မှော်မြို့သို့ရောက်ရှိခြင်း
Vol. 1 Ch. 9
နောက်တစ်နေ့ နေက ထွက်လာသည်။
ဟိုတယ်။
ကျူရီရှောင်သည် ပျော့ပျောင်းသောကြောင်လေးကဲ့သို့ နှင်းဖြူကုတင်ပေါ်တွင် လှဲလျောင်းနေသည်။
အချိန်အတော်ကြာပြီးနောက် သူမ၏ ရှည်လျားသော မျက်တောင်များကို လှုပ်ယမ်းကာ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
ကျူရီရှောင်သည် မနေ့ညက မြင်ကွင်းကို သတိရကာ ပထမဦးစွာ ပတ်ပတ်လည်ကို ကြည့်ကာ အနီရောင်တောက်တောက် အိပ်ယာခင်းကိုကြည့်ပြီး သူမ၏ ခန္ဓာကိုယ်အနှံ့ ကိုဖုံးထားလိုက်သည်။
ထိုအချိန်တွင် လင်းဖန်သည် ဟင်းသီး ဟင်းရွက်နှင့် အသား ဂျုံပန်းကန်လုံးနှင့်အတူ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
ကျူရီရှောင်နိုးသောအခါ သူမ၏ ဝမ်းဗိုက်အောက်ပိုင်း နာကျင်မှုကြောင့် သူမမနည်းထိန်းပြီးထရပ်ဖို့လုပ်လိုက်သည်။
လင်းဖန်က “ကျူရီမနေ့ညက မင်းပင်ပန်းနေပြီ၊ ဒါကြောင့် အနားယူလိုက်အုံး’’
ဒါကိုကြားတော့ကျူရီရှောင်၏ လှပသောမျက်နှာသည် ချက်ချင်းပင် တိမ်နီများဖြင့် ဖုံးလွှမ်းသွားသည်။
“ငါ မင်းကို ယာဂုကျွေးမယ်” လင်းဖန်က ကုတင်ပေါ် လျှောက်သွားကာ ပြောလိုက်သည်။
“ငါ... သွားအရင်သွားတိုက်ချင်တယ်၊ မင်းအရင်ထွက်သွား၊ ငါထလို့ရပြီ” ကျူရီရှောင် က ရှက်ရွံ့သော မျက်နှာဖြင့် ပြောလိုက်သည်။
လင်းဖန်က “ငါ့အကူအညီလိုသေးလား”
“မလိုပါဘူး။” ကျူရီရှောင်က ကမန်းကတန်းပြောလိုက်သည်။
လင်းဖန်သည်ခေါင်းညိတ်ကာ အခန်းပြင်သို့ ထွက်သွားသည်။
ဧည့်ခန်းကိုရောက်တော့ ၁၂ နာရီထိုးနေပြီ။
ဖုန်းတုန်ခါပြီး စာအိတ်အနီတစ်ခု ပေါ်လာသည်။
“Ding! ဂုဏ်ယူပါတယ် မင်း 1 ယွမ်ရခဲ့သည်။
“Ding၊ ဂုဏ်ယူပါတယ်၊ သုံးစွဲမှု ၁၀ ကြိမ် ပြန်အမ်းငွေကတ်ကို ရရှိခဲ့သည်။”
...
“Ding၊ ဂုဏ်ယူပါတယ် မင်း 29,999 ယွမ် ရရှိထားသည်။”
“ဒင်း၊ ဂုဏ်ယူပါတယ်၊ ၂ ယွမ်ယူရခဲ့သည်။”
အချိန်က 12:01 ပါ။
[အရိပ်အမြွက်- နောက်လာမည့်စာအိတ်အနီရှေ့တွင် ၂၃ နာရီနှင့် ၅၉ မိနစ်ရှိသေးသည်။ 】
[သတိပေးချက်- ယွမ် 10,000 သုံးစွဲတိုင်း၊ စာအိတ်အနီ 1 စောင် ချက်ချင်းရနိုင်သည် ။ 】
လင်းဖန်က “မနေ့က ယွမ်ငွေ သောင်းနဲ့ချီကိုငါသုံးခဲ့တယ်၊အခုဒီနေ့ 12 နာရီမှာ တော့သုံးထားတဲ့ငွေထက်ပိုမိုရရှိခဲ့သည်။”
လင်းဖန်ပြောတာကို တစ်ယောက်ယောက်သိရင် သူတို့ ဘယ်လိုခံစားရမယ်ဆိုတာ စကားလုံးဖြင့်ဖော်ပြနိုင်မည်မဟုတ်ပေ။
မနေ့က သောင်းနဲ့ချီတဲ့ ပိုက်ဆံတွေကို သူသုံးခဲ့တာမင်းသိလာယ။
ယခုသူသည် သောင်းနှင့်ချီသော ငွေသားကိုသာမကသုံးစွဲမှုဆယ်ဆကပ်ကိုလဲရရှိထားသည်။
ထို့နောက် လင်းဖန် သည် စနစ်မျက်နှာပြင်ကိုခေါ်လိုက်သည်။
[အမည်-လင်းဖန်]
[အဆင့်- LV3]
[LV3 ဆု- အသက်ရှုတိုင်း 5 ယွမ်; အိပ်ချိန် ၁ စက္ကန့်တိုင်း ၅ ယွမ်၊ ခြေလှမ်းတိုင်း ၅ ယွမ်။ ဆုလက်ဆောင်များကို နေ့စဉ် 24 နာရီတွင် အကောင့်ထဲသို့ ထည့်သွင်းပေးမည်ဖြစ်ပါသည်။ 】
[အဆင့်မြှင့်သုံးစွဲမှုပမာဏ- 350,000 / 1 သန်း (လက်ဆောင်များ၊ လောင်းကစား စသည်ဖြင့် မပါဝင်ပါ။ ထို့အပြင်၊ စနစ်မှရရှိသောပစ္စည်းများအားလုံးကို ရောင်းဝယ်ဖောက်ကားခြင်းမှ တားမြစ်ထားသည်)]
[ဆွဲဆောင်မှု- ၉၂ (အသွင်အပြင်၊ အဝတ်အစား၊ စိတ်ဝိဥာဉ်နှင့် အခြားအခြေအနေများသည် နီးနီးကပ်ကပ်ဆက်စပ်နေသည်)]
[ကျွမ်းကျင်မှု- ပရော်ဖက်ရှင်နယ် ကားမောင်းကျွမ်းကျင်မှု၊ ကျက်သရေ ရောင်ဝါ (မြင်မြင်ချင်း ချစ်ခြင်းမေတ္တာကို ဖန်တီးရန် အခွင့်အရေး ၅ ရာခိုင်နှုန်း၊ မမေ့နိုင်သော)၊ ကြမ်းတမ်းသော အလှတရား၊ အရက်သောက်သည့် လူကြီးလူကောင်းများ]
[ရန်ပုံငွေများ- 1.38 သန်း (ရန်ပုံငွေအားလုံးသည် ကျိုးကြောင်းဆီလျော်ပြီး တရားဝင်အရင်းအမြစ်များမှဖြစ်ပြီး တိုက်ရိုက်အသုံးပြုမှုအတွက် စိတ်ပူစရာမလိုပါ)]
တစ်နာရီခန့်အကြာတွင် ကျူရီရှောင်သည် နောက်ဆုံးတွင် အဝတ်အစားဝတ်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။
မနေ့ကနဲ့ နှိုင်းယှဥ်လိုက်ရင် ပိုမိုရင့်ကျင့်သည်ဟုထင်ရသည်။
ကျူရီရှောင်သည် လက်းဖန် ၏လက်များထဲသို့ ထိုးကျသွားပြီး သူမ၏ခန္ဓာကိုယ်သည် အနည်းငယ်တုန်ယင်နေပြီး ကြည်လင်သောနွေဦးကဲ့သို့ မျက်ရည်များစီးကျလာသည်။
“ကျူရီ မင်းဘာလို့ ငိုနေတာလဲ၊ မင်းကို ဘယ်သူက ဒေါသထွက်အောင်လုပ်လို့လဲ။” လင်းဖန်က ကမန်းကတန်းပြောလိုက်သည်။
“ဟင့်အင်း... ငါမငိုဘူး ငါပျော်လို့ပါ” ကျူရီရှောင်သည် သူမမျက်နှာမှ မျက်ရည်စက်များကို သုတ်လိုက်ပြီးပြောလိုက်သည်။
အထက်တန်းကျောင်းတွင်၊ ကျူရီရှောင်သည် လင်းဖန်ကို အထင်ကြီးပြီးချစ်ဖို့ကောင်းယုံသာရှိသည်။
အခုအချိန်မှာတော့ လင်းဖန်း ဟာ သူမရဲ့ နှလုံးသားထဲမှာ အပြည့်စုံဆုံး အသွင်အပြင်နဲ့ ယောက်ျားလေးတစ်ယောက် ဖြစ်လာခဲ့ပါပြီဖြစ်သည်။
လင်းဖန်သည် ကျူရီရှောင်၏ သွယ်လျသောလက်ကို ကိုင်ပြီး “ကျူရီ စိတ်မပူပါနဲ့၊ ငါ မင်းကို ထာဝရ စောင့်ရှောက်ပေးမယ်။”
ကျူရီရှောင် က အားတက်သရော ခေါင်းညိတ်လိုက််သည်။
နှစ်ယောက်သား အချိန်အကြာကြီး နွေးနွေးထွေးထွေး နေခဲ့ကြပြီး နေ့လည်စာ အတူတူစားကြခဲ့ကြသည်။
ကျူရီရှောင် က “လင်းဖန်၊ ငါ မကြာခင် မှော်မြို့တော်ကို သွားရမယ်။”
“အရမ်းစိတ်ပူလို့လား?” လင်းဖန်က ပြောသည်။
“ငါ့ဆရာ၏ ပရောဂျက်တွင် ပါဝင်ရန် လွန်ခဲ့သည့် အချိန်က များစွာ အားထုတ်ခဲ့ရသည်။ မနက်ဖြန်၊ ပရောဂျက် တရားဝင် စတင်တော့မည်၊ ရလဒ်အချို့ ရရှိရန် ကြိုးစားကြည့်ချင်တယ်” ကျူရီရှောင်က လေးနက်စွာပြောသည်။
လင်းဖန်၏ လက်ရှိစွမ်းရည်ကြောင့်ကျူရီရှောင်သည် အကောင်းဆုံးဘဝအရည်အသွေးကို ရရှိရန် လွယ်ကူသည်။
သို့သော် လင်းဖန်သည် ကျူရီရှောင်သည် ထက်မြက်သော မိန်းမဖြစ်ကြောင်း ကောင်းကောင်းသိသည်။
ကိန္နရီတစ်ကောင်ကဲ့သို့ လှပသောလှောင်အိမ်ထဲတွင် ထားကာ ကောင်းစွာကျွေးမွေးပါက သူမကို ပျော်ရွှင်နိုင်စေမည်မဟုတ်ပေ။
လင်းဖန်က “ဒါဆို မင်းခန္ဓာကိုယ်က....”
“စိတ်မပူပါနဲ့ ငါ အခုသက်သာသွားပြီ’’ ကျူရီရှောင်က ပြုံးပြီးပြောလိုက်သည်။
“ကောင်းပြီ၊ ဒါဆို မင်းကို မှော်မြို့ကို ခေါ်သွားပေးမယ်။” လင်းဖန်က ပြောသည်။
ကျူရီရှောင်က မှော်မြို့သို့ သွားရန်သာမန်လက်မှတ်ကို အစောကြီးကတည်းက ဝယ်ခဲ့သည်။
သူမရဲ့စိတ်ကူးအရ ဘာပဲဖြစ်ဖြစ်၊ မင်း လေယာဉ်နဲ့ တစ်နာရီကျော်ကြာတဲ့အခါမှော်မြို့ကို ရောက်နိုင်ပြီး မင်းဘယ်အခန်းမှာထိုင်နေလဲဆိုတာ အရေးမကြီးဟုသမတွေးထားလိက်သည်။
သို့သော် လင်းဖန်က ပထမတန်းသို့ ပြောင်းရန် တောင်းဆိုခဲ့သည်။
နောက်ဆုံးတွင်ကျူရီရှောင်သည်ပထမတန်းစားခန်းရှိ ကျယ်ဝန်းသော ကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း အိပ်ပျော်သွားသည်။
ကျူရီရှောင်နှင့် နဲ့ လင်းဖန်တို့ လေဆိပ်ကထွက်လာတော့ညနေ 5:30 ဖြစ်နေပြီဖြစ်သည်။
အဝေးမှ အသံအနည်းငယ် ရုတ်တရက်ထွက်လာသည်”ကျူရီ”
“ဟမ်မုလီ’’ ကျူရီရှောင်က အံ့အားသင့်စွာ ခေါ်လိုက်သည်။
“ကျူရီငါတို့က တစ်ကယ်ကိုညီအစ်မတွေပဲ၊ လေယာဉ်အချိန်တောင်တူနေသေးတယ်။” ဟမ်မုလီက ဝမ်းသာအားရ ပြောသည်။
“ဟုတ်တယ် ငါလည်း မမျှော်လင့်ထားဘူး!” ကျူရီရှောင်က ပြောလိုက်သည်။
ဟမ်မုလီ က သူ့ဘေးမှာ ရှိတဲ့ လင်းဖန် ကို သတိထားမိပုံရပြီး “သူက...”
“ဟယ်လို၊ ငါက ကျူရီရဲ့ ချစ်သူ လင်းဖန်ပါ” ဟုလင်းဖန်က သူ့ကိုယ်သူ မိတ်ဆက်သည်။
“ရည်းစားလား?” ဟမ်မုလီသည် ကျူရီရှောင်ကို မေးခွန်းထုတ်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ကျူရီရှောင် က လင်းဖန် ၏လက်ကိုဆွဲကာ “လင်းဖန်၊ ဒါက ငါ့အခန်းဖော် ဟမ်မုလီ”
ဟမ်မုလီကဒါကိုကြားတော့ လင်းဖန် ကိုအပေါ်အောက်ငုံ့ကြည့်ရင်း မထိန်းနိုင်ဘဲ “အရပ်ရှည်ပြီး တော်တော်ချောတာပဲ! ဒါပေမယ့် ငါတို့ ကျူရီ က မှော်ကျောင်းတော်ရဲ့ နာမည်ကြီး ကျောင်းသူလေးတစ်ယောက်ပါ။ “ သူကိုလိုက်နေတဲ့သူတွေဆိုတာရေတွက်လို့ကိုမကုန်နိုင်ပေ’’
“ဒါကို မြန်မြန်ပြော၊ မင်းဘယ်လိုကျူရီကိုလည့်စားလိုက်တာလဲ”
လင်းဖန် က “ကျွန်တော် ကျူရီကို မလိမ်ခဲ့ပါဘူး၊ ဒါဆိုကျနော်ကျူရီကိုမလိမ်ဘူးဆိုတာဘယ်လိုသက်သေပြရမလား’’။
“ဟုတ်တယ်၊ ဒါပေမယ့် မင်းစိတ်ရင်းမှန်ရင် မင်းကို စစ်ဆေးရမယ်။ မင်း ငါတို့အခန်းဖော်တွေကို ညစာစားဝယ်ကျွေးမှာလား။” ဟမ်မုလီကပြုံးပြီးပြောလိုက်သည်။
“ဟုတ်ပါတယ် ငါဝယ်ကျွေးတာကိုစိတ်မရှိပေမယ့် မှော်မြို့ကို ပထမဆုံးရောက်ဖူးတာတော့ ငါဒီမြို့နဲ့သိပ်မရင်းနှီးသေးဘူး။ ဒါကြောင့် မင်း တို့ကြိုက်တဲ့ဆိုင်ကိုယူထားလို့ရတယ်။” လင်းဖန်က ပြောသည်။
“ပြဿနာမရှိပါဘူး!” ဟမ်မုလီက ဝမ်းသာအားရ ပြောလိုက်သည်။
ထို့နောက် ဖုန်းကို တိုက်ရိုက်ထုတ်ကာ အခန်းဖော်ထံ စာတိုတစ်စောင် ပေးပို့ခဲ့သည်။
Peninsula စားသောက်ဆိုင်။
လင်းဖန်တို့ သုံးယောက်ထိုင်ပြီးပြီးချင်းမှာပဲ အလယ်အလတ်ပုံစံချောမောတဲ့မိန်းကလေးတစ်ယောက်ရောက်လာပြီး “ရှောင်ချင်ကလုပ်စရာရှိတယ်၊ မလာနိုင်ဘူးလို့ငါကိုပြောလိုက်သည်’’။
ကျူရီရှောင်က “သူမကဝမ်ရီ ပါ။”
ခေတ္တနားပြီးနောက် ကျူရီရှောင်က “ဒါက ငါ့ချစ်သူ လင်းဖန်” လို့ ပြောလိုက်သည်။
ဝမ်ရီက”ကျူရီမင်းရည်းစားရှိမယ်လို့ငါမထင်ခဲ့ပေ။မှော်တက္ကသိုလ်က ကောင်လေးတွေ ဘယ်လောက် တောင်ငိုနေမှန်းမသိဘူး။”
“မင်းတို့ဘယ်လိုတွေ့တာလဲ”
ကျူရီရှောင် က “ငါတို့က အထက်တန်းကျောင်းသူ အတန်းဖော်တွေပါ။”
“အိုး! မင်းနဲ့ဆိုတော့ကျူရီ မင်းမချစ်ခဲ့တာ အံ့သြစရာမဟုတ်ဘူး!” ဝမ်ရီရယ်သည်။
ထို့နောက် သူက “လင်းဖန်၊ ငါတို့ ကျူရီကမင်းကို စောင့်နေတာ နှစ်အတော်ကြာနေပြီမို့ အနာဂတ်မှာ သူ့ကို စိတ်မပျက်ပါစေနဲ့!”
“စိတ်မပူပါနဲ့ ငါ ကျူရီကို အမြဲတမ်း ကောင်းကောင်းဆက်ဆံပါ့မယ်။” လင်းဖန်က ပြောသည်။
လူတိုင်းက စကားစမြည်ပြောရင်း ရယ်မောကြနေကြသည်။
ဤစားသောက်ဆိုင်တွင် စားသုံးမှုသည် အလွန်စျေးသက်သာသည်။ လူလေးယောက် စုစုပေါင်း ယွမ် ၁၅၀၀ သာရှိသည်။
ထင်ရှားသည်မှာ၊ ၎င်းမှာ လင်းဖန်ကို အထူးဂရုစိုက်သော ကြောင့်ဟမ်မုလီ နှင့် ဝမ်လီတို့ကဒီဆိုင်ကိုရွေးထားတာဖြစ်သည်။
ထိုအချိန်တွင် ဝမ်ရီ၏ လက်ကိုင်ဖုန်းသည် ကျယ်လောင်စွာမြည်လာသည်။
ဖုန်းချပြီးနောက်။
ဝမ်ရီက “ကျွန်တော့် Cartier နားကပ်တွေကို ပြုပြင်ပြီးပြီ၊ အဲဒါတွေက National Gold ရှေ့မှာ ရှိတယ်။ အတူတူသွားပြီးတော့ လမ်းမှာ ဈေးဝယ်ထွက်ကြမလား။”
“ကောင်းပြီ ငါဈေးယ်မထွက်တာတောင်ကြာပြီ၊ !” ဟမ်မုလီက ပြောသည်။
လင်းဖန် နှင့် ကျူရီရှောင်တို့က ခေါင်းညိတ်ပြီး လိုက်ရန် ဆန္ဒရှိကြောင်း ဖော်ပြလိုက်သည်။
အမှားပါရင်သည်းခံပေးကြပါခင်ဗျ။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး