← Chapters

ရန်ရှီအဖွဲ့ ၏ ရှယ်ယာ 51%။

Vol. 2 Ch. 18

ရန်ရှီအဖွဲ့ ၏ ရှယ်ယာ 51%။

Vol. 2 Ch. 18

လူတိုင်း၏အကြည့်အောက်တွင် လင်းတန်အား ခွဲစိတ်ခန်းထဲသို့ တွန်းပို့လိုက်ကြသည်။

မူလက ဇောင်ချင်းကျူသည်လင်းတန်၏ခွဲစိတ်မှုပြီးဆုံးသည်အထိ နေချင်နေခဲ့သည်။

ဒါပေမယ့်သူသည်ချင်ရီမြို့ခေါင်းဆောင်အနေနဲ့ သူ့ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းစရာတွေ အများကြီးရှိသည်။

အရေးပေါ်ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိပြီးနောက် ဇောင်ချင်းကျူ သည်အားလုံးကိုနုတ်ဆက်ပြီးဆေးရုံမှထွက်လာခဲ့သည်။

အချိန်တွေသည်တဖြည်းဖြည်းကုန်လွန်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာ နေ့လယ်၁၂ နာရီထိုးသွားပြီဖြစ်သည်။

လင်းဖန်၏ဖုန်းသည် အနည်းငယ်တုန်ခါသွားပြီး စာအိတ်အနီတွေပေါ်လာခဲ့သည်။

“ဒင်း၊ ဂုဏ်ယူပါတယ် မင်းယွမ် ၂၀၀၀ ရရှိခဲ့သည်။”

“Ding! ဂုဏ်ယူပါတယ် မင်း 5 ယွမ် ရခဲ့သည်။’’

...

“ဒင်း၊ ဂုဏ်ယူပါတယ် မင်းယွမ် 10,000 ရရှိခဲ့သည်။’’

“Ding၊ ဂုဏ်ယူပါတယ်၊ မင်း ရန်ရှီအဖွဲ့ရဲ့ ရှယ်ယာ51% ကို ရရှိခဲ့သည်။”

လင်းဖန်သည် စာအိတ်အနီအားလုံးကိုလက်ခံရယူပြီးနောက်ရန်ရှီအဖွဲ့ကိုကြည့်ပြီးခဏလောက်တုန်လှုပ်သွားခဲ့သည်။

ရန်ရှီအဖွဲ့ ?

သူမှတ်မိသည်ကရန်ရှီအဖွဲ့တွင် ရန်ရှီမောနှင့် အခြားကုမ္ပဏီများတွင် စျေးကွက်တန်ဖိုး ဘီလီယံဆယ်ဂဏန်းကျော်ရှိသည်။

ရန်ရှီအဖွဲ့၏ရှယ်ယာ 51% ကိုပိုင်ဆိုင်တာလား။

ဒါကပိုင်ဆိုင်မှု ဘီလီယံနဲ့ချီပြီး ချက်ချင်းရရှိတာ မဟုတ်ဘူးလား။

ဒါဟာ တကယ့်ကိုရူးသွပ်မှုပက်ဖြစ်သည်။

အချိန်နေ့လယ် ၁၂နာရီ၁မိနစ်။

သို့သော် လင်းဖန်သည် ဒါကိုခဏလောက်သာတုန်လှုပ်ပြီးမကြာမီတွင်ဘာမှမဖြစ်ခဲ့သလိုဖြစ်သွားသည်။သူမှာစာအိတ်နီတွေရှိနေသ၍အဲ့လိုမျိုးတွင်နောက်ထပ်ရချင်ရခဲ့သည်။

ဤရှယ်ယာ 51% သည်စာအိတ်အနီရှိနေသ၍အချိန်မရွေးရချင်ရနိုင်သည်။

ထိုအချိန်တွင် ခွဲစိတ်ခန်းတံခါးသည် ဖြည်းညှင်းစွာပွင့်လာသည်။

လင်းကျူနှင့် တစ်ခြားဆရာဝန်များစွာသည် ၎င်းတို့၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာဖြင့်ထွက်လာကြသည်။

“ဒါရိုက်တာ လင်း၊ လင်းတန်ကိုခွဲစိတ်တာအဆင်ပြေလား” ဒေါင်ဝမ်ဝမ်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

“ခွဲစိတ်မှု လုံးဝအောင်မြင်တယ်၊ဆေးရုံမှာ အချိန်အတော်ကြာအောင် နေပြီးဆေးရုံကညွှန်ကြားချက်တွေကသေချာလိုက်နာမယ်ဆိုမကြာခင်နေပြန်ကောင်းပါလိမ့်မယ်” လင်းကျူက ပြောလိုက်သည်။

“ကောင်းပါပြီ၊ ကျေးဇူးအများကြီးတင်ပါတယ်” ဒေါင်ဝမ်ဝမ် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

လင်းကျူသည် ဆေးဘက်ဆိုင်ရာတွင် ကျွမ်းကျင်မှု မြင့်မားကြောင်း သူမ သိထားသည်။

သို့သော် ဒေါင်ဝမ်ဝမ်၏နှလုံးသားတစ်ခုလုံး သည်စိုးရိမ်စိတ်ကြောင့်မနေ့ညက တစ်ညလုံး အိပ်မပျော်ခဲ့ပေ။

ခွဲစိတ်မှုတိုင်းတွင် အန္တရာယ်အများနှင့်အနည်းရှိသာ့်အတွက်မတော်တဆမဖြစ်အောင်ဆုတောင်းနေရသည်။

ယခုအချိန်တွင်သူမ၏နှလုံးသားသည် တည်ငြိမ်သွားခဲ့ပြီဖြစ်သည်။

ဒေါင်ဝမ်​ဝမ်က “လင်းတန်ကို သွားတွေ့လို့ရပြီလား?”

လင်းကျူက “မစ္စတာလင်းက ခွဲစိတ်မှုပြီးသွားတော့ အခုအိပ်ပျော်နေတယ်၊သူ့ကို အရင်အနားယူခွင့်ပေးလိုက်တာ အကောင်းဆုံးပဲ”

“ကောင်းပါပြီ။” ဒေါင်ဝမ်ဝမ် သည် ထပ်ခါထပ်ခါ ပြန်ဖြေလိုက်သည်။

လင်းတန်သည်အိပ်ရာနိုးချိန်တွင်ညအချိန်ဖြစ်နေပြီဖြစ်သည်။

“ဖေဖေ နိုးပြီလား!” ကျောင်းဆင်းပြီးဆေးရုံကို တိုက်ရိုက် လာခဲ့သောလင်းရှောင်းရီသည်ဝမ်းသာအားရ ဖြင့်ပြောလိုက်သည်။

ဒေါင်ဝမ်ဝမ် က”ရှောင်ရီ၊ မင်းရဲ့အသံကို လျှော့ထားပါအုံး!”ဟုတိုးတိုးလေးပြောလိုက်သည်။

ပြီးနောက်သူမသည် “လင်းတန် အဆင်မပြေတာတွေရှိသေးလား’’ဟုတိုးတိုးလေးထပ်မေးလိုက်သည်။

လင်းဖန်က “ဖေဖေ၊ အခုဘယ်လိုခံစားရလဲ။”

လင်းတန်သည်’’နေလို့အရမ်းကောင်းတယ်’’ လို့ ပြောလိုက်သည်။

လင်းတန်နေကောင်းသည်ကိုသိတော့ အားလုံးပျော်သွားခဲ့ကြသည်။

တစ်ခြားတစ်ဖက်တွင်၊ရန်ရှီအဖွဲ့ ၏ ဥက္ကဋ္ဌရုံးခန်း။

စုဇောင်ဖန် က သူ့ရှေ့က အချက်အလက်တွေကို အကြိမ်ပေါင်းများစွာ ပြန်လည်သုံးသပ်ပြီး သက်ပြင်းချရင်း “အစပိုင်းမှာတော့ ရှယ်ယာတော်တော်များများကိုငါတို့အဖွဲ့ ဖွံ့ဖြိုးရေးအတွက် စျေးကွက်ထဲကို ရောင်းထားခဲ့သည်။’’

“အခု၊ ဒီ မစ္စတာလင်းဖန် ဟာ အခုငါတို့ ရန်ရှီအဖွဲ့ရဲ့ ရှယ်ယာ 51% ကို အမှန်တကယ် ၀ယ်ယူထားခဲ့သည်။’’

စုဇောင်ဖန် က ဒီလိုပြောတဲ့အခါ သူ့မျက်နှာပေါ်တွင်ဝမ်းနည်းမှုအပြည့်ဖြစ်သည်။

ရှယ်ယာ51% သည် သူတို့ရန်ရှီအဖွဲ့၏အကြီးမားဆုံးရှယ်ယာရှင်ဖြစ်သည်မှာ လုံးဝသေချာသည်။

ရန်ရှီအဖွဲ့သည် စုဇောင်ဖန် မှ ဖန်တီးထားသော စီးပွားရေးအင်ပါယာတစ်ခုဖြစ်သည်။ အခုသူတည်ထေညင်ထားအဖွဲ့ကိုသူမထိန်းချုပ်နိုင်တော့ပေ။

ဒါက သူ့ကိုနောင်တရစေသည်။

စုဇောင်ဖန်သည် အကြာကြီး တုံ့ဆိုင်းသွားကာ နောက်ဆုံးတွင် စာရွက်ပေါ်ရှိ နံပါတ်အတိုင်း ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။

“မင်္ဂလာပါ မစ္စတာလင်း၊ငါကရန်ရှီအဖွဲ့ရဲ့ဥက္ကဌ စုဇောင်ဖန်ပါ။” စုဇောက်ဖန် က သတိကြီးကြီးထားပြီး ပြောလိုက်သည်။

ဖုန်းထဲမှာ လင်းဖန်ရဲ့ အသံထွက်ပေါ်လာသည်။ “အိုး ဘာကိစ္စရှိလို့လဲ”

လင်းဖန်သည် မွန်းတည့်အချိန်က သူရခဲ့သော ရန်ရှီအဖွဲ့ ၏ ရှယ်ယာ 51% ကို တွေးမိသောကြောင့်စုဇောင်ဖန် က ဖုန်းခေါ်ဆိုသညိကိုသူ အံ့ဩခြင်းမရှိခဲ့ပေ။

“မစ္စတာလင်းက၊အခု ငါတို့ ရန်ရှိဂရုရဲ့ အကြီးမားဆုံး ရှယ်ယာရှင် ဖြစ်သည်။ အဖွဲ့ရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် မင်းမှာ ညွှန်ကြားချက် တစ်ခုခုများရှိနေလား။” စုဇောင်ဖန် က မေးလိုက်သည်။

လင်းဖန် က “မင်းလုပ်နေကြအတိုင်းပဲလုပ်ပါ၊ငါကကုမ္ပဏီရဲ့ အစုရှယ်ယာတွေကအမြတ်ဝေစုပဲ ယူမှာပါ”

လင်းဖန်သည် ရန်ရှီဂရု၏ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ်စိတ်မ၀င်စားပေ။

သူသည်တတ်နိုင်ရင် သူ့ရှယ်ယာအားလုံးကို ချက်ချင်းရောင်းပစ်လိုက်ချင်သည်။

ကံမကောင်းစွာပဲ၊ စနစ်မှရရှိသောအရာအားလုံးကို ရောင်းဝယ်ဖောက်ကားခြင်းမပြုရန် တားမြစ်ထားခဲ့သည်။

စုဇောင်ဖန်က ဒါကိုကြားတော့ သူ့မျက်နှာတွင်ပျော်ရွှင်မှုများပေါ်လာပြီး “ကျေးဇူးတင်ပါတယ်၊ ငါတို့ကိုမစ္စတာလင်းရဲ့အမြတ်ဝေစုတွေကို မင်းအကောင့်ကို အချိန်မီ ပို့ပေးပါမယ်” လို့ ပြောလိုက်သည်။

စုဇောက်ဖန်သည် ကုမ္ပဏီ၏ အကြီးဆုံး အစုရှယ်ယာရှင် သည် ကုမ္ပဏီကို သိမ်းကျုံး ညွှန်ကြားမည်ကို အလွန်ကြောက်ရွံ့နေသည်။သူသာ အမြတ်ဝေစုယူရင် ဒါဟာ သူ့အတွက် သေချာပေါက် သတင်းကောင်းပင်ဖြစ်သည်။

...

နောက်ရက်အနည်းငယ်တွင် ဘင်းဖန်သည် လင်းတန်ကို ဆေးရုံတွင် ပြုစုစောင့်ရှောက်ခဲ့ပြီး လင်းတန်၏ခန္ဓာကိုယ်ကိုကုသရန် အကောင်းဆုံးဆေးတွေကိုအသုံးပြုရန် ဆရာဝန်အား တောင်းဆိုခဲ့သည်။

တစ်ကြိမ်ပြန်လည်နာလန်ထူရန် ကုန်ကျစရိတ်သည် တစ်ရက်လျှင် ယွမ်သောင်းချီ ကုန်ကျသည်။

လင်းတန် ၏ ခန္ဓာကိုယ်နှင့် အသားအရေနှင့်ကျန်မားရေးသည် တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်လာကာ ဆေးခန်းထဲတွင်ပင်လမ်းလျှောက်နိုင်နေပြီဖြစ်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်တွင်လင်းဖန်၏ နေ့စဉ် နေ့လယ် ၁၂ နာရီတွင် အနီရောင်စာအိတ်နီများအားလုံးသည်ငွေသားများသာဖြစ်သည်။

ထို့အပြင် အသက်ရှုခြင်း၊ လမ်းလျှောက်ခြင်း၊ အိပ်ခြင်းမှ ရရှိသောငွေများလဲရှိသည်ါ

Lin Fan ၏ လက်ကျန်ငွေမှာ ယွမ် ၃ သန်းကျော်ရှိသည်။

[အမည်-လင်းဖန်]

[အဆင့်- LV4]

【LV4 ဆုလာဘ်- အသက်ရှုတိုင်းအတွက် 10 ယွမ် ရယူပါ။ အိပ်ချိန်တိုင်းအတွက် 10 ယွမ်ရယူပါ။ သင်ခြေလှမ်းတိုင်းအတွက် 10 ယွမ်ရယူပါ။ ဆုလက်ဆောင်များကို နေ့စဉ် 24 နာရီတွင် အကောင့်ထဲသို့ ထည့်သွင်းပေးမည်ဖြစ်သည်။ 】

[အဆင့်မြှင့်သုံးစွဲမှုပမာဏ- 750,000 / 10 သန်း (လက်ဆောင်များ၊ လောင်းကစားများ စသည်ဖြင့် မပါဝင်ပါ။ ထို့အပြင်၊ စနစ်မှရရှိသောပစ္စည်းများအားလုံးကို ရောင်းဝယ်ဖောက်ကားခြင်းမှ တားမြစ်ထားသည်)]

[ကျွမ်းကျင်မှုများ- ပရော်ဖက်ရှင်နယ်ကား မောင်းနှင်မှုစွမ်းရည်၊ ကျက်သရေ ရောင်ဝါ (မြင်မြင်ချင်း ချစ်ခြင်းမေတ္တာကို ဖန်တီးရန် အခွင့်အရေး 5%၊ မမေ့နိုင်သော အချစ်အခွင့်အလမ်း)၊ ကြမ်းတမ်းသော အလှတရား၊ အရက်ကိုဘယ်လောက်သောက်သောက်မမူးစွမ်းရည် ပကတိအာရုံစူးစိုက်မှု (အလင်းရောင်ကို ဖော်ထုတ်ရန် 5% အခွင့်အရေး)၊ ပါမောက္ခအဆင့် သင်္ချာအတွေ့အကြုံ။ 】(မှတ်ချက်broတို့ဒီနားလေးမှာနည်းနည်းထောက်ရင်သည်းခံပေးပါခင်ဗျာ၊အဲ့အနားလေးသိပ်မပြန်တတ်လို့ပါ။)

[လက်ကျန်10.3သန်း]

လင်းဖန်သည် ယမန်နေ့က ဒေါင်ဝမ်ဝမ်စီသို့ပေးပို့သော 5 သန်းသုံးစွဲမှုပမာဏမပါဝင်ကြောင်း ထင်ရှားသည်။

သို့သော် လင်းဖန်က ​ဒါတွေကိုဂရုမစိုက်ပေ။

ဒေါင့ဝမ်ဝမ်သည်လင်းတန် အတွက် ပန်းသီးတစ်လုံးလှီးဖြတ်ပြီး “ရှောင်ရီ က ဒီတစ်ပတ်မှာ အနားယူတာရှားတယ်။ဒါကြောင့်ရှောင်ဖန်၊ရှောင်ဖန် ကို အပျော်သဘောနဲ့ လျှောက်ပတ်ခေါ်သွားလိုက်ပါ။”

လင်းဖန်သည် သူ့အမေပြောသည့်စကားသည် အဓိပ္ပာယ်ရှိလှသည်ဟု ခံစားမိသည်။

လင်းဖန်ကခေါင်းညိတ်လိုက််ပြီး “ဒါဆို ငါတို့ အပြင်ထွက်ပြီး လမ်းလျှောက်ကြမယ်” လို့ပြောလိုက်သည်။

“ကောင်းပြီ!” လင်းရှောင်ရီက က ဝမ်းသာအားရ ပြောလိုက်သည်။

လက်းရှောင်ရီသည် ဖခင်ဖြစ်သူ နေမကောင်းဖြစ်နေသည်ကို မြင်လိုက်ရသောအခါ အလွန်ဝမ်းနည်းပြီးကြောက်ရွံ့သွားခဲ့သည်။

အခုတော့သူ့အဖေနေကောင်းနေပြီဖြစ်သောကြောင့်သဘာဝအတိုင်း ပျေည်ရွှင်နေသည်။လက်းရှောင်ရီသည် အိမ်ထဲတွင် တစ်ချိန်လုံး နေခဲ့ရသဖြင့်အနည်းငယ် အဆင်မပြေဖြစ်နေခဲ့သည်။

လင်းဖန်က လင်းရှောင်ရီ ရဲ့ နည်းနည်းအရောင်ဖျော့နေတဲ့အဝတ်အစားတွေကို ကြည့်ပြီး “ရှောင်ရီ ၊ အဝတ်အစားတွေကိုအရင်သွားဝယ်ရအောင်။ ချင်ရီမှာရှိတဲ့ အဝတ်အစားတွေက ဘယ်မှာ ပိုကောင်းလဲ၊ ငါ့ပိုက်ဆံကုန်မှာစိုးရိမ်နေစရာမလိုဘူး’’

လင်းရှောင်ရီက “ရန်ရှီမော်’’ဟုချက်ချက်းပြန်ဖြေလိုက်သည်။

ယခင်ကဆိုလျှင် လင်းရှောင်ရီသည် အဝတ်အစားဝယ်ရန် ရနိရှီမော်သို့ ဘယ်တော့မှ မသွားပေ။

အဲဒီ့အဝတ်အစားတွေက တကယ်ကိုကြည့်ကောင်း၊အသားကောင်းပေမဲ့ဈေးနှုန်းတွေက အင်မတန်ဈေးကြီးသည်။

အခု တော့်လက်းရှောင်ရီ တွင်သိမ်ငယ်စိတ်များမရှိတော့ပေ။

လင်းဖန်သည် သန်းနှင့်ချီတန်သောပြိုင်ကားတစ်စီးကို မောင်းနှင်ခဲ့သည်။

စျေးကြီးတဲ့အဝတ်အစားတွေဝယ်ဖို့ လင်းဖန်ရဲ့ပိုက်ဆံကိုအသုံးပြုခြင်းမှာလင်းရှောင်ရှောင်ရီသည်လင်းဖန်အတွက်ဝန်ထုပ်ဝန်ပိုးလုံးဝမဖြစ်ဘူဆိုတာကိုသိသည်။

အစ်ကိုကညီမကိုအဝတ်အစားတွေမဝယ်ပေးသင့်ဘူးလား။

ဒါ့အပြင် လင်းဖန်ကလည်း သူ့အတွက် ပိုက်ဆံကုန်မှာဘာမမဖြစ်ဘူးလို့ပြောခဲ့သည်။

လင်းဖန်သည် လင်းရှောင်ရီ၏စကားကိုကြားပြီးနောက်တွင် ထူးဆန်းသောအကြည့်တစ်ခုပေါ်လာသည်။

ရန်ရှီမော် ?

အတိအကျပြောရလျှင် ဤလုပ်ငန်းသည် သူ့ကိုယ်ပိုင်လုပ်ငန်းနှင့် သက်ဆိုင်ပုံရသည်။

အဝတ်အစားဝယ်ဖို့ မင်းကိုယ်ပိုင်ကုန်တိုက်ကို သွားမှာလား?

လင်းဖန်က ပြုံးပြီး “ကောင်းပြီ၊ ဒါဆို ရန်ရှီမော်ကိုသွားရအောင်’’

အမှားပါသွားရင်သည်းခံပေးပါခင်ဗျ။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters