ညစာ
Vol. 1 Ch. 7
အတန်းဖော်များ စကားစမြည်ပြောနေကြစဉ် လင်းဖန်နှင့် ကျူရီရှောင်တို့သည်ကားပါကင်သို့ လျှောက်သွားကြသည်။
အတန်းဖော်တစ်ယောက်က မလှမ်းမကမ်းကို လက်ညှိုးထိုးပြပြီး “ကြည့်စမ်း၊ အဲဒီမှာ စူပါပြိုင်ကားတစ်စီးရှိတယ်!”
“ဘယ်လောက်လှတဲ့ ပြိုင်ကားတစ်စီးလဲ!”
“ဒါက Lamborghini နဲ့တူတယ်!”
အားလုံးက သဘောတူစွာလိုက်ကြည့်ကြသည်။
ဟန်ဂျင်က “ဒါက ကျွန်တော် အရင်က ပြောခဲ့တဲ့ Lamborghini ဖြစ်ပြီး၊ ကျွန်တော့် BMW က အဲဒီနားမှာပဲ”
ထိုအချိန်တွင် အတန်းဖော်တစ်ဦးက “ဟေး လင်းဖန်ကဘာလို့ Lamborghini ကို သွားနေတာလဲ” ဟု သံသယဖြင့် မေးလိုက်သည်။
ဝမ်ကျူက “လင်းဖန်က က ဓာတ်ပုံရိုက်ချင်နေလို့ထင်တယ်”
“ဓါတ်ပုံရိုက်ချင်တာလား? သူမရှက််ဘူးလားမသိဘူး၊ ကျူရီရှောင် က သူ့ဘေးမှာရှိနေတာမသိဘူးလားမသိဘူး” အတန်းဖော်တစ်ဦးက ပြောသည်။
ရီဝမ်ကျူ က “လင်းဖန်က ဓာတ်ပုံရိုက်ရုံထက် ပိုတယ်ခင်တယ်၊ဖြစ်နိုင်တာကသူ Lamborghini တစ်စီး ပိုင်ဆိုင်ကြောင်း တခြားသူတွေကို လာကြွားလိမ့်မယထင်တယ််!”
“ငါ့ရဲ့ကိုယ်ရေးကိုယ်တာတချို့ကို ဘယ်မှာကြားထားမှန်းမသိဘူး၊ ငါသူ့ကိုလိုက်နေတာလို့ ပဲပြောရဲတယ်။”
ဒါကို ဒူလဲ့ကြားတော့ သူ့မျက်နှာက ပိုပိုပြီး နူးညံ့လာသည်။
သူက ရီဝမ်ကျူရဲ့ ခါးကို လှမ်းကိုင်လိုက်ပြီး “ဝမ်ကျူ၊ငါ သူ့ကို မယုံပါဘူး” လို့ ပြောလိုက်သည်။
“ကြည့်စမ်း၊ Lin Fan က Lamborghini ရဲ့ဘေးမှာ လျှောက်သွားတာဗျ။” အတန်းဖော်တစ်ဦးက ပြောသည်။
“ဟင့်အင်း! သူက တံခါးလက်ကိုင်လိုက်ပြီ”
“နောက်မှ ကားပိုင်ရှင်ကိုတွေ့ရင် သူဘယ်လိုဆင်းမလဲ ကြည့်ရအောင်!”
ကျောင်းသားတွေ အားလုံး ဒီလိုပြောကြတဲ့အခါ သူတို့ရဲ့ မျက်နှာတွေဟာ ရယ်မောစရာတွေနဲ့ ပြည့်နှက်နေသည်။ တစ်ချိန်တည်းမှာပင် ပိုင်ရှင်သည် မကြာမီ ပေါ်လာမည်ဟု မျှော်လင့်လျက်ဖြင့်ပတ်ဝန်းကျင်ကို ကြည့်နေကြသည်။
ဟန်ဂျင်က ဒီမြင်ကွင်းကိုမြင်ချင်နေသည်။ကျူရီရှောင်ရှေ့မှာဘလိုအရှက်ကွဲမလဲဆိုတာသိချင်သေးသည်။
သို့သော်...
နောက်အခိုက်အတန့်တွင် လူတိုင်း၏အမူအရာများ အားလုံးထိန့်လန့်သွားသည်။
ဘာဖြစ်လို့လဲဆိုတော့...
Lin Fan သည် Lamborghini ၏တံခါးကို မထင်မှတ်ဘဲဖွင့်လိုက်ပြီး ကျူရီရှောင်နှင့် အတူတိုက်ရိုက်ထိုင်လိုက်သည်။
နောက်ဆုံးတွင်၊ Lamborghini ၏ ခပ်မှိန်မှိန်ဟောက်သံနှင့်အတူ ကားပါကင်မှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်နေသည်။
လူတိုင်း အံသြသွားကြသည်။
လင့းဖန်သည် Lamborghini ပေါ်တွင် အမှန်တကယ် ထိုင်နေတာသလား။
ဒီကားက သူ့ကားဟုတ်နေတာလား။
သူက တစ်လကို ယွမ်ထောင်ဂဏန်းပဲ ရတာမဟုတ်ဘူးလား။
ဘာတွေဖြစ်နေတာလဲ? !
ဝမ်ကျူက “လင်းဖန်က အတန်းပြန်ဆုံပွဲမှာ ပါဝင်ဖို့ ကားငှားလာတာထင်တယ်၊ကားငှားရန်အတွက်သူ့ပိုက်ဆံအကုန်သုံးထားမည်ကိုငါကြောက်တယ်’’။
ဒီမှတ်ချက် ထွက်လာပြီးတာနဲ့ အားလုံးက အထင်သေးမှုတွေ ပေါ်လာသည်။
မှန်တယ်!
ဤ Lamborghini ကို ငှားထားတာပဲဖြစ်မယ်။
လင်းဖန်၏မိသားစုသည် ပျမ်းမျှအားဖြင့် Lamborghini ကို လုံးဋယ်ရန်မတတ်နိုင်ပေ။
ဒါကိုတွေးလိုက်တိုင်း လူတိုင်းရဲ့မျက်နှာပေါ်မှာ ရှုတ်ချမှုတွေက နည်းနည်းပိုမိုပြင်းထန်လာခဲ့သည်။
ထိုအချိန်တွင်၊ဟန်ဂျင် ၏ လက်ကိုင်ဖုန်း၏အသံမြည်လာသည်။
“ဟန်ဂျင်၊ မင်းငါ့ကိုပို့လိုက်တဲ့ နာရီဓာတ်ပုံက ဘယ်ကလာတာလဲ။” ကျူဘို၏ ခပ်မှိန်ဖျော့အသံသည် ဖုန်းထဲမှထွက်လာသည်။
ဟန်ဂျင်က ပြုံးပြီး “အိုး၊ ဒီနာရီက ဘာကိုဆိုလိုတာလဲ။ ငါ့အတန်းဖောတစ်ယောက််ရဲ့ နာရပါီ”
ထိုသို့ပြောပြီးနောက် ဟန်ဂျင်သည် စပီကာကို တိုက်ရိုက်ဖွင့်လိုက်သည်။
သူ့အတန်းဖော်တွေရဲ့ရှေ့မှာသူ့အဆက်အသွယ်ကို ထုတ်ပြချင်သည်။
တစ်ချိန်တည်းမှာပင် လင်းဖန်၏ Lamborghini ကို ငှားရမ်းခဲ့ကြောင်း ခိုင်လုံသော အထောက်အထားများနှင့်နာရီလဲပစ္စည်းအတုတွေဆိုတာကိုသက်သေပြချင်သည်။
“Fuck! မင်းကံကောင်းလိုက်တာ!” ကျူဘို ၏ အသံသည် ချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။
“ဘာမှားလို့လဲ?” ဟန်ဂျင်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
“အဲဒီလက်ပတ်နာရီက Vacheron Constantin Tourdel’Ile ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာ 7 ခုသာ ရှိသည်။ အဲ့တစ်ခုချင်းစီရဲ့ စျေးနှုန်းက အနည်းဆုံး ယွမ် 10 သန်းရှိပါတယ်။ ပြီးတော့ စျေးကွက်မှာတောင်ရောင်းမယ့်လူမရှိပါဘူး။”
“မင်းရဲ့ အတန်းဖော်က ဒီနာရီကို ပိုင်ထားတာ ဆိုတော့အရမ်းမိုက်တယ်!” ကျူဘို၏ အသံသည် ဖုန်းထဲတွင် ပို၍ စိတ်လှုပ်ရှားလာသည်။
အားလုံးတိတ်ဆိတ် စွားကြသည်။
နာရီတစ်ခုသန်းပေါင်းများစွာ။
အားလုံး အသက်ရှူရပ်လုနီးပါးဖြစ်လိုက်သည်။
Lamborghini က ငှားလျင်ငှားလို့ရသည်။
သို့သော်၊ ကမ္ဘာပေါ်တွင် နာရီတစ်ခုအတွက်၁၀သန်းရှိပြီး ဒါကိုငှားရန် လုံးဝမဖြစ်နိုင်ပေ။
တစ်ခုတည်းသော အဖြေမှာ နာရီနှင့် Lamborghini သည် လင်းဖန် ၏အပိုင်ဖြစ်သည်။
လင်းဖန်းသည် အလွန်တရာ ချမ်းသာတဲ့သူဖြစ်သည်။
လူတိုင်းသည် Lamborghini ၏ ထွက်သွားသောဦးတည်ချက်ကို ရှုပ်ထွေးသော အမူအရာများနှင့် ကွဲပြားသော အတွေးများဖြင့် ကြည့်ရှုခဲ့ကြသည်။
၎င်းတို့ထဲတွင် ရီဝမ်ကျူနှင့် ဟန်ဂျင်တို့၏စိတ်မျညးသည်ရှုပ်ထွေးနေကြသည်။
ရီဝမ်ကျူသည်သူမ နောင်တရမိသည်။ သူမသည် အထက်တန်းကျောင်းတွင် အနည်းငယ်သာ ထက်ပိုပြီးရဲရင့်ခဲ့ပါက၊ သူမသည်လင်းဖန် ၏ ချစ်သူဖြစ်လာပြီး ချမ်းသာသောမိသားစုနှင့် လက်ထပ်နိုင်မည်ဖြစ်သည်။
ဟန်ဂျင်သည် ကြောက်လန့်သွားပြီး Vacheron Constantin Tourdel’Ile ၏ ယခင်ကသူ၏မှတ်ချက်များကိုပြန်အမှတ်ရကာ သူ၏နှလုံးသားလေး တုန်ခါသွားခဲ့သည်။
အကယ်၍ သင်သည် Vacheron Constantin Tourdel’Ile ကို မတော်တဆ ဖျက်ဆီးလိုက်ပါက၊ ၎င်းသည် သူ၏အိပ်မက်ဆိုးတစ်ခုဖြစ်သည်။
...
ထိုအချိန်တွင် Lamborghini တွင်ထိုင်နေသော ကျူရီရှောင်သည် စူးစမ်းလိုသောမျက်လုံးများဖြင့် လှည့်ပတ်ကြည့်နေသည်။
ရီဝမ်ကျူ က ပြုံးပြီး” Lamborghini Aventador ၊ တရုတ်ရဲ့စျေးကွက်ကယွမ် 10 သန်းရှိသည်။ဒီလောက်စျေးကြီးတဲ့ကားကို ငါဘယ်တုန်းကမှ မမြင်ဖူးဘူး “
“အတန်းဖော်ဟောင်း၊ မင်းဒီနေ့ငါ့ကိုပျော်အောင်နေခွင့်ပြုတဲ့အတွက့ကျေးဇူးတင်ပါတယ်”(ဘာမလဲမဆိုင်ဘူး)
လင်းဖန် က “ဒါက မင်းယူဖူးသမျှထဲမှာစျေးအကြီးဆုံး ကားဖြစ်ချင်ဖြစ်မယ်။ တစ်ခြားကားတေကဘီလီယံချီတန်ဖိုးရှိတဲ့ကားတွေလဲရှိတယ်”
ကျူရီရှောင်က ပြုံးပြီး “ဒီလိုဖြစ်ပုံရတယ်!”
ရုတ်တရက်ဆိုသလိုပင် သူမသည် နည်းပါးသော်လည်း ဉာဏ်ရည်ထက်မြက်သည်။လင်းဖန်အပေါ် ပိုမိုကောင်းမွန်သော ခံယူချက်တစ်ခု ရရှိခဲ့သည်မှာ အမှန်တကယ်ပင် ရှားပါသည်။
ထို့နောက် ကျူရီရှောင် သည် လင်းဖန်ကို တိတ်တဆိတ် ကြည့်နေခဲ့သည်။
ခန္ဓာကိုယ်က ကြံ့ခိုင်ပြီး စတိုင်ကျသည်။
ကျူရီရှောင်က လင်းဖန်ကို အထက်တန်းကျောင်းနှင့်မတူတော့ပေ။
လင်းဖန်သည် အထက်တန်းကျောင်းတက်သောအခါတွင် သမူ၏ အထင်အမြင်မှာရင့်ကျက်ပြီး ချောမောသည်။
အခုလင်းဖန်သည် ချောမောပြီးရင့်ကျက်သော ယောက်ျားပီသမှုရှိသည်။
ကျူရီရှောင်သည် လင်းဖန်ကို အချိန်အကြာကြီး စိုက်ကြည့်နေပုံသဖြင့်သူမ၏လှပသောမျက်နှာသည် နီမြန်းလာခဲ့သည်။
သူ့မရဲ့အကြည့်တွေကို အမြန်ပြန်ရုတ်လိုက်ပြီး “လင်းဖန်၊ မင်းဘာဆက်လုပ်မှာလဲ”
“မင်းကို အိမ်ပြန်ပို့ပြီးရင် ဟိုတယ်မှာပြန်အိပ်မယ်” လင်းဖန်က ပြောသည်။
“မင်းကဟိုတယ်မှာနေတာလား။” ကျူရီရှောင်က မေးသည်။
“ဟုတ်တယ်၊ငါဟိုတယ်မှာပဲ နေတယ်’’ လင်းဖန်က ပြောသည်။
ကျူရီရှောင်ကခဏလောက်စဉ်းစားပြီး “အရမ်းစောနေသေးတယ်၊ဒါမှမဟုတ် ညစာအတူတူသွားစားမလား၊ကောင်းတဲ့နေရာတစ်ခုကို ငါသိတယ်!”
လင်းဖန်သည် ကျူရီရှောင်ကိုထူးဆန်းစွာ စိုက်ကြည့်လိုက့သည်။
ညစာစားမလို့လား။
အတန်းတွေဆုံပွဲမှာကပြောတော့အိမ်မှာလုပ်စရာရှိတယ်ဆို။အခုကညစာသွားစားမှာလား။
ကျူရီရှောင်ကလဲဒါကိုလည်း တွေးမိရပြီး သူမ၏လှပတဲ့ မျက်နှာလေးကနီရဲလာပြန်သည်။
သူမအတန်းတွေ့ဆုံပွဲမှာ ရှိစဉ်တုန်းက လင်းဖန်းဟာ ထောင့်စွန်းမှာ တစ်ယောက်ထဲ ကျန်ရစ်ခဲ့ပြီး ဘယ်သူမှ သူ့ကို စကားလုံးဝမပြောကြသည်ကိုသူမမြင်လိုက်သည်။
အဲ့အကြောင်းဆက်မတွေးတော့ပဲကျူရီရှောင်က’’ဒါနဲ့ လင်းဖန်မင်းဗိုက်ဆာနေသေးလား’’
ဒီအချိန်မှာ သူ့ဗိုက်က နည်းနည်းဆာတယ်လို့သူခံစားရသည်။
ဒါပေမယ့် လင်းဖန် ကဟိုတယ်သို့ တိုက်ရိုက်သွားသော်လည်း အနည်းငယ် ငြီးငွေ့စရာကောင်းသည်ဟုသူထင်သည်။
ထို့နောက် သူက “ကောင်းပြီ၊ မင်းဒါဆိုလမ်းပြနိုင်တယ်” လို့ပြန်ဖြေလိုက်သည်။
“ကောင်းပြီ!” ကျူရီရှောင်က ဝမ်းသာအားရပြောသည်။
MISS စားသောက်ဆိုင်ကို ရောက်တာ မကြာသေးပါဘူး။
MISS စားသောက်ဆိုင်သည် မြစ်ကမ်းစပ်တွင် တည်ရှိသည်။
အရသာရှိတဲ့ အစားအသောက်တွေစားရင်း အထဲမှာ ထိုင်ပြီး မြစ်ရှုခင်းကို ခံစားရတာအရမ်းကောင်းသည်။
လင်းဖန်က ဂုံးကောင်နှင့်ပင်လယ်စာအချို့ကို မှာကြားသည်။
“သောက်မလား” လင်းဖန်က မေးသည်။
“နည်းနည်း” ကျူရီရှောင်က ပြောသည်။
လင်းဖန်က ခေါင်းညိတ်ပြီး “ဒါဆို As of Spadesပုလင်းလေး ယူရအောင်” လို့ပြောလိုက်သည်။
သူ့ဘေးမှာ ရပ်နေတဲ့ စားပွဲထိုးကသူ့ စကားကိုကြားတော့ သူ့မျက်လုံးတွေ ချက်ချင်း တောက်ပလာခဲ့သည်။
Ace of Spades သည် တစ်ပုလင်းလျှင် 8888 ယွမ်ဖြစ်ပြီး ဆိုင်တွင်စျေးအကြီးဆုံးဝိုင်ဖြစ်သည်။
ဒီဝိုင်ပုလင်းကို တစ်ယောက်ယောက်ကဂယ်ပြီးစားပွဲထိုးက ကော်မရှင်ရနိုင်သည်။
အသားကင်ချိန်ကို စောင့်ရင်း လင်းဖန်သည် ကျူရီရှောင်ကို လျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့သည်။
နှစ်အနည်းငယ်ကြာပြီးဘွဲ့ရခဲ့ပေမယ့် နှစ်တွေကြာလာတော့ သူ့မျက်နှာမှာ ယခင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေပြီး နှစ်တွေကြာတော့သူမရဲ့ခန္ဓာကိုယ်က ကြီးထွားလာခဲ့သည်။ သူမကိုအမှတ်ပေးရရင်
စုစုပေါင်း ၉၅ မှတ်ဖြစ်သည်။
မကြာခင်မှာပဲ ဝိုင်နဲ့ အသားကင်တွေ အားလုံးကို ရောက်လာခဲ့သည်။
လင်းဖန်သည် ဖန်ခွက်ထဲရှိ ဝိုင်အကြည်ကိုကြည့်လိုက်ပြီး သူ့ပါးစပ်ထဲသို့ ဖြည်းညှင်းစွာ လောင်းထည့်လိုက်သည်။
သူ၏ လှုပ်ရှားမှုတိုင်းသည် အလွန်ရိုးရှင်းပြပြေပြစ်သည်။
လင်းဖန်သည် လုံးဝအရက်မသောက်ဖူးသလိုမျိုးပခံစားရပေ။ဒါပေမဲ့သူကအရက်သောက်တဲ့နေရာမှာဆရာကြီးတစ်ယောက်ဖြစ်သည်ဟုခံစားရသည်။
စန္ဒယားပညာရှင်တစ်ဦးသည်စင်မြင့်ပေါ်တွင် လှပသောတေးဂီတကို တီးမှုတ်ခြင်းသည် အလွန်စွဲမက်ဖွယ်ကောင်းသည်။
မျက်နှာချင်းဆိုင်ထိုင်နေသော ကျူရီရှောင်သည် အနည်းငယ် မိုက်မဲနေပုံရသည်။
အမှားပါရင်သည်းခံပေးကြပါ။
ကမ္ဘာပေါ်မှာငါကအချမ်းသားဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး