← Chapters

ပါမောက္ခလုပ်မလား

Vol. 1 Ch. 12

ပါမောက္ခလုပ်မလား

Vol. 1 Ch. 12

လူအများအပြားက ဟစ်တို ဟိုတယ်ဆီသို့ လျှောက်လာပြီး၎င်းတို့၏ မျက်နှာများသည် အပြုံးများဖြင့် ပြည့်နှက်နေသည်။

နောက်အခိုက်အတန့်မှာ လူတိုင်းရဲ့ခြေလှမ်ူတွေ ရုတ်တရက် ရပ်သွားခဲ့သည်။

ဘာကြောင့်လဲ ဆိုတော့ ခန်းမထဲကဘုတ်ပေါ်မှာ လူငယ်တစ်ယောက်ကို မထင်မှတ်ပဲ တွေ့လိုက်ရပြီး အလျင်အမြန်တွက်နေတဲ့အတွက်ဖြစ်သည်။

ကောင်းစီဟို က ဒါမြင်လိုက်ရပြီး သူ့နဖူးမှာ အေးစက်တဲ့ ချွေးတွေ စီးကျလာပြီး သူ့တစ်ကိုယ်လုံး ထိတ်လန့်သွားသည်။

ဒီအပြည်ပြည်ဆိုင်ရာသင်္ချာညီလာခံကြီးကို ခမ်းနားကြီးကျယ်စွာ ကျင်းပနိုင်မယ်လို့ ဟေးချမ်ကိုကတိပေးခဲ့ဖူးသည်။

မျက်စိတစ်မှိတ်အတွင်း ဘုတ်ကိုအလျင်အမြန် ရေးခြစ်နေတာလား။

ဟေးချမ်သည် သူ့ကိုယ်မည်သို့တွေးမည်နည်း။

ထိုအချိန်တွင်ကျောင်းသားအရွယ်သူ​နှစ်ယောက်ထွက်လာခဲ့သည်။

ဟေးချမ်၊ ကောင်းစီဟိုနှင့် အခြားသူများကို တွေ့သောအခါတွင် အလျင်အမြန်ရှေ့ကိုလျှောက်သွားကြသည်။

ကောင်းစီဟိုက “မင်း တို့ဒီနေရာကိုစောင့်ကြည့်နေတာမဟုတ်ဘူးလား၊မင်းတို့ဘယ်သွားနေကြတာလဲ။”

“ငါတို့ ရုတ်တရတ် ဗိုက်နာလာလို့အိပ်ငါခဏသွားလိုက်တယ်...” အရပ်ရှည်သော ကောင်လေးက ရှင်းပြသည်။

“ဗိုက်နာတာလားဟင်။ ဘုတ်က ဘယ်လိုပုံစံလဲ ကြည့်လိုက်ဦး။” ကောင်းစီဟို က ရှေ့ကို ညွှန်ပြလိုက်သည်။

ကျောင်းသားနှစ်ယောက်သည် ဘုတ်၏ ဦးတည်ရာဆီသို့ ကမန်းကတန်း ကြည့်လိုက်ကြသည်။

“ဒါ...ဘယ်သူက အဲဒီအပေါ်မှာ တွက်ချက်နေတာလဲ” အရပ်ရှည်သော ကောင်လေးက ပြောသည်။

“ဘယ်သူက သူ့ကိုတွက်ချက်မှုကိုရေးခိုင်းမှာလဲ၊ သူ့ကို မြန်မြန်သွားရပ်စမ်း’’ ကောင်းစီဟိုက ကြိမ်းမောင်းပြီးပြောလိုက်သည်။

ကျောင်းသားနှစ်ယောက်က အလျင်အမြန်တုံ့ပြန်ကြပြီး လင်းဖန်ကိုတားဖို့ရှေ့ကိုတိုးလာခဲ့သည်။

ဤအချိန်တွင် စကားမပြောသော ဟေးချမ်က “သူ့ကို မနှောင့်ယှက်နဲ့!”

ကောင်းစီဟို နှင့် ကျောင်းသားနှစ်ယောက်သည် အနည်းငယ် ကြောင်အကာ သူတို့၏ မျက်နှာများတွင် ရှုပ်ထွေးမှုများ ပြည့်နှက်နေကြသည်။

သို့သော် ​ဟေးချမ် သည် သူတို့ကိုမရှင်းပြဘဲ တွက်ချက်မှုများကို အဆက်မပြတ်ရေးနေသော လင်းဖန်ကို စိုက်ကြည့်နေသည်။

သူ့ဘေးမှာ ရပ်နေတဲ့ ပရော်ဖက်ဆာဟောင်း စူး က တစ်ချက်လှည့်ကြည့်လိုက်သည်။

နောက်အခိုက်အတန့်တွင် သူ့မျက်စိများသည် အနည်းငယ် ကျဉ်းမြောင်းကာ အံ့သြသွားကာ “သူ... ဇောင်၏ထင်မြင်ယူဆချက်ကို ဖြေနေတာလား”

ဆရာငယ် ဟေးတီက “ပါမောက္ခ စူး၊ ဇောင် ရဲ့ ယူဆချက်ကို သူဖြေနိုင်မယ်လို့ မင်းထင်လား” လို့ မေးလိုက်သည်။

ဟေးချမ်က စိတ်လှုပ်ရှားစွာဖြင့် “သူ... ဖြေပြီးပြီ!”

ဤအချိန်တွင် Lin Fan မှ နောက်ဆုံးအဖြေကို ရေးသားခဲ့သည်- 2^(2^n)<p<2^(2^(n+1))၊ Mp တွင် 2^(n+1)-1 သည် အဓိကနံပါတ်ဖြစ်သည်။

ထို့နောက် လင်းဖန်သည် ဘောပင်ကို ချကာ ဓာတ်လှေကားဆီသို့ တည့်တည့် လျှောက်သွားကာ အနားယူရန် အခန်းသို့ ပြန်သွားခဲ့သည်။

ပထမဆုံး လေယာဉ်နဲ့ နှစ်နာရီလောက်စီးပြီး သင်္ချာပုစ္ဆာတစ်ပုဒ်ကို အဖြေရှာကြည့်တာဟာ တကယ်ကို ပင်ပန်းစေသည်။

ဟေးချမ်က ကမန်းကတန်း ပြေးသွားလိုက်သည် ။ လင်းဖန်၏မျက်နှာကို မြင်သောအခါ ဖုံးကွယ်ရခက်သော သူ့မျက်နှာတွင် အံ့အားသင့်မှုတစ်ခု ပေါ်လာသည်။

ထို့နောက် သူက လက်ကို ဆန့်တန်းကာ “ဟယ်လို၊ မင်းငါ့ကိုခဏလောက် အချိန်ပေးနိုင်မလား၊ ငါက ကျန်ပေ့တက္ကသိုလ်၊ သင်္ချာကျောင်း ဌာနမှူး ဟေးချမ်ပါ’’

အစောပိုင်းက ဟေးချမ်သည် လင်းဖန်၏နောက်ကျောမှနေတစ်ဆင့်အသက်ငယ်မည်ဟုခန့်မှန်းထားသည်။

ဒါပေမယ့် ဒီလောက်ငယ်မယ်လို့ သူဘယ်တုန်းကမှ မမျှော်လင့်ထားပေ။

အသက်ကြီးသူကို ချစ်ခင်လေးစားခြင်းသည် တရုတ်ရိုးရာအတွက်သီလတစ်ခုဖြစ်သည်။

ဟေးချမ်သည် အသက်ငါးဆယ်ကျော်ရှိပြီး သူ့ကိုယ်သူ ယဉ်ကျေးစွာဖြင့်လင်းဖန်ကိုစကားပြောခဲ့သည်။

လင်းဖန်သည် သဘာဝအတိုင်း ယဉ်ယဉ်ကျေးကျေး တုံ့ပြန်ပြီးနောက် လက်ဆွဲနှုတ်ဆက်ကာ “ဟယ်လို၊ ငါ့နာမည် လင်းဖန်ပါ’’ဟုပြန်နုတ်ဆက်လိုက်သည်။

“အဲဒါဆိုတော့်ဒါကမစ္စတာလင်း ပေါ့။မစ္စတာလင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီအဆင့်အထိ ကိန်းဂဏာန်းတွေကို လေ့လာပြီး ဇောင်၏ ထင်မြင်ယူဆချက်တွေကိုတောင် ဖြေရှင်းနိုင်ခဲ့တယ်ဆိုတာက စိတ်ကူးရခက်ခက်ပင်။”ဟေးချမ်က သက်ပျင်းချပြီးပြောလိုက်သည်။

“မစ္စတာလင်း... မစ္စတာလင်းကဘယ်တက္ကသိုလ်ကပါမောက္ခလဲ” ဟေးချမ်က အစမ်းသဘောဖြင့်မေးလိုက်သည်။

လင်းဖန်က ပြုံးပြီး “ငါက ပါမောက္ခမဟုတ်ဘူး”

ဟေးချမ် က သူစိတ်မပျက်ရုံမက ပို၍ပင်စိတ်လှုပ်ရှားလာသည်။

“ဒါဆို မစ္စတာလင်းကဘယ်တက္ကသိုလ်မှမဟုတ်ဘူးဆိုတော့ ငါတို့ ကျန်ပေ့တက္ကသိုလ်ကို သင်္ချာပါမောက္ခအဖြစ် လာဖို့ စိတ်ဝင်စားလား” ဟေးချမ်က စိတ်အားထက်သန်စွာပြောသည်။

လင်းဖန်သည် အံ့အားသင့်သွားကာ ဟေးချမ်က ထိုကဲ့သို့ ဖိတ်ခေါ်ရန် မမျှော်လင့်ခဲ့ပေ။

လင်းဖန်အံသြနေသည်ကိုတွေ့လိုက်တော့ ဟေးချမ် က တုံ့ဆိုင်းသွားပြီး “မစ္စတာလင်း၊ စိတ်မပူပါနဲ့ ငါတို့ကျန်ပေ့တက္ကသိုလ်က မင်းကို အကောင်းဆုံး အခြေအနေတွေ ပေးပါလိမ့်မယ်’’

“ဒါ့အပြင် မစ္စတာလင်း မှာ တခြားလိုအပ်ချက်တွေရှိရင်လည်းပြေလို့ရပါတယ်၊မင်းကျေနပ်အောင် ငါတို့ အတတ်နိုင်ဆုံး ကြိုးစားသွားပေးမှာပါ။”

လင်းဖန်က “ဟေးချမ်၊ငါဆိုလိုတာကို မင်းနားလည်မှုလွဲနေပြီ။ ငါ အထက်တန်းကျောင်းပဲတက်ခဲ့တယ်၊ဒါကြောင့် ငါ ပါမောက္ခဖြစ်ဖို့မသင့်တော်ဘူး။’’

ဟေးချမ်က “ဒါက ဘာမှ မထိခိုက်ပါဘူး။ မစ္စတာလင်းရဲ့ သင်္ချာစွမ်းရည်ကြောင့်၊ ဒါကို သက်သေပြဖို့ အတွက်ဒီလိုအသေးအမွှးတွေက မလိုအပ်ဘူး!”

သာမန်လူတစ်ယောက်အတွက် ပညာရေးက တကယ်ကို အရေးကြီးသည်။

သို့သော် ဤအချက်ကိုသာမန်လူတွေသာထိရောက်သည်။

လင်းဖန်ကဇောင််၏ထင်မြင်ယူဆချက်ကို တိုက်ရိုက်ဖြေကြားသော လူသည် သာမန်လူမဟုတ်သည်မှာ ထင်ရှားသည်။

အနာဂတ်တွင် သူမည်မျှ အောင်မြင်မည်ကို မည်သူမျှ မသိနိုင်ပေ။

ယခုအချိန်တွင် ဟေးချမ်သည် ၎င်းကို နောက်ဆုံးတွင် ကြုံတွေ့နေရပြီဖြစ်သောကြောင့် အခွင့်ရေးကိုဆုပ်ကိုင်ထားရန်မှာ သဘာဝကျသည်။

လင်းဖန်သည် ဟေးချမ်၏မျက်လုံးထဲတွင် သူပြောတာအမှန်တရားကပြောနေသည်ကို မြင်လိုက်ရသည်။

အလုပ်ကထွက်တော့မည်ဖြစ်သော်လည်း အနာဂတ်တွင် ဘာလုပ်ရမှန်းမသိသေးပေ။

ထို့အပြင် လင်းဖန်သည် သူ၏ နှလုံးသားထဲတွင် တက္ကသိုလ်ကျောင်းသားဘဝကို တောင့်တသည့် အရိပ်အယောင်လည်း ရှိနေသည်။

ဒါကိုစဉ်းစားပြီးလင်းဖန်က “ကျန်​ပေ့တက္ကသိုလ်ရဲ့ ပါမောက္ခ၊ အဲဒါကိုတော့ မေ့လိုက်ပါ။ ဒါပေမယ့် ငါ ကျန်ပေ့တက္ကသိုလ်ကို သွားလေ့လာဖို့ဆိုရင် ငါစိတ်ဝင်စားသေးတယ်”

ပရော်ဖက်ဆာက လူတွေကို သင်ပေးဖို့ လိုတယ်၊ အဲဒါကို စဉ်းစားဖို့ တကယ်ခတ်သည်။

လင်းဖန်၏ဆန္ဒနှင့်အညီ ကျောင်းသားဖြစ်သည်ကပို၍ကောင်းသည်။

ဟေးချမ်သည် လင်းဖန်၏ ပထမပိုင်းကို ကြားလိုက်ရသောအခါတွင် သူ့မျက်နှာသည် နောင်တရနေသည်။

သို့သော် လင်းဖန်၏ဒတိယစားကားကို နားထောင်ပြီးနောက် မျက်နှာဟောင်းကြီးတစ်ခုလုံးသည် ပြုံးရွှင်သွားကာ “ကောင်းပြီ၊ နောက်မှ မစ္စတာလင်းအတွက် စာရင်းသွင်းတဲ့ လုပ်ငန်းစဉ်တွေကို လိုက်လုပ်မယ်။ “

တကယ်တော့ ဟေးချမ် က အထက်တန်းကျောင်းပြီးတဲ့လူကို ကျန်ပေ့တက္ကသိုလ်မှာ သင်္ချာပါမောက္ခဖြစ်လာအောင် လုပ်ဖို့အတွက် အခက်အခဲတစ်ချို့တောင်ရှိသည်။

သို့သော် ကျောင်းသားတစ်ဦးအတွက်မျက်တောင်အဖွင့်အပိတ်ကဲ့သို့လွယ်ကူသည်။

ထို့နောက် ဟေးချမ်က “မစ္စတာလင်း၊ ဒီနေ့ ကျင်းပြည်နယ်မှာရှိတဲ့ တက္ကသိုလ်တော်တော်များများရဲ့ ဌာနမှူး၊ ပါမောက္ခတွေနဲ့ ဆရာ ဆရာမတွေ အားလုံးက သင်္ချာနှီးနှောဖလှယ်ပွဲကို ပါဝင်ဖို့ ဟိုတယ်ကို ရောက်လာပြီး ကိန်းဂဏာန်းတွေကိုရက်သတ္တပတ်ကြာသည့်အထိရှင်းပြသည်။ အဲဒါကို မင်းသွားမှာလား။”

လင်းဖန်က သမ်းဝေပြီး “မသွားဘူး၊ ငါအိပ်ဖို့ အခန်းပြန်ရမှာမို့ ငါမပါတော့ဘူး”

သာမာန်လူတစ်ယောက်အတွက်၊ ဌာနမှူးများနှင့် ပါမောက္ခများစွာရှေ့တွင် စကားပြောဆိုခြင်းသည် အလွန်ရှားပါးသောအရာဖြစ်သည်။

သို့သော် လင်းဖန်အတွက်မူ ဤအချိန်နှင့်အညီပိုကြာကြာအိပ်ရလို့ရလေသည် ။

ဟေးချမ်ကအနည်းငယ် ဝမ်းနည်းမိသော်လည်း လင်းဖန်ကို စိတ်မချမ်းသာစေရန် အလွန်အမင်း အတင်းအကြပ် မလုပ်ပေ။

လင်းဖန်သည် ရေချိုးခန်းထဲသို့ ၀င်ပြီး ဦးစွာ ရေနွေးပူပူဖြင့် ရေချိုးလိုက်သည်။

ထို့နောက် ယွမ်ငွေ 100,000 ဖြင့် စားပွဲထိုးသည် ပင်လယ်စာနှင့် X0 ပုလင်းကို မှာလိုက်သည်။ခဏအကြာတွင်စားပွဲထိုးကဝိုင်နှင့်ပင်လယ်စာတို့ကိုလာပို့ခဲ့သည်။

【ဒင်း! သင် 100,000 သုံးပြီး အနီရောင်စာအိတ် 10 စောင်ရရင် အဲဒါတွေအားလုံးကို လက်ခံမှာလား။ 】

လင်းဖန်သည် ပေါ့ပေါ့ပါးပါး OK ကိုနှိပ်လိုက်သည်။

【ဒင်း! ဂုဏ်ယူပါတယ် မင်း 19,999 ယွမ် ရရှိခဲ့သည်။ 】

【ဒင်း! ဂုဏ်ယူပါတယ် မင်း 2,000 ယွမ်ရရှိခဲ့သည်။ 】

...

【ဒင်း! ဂုဏ်ယူပါတယ် မင်းမှာ ယွမ် 10,000 ရရှိခဲ့သည်။ 】

အနီရောင်စာအိတ် ၁၀ စောင်၊ လင်းဖန် သည် စုစုပေါင်း ယွမ် ၁၁၂,၅၀၀ ရရှိခဲ့သည်။

တစ်နည်းဆိုရသော် သူသည် ကြီးကြီးကျယ်ကျယ် ထမင်းတစ်နပ်စားရန် ပိုက်ဆံကုန်ရုံသာမက ငွေ ၁၀၀၀၀ ကျော်လည်း ရရှိခဲ့သည်။

လင်းဖန်သည် ဘဏ်မှ SMS သတိပေးချက်အား ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။

စားသောက်ပြီးနောက် လင်းဖန်သည် ပျော့ပျောင်းသောကုတင်ကြီးပေါ်တွင် တိုက်ရိုက်လှဲချကာ အိပ်ပျော်သွားသည်။

အမှားပါရင်သည်းခံပေးပါခင်ဗျ။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters