ခေါင်းဆောင်ကြီး ကိုယ်တိုင်ကိုယ်ကျ လာရောက်လည်ပတ်ခြင်း
Vol. 2 Ch. 16
ဘာသာပြန်-စောင့်ချောကြီး
ငွေပေးဆောင်ပြီးနောက်တွင် ဖခင်ဖြစ်သူ လင်းတန်အား ခွဲစိတ်ကုသရန် စီစဉ်နိုင်ခဲ့သည်။
သို့သော် ခွဲစိတ်မှုတွင် အန္တရာယ်များ ပါ၀င်ကြောင်း လင်းဖန်က နားလည်သည်။
အန္တရာယ်များအတတ်နိုင်ဆုံးနှင့်အနည်းဆုံးဖြစ်အောင် သူ့အဖေအတွက် အကောင်းဆုံးဆရာဝန်ကို ရှာလိုသည်။
လင်းဖန် က “ကျွန်တော့်အဖေသည်ဗိုက်ထဲက အကျိတ်တစ်ခုကြောင့် လွန်ခဲ့တဲ့ နှစ်ရက်က ဆေးရုံတက်ခဲ့ရတယ်၊ ဒါကြောင့် ဒီနယ်ပယ်မှာ တွေမှာကျွမ်းကျင်တဲ့သူကို သိလားလို့ ခေါင်းဆောင်ကို မေးချင်တယ်။”
ခေါင်းဆောင်ကြီးသည် “မိဘကိုသိတတ်သောသားသည်ယနေ့ခေတ်တွင်အလွန်ရှားပါးနေပြီဖြစ်သည်။မင်းရဲ့မိဘကိုသိတတ်မှုမင်းကို ငါအရမ်းလေးစားတယ်’’
“ငါ့နာမည်က ဇောင်ချင်းကျူ မင်းထက်နည်းနည်းအသက်ကြီးတယ်၊ မင်းအဲ့နာမည်မခေါ်ချင်ရင်ငါ့ကို လုံဇောင်လို့လဲခေါ်လို့ရတယ်။”
ဘေးနားရှိ ဒင်းဟွမ်သည် ကြားလိုက်ရသောစကားလုံးများကြောင့်သူ့နှလုံးတုန်လှုပ်သွားသည်။
အစောပိုင်းတွင်သူသည်လင်းဖန်၏ အမှတ်အသားသည် ထူးထူးခြားခြား ဖြစ်နိုင်သည်ဟု သူ ခန့်မှန်းခဲ့သည်။
ဒီလိုမှမဟုတ်ရင် ဇောင်ချင်းကျူဟာ သူ့ရဲ့ဆေးရုံကိုသွားရောက်လည်ပတ်ပြီး သူတစ်ယောက်တည်းတွေ့ဆုံရမယ့်အစီအစဉ်ကို ရွှေ့ဆိုင်းမှာမဟုတ်ပေ။
သို့သော်လည်း ဒင်းဟွမ်သည် လင်းဖန်၏အထောက်အထားသည် ဤမျှအထိ ကြောက်စရာကောင်းမည်ဟု မမျှော်လင့်ထားခဲ့ပေ။
ခေါင်းဆောင်ကြီးဇောင်ချင်းကျူကို လုံဇောင်ခေါ်လို့ရလား။
ဒါ...
ရိုးရှင်းစွာပင် သူ၏ စိတ်ကူးကို ကျော်လွန်ခဲ့သည်။
လင်းဖန်က “ငါ မင်းကို အစ်ကိုဇောင် လို့ခေါ်မယ် ငါ့နာမည်ကလင်းဖန်’’
ဇောင်ချင်းကျူက ဝမ်းသာအားရဖြင့်”ကောင်းပြီ မင်းကို အစ်ကိုလင်းလို့ ခေါ်လိုက်မယ်”
ခေတ္တနားပြီးနောက် ဇောင်ချင်းကျူက “ဦးလေးလင်းက ငါတို့ ချင်ရီဆေးရုံမှာနေတာလား။ ဇောင်ချင်းကျူကသူ့ဘေးရှိဒင်းဟွမ်ကိုကြည့်ပြီးနောက် အစ်ကိုလင်းက ဦးလေးလင်းရဲ့အခြေအနေကို အရင်ပြောပြနိုင်မလား။”
လင်းဖန်သည်ယေဘူယျအခြေအနေကို ပြောပြလိုက်သည်။
ဒင်းဟွမ်က ချက်ချင်းပင်ဖုန်းဖြင့်’’ဆေးရုံကဆရာဝန်တွေကျုချပ်ချင်းအစည်းအဝေးလုပ်မယ်။မြန်မြန်လာ’’ဟုပြောလိုက်သည်။
များမကြာမီတွင် ဆရာဝန်အများအပြားသည် အစည်းအဝေးခန်းသို့ စာရွက်စာတမ်းများနှင့်အတူ ရောက်လာကြသည်။
လင်းဖန်၏အထောက်အထားသည် အလွန်ထူးခြားကြောင်း သူတို့သိထားပြီးဖြစ်၍လင်းတန်၏ဆေးရုံမှတ်တမ်းကိုဂရုတစိုက်ဖတ်ပြီးနောက် နောက်ဆုံးတွင် အကြံပြုချက်ပေးခဲ့သည်။
“မစ္စတာလင်းအဖေရဲ့ အကျိတ်ကို ရှာဖွေတွေ့ရှိတာ အတော်လေး နောက်ကျနေပြီ။ ငါတို့ကောင်းဆုံး ခွဲစိတ်နည်းတွေကို အသုံးပြုရင် ဖြစ်နိုင်ချေက ပိုများသည်။။”
“ဒါ့ပေမဲ့၊အောင်မြင်ခဲ့ရင်တောင်မှ နောက်ဆက်တွဲတွေကမစစ္စတာလင်းရဲ့အဖေအပေါ် သက်ရောက်မှုတွေရှိနိုင်သည်။”
လင်းဖန်ဒါကိုကြားလိုက်တော့ မျက်မှောင်ကြုတ်သွားခဲ့သည်။
ဇောင်ချင်းကျူက “ဒါဆို ငါ မြို့တော်ကို လွှဲလိုက်ရင် ဘယ်လိုလဲ”
“မစ္စတာလင်းအဖေရဲ့ လက်ရှိအခြေအနေအရ ဒီလို ခရီးဝေးကို ခံနိုင်ရည်ရှိဖို့ ခက်ခဲမှာကို ငါကြောက်တယ်။” ဆရာဝန်တစ်ဦးက ပြောလိုက်သည်။
အစည်းအဝေးခန်း၏ လေထုသည် ရုတ်တရက် မှုန်မှိုင်းလာခဲ့သည်။
ထိုအချိန်တွင် ရွှေမျက်မှန်တပ်ထားသော ဆရာဝန်က “ပေကျင်းမြို့တော်မှ ဒါရိုက်တာ လင်းကျူကခွဲစိတ်မှုကို ဓားပျံကုထုံးကို အသုံးပြုမယ်ဆိုရင် အန္တရာယ်နဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကို လျှော့ချနိုင်တယ်” ဟု ပြောကြားလိုက်သည်။
ဆရာဝန်များအားလုံး ခေါင်းညိတ် သဘောတူလိုက်ကြသည်။
ယေဘူယျအားဖြင့် ပြောရလျှင် ဆရာဝန်များသည် ဆေးပညာကိုသူတို့သည်လူအများရှေ့တွင်မကျွမ်းကျင်ဟုမပြောလိုကြပေ။
ဒါပေမယ့် ဒီအချိန်မှာတော့ သူတို့ သိပ်ဂရုမစိုက်တော့ပေ။
ရွှေရောင်မျက်မှန်ဆရာဝန်က- “ဒါ့အပြင် ကျွန်တော်သိသလောက်ဆို ဒါရိုက်တာ လင်းကျူက မနေ့က အစည်းအဝေးအတွက် ပေကျင်းဆေးရုံကို သွားခဲ့တယ်...’’
ဇောင်ကျူ က ဒါကိုကြားတော့ နောက်ဆုံးမှာ ပြုံးပြပြီး “ဒါဆို ရင်တာ့စိတ်ပူဖို့မလိုတော့ပေ။ပေကျင်းအသင်းနဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်။ ဒါရိုက်တာ လင်းကျူ က ချင်ရီကို လာဖို့ ကဖြစ်နိုင်တယ်။ .”
လင်းဖန် က လေးနက်စွာဖြင့်”ဒါဆို အစ်ကို ဇောင်ကို နှောက်ယှက်ပေးမိပီ’’
“ရပါတယ်၊ကိစ္စမရှိဘူး။ညီကိုလင်းကိုကူညီရတာနဲ့တင်ကျေနပ်နေပါပြီ” ဇောင်ချင်းကျူက ပြောသည်။
ဒီအကြောင်းကို သူသည်လိမ်ပြီး ပြောခဲ့သည်မဟုတ်ပေ။
ဇောင်ချင်းကျူ သည် လင်းဖန် နှင့် ခင်မင်ရင်းနှီးချင်ခဲ့သည်။ယခု ကူညီခွင့်ရသောအခါ သဘာဝအတိုင်း ကူညီပေးရတဲ့အတွက်ပျော်ရွှင်နေမိသည်။
ထို့နောက် ဇောင်ချင်းကျူသည် ပေကျင်းအသင်း၏ ဌာနမှူးဟောင်း၏ ဖုန်းနံပါတ်ကို ခေါ်ဆိုခဲ့သည်။
ခဏကြာ စကားပြောပြီးနောက် နောက်ဆုံးတွင် သူသည်လင်းကျူကို ခွဲစိတ်ရန် ချင်ရီသို့ ဖိတ်ခေါ်ရန် တစ်ဖက်ကို အကူအညီတောင်းခဲ့သည်။
လင်းကျူသည်လည်း အလွန်သဘောကောင်းသည်။ ခဏအကြာတွင်၊ သူသည် မနက်ဖြန်မနက် ချင်ရီသို့ လာမည်ဟု ပြောခဲ့သည်။(မှတ်ချက်ငှာနမှူးဟောသ်းကနေတစ်ဆင့်လင်းကျူကိုပြောခိုင်းလိုက်တယ်ကိူပြောတာနော်)
အားလုံးစီစဉ်ပြီးသည်နှင့် လင်းဖန်သည် သက်ပြင်းတစ်ချက်ချလိုက်သည်။
ဇောင်ချင်းကျူတို့နဲ့အတူစကားပြောပြီးနေနေကြသည်။
နောက်တစ်နေ့။
ထိုအချိန်သစ်သီးခြင်းတောင်းကို ကိုင်ဆောင်ထားသော ရှပ်အင်္ကျီအဖြူဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ဖြည်းညှင်းစွာ ဝင်လာခဲ့သည်။
ဇောင်ချင်းကျူက “အစ်ကိုလင်း၊ဒါ ဒါရိုက်တာ လင်းကျူပဲ၊ အန်ကယ်လင်းကို အခု သွားကြည့်ရအောင်။”
လင်းဖန် က “ကောင်းပြီ။”
...
ဆေးရုံအခန်းထဲ။
လင်းတန်၏ အသားအရေသည် အလွန်ကျန်းမာရေးမကောင်းသာ့်ပုံစံရှိနေသောလည်း သတိမေ့နေရာမှနိုးနေပြီဖြစ်သည်။
ဒေါင်ဝမ်ဝမ် သည် လင်းတန်၏ နဖူးကို ရေနွေးပူပူဖြင့် သုတ်ပေးနေသည်။
လင်းတန်က “ရှောင်ဖန်ပြန်လာပြီလို့ မင်းခုနကပြောခဲ့တာလား။”
“ဟုတ်တယ်၊ သူက အခု အရမ်းအလားအလာရှိပြီး ခွဲစိတ်ဖို့အတွက်ပိုက်ဆံအများကြီး ပေးထားပြီးပြီ။ ဒါကြောင့် မင်းရဲ့ရောဂါကနေ စိတ်အေးအေးထားပြီး ပြန်ကောင်းလာဖို့ကိုစောင့်ယုံပဲ” ဒေါင်ဝမ်ဝမ်က ပြောသည်။
လင်းတန်ဒါကိုကြားတော့ သူ မပျော်ရုံမက မျက်မှောင်ကြုတ်ကာ “သူ ပိုက်ဆံတွေ အများကြီး ရှိနေတာလား၊ ဥပဒေနဲ့မညီတဲ့ဟာတွေတော့မလုပ်ဘူးမလား”
ဒေါင်ဝမ်ဝမ်က ရှင်းပြခါနီးတွင် အခန်းတံခါးကို တွန်းဖွင့်သံကြားတာကြောင့်လှည့်ကြည့်လိုက်သည်။
ထို့နောက် လင်းဖန် ၊ဇောင်ချင်းကျူ၊ ဆေးရုံအုပ်ဒင်းဟွမ်နှင့် တစ်ခြားဆရာဝန်အုပ်စုများသည်တယောက်ပြီးတယောက် လျှောက်လာခဲ့ကြသည်။
လင်းဖန်သည် ကုတင်ပေါ်တွင်ထိုင်နေသော လင်းမျှော်ကိုကြည့်ကာ “ဖေဖေ သတိရပြီလား” ဟု စိတ်လှုပ်ရှားစွာပြောသည်။
“ဟုတ်တယ် ငါခုနလေးတင်ကမှသတိရတာ” လင်းတန် ကပြောပြီး ဇောင်ချင်းကျူ၊ဒင်းဟွမ်နှင့် အခြားသူများကို ပဟေဠိမျက်လုံးများဖြင့် ကြည့်လိုက်သည်။
အထူးသဖြင့် ဇောင်ချင်းကျူကိုမြင်သောအခါ လင်းတန်၏မျက်နှာပေါ်ရှိ သံသယစိတ်များ ဖြင့်ဇောင်ချင်းကျူ ကို တစ်နေရာရာမှာ မြင်ဖူးသလို ခံစားလိုက်ရသည်။
လင်းဖန်က “ဒါက ကျူရီရဲ့ ခေါင်းဆောင် ဇောင့ချင်းကျူ ၊ နေက်တစ်ယောက်ကဒီဆေးရုံအုပိကြီးဒင်းဟွမ်...”
ဒါကိုပြောပြီးတာနဲ့ လင်းတန်ရဲ့ မျက်လုံးတွေ ချက်ချင်း ဝိုင်းစက်သွားခဲ့သည်။
ခေါင်းဆောင်။
မှန်တယ်!
သူက ခေါင်းဆောင်ပဲ။
ချင်ရီသတင်းမှာ သူပြောနေတာတွေကို ခဏခဏကြည့်ဖူးတယ်။
ခုတော့ သူ့ရှေ့မှာ တကယ်ပေါ်လာသည်။
သူ့ကိုယ်ကြည့်ဖို့ ဆေးရုံကို လူကိုယ်တိုင်လာခဲ့တာလား။
ဇောင်ချင်းကျူ သည် ဆေးရုံကုတင်ဆီသို့ လျှောက်သွားကာ တိုးတိုးလေး ဖြင့် ‘’အန်ကယ်လင်း၊ အခု ဘယ်လိုနေသေးလဲ”ဟုနှုတ်ဆက်လိုက့သည်။
အန်ကယ်လင်း?
မြို့ခေါင်းဆောင်က ဆေးရုံကို လာလည်တာတင်မကဘဲ သူ့ကိုယ်သူ အန်ကယ်လင်းလို့လည်း ခေါ်သည်။
လင်းတန်က ကမန်းကတန်းဖြင့် “ဒါ...ဒီ...ခေါင်းဆောင်ကြီး၊ မင်းငါ့ကို လင်းတ်လို့ ခေါ်လို့ရပါတယ်၊ ငါ့ကျန်းမာရေးလည်း ကောင်းတယ်”
သူသည် အရမ်းစိတ်လှုပ်ရှားနေသည်။
သူ့မျက်နှာဖြူဖျော့ဖျော့တွင် စိတ်လှုပ်ရှားမှုကြောင့်ပင် ရှားရှားပါးပါး နီမြန်းလာသည်။
အဲဒါအန်ကယ်လင်းကိုဘယ်လိုလို့ခေါ်နိုင်မှာလဲ။ အန်ကယ်က လင်းဖန်ရဲ့အဖေလေ။ဒီမျိုးဆက်မှာ အန်ကယ်ကိုဘယ်သူမှမခေါ်နိုင်ဘူး။။” လို့ ဇောင်ချင်းကျူက ဆိုလိုက့သည်။
တကယ်တော့ ဇောင်ချင်းကျူ ရဲ့အသက်က လင်းတန်ထက် နှစ်အနည်းငယ်ပိုကြီးသည်။
ဒါပေမယ့် သူပြောတဲ့အတိုင်းပင်လင်းတန်ရဲ့ နာမည်ကို တိုက်ရိုက်မခေါ်ဝံ့ပေ။
ခနလောက်ရပ်လိုက်ပြီး “အန်ကယ်လင်း စိတ်ချပါ အစ်ကို လင်းဖန် က မင်းအတွက် အကောင်းဆုံးဆရာဝန်ကို စီစဉ်ပေးထားပြီးပြီမို့ မင်းခန္ဓာကိုယ်ကို နဂိုပုံစံအတိုင်း ပြန်ဖြစ်အောင် သေချာပေါက် လုပ်နိုင်မှာပါ!”
“ဒါ့အပြင် အဆင်မပြေတာရှိရင် ငါကိုပြောပြလို့ရပါတယ်..”
လင်းတန် က ပြုံးပြလိုက်ပြီး “ဟုတ်ကဲ့ပါ၊အမဆင်မပြေရင်ပြောလိုကပါ့မယ်’’
ထို့နောက် ဒင်းဟွမ်သည် သူ့အား ထပ်မံနှုတ်ဆက်ရန် ရှေ့တိုးလာကာ လင်းတန်သည် ပိုမိုအသေးစိတ် စစ်ဆေးမှုပြုလုပ်ရန် ကိုယ်တိုင်ကိုယ်ကျ ကူညီပေးခဲ့သည်။
နောက်တစ်ကြိမ် နှုတ်ဆက်ပြီးနောက် လင်းတန်ကို ပိုအနားယူခွင့်ပေးပြီး ထွက်ခွာသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။
လက်းတန်သည် အခန်းထဲတွင် ပြည့်နေသော ခမ်းနားထည်ဝါသော သစ်သီးခြင်းတောင်းကို ကြည့်ကာ သူ့ပါးစပ်သည် နားရွက်ချိတ်မတတ်ပြုံးနေသည်။
လင်းဖန်က သးအဖေ အရမ်းပျော်နေတာတွေ့တော့ သူ့ရင်ထဲပန်းတွေပွင့်သွားခဲ့သည်။
“ရှောင်ဖန်မင်းက ခေါင်းဆောင်ကြီးကို ဘယ်လိုသိတာလဲ” လင်းတန်မနေနိုင်စွာ မေးလိုက်သည်။
လင်းဖန် က အကြောင်းအရင်းမှန်ကိုဖုံးပြီး “ကျွန်တော်ကစတော့ရှယ်ယာတွေ အရောင်းအဝယ်ဖြစ်လုပ်တယ်လေ၊ Bitcoin ကိုဝယ်ပြီး ပိုက်ဆံအများကြီးရှာရမယ်ဆိုတာ သူလဲသိတယ်။ ဒါကြောင့် သူ့စီမှာ ရင်းနှီးမြှုပ်နှံစေချင်နေတာ။”ဟုပြောပြလိုက်သည်။
လင်းတန်က ခေါင်းညိတ်ပြပြီး “ဒဒဆိုဒီလိုကိုး... အခြေအနေတွေ ခွင့်ပြုရင် ချင်ရီမှာပဲရင်းနှီးမြုပ်နှံမှုတချို့ လုပ်ပါ” လို့ပြောလိုက်သည်။
“ဖေဖေ၊ စိတ်မပူပါနဲ့၊ ချင်ရီက ကျွန်တော့်ရဲ့ မွေးရပ်မြေပါ။ အချိန်တန်ရင် ကျွန်တော့်မွေးရပ်မြေကို ဆောက်လုပ်ရေးမှာ သေချာပေါက် ကူညီပေးပါ့မယ်” လင်းဖန်က ပြောလိုက်သည်။
အကမ္ဘာ့ပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး