်သွယ်ရေး ကျွမ်းကျင်မှု ရှိသည်ဟု ပြောရမည် ။

မကြာမီ သူသည် အခန်း၏ အာရုံဖြစ်လာခဲ့သည်။

ဟန်ဂျင်သည် ထောင့်တွင်ထိုင်နေသော လင်းဖန်ကို အထင်သေးသောမျက်လုံးများဖြင့် “လင်းဖန်၊ မင်းဘာလို့ ဘာမှမပြောဘဲနေတာလဲ”

ဟန်ဂျင်၏ လေသံသည် အလွန်တည်ငြိမ်ပြီး ဘာမှမထူးခြားပေ။

ထိုအသွင်အပြင်ကို... ကြည့်လိုက်ရင်လင်းဖန် က သူနဲ့ အန်တီဝမ်ကြားက အရှုပ်တော်ပုံတွေကို လူသိရှင်ကြား ထုတ်ဖော်မပြောလဲလဲ့သလိုပင်ဖြစ်သည်။

ခေတ္တရပ်လိုက်ပြီး “စကားမစပ် လင်းဖန်၊ မင်း အထက်တန်းကျောင်းပြီးတာနဲ့ မင်းအလုပ်သွားခဲ့တယ်မလား။အခုမင်းမှာပိုက်ဆံတွေ အများကြီးရှိသင့်တယ်၊ မင်းဘယ်ကားဝယ်ခဲ့တာလဲ”

“လင်းဖန်ရဲ့လစာက ယွမ်ထောင်ဂဏန်းပဲရှိတယ်၊ သူ့လိုလူကဘယ်လိုကားမျိုးဝယ်နိုင်မှာလဲ၊သူကိုယ်တိုင် တိုင်အဲ့ပိုက်ဆံနဲ့လောက်မှာမဟုတ်ဘူး။” ဝမ်ကျူက ရယ်မောလိုက်ပြီးပြောလိုက်သည်။

အထက်တန်းကျောင်းတုန်းက လင်းဖန် က အရပ်ရှည် ချောမောပြီး စာအရမ်းတော်တဲ့အတွက် အတန်းထဲက ယောက်ျားလေးလို့ ပြောလို့ရပါတယ်။

အတန်းထဲက ကောင်မလေးတော်တော်များများက သူ့ကို သဘောကျနေကြတယ်။

ဝမ်ကျူသည် ဤအရာကို အလွန်မနာလိုခဲ့ပေ။

ယခုတော့ လင်းဖန်သည် အလွန်တိတ်ဆိတ်နေသည်ကို မြင်သောအခါ၊ ခဏတာ လှောင်ပြောင်ပြီးနောက် သူတောင်းစားတစ်ယောက်သည် မှူးမတ်ထံသို့ ခြေကိုတိုက်ပေးနေသည့်အတိုင်း ကြည်နူးမှုကို ခံစားရသည်။

“ဘာလဲ? လစာက ယွမ်ထောင်ဂဏန်းပဲရှိတယ်လား။” ဟန်ဂျင်အံ့သြဟန်ဆောင်သည်။

လင်းဖန်က ဒါတွေကို လျစ်လျူရှုခဲ့သည်။

သူ့အမြင်အရတော့ ဒါက ကလေးဆန်ပြီးနုံအလွန်းသည်။

သို့သော် သူ၏ မသိနားမလည်မှုသည် အခြားသူများကို ခွင့်လွှတ်မည်ဟု မဆိုလိုပေ။

ဟန်ဂျင် က အံ့သြတကြီးနဲ့ “ဟေး! လင်းဖန် မင်း နာရီက တော်တော်ကြည့်လို့ကောင်းတယ်။ လာကြည့်ရအောင်!”

လင်းဖန်က “ဒါက နာရီတစ်လုံးပဲ၊ ဘာအှတန်ဖိုးမရှိဘူး”

“အဲ့လိုမပြောပါနဲ့၊ လူတိုင်းက အတန်းဖော်တွေပဲ၊ နည်းနည်းကိုင်ကြည့်တာဘာမှမဖြစ်ပါဘူး!”

“စိတ်မပူပါနဲ့၊ ငါတို့မချိုးပါဘူး။ ကွဲသွားရင်တောင် အသစ်တစ်လုံးပေးမယ်လို့ ငါကတိပေးတယ်။” ဟန်ဂျင်က ပြောသည်။

“ဟုတ်​တယ်နည်းနည်းလောက်ပြကြည့်ပါ” ဝမ်ကျူ က ပြောသည်။

ရှီလင်းသည်အနည်းငယ် သိချင်ပုံရပြီး “လင်းဖန်လူတိုင်းကို ပြကြည့်ပါလား’’

လင်ဖန်းသည် ရှီးလင်းကို အထင်ကြီးကာ တူညီစွာပြောသည်ကို မြင်သောကြောင့် Vacheron Constantin Tourdel’Ile ကို စားပွဲပေါ်တင်လိုက်သည်။

ဟန်ဂျင်သည် လက်နှစ်ဘက်စလုံးကို အကြိမ်ပေါင်းများစွာ ကြိမ်ဖန်များစွာ လှန်လိုက်ပြီး “အလေးချိန် အနည်းငယ်ရှိပါသေးသည်။”

ဝမ်ကျူ က “ဒါက ဘာတံဆိပ်လဲ၊ ကြည့်ရတာ အမှန်ပဲ!”

“ကျနော့်သူငယ်ချင်း ကျူဘိုက နာရီကျွမ်းကျင်သူပါ၊ ဒါကြောင့် သူ့ကို ပို့လိုက်ရင်ဘာနာရီလဲဆိုတာ သိလိမ့်မယ်။” ဟန်ဂျင် က လင်းဖန်ကို လုံးဝမမေးဘဲ ဓာတ်ပုံရိုက်ပြီး သူ့သူငယ်ချင်းဆီ ပို့လိုက်သည်။

လင်းဖန်ကို ပိုပြီး လှောင်ပြောင်ဖို့ သူ့ရဲ့ ခိုင်မာတဲ့ ချိတ်ဆက်မှုတွေကို ပြသဖို့ ဒီဟာကို သုံးချင်ခဲ့သည်။

ကံမကောင်းစွာနဲ့ပဲ ကျူဘို က ချက်ချင်းပြန်မဖြေခဲ့ပေ။

ဟန်ဂျင်က “ခဏစောင့်ပါဦး၊ သူ အလုပ်များနေလို့နေမှာပါ။”

ရှီးလင်းသည် Vacheron Constantin Tourdel’Ile ကို ပထမဆုံးအကြိမ်တွေ့သောအခါ အံ့သြထိတ်လန့်သွားပြီး “လင်းဖန်၊ ဒီနာရီက ဘယ်လောက်လဲ?”

“ပိုက်ဆံမပေးရဘူး။” လင်းဖန်က ပြောသည်။

ဒီစကားက သူ လိမ်ပြောတဲ့စကား မဟုတ်ပေ။

ဘာကြောင့်လဲ ဆိုတော့ ဒီနာရီကို စာအိတ်အနီကနေ ရယူထားလို့ပါ။

“မင်း ပိုက်ဆံမကုန်ဘူးလား လင်းဖန် တစ်ခုခုဝယ်တဲ့အခါ မင်းလက်ပတ်နာရီကပိုက်ဆံမပေးရဘူးဆိုတာဟုတ်လို့လား။ဒါမမဟုတ်တခြားသူတွေဆီက လက်ဆောင်ရတာမဖြစ်သင့်ဘူးလား။” ဝမ်ကျူက ရယ်မောပြီးပြောလိုက်သည်။

ဟန်ဂျင်က “လင်းဖန်ကိုလက်ဆောင်းပေးတာမဖြစ်နိုင်ဘူ။အဲ့ပစ္စည်းကယေဘူယျအားဖြင့် လက်ဆောင်တွေက အတုယူထားတဲ့ ပစ္စည်းတစ်ခုပါပဲ။”

“ငါ့သူငယ်ချင်း Aက ကုန်ပစ္စည်းအတုတွေကို အမုန်းဆုံးပဲ။ ဓာတ်ပုံတွေ နောက်မှတွေ့ရင် သူအရမ်းဒေါသထွက်သွားမှာ ကြောက်တယ်။”

ဟန်ဂျင်သည် စကားပြောပြီးသောအခါတွင် နာရီကို စားပွဲပေါ် တိုက်ရိုက်ပစ်ချလိုက်သည်။

ဒီနာရီကို ခဏကိုင်ထားရင် လက်တွေ ညစ်ပတ်နေပုံပါရသည်။

ထို့နောက် ဟန်ဂျင်က ဆရာကြီးစတိုင်ဖြင့် “လင်းဖန် ငါမင်းကိုပြောပြမယ်၊ လူတိုင်းက အတန်းဖော်ဟောင်းတွေပဲ၊ နာရီတစ်လုံးအတုဝတ်ရတာ အဓိပ္ပါယ်မရှိဘူး” လို့ ပြောလိုက်သည်။

“မင်းရဲ့ အတန်းဖော်တွေကို မေးပါ၊ အခုခေတ်မှာဟန်ဆောင်ဖို့ အတုတွေ ကို ဘယ်သူသုံးတော့မှာလဲ”

တကယ်တော့ အခုလက်ရှိ ကျောင်းသားအချို့သည်ပစ္စည်းအတုများကိုဝယ်ထားသောလည်းသူများတွေကိုလက်ဆောင်မပေးဘဲအိမ်နေဝတ်အဖြစ်သာဝတ်ကြသည်။အပြင်သွားတဲ့အခါအဲ့တာတွေကိုမဝ​တ်ကြတော့ပေ။

ဒီလိိုပစ္စည်းအတုတွေကိုဝတ်ရင်သူ့တို့မျက်နှာဂုဏ်အရှိဟုထင်သောကြောင့်မဝတ်ကြပေ။

ထို့ကြောင့် အတန်းဖော်များအားလုံးခေါင်းယမ်းလိုက့ကြသည်။

“ပစ္စည်း အတုတွေကအရည်အသွေးက တကယ့်ပစ္စည်းထက် အရမ်းဆိုးတယ်။”

“ကျွန်တော် ပစ္စည်းတုတွေ မသုံးဖူးဘူး”

“မင်းမှာ ပိုက်ဆံမလောက်ရငတောင်် ဝယ်နိုင်တဲ့ဟာဝယ်လိုက်၊ ဘာလို့ ပစ္စည်းတုကိုဝယ်တာလဲ။”

ရီဝမ်ကျူက သူ့လက်ထဲက Gucci အိတ်ကိုတောင် မြှောက်လိုက်ပြီး “ပစ္စည်းတုတွေက ခပ်ညံ့ညံ့ ပစ္စည်းတွေပဲ။ ငါ့ယောက်ျားကငါ့ကိုပစ္စည်းဆုတွေကို ဘယ်တော့မှ မဝယ်ပေးဘူး” လို့ ပြောလိုက်သည်။

စကားပြီးသောအခါ ရီဝမ်ကျူ သည် ဒူလဲ့၏လက်မောင်းကို ပွေ့ဖက်ကာ အပေါ်အောက် ပွတ်သပ်လိုက်သည်။

ဒူလဲ့သည် သူ့လက်နှစ်ဖက်ပေါ်ရှိ နူးညံ့မှုကို ခံစားလိုက်ရပြီး သူ့ဒေါသ များတဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

...

လင်းဖန်သည် မရေမတွက်နိုင်သော ယင်ကောင်များ ဟစ်အော်နေသကဲ့သို့ လူတိုင်းပြောသည်ကို နားထောင်လိုက်ရာ နောက်ဆုံးတွင် အနည်းငယ် ဒေါသထွက်လာပြီး “ကြိုက်တယ်၊ အဲဒါ မင်းတို့ရဲ့ပုံစံအမှန်ပဲ” လို့ အော်ပြောလိုက်သည်။

စကားများပြောပြီးနောက်၊ သူသည် Vacheron Constantin Tourdel’Ile ကိုပြန်ယူကာ သူ၏လက်ကောက်ဝတ်ပေါ်တွင် ထပ်မံဝတ်ဆင်လိုက်သည်။

ရုတ်တရက်၊ အခန်းထဲရှိ အတန်းဖော်အားလုံး၏ မျက်နှာသည် အနည်းငယ် ညှိုးငယ်သွားသည်။

လင်းဖန်၏ စကားများသည် ၎င်းတို့အားလုံးကို ကြိမ်းမောင်းခြင်းဟု မှတ်ယူသည်။

လင်းဖန်က သူ့နာရီကို မချွတ်ရင် ဒီလိုမျိုးဖြစ်မှာမဟုတ်ဘူးလို့ ရှီလင်းက ခံစားရသည်။

ထို့နောက် “လူတိုင်း ထမင်းစားပြီးပြီဆိုတော့၊ ငါတို့ သီချင်းသွားဆိုမလား။”

“ကောင်းပြီ သွားမယ်’’

“သွားကြရအောင်!”

အတန်းဖော်အားလုံးက သဘောတူသည်။

လင်းဖန် က “ငါ အဲဒီကို မသွားတော့ဘူး”

လင်းဖန်သည် ဤအတန်းပြန်ဆုံပွဲသို့ တက်ရောက်ရခြင်း၏ အကြောင်းရင်းအများစုမှာ အထက်တန်းကျောင်းရှိ သူငယ်ချင်းကောင်းများနှင့် တွေ့ဆုံလိုခြင်းကြောင့် ဖြစ်သည်။

ကံမကောင်းစွာနဲ့ပဲ သူဒီကိုမလာခဲ့သင့်ပေ။

လင်းဖန်သည် ကျောင်းသားများသည်သူ့သူငယ်ချင်းအဖြစ် ယူဆထားပြီးဖြစ်သည့်အတွက်သည်းခံ၍ ဤအစားအစာကို ပြီးအောင် လုပ်နိုင်ခဲ့သည်။

ကျူရီရှောင်က “ငါမှာလုပ်စရာရှိလို့ ငါမသွားတော့ဘူး။ အားလုံးအဆင်ပြေပါစေလို့ ဆုတောင်းပါတယ်”

လင်းဖန်မသွားဖြစ်တာကို လူတော်တော်များများက ပျော်နေကြတာပါ။

သို့သော် ဤအလှတရားကြီးဖြစ်သော ကျူရီရှောင်သည် မသွားဘဲ သူတို့ကြီးပဲသွားရန်အလွန်တွန့်ဆုတ်နေခဲ့သည်။

ဒီတော့ လူတော်တော်များများက စိတ်ဓာတ်ကျသွားကြသည်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး... ကျူရီရှောင်က အိမ်မှာ တစ်ခုခုရှိနေတယ်လို့သာ ပြောခဲ့ပြီး အားလုံးကို ငြင်းဆိုလိုက်သည်။

“မင်းကိုငါလိုက်ပိို့ရန်လိုသေးလား” လင်းဖန်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

“ဒါဆို မင်းကိုဒုက္ခပေးမိလိမ့်မယ်။” ကျူရီရှောင် က ပြုံးပြုံးလေး ပြောလိုက်သည် ။

လင်းဖန် အံ့အားသင့်သွားသည်။

တကယ်တော့ သူက ပေါ့ပေါ့ပါးပါးပဲ မေးပေမယ့် ကျူရီရှောင်ကအတည်ကြီးပြောလိမ့်မည်ဟုသူမထင်ထားပေ။

ဒါပေမယ့် အခုစကားတွေပြောပြီးသွားလို့ပြန်ပြင်လို့မရတော့ပေ။

ထို့နောက် နှစ်ယောက်သား ကားပါကင်ဆီသို့ အတူတူ လျှောက်သွားကြသည်။

ဒီမြင်ကွင်းကို ကျောင်းသားအားလုံးရဲ့ မျက်စိထဲမှာ မြင်လိုက်ရသည်။

“ကျူရီရှောင် က သူ့တို့ဘယ်ကိုသွားတာလဲ’’

“သူတို့ ကားရပ်နားရာနေရာကို လျှောက်သွားကြတယ်၊ လင်းဖန်က ကားမရှိဘူးမဟုတ်ဘူးလား “

“တက္ကစီတစ်စီးက ကားပါကင်ထဲကို ဝင်သွားတာပဲ။ သူ ဒီတက္ကစီကို စီးချင်နေတာပဲ မဟုတ်လား” ဝမ်ကျူ က ပြောသည်။

ထိုစကားကို ပြောပြီးသည်နှင့် ကျောင်းသားအားလုံး၏ မျက်နှာများသည် ရှုတ်ချစရာများ ပြည့်နှက်နေသည်။

သူတို့ရဲ့အမြင်အရတော့ ကျူရီရှောင် လို လှပတဲ့ အမျိုးသမီးတစ်ယောက်ကို အိမ်ပြန်ပို့ဖို့ ဇိမ်ခံကားကို အသုံးပြုသင့်သည်။

တက္ကစီလား? ရှက်စရာကောင်းသည်။

ရီဝမ်ကျူက “ကျွန်မခင်ပွန်းက ကျွန်မကို အစကတည်းက အိမ်ပြန်ပို့ပေးပြီး အနိမ့်ဆုံးက Mercedes-Benz ဒါမှမဟုတ် BMW ပါ။ တက္ကစီလား။ လင်းဖန် က တကယ်ကို ရှက်လိုက်တာ။’’

ဟန်ဂျင်သည် လင်းဖန် နှင့် ကျူရီရှောင်၏နောက်ကျောကိုကြည့်ကာ “ကျွန်တော့် BMW 5 Series လည်း အဲဒီလမ်းကြောင်းအတိုင်းပါပဲ” လို့ ပြောပါသည်။

ဝမ်ကျူ က “ဟန်ဂျင်၊ မင်း ကျူရီရှောင် ကို အိမ်ပြန်ပို့သင့်တယ်လို့ ငါထင်တယ်”

ဝမ်ကျူသည် ကျူရီရှောင် ၏ အလှသည်သူ့ကိုစွဲဆောင်နေပါသည်။

သို့သော်၊ သူ့တွင် Corolla 100,000 သာရှိသောကြောင့် ကျူရီရှောင် ကိုပြန်ပို့ဖို့ အဆိုပြုရန် ခက်ခဲသည်။

ဝမ်ကျူသည် လင်းဖန် ကိုမုန်းသည်။

သူက ဟန်ဂျင်ကိုကျးရီရှောင်ကိုပို့ဖို့ အခွင့်ကောင်းပေးပြီး လင်းဖန်ကို အခွင့်အရေးမရစေချင်ကေးး

“ဟုတ်တယ်၊ မစ္စ ကျူ အိမ်ကို တက္ကစီစီးခွင့် မပေးဘူး၊ မဟုတ်ရင် ငါတို့ အတန်းဖော်တွေက သူ့ကို ဂရုမစိုက်ဘူးလို့ သူ့မိသားစုက ထင်လိမ့်မယ်။”

“မှန်တယ်!”

လူတိုင်းက သဘောတူလိုက်ကြသည်။

ဟန်ဂျင် သည် အလွန်ပျော်နေပြီး၊ သူသည် ကျူရီရှောင်ကို အကြာကြီး မက်မောနေခဲ့တာကြာပြီဖြစ်သည်။

သူ့အိမ်ပြန်ပို့ဖို့ အခွင့်အရေးထားရခဲ့ရင်သူတို့နှစ့ယောက်ဆက်ဆံရေးအနည်းငယ်တိုးတက်လာမည်ဟုသူထင်သည်။

ဒါကိုတွေးရင်း ဟန်ဂျင်ဟာ ​​စိတ်အားထက်သန်မှု အပြည့်နဲ့ ခံစားလိုက်ရသည်။

သူက တံတွေးမျိုချလိုက်ပြီး “ဒါပေမယ့်…”

“စိတ်မပူပါနဲ့၊ ငါတို့ သီးသန့်ခန်းဖွင့်ပြီး မင်းရောက်လာတာကို စောင့်နေမယ်!” ဝမ်ကျူက ပြောသည်။

အမှားပါရင်သည်းခံပေးကြပါခင်ဗျ။

ကမ္ဘာ့ပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters