လက်ဆင့်ကမ်း အလုပ်
Vol. 1 Ch. 13
နောက်တစ်နေ့တွင် ပြတင်းပေါက်မှနေအလင်းရောင်သည် ကုတင်ဘေးသို့ နွေးထွေးသော နေရောင်ခြည်တစ်ခု ကျရောက်လာသည်။
လင်းဖန်သည် ကြောင်တက်တက်ဖြင့် မျက်လုံးဖွင့်ကာ ဖုန်းကို ကောက်ကိုင်လိုက်သည် ။
မဖတ်ရသေးသော ဘဏ်စာတိုသည် မျက်နှာပြင်ပေါ်တွင် ပေါ်လာပြီးဖြစ်သည်။
“00:00 မှာ တရုတ်ဘဏ်က ယွမ် 7000,00 ကို ရရှိခဲ့ပါသည်။”
ထို့နောက် လင်းဖန်သည် အိပ်ယာထပြီးရေချိုးကာအောက်ထပ်ရှိစားသောက်ဆိုင်တွင်မနက်စာစားပြီးနောက် Lamborghini မောင်းကာ ကျူကေ အဆောက်အဦးဆီသို့ မောင်းသွားခဲ့သည်။
လမ်းတစ်လျှောက်တွင် လူများစွာ၏ အာရုံစိုက်မှုကို မလွဲမသွေ ဆွဲဆောင်နိုင်ခဲ့သည်။
...
ကျူကေအဆောက်အဦး7 လွှာ၊ ရှောင်ဖေးရီ Ltd.
လီလင်းဂျန်က “အခုလေးတင် ငွေမှင်ရောင်စူပါပြိုင်ကားတစ်စီးက ကားပါကင်ထဲကို ဝင်လာခဲ့တယ်”
“ဟေး၊ ကားထဲမှာ သူကို မတွေ့ရတာ သနားစရာပဲ”
သူမ၏ လေသံမှာ နောင်တအပြည့်ရှိသည်။
သူမသည်သန်းရာပေါင်းများစွာ လွဲချော်သွားပုံရနေတဲ့ပုံစံပါလုပ်ပြနေသေးသည်။
ခဏရပ်လိုက်ပြီး “ဒါပေမယ့် ကားထဲကသူ က အရပ်ရှည် ချောမောပြီး ပြီးပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်မယ်လို့်ထင်တယ်”
မျက်နှာဝိုင်းအမျိုးသမီးက “ကားထဲကသူက ဘယ်လိုပုံစံလဲဆိုတာ ငါမသိဘူး၊ ဒါပေမယ့် ဒီစူပါပြိုင်ကားကားက တကယ်ကို မိုက်တာ။ အရမ်းကိုမိုက်တာပဲ!”
ထိုအချိန်တွင် လင်းဖန်သည် အဆောတလျင် လမ်းလျှောက်လာပြီး “ဒါက ကားတစ်စီးပါပဲ၊ ဘာမှ ရေးကြီးခွင်ကျယ်လုပ်စရာမလိုပါဘူး” လို့ ပြောလိုက်သည်။
လီလင်းဂျန်နှင့် ရီရန်တို့က သူ့ကို လှမ်းကြည့်ပြီးနောက် “ဒါက ဘာမှ ကြီးကြီးမားမား မရှိဘူးဟုတ်လား၊ဒီစူပါပြိုင်ကားရဲ့ ဘီးကိုတောင် မတတ်နိုင်မှာကို ငါကြောက်တယ်၊အဲဒီတောင် စကားကြီးကြီး ပြောနေတုန်းပဲ’’
စကားပြောအပြီးတွင် လီလင်းဂျန်သည် ထူထဲသော ပန်းရောင် ဒေါက်မြင့်ဖိနပ်ဖြင့် ရှေ့သို့ လျှောက်သွားခဲ့သည်။
လင်းဖန် နဲ့ အချိန်အကြာကြီးဆက်နေမယ်ဆိုရင် သူ့ရဲ့ကိုယ်ပိုင်အမှတ်အသားကို လျှော့ချလိုက်ပုံရသည်ယာ
လီလင်းဂျန်သည် ချစ်စရာကောင်းသောအသွင်အပြင်ကို ဖန်တီးရန် သူမ၏ မျက်နှာနှင့် ရုပ်သွင်ကို အသုံးပြုကာ လုပ်ဖော်ကိုင်ဖက်များအား အလုပ်၊ သန့်ရှင်းရေးစသည်ဖြင့် ကူညီပေးရန် တောင်းဆိုလေ့ရှိသည်။
သို့သော် သူမ၏ ဤနည်းလမ်းများသည် လင်းဖန်၏ရှေ့တွင် အသုံးမဝင်ခဲ့ပေ။
ဒါက လီလင်းဂျန်ကိုမပျော်မရွှင်ဖြစ်နေပြီး လင်းဖန်ကိုတောင် မုန်းတီးလာခဲ့သည်။
လင်းဖန်၏အမြင်အရ မင်းကိုယ်တိုင်မလုပ်ချင်ရင်တစ်ခြားသူသည်လဲလုပ်ချင်မည်မဟုတ်ပေ။ဒါကိုမင်းကရုပ်ကလေးပန်းပြပြီးငါ့ကိုခိုင်းချင်တာလား၊တစ်ခြားသူပဲရမယ်၊ငါ့ကိုမရဘူး။
ထို့အပြင်၊ သူမသည် ဦးခေါင်းမှခြေဖျားအထိ၊ မျက်နှာနှင့်ရုပ်ပုံသဏ္ဍာန်သည်မူလမဟုတ်ဘဲအကုန်လုံးကိုပြုပြင်ထားတာကြောင့်လင်းဖန်ကသူ့ကိုသောက်ဂရုမစိုက်ပေ။
သးကိုဂရုစိုက်ရအောင်ငါက သူ့အဖေမှမဟုတ်တာ။
လင်းဖန်သည် ရုံးခန်းထဲသို့ လှမ်းဝင်ကာ ဖိုင်များကို ပေးကာ လုပ်ဖော်ကိုင်ဖက်များထံ အပ်လိုက်သည်။
သူ လှည့်ကြည့်ပြီးထွက်သွားခါနီးတွင် လီလင်းဂျန်သည် ခေါင်းရမ်းရင်ယ ရီရန်ဘေးတွင် ရပ်နေသည်ကို မြင်လိုက်ရသဖြင့် တစ်စုံတစ်ခုကို တီးတိုးပြောနေလိုက်သည်။
ထို့နောက် ရီရန်က လမ်းလျှောက်လာပြီး “လင်ဖန်၊ မင်း ရာထူးကနေထွက်တော့မှာလား။”
“ဟုတ်တယ်’’ လင်းဖန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“မင်း ပေးလိုက်တဲ့ ဖိုင်ကို ကြည့်ပါရစေ...” ရီရန် က ဖိုင်ကို ကောက်ကိုင်လိုက်ပြီး ပတ်ပတ်လည်ကို အမှတ်တမဲ့ ကြည့်လိုက်သည် ။
အကျယ်ကြီးအော်ပြီး”မင်းက ဘယ်လို အမျိုးအစားကို လွှဲပြောင်းပေးထားတာလဲ။ ငါ့ကို ပြန်ပြီးအခုချက်ချင်း ပြန်စီစဉ်ပေးစမ်း!”
စကားပြောနေစဉ်တွင် လင်းဖန်ကိုစာရွက်ဖြင့်ပေါက်လိုက်သည်။
လင်းဖန်၏ မျက်လုံးများသည် အနည်းငယ် အေးစက်သွားကာ သူ့သည်တစ်ခြားတစ်ဖက်သို့လျင်မြန်စွာ ရှောင်လိုက်သည်။
ရီရန်သည် လင်းဖန်ကသူပစ်ပေါက်လိုက်သည်ကိုရှောင်လွှဲသည်ကို မြင်လိုက်ရသဖြင့် စားပွဲပေါ်ရှိ အခြားစာရွက်စာတမ်းကို ကောက်ယူကာ လင်းဖန်ထံ ထပ်မံ ပစ်ပေါက်လိုက်သည်။
လင်းဖန်သည် သူ့ခန္ဓာကိုယ်ကို ဆက်တိုက်ရှောင်လိုက်သည်။
မင်းငါ့ကိုတကယ်ရှုပ်ချင်နေတာလား?
လင်းဖန်၏မျက်နှာမှာ အေးစက်နေပြီး သူ့ဘေးနားရှိ ဖန်ခွက်ကို ကောက်ကိုင်ကာရီရန်၏ခေါင်းပေါ်သို့ တိုက်ရိုက်ပစ်ပေါက်လိုက်သည်။
“ခွမ်း’’
ဖန်ခွက်တွေ ကွဲသွားပြီး ရီရန်၏ခေါင်းကနေသွေးတွေထွက်လာသည်။
ရီရန်၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ တည့်တည့်ကျလာပြီး ဘောလုံးတစ်လုံးကဲ့သို့ ကျုံ့သွားကာ ခေါင်းကို ဆုပ်ကိုင်ပြီး အဆက်မပြတ် ငိုကြွေးနေလေသည်။
“အား..ဦးခေါင်း..”
“ငါ့ကို အရမ်းနာတယ်...”
ရီရန်၏အသံက ရုံးခန်းထဲသို့ဖြည်းညှင်းစွာ ပျံ့နှံ့သွားခဲ့သည်။
ရီရန်သည် သူ၏ * ခေါင်းကို ဆုပ်ကိုင်ထားပြီး အားစိုက်ထုတ်ပြီးဖြည်းညှင်းစွာထကာ “လင်းဖန်၊ မင်း....မင်းငါ့ကိုရိုက်တယ်...”
လမ်းတစ်ဝက်တွင် သူ အော်ဟစ်ကြိမ်းမောင်းချင်ခဲ့သော်လည်း လင်းဖန်၏ အေးစက်သောအမူအရာကြောင့် ရုတ်တရတ် ထိတ်လန့်သွားပြီး “မင်း... မင်းငါ့ကို ရိုက်လိုက်တယ်” ဆိုတဲ့ စကားပြောင်းသွားခဲ့သည်။
“မင်းကို ရိုက်လိုက်တာ ဘယ်တုန်းက ရိုက်လို့လဲ။” လင်းဖန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
စကားပြောနေစဉ်တွင် သူသည် ရီရန်ဆီသို့ လျှောက်သွားသည်။
သို့သော် ရီရန်သည် အလွန်ကြောက်သွားသဖြင့် သူကိုကြည့်ကာ ထိတ်လန့်တကြားဖြင့်”မင်း... မလာနဲ့...”လို့ပြောလိုက်သည်။
ရီရန်က ထိတ်လန့်တကြားနဲ့ “မင်းရှေ့ဆက်တိုးရင် ငါ ရဲကို ခေါ်လိုက်မယ်နော််!”
သို့သော် လင်းဖန်သည် မကြားဟန်ဖြင့် ရှေ့သို့ ဆက်သွားခဲ့သည်။
ထိုအချိန်တွင် အပြင်ဘက်မှ ခြေသံများ တောက်လျှောက် ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ဝတ်စုံနှင့် သားရေဖိနပ်ကို ဝတ်ဆင်ထားသည့် အမျိုးသားသည် ရှက်ရွံ့စွာ ပြေးဝင်လာခဲ့သည်။
သူက ရှုပ်ပွနေတဲ့ ရုံးခန်းကို ကြည့်ပြီး မျက်မှောင်ကြုတ်ပြီး “ဘာဖြစ်တာလဲ” လို့ လေးနက်စွာ မေးလိုက်သည်။
အစောပိုင်းက လင်းဖန်၏အပြုအမူသည် လီလင်းဂျန်ကို အလွန်ကြောက်လန့်သွားခဲ့ပြီး ထောင့်တွင် ပုန်းအောင်းကာ အသံမဖော်ဝံ့ခဲ့ပေ။
ထိုအချိန်တွင် ချမ်၏အသံကိုကြားပြီးနောက် လီလင်းဂျန်၏အမူအရာသည်သူမ၏မျက်နှာကိုပြရန် အမြန်ထွက်လာခဲ့သည်။
“ဥက္ကဌ၊ ငါသိတယ်။ လင်းဖန်လို့ခေါ်တဲ့ ဝန်ထမ်းက အလုပ်ထွက်ချင်ပြီး ဒါရိုက်တာ ရီက သူ့ကို စည်းမျဉ်းစည်းကမ်းတွေအရ အလုပ်လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့တယ်။”
“ဒါပေမယ့် လင်းဖန် က မထင်မှတ်ပဲ သူ့တို့ကို သိမ်းကျုံးပြီး လွှဲပြောင်းပေးလိုက်တော့ ၊ဒါရိုက်တာ ရီက သူ့ကို အလုပ်လက်ဆင့်ကမ်းဖိုင်ကိုပြန်လုပ်ဖို့ တောင်းဆိုခဲ့တယ်။ဒါပေမဲ့ ရလဒ်ကတော့ လင်းဖန် က ဒေါသထွက်ပြီး ဒါရိုက်တာ ရီကို ရိုက်ခဲ့တာပဲ...’’
လီလင်းဂျင်က ဒီလိုပြောတဲ့အခါ သူမက ပျော့ပျောင်းပြီး မြွေအကကဖြင့်မူစွယ်စွာပြောလိုက်သည်။
ဒါက သူမရဲ့ ထုံးစံအတိုင်း လှည့်ကွက်ဖြစ်ပြီး အမျိုးသားတွေရဲ့ ကာမဆန္ဒကို နှိုးဆွပေးပြီး ၊အမျိုးသားတွေနဲ့ ဆက်ဆံရေးကို ပိုနီးကပ်လာစေခဲ့တာဖြစ်ပါတယ်။
အရင်က လီလင်းဂျင်ဟာ ဒီလှည့်ကွက်ဖြင့်ချမ်ကို လုပ်ဖို့ ဘယ်တုန်းကမှ အခွင့်အရေး မရခဲ့ပေ။
ခုချိန်မီသူမကချိန်ကိုက်လှုပ်ရှားခဲ့သည်။သူမကိုချမ်ကမျက်စိချခဲ့ရင်ပွဲသိမ်းပြီလေ။
လီလင်းဂျန်သည် ချမ်နဲ့အတူနေ ပြီးနောက် လှပသောဘဝနှင့် တွဲလျက် သူမ၏နှလုံးသားထဲတွင် စိတ်ကူးယဉ်စပြုနေပြီဖြစ်သည်။
ချမ်သည်မျက်မောက်ကြုတ်ပြီးနေနေသည်။
ချမ်ကရန်ဖြစ်ခြင်းကို စိတ်ဆိုးသည်မဟုတ်ပေ။
ဒါပေမယ့် ‘လင်းဖန်’ ဆိုတဲ့ နာမည်ကို တစ်နေရာရာမှာ ကြားဖူးပုံပေါ်တာကြောင့်သူစဉ်းစားတောဖြစ်သည်။
နောက်အခိုက်အတန့်တွင် ချမ်၏မျက်လုံးများသည် ရုတ်တရက် ကျုံ့သွားကာ သူအမြန်အရှိန်မြှင့်ကာ လင်းဖန်၏ ရှေ့သို့ လျှောက်သွားကာ အနည်းငယ် ဦးညွှတ်ကာ လက်ကို ဆန့်တန်းပြီယ “မစ္စလင်း၊ မင်္ဂလာပါ။”
ချမ်ကနောက်ဆုံးတော့ “လင်းဖန်” ဆိုတဲ့ နာမည်ကို ဘယ်မှာကြားခဲ့တာလဲ သတိရမိလိုက်သည်။
ကျူကေ အဆောက်အဦး၏ပိုင်ရှင်အသစ်ကို လင်းဖန် ဟုခေါ်သည်။
မနေ့ကပဲသူလင်းဖန် ရဲ့ ဓါတ်ပုံတွေကို တွေ့ဖူးသည်။
လီလင်းဂျန်ကချမ်သည် လင်းဖန်ကိုဤမျှ ကောင်းမွန်သော လေသံဖြင့် ပြောနေသည်ကိုကြားတော့ဘာပြောရမလဲတောင်ဖြစ်သွားသည်။
ကောင်းသောလေသံ ပြောနေသည်မဟုတ်ပါ။
လေးစားမှု အရိပ်အမြွက်တောင် ရှိသေးသည်။
လီလင်းဂျန်က တစ်ခုခုကို တွေးနေပုံရပြီး “ဥက္ကဋ္ဌ၊ မင်းလူမှားတာ ဖြစ်မယ်။လင်းဖန်က ငါတို့ကုမ္ပဏီရဲ့ သာမန်ဝန်ထမ်းတစ်ယောက်ပါပဲ”
“သူက ဒါရိုက်တာ ရီ ကို ရိုက်လိုက်တာ။ သူက အရမ်း အောက်တန်းကျတယ်။ဒါကြောင့် သတိထားပါ။ ကိုယ့်ကိုယ်ကိုမထိခိုက်အောင်ဂရုစိုက်ပါ’’။
ကျူကေအဆောက်အဉီး ရဲ့ သခင်ကို မျက်နှာချင်းဆိုင် စကားပြောနေတာက အောက်တန်းကျတာလား?
သူမ ဘယ်လိုတောင်သတ္တိရှိနေတာလဲ။
လီလင်းဂျန်ကြောင့် လင်းဖန်ဟာ သူတို့နဲ့စာချုပ်သက်တမ်းမတိုးတော့ဘူးဆိုရင် သူဘယ်လောက်တောင်ဆုံးရှုးမလဲ။
ဒါကို တွေးပြီး ဒေါသစိတ်တွေတောက်လောင်ခဲ့သည်။
လင်းဖန်က သူ့ရှေ့မှာ မရှိဘူးဆိုရင် ချမ်က လီလင်းဂျန်ကို ပြင်းပြင်းထန်ထန် သောက်ခွက်ဖြတ်ရိုက်မည်ဖြစ်သည်။
လူမှားတာလားဘယ်လိုလုပ်လူမှားရမှာလဲ။
မဖြစ်နိုင်ပေ။
လင်းဖန်၏အမည်၊ အသွင်အပြင်သည် မနေ့ ကတွေ့ခဲ့ရသည့်ပုံများနှင့် အတူတူပင်ဖြစ်သည်။
လင်းဖန်၏ အမှတ်တံဆိပ်တစ်ခုသည် သာမန်လူမဟုတ်ကြောင်း ပြသရန် လုံလောက်သည်။
ထို့အပြင်၊ လင်းဖန်သည် နာရီပေါင်း သန်းဆယ်နှင့်ချီရှိသော Vacheron Constantin Tourdel’Ile ကို ၀တ်ဆင်ထားသည်ကို တစ်ချက်ကြည့်လိုက်သည်နှင့်တနိးသိသည်။
ဒါတွေအားလုံးက မင်းရှေ့ကလူက ကျူကေဆာက်အအုံရဲ့သခင်ဖြစ်တယ်ဆိုတာ သေချာသည်။
အမှားပါခဲ့ရင်သည်းခံပေးပါခင်ဗျ။
ကမ္ဘာ့ပေါ်မှငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး