← Chapters

ညီမ၏ အရေးပေါ်ဖုန်းခေါ်ဆိုမှု

Vol. 1 Ch. 14

ညီမ၏ အရေးပေါ်ဖုန်းခေါ်ဆိုမှု

Vol. 1 Ch. 14

လင်းဖန်သည် သူ့ကိုယ်သူ ယဉ်ကျေးသိမ်မွေ့စွာ တွေးပြီးနောက် အကြောင်းပြချက်ကို မှန်းဆနိုင်ခဲ့သည် ။

ထို့နောက် သူ့လက်ကိုဆန့်ကာချမ် ကို ညင်သာစွာ ခါယမ်းကာ ပြုံးပြီး “ချမ်၊ မင်းရဲ့ ကုမ္ပဏီက ငါ့ကို ကြိုဆိုတဲ့ပုံမပေါ်ဘူး”ဟုပြောလိုက်သည်။

ချမ်သည်ရှက်ပြုံးလေးပြုံးပြီး “မစ္စတာလင်း၊ တောင်းပန်ပါတယ်၊ ငါ့လူတွေကို ခေါ်တုန်းက ကောင်းကောင်းမစစ်ဆေးခဲ့ဘူး”

ရီရန် သည် နှစ်ယောက်သားစကားဝိုင်းကို နားထောင်ပြီး သူ့စိတ်နှလုံး နားမလည်နိုင်အောင် တုန်လှုပ်သွားခဲ့သည်။

“ချမ်... ဥက္ကဌ၊ လင်းဖန် လှည့်စားတာမခံပါနဲ့...”

ချမ်လှည့်ကြည့်လိုက်ပြီး”ပါးစပ်ပိတ်ထားစမ်း၊ ဒီ ကျူကေတစ်ခုလုံးက မစ္စတာလင်းပိုင်တယ်။ သူလှည့်စားမယ်လို့မင်းထင်လာယ”

ဤကြေငြာချက်ထွက်လာသည်နှင့်တပြိုင်နက် လူတိုင်း၏နှလုံးသားထဲတွင် အမြောက်ကျည်ပေါက်ကွဲသွားသလိုပင်​ဖြစ်သည်။

ရှိတဲ့သူအားလုံး အံ့အားသင့်သွားကြသည်။

ကျူကေအဆောက်အဦးသည် အဖိုးတန်သည့်မြေနေရာဖြစ်သည့် ကျန်ပေ့​မြို့လယ်တွင် တည်ရှိသည်။ ရုံးခန်းအဆောက်အအုံတစ်ခုလုံးသည် ၁ ဘီလီယလောက်ံတန်ဖိုးရှိသည်။

ဒါက လူတိုင်းအတွက် သေချာပေါက် မမျှော်မှန်းနိုင်တဲ့ကိန်းကဏန်းပါပဲ။

ပြီးတော့ ငျူကေအဆောက်အဦးဟာ တကယ်တော့ Lin Fan ၏အပိုင်ဖြစ်သည်။

လီလင်းဂျန်၏နှလုံးသားသည် အဆုံးမဲ့နောင်တများကို ချက်ချင်းရခဲ့သည်။

ငါသိသင့်တယ်၊လင်းဖန်ကအရမ်းချမ်းသာတယ်ဆိုတာကိုအခုတော့နောက်ကျသွားပြီ။

လင်းဖန်နှင့်ချစ်သူဖြစ်ခဲ့လျှင် ချမ်းသာတဲ့ မိသားစုနဲ့ လက်ထပ်ဖို့ အခွင့်အရေး ရချင်ရနိုင်သည်။

လင်းဖန်က “ချမ်ပြောတာကလဲအဓိပ္ပာယ်ရှိတယ်။ မင်းကုမ္ပဏီက ဝန်ထမ်းတွေကို ပိုပြီးဂရုစိုက်ထုတ်ဖို့လိုနေပြီ။”

“ဆိုရိုးစကားအတိုင်း ကြွက်တစ်ကောင် ကြောင့် ဟင်းတစ်အိုးကို ပျက်စီးစေတယ်။ဒါကြောင့် အချို့ကြွက်တွေကိုအချိန်မီ ရှင်းပစ်ရမယ်။”

“ဒါမှမဟုတ်ရင် တကယ်ဖြစ်ပျက်လာခဲ့ရင်၊ နောင်တရတာကအရမ်းနောက်ကျသွားလိမ့်မယ်။”

ချမ်က ခေါင်းညိတ်ပြပြီး “မစ္စတာ လင်းပြောတာမှန်တယ်လို့ထင်တယ်” ဟု ပြောသည်။

ထို့နောက် သူက အေးစက်စွာဖြင့် “ ရီရန် ဒီနေ့ကစပြီး မင်း ကုမ္ပဏီမှာ အလုပ်လုပ်စရာမလိုတော့်ဘူး”

ရီရန် ဒါကိုကြားတော့ သူမမျက်နှာက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ဖေးရီ၏ ဒါရိုက်တာဖြစ်လာရန် လများစွာကြိုးပမ်းအားထုတ်ခဲ့ရသည်။

ဆွေမျိုး ပေါင်းအသင်းတွေရှေ့မှာ မကြာခဏ ထုတ်ကြွားတတ်သူဖြစ်သည်။

သူနှင်ထုတ်ခံရသည်နှင့်တစ်ပြိုင်နက် ရီရန်သည်သူမဘဝကကောင်းကင်ကနေပြုတ်ကျသွားသည်ဟုထင်လိုက်သည်။

ရီရန် က “ဥက္ကဌ၊ မင်းက ငါ့ကို အလုပ်ထုတ်လို့မရဘူး။ အလုပ်သမားဥပဒေက ငါ့ကိုအကာအကွယ်ပေးထားတယ်၊ ငါ့ကို... အလုပ်ထုတ်လို့မရဘူး!”

“ဒါ့အပြင် လင်းဖန် က ကျူကေရဲ့ သူဌေးဖြစ်နေရင်တောင် သူက ဘယ်သူ့ကိုမှ ပေါ့ပေါ့ဆဆ မရိုက်နိုင်ဘူး၊ မင်းကို တရားစွဲဖို့ ငါ တရားရုံးကို သွားနိုင်တယ်!”

ရီရန်သူမကိုသူမယုံကြည်မှုမျက်နှထားဖြင့်ပြောလိုက်သည်။

လင်းဖန်က ပြုံးပြီး “ငါ့ကို တရားစွဲမလား၊ အိုကေ။ မင်းတရားစွဲဖို့ကို ငါစောင့်နေမယ်!”

“စဉ်းစားကြည့်ရအောင်... ရန်ဖြစ်ရင် အနည်းဆုံး ရက်အနည်းငယ်ကြာအောင် ပိတ်မယ်လို့ ခန့်မှန်းထားတယ်၊ ဒါက ငါ့ရဲ့ ပထမဆုံးလက်မဟုတ်ဘူး၊ ငါရဲ့ရှေ့နေကဟိုဒီပြောလိုက်ရင်ငါကမကြာခင်ပြန်ထွက်လာလို့ရတယ်”

“ဒါပေမယ့် ရီရန် မင်းနဲ့ zဒီ ကုမ္ပဏီကြားက ဝယ်ယူမှုစာချုပ်ကို လူတွေကို ငါစစ်ဆေးခွင့်ပေးရင် မင်းဘာဖြစ်မယ်ထင်လဲ...”

“အချိန်ရောက်ရင်အဲ့ဒါကိုတွေ့မယ်၊ ရဲစခန်းကမင်းကို ဖမ်းမယ်၊ ရလဒ်က ဘာဖြစ်မလဲ။”

ဒီစကားကို ပြောပြီးတာနဲ့ ရီရန်ရဲ့ မျက်နှာဟာ ချက်ချင်း နီရဲသွားခဲ့သည်။

ကြီးမားသောငွေဖြစ်သည့် ၎င်း၏ဝယ်ယူမှုများအတွက် ငွေများစွာကို ရရှိခဲ့သည်။

ရဲက စုံစမ်းပြီး အရေးယူရင် ထောင်ဒဏ် ၁၀ နှစ်ထက် ပိုကျမှာတောင် ကြောကရ်တယ်။

ရီရန်က ထိတ်လန့်တုန်လှုပ်သွားပြီး “ငါ...မင်းကို တရားမစွဲဘူး...”

“ငါ... အခု ဖေးရီကုမ္ပဏီကနေ ထွက်သွားတော့မယ်။”

” ပြောပြီးတာနဲ့ ပစ္စည်းတွေ ကိုထုပ်ပိုးမနေတော့ပဲ အပြင်ကို ပြေးသွားခဲ့သည်။’’

စကားတစ်ခွန်းနဲ့အကုန်ပြီးသည်။

ဖေးရီကုမ္ပဏီ၊ ဥက္ကဋ္ဌရုံး။

“မစ္စလင်း၊ တောင်းပန်ပါတယ် မင်းကိုရယ်ရအောင်လုပ်လိုက်မိတဲ့အတွက်” လို့ လင်းဖန်ကိုတောင်းပန်လိုက်သည်။

လင်းဖန် က ဂရုမစိုက်ဘဲ “ရပါတယ်၊ ဒါက အသေးအမွှားကိစ္စပဲ” ဟု ပြောလိုက်သည်။

ချမ်က”မစ္စတာလင်း ငါတို့ကုမ္ပဏီမှာ အလုပ်လုပ်နေတယ်ဆိုတာ ကြားတယ်...?”

“ဟုတ်​တယ်​ ပျင်းလို့ ​အပျင်းပြေခဏလောက်လုပ်လိုက်​​သေးတယ်​” လင်းဖန်က ပြောသည်။

ချမ်က”မစ္စတာလင်းကဓာတ်ပုံထဲကနဲ့မတူဘူး၊ မစ္စတာလင်းက အပြင်မှာတွေ့တော့မှအရမ်းချောပြီးဉာဏ်ပညာရှိတယ်!”

ခဏလောက် စကားစမြည်ပြောပြီးတဲ့အခါ ချမ်ကနောက်ဆုံးတော့ လိုရင်းကိစ္စကို ပြောပြခဲ့သည်။

“ကျူကေ အဆောက်အဦးမှာ ငါတို့ဖေးရီ ကုမ္ပဏီရဲ့ ငှားရမ်းမှုသက်တမ်းက နှစ်လပဲ ကျန်တော့တယ်။ မစ္စတာလင်းက ငါတို့နဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ ဘယ်လောက်မှအဆင်ပြေမလဲလို့ တွေးမိတယ်။” ချမ်ကမေးလိုက်သည်။

လင်းဖန်က “သြော်၊ ဒါက အရင်နှစ်တွေအတိုင်းပဲ၊ ပေး” ဟု ပြောလိုက်သည်။

ချမ်၏မျက်နှာသည်ပြုံးရွှင်နေသည်။

စျေးနှုန်းများနှင့် ငှားရမ်းခများသည် း မြင့်တက်နေကြောင်း သင်သိထားရန်လိုအပ်ပးသည်။

အရင်နှစ်တွေအရတော့ သူ့တို့အတွက် အကျိုးရှိသည်။

ပေါ့ပေါ့ပါးပါး စကားအနည်းငယ်ပြောပြီးနောက် လင်းဖန်သည် အကြာကြီးမနေတော့ပဲစကားကိုအဆုံးသတ်ကာမြေအောက်ကားပါကင်ဆီသို့ တည့်တည့်သွားပြီယ Lamborghiniကိုမောင်းပြီး ထွက်ပေါက်ဆီသို့သွားခဲ့သည်။

လီလင်းဂျန်သည် မြေအောက်ကားပါကင်တွင် ရပ်နေကာဤမြင်ကွင်းကို သူ့မျက်လုံးထဲတွင် မြင်လိုက်ရသည်။

သူ့မမျက်နှာပေါ်ရှိဝမ်းနည်းမှုက ပို၍ပြင်းထန်လာသည်။

လင်းဖန် တွင် စူပါပြိုင်ကားတစ်စီးရှိသည် ။

...

လင်းဖန်သည် လီလင်းဂျန်၏ အတွေးများကို သိရှိရန် နည်းလမ်းမရှိပေ။

သူသည် Lamborghini ကားကို တလမ်းလုံး ခုန်ပေါက်ပြီးမောင်းနှင်ခဲ့သည်။

လင်းဖန်သည် ဟစ်တို ဟိုတယ်သို့ ပြန်ရောက်သောအခါ ၁၂း၀၀ နာရီတွင် ဖြစ်လေသည်။

ရုတ်​တရက်​ ဖုန်းက အနည်းငယ်​တုန်​သွားပြီး စာအိတ်​အနီ​လေး ထွက်​လာသည်​။

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 3 ယွမ် ရရှိခဲ့သည်”

“ဒင်.. ဂုဏ်ယူပါတယ် မင်း နဂါးအဖွဲ့10 ရဲ့ ကပ္ပတိန် မှတ်ပုံတင်ကတ်ကို ရရှိခဲ့သည်။”

...

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 999 ယွမ် ရရှိခဲ့သည်။”

“Ding၊ ဂုဏ်ယူပါတယ် မင်း 5000 ယွမ်ရရှိခဲ့သည်”

မကြာခင် တစ်မိနစ် ကုန်ဆုံးသွားခဲ့သည်။

ယခုတစ်ကြိမ်တွင် လင်းဖန်သည် စုစုပေါင်း ယွမ် ၅၀,၀၀၀ ကျော် ရရှိခဲ့သည်။

ဒီပိုက်ဆံလေးကို သူ ဂရုမစိုက်တော့ဘူး။

လင်းဖန်သည် နဂါးအဖွဲ့10 ၏ ကပ္ပတိန်၏ မှတ်ပုံတင်ကတ်ကို တိုက်ရိုက် စိုက်ကြည့်လိုက်သည်။

[နဂါးအဖွဲ့ 10 အဖွဲ့ခေါင်းဆောင် မှတ်ပုံတင်ကတ်၊ အထောက်အထားပစ္စည်း။ အသုံးပြုပြီးနောက်၊ သင်သည် တရုတ်နဂါးအဖွဲ့၏10ခေါင်းဆောင်ဖြစ်လာမည်ဖြစ်သည်။ မြို့ခေါင်းဆောင်များနှင့် ဒေသတွင်းရှိ အခြားသောအခွင့်ထူးများ နှင့် တူညီသောအဆင့်တွင်ရှိသည်။အထူးသွင်ပြင်လက္ခဏာတစ်ခုဖြင့် ၎င်းသည် အထူးကျက်သရေကိုပြသမည်ဖြစ်သည်။ 】

လင်းဖန်သည် ထိုအရာကို မြင်လိုက်ရသဖြင့် ထိတ်လန့်တကြားဖြစ်သွားသည်။

နဂါးအဖွဲ့ခေါင်းဆောင် 10 ယောက်က ဒီစွမ်းအားက ကြောက်စရာကောင်းလွန်းသည်။

လင်းဖန်သည် လုံးဝမတွန့်ဆုတ်ဘဲ အထောက်အထားကတ်ကို တိုက်ရိုက်အသုံးပြုရန် ရွေးချယ်ခဲ့သည်။

တခဏချင်းမှာပဲ သူ့လက်ထဲမှာ သပ်ရပ်စွာ ထွင်းထုထားတဲ့ နဂါးပုံသဏ္ဍာန် သင်္ကေတတစ်ခု ပေါ်လာခဲ့သည်။

လင်းဖန်သည် ၎င်းကို လေ့လာချင်သော်လည်း ဖုန်းမြည်သံက မြန်လာသည်။

“ရှောင်ရီ ဒီနေ့ မင်းငါ့ကို ဘာလို့ဖုန်းခေါ်တာလဲ” လင်းဖန်က ဖုန်းကို ဖြေပြီး ပြုံးပြုံးလေး မေးသည်။

သို့သော် ဖုန်းထဲတွင် ငိုသံတစ်ခုထွက်ပေါ်လာသည်။

လင်းဖန်၏မျက်နှာပေါ်ရှိ အပြုံးသည် ချက်ခြင်းပျောက်ကွယ်သွားပြီး “ရှောင်ရီ၊ ဘာဖြစ်နေတာလဲ၊ မင်းဘာလို့ငိုနေတာလဲ၊ တစ်ယောက်ယောက်က မင်းကိုအနိုင်ကျင့်တာလား၊ ငါ့ကိုပြောစမ်း။ အနုင်ကျင့်တဲ့သူကိုသေချာသင်ခန်းစာပေး ပေးမယ်’’။

လင်းရှောင်ရီ တစ်ဆို့ပြီး “အစ်ကို... အစ်ကို... ဖေဖေ၊ ဖေဖေ နေမကောင်းဘူး၊ သွေးတွေ အများကြီးထွက်နေတယ်...”

ဟမ်!

သူဒီလိုပြောပြီးတာနဲ့ လင်းဖန်ရဲ့နှလုံးသားကို ကျောက်တုံးနဲ့ပစ်ပေါက်လိုက်သလိုပင်ဖြစ်သည်။

အရမ်းနာကျင်သည်။

အသက်ရှူတောင်ကျပ်လာပြီ။

လင်းဖန်က “ရှောင်ရီ ၊ ငါ့ကိုပြောပါ ငါ့အဖေက ဘာလို့ သွေးတွေအရမ်းထွက်နေတာလဲ၊ အခုသူနေကောင်းဘီလား”

“လွန်ခဲ့တဲ့ရက်အနည်းငယ်က အဖေထမင်းစားတဲ့အခါ ရုတ်တရက် ပါးစပ်ထဲသွေးအန်ပြီး လူနာတင်ကားမဲ့သူ့ကို ဆေးရုံကို ပို့ခဲ့တယ်...”

“မနေ့က ဆရာဝန်က အဖေ့ဗိုက်ထဲမှာ အကျိတ်ရှိတယ်လို့ပြောတယ်’’

လင်းရှောင်ရီ သည်စကားပြောပြီးနောက်ကျယ်လောင်စွာ ငိုပြီး “အစ်ကို၊ ငါတို့ အခုဘာလုပ်ရမလဲ၊ ငါ အရမ်းကြောက်တယ်...”

လင်းဖန်က “ဖေဖေ နေကောင်းလာမှာပါ ရှောင်ရီစိတ်မပူပါနဲ့၊ငါ မြန်မြန်ပြန်လာမှာပါ”

သူ့ညီမ လင်းရှောင်ရီ ၏ ဖုန်းကို ဖုန်းချပြီးနောက် လင်းဖန် သည် သူ့အမေ ဒေါင်ဝမ်ဝမ်၏ ဆဲလ်ဖုန်းကို ထပ်မံခေါ်ဆိုခဲ့သည်။

ခဏအကြာတွင် ဖုန်းသည် ချိတ်ဆက်လိုက်သည်။

“ရှောင်ဖန်မင်းကဘာလို့ဖုန်းခေါ်တာလဲ” ဒေါင်ဝမ်ဝမ် ၏ ခပ်ကြမ်းကြမ်း အသံသည် ဖုန်းမှတဆင့် ထွက်ပေါ်လာသည်။

လင်းဖန် က “အဖေ ခွဲစိတ်ပြီးပြီလား”

“အဲ့ဒါကို ရှောင်ရီ ကပြောလိုက်တာလား။ ဒီကောင်မလေးကို မပြောဖို့ ငါပြောခဲ့တယ်” ဒေါင်ဝမဝမ်က “ရှောင်ဖန်၊ စိတ်မပူပါနဲ့... ခဏနေတော့ မင်းအဖေခွဲစိတ်မှုပြီးသွားတော့ ဘာမှဖြစ်မလာဘူး။”

လင်းဖန်က “မေမေ၊ မင်းရဲ့ဘဏ်ကတ်ကို ပိုက်ဆံနည်းနည်းလောက်ပို့ပေးထားမယ်၊အဖေ့ကိုကုသဖို့အတွက် အကောင်းဆုံးဆရာဝန်ကို ရှာရမယ်။ ငါ အခု ကျန်ပေ့ ကနေ ပြန်လာခဲ့မယ်”

တကယ်တော့ လင်ဖန်ဟာ ဖခင်ဖြစ်သူ နေမကောင်းဖြစ်တယ်ဆိုတဲ့ သတင်းမရှိရင်တောင်မှ မကြာသေးခင်တွင် အိမ်ပြန်ဖို့ စီစဉ်ထားသည်။

ဖုန်းချပြီးနောက် ဒေါင်ဂမ်ဝမ်၏ဆဲလ်ဖုန်းသည် အနည်းငယ်တုန်ခါသွားသည်။

“တရုတ််ဘဏ်မှ အပ်ငွေ ယွမ် ၅၀၀,၀၀၀၀’’

ဒေါင်ဝမ်ဝမ်သည် ဖုန်းစခရင်ပေါ်ရှိ “0” ကြိုးကြီးကို ကြည့်ပြီး သူမ လုံးဝ အံ့အားသင့်သွားခဲ့သည်။

အကမ္ဘာ့ပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters