အဝတ်အစားများဝယ်ပြီး ကုန်တိုက်ကို ပတ်ခြင်း
Vol. 2 Ch. 19
လင်းရှောင်ရီသည် Lamborghini တွင် အကြိမ်များစွာ ထိုင်ခဲ့ဖူးသည်။
ဒါပေမယ့် ဒီနေ့ပြန်ထိုင်လိုက်တော့ သူမ၏မျက်နှာတွင်မမြင်ဖူးသည့်နယ်ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်နေသည်။
ရန်ရှီမော် သည် ချင်ရီဆေးရုံနှင့်သိပ်မဝေးပေ။
ဆယ်မိနစ်လောက်ကြာတော့ လင်းဖန်တို့သည်သူ့လိုရာလရီးကိုရောက်သွားခဲ့ကြသည်။
လင်းဖန်သည် နို့လက်ဖက်ရည်နှစ်ခွက်ကို ဦးစွာဝယ်ပြီးနောက် လင်းရှောင့်ရီနှင့်အတူစျေးဝယ်စင်တာတစ်ဝိုက်တွင် အေးအေးလူလူ လမ်းလျှောက်နေခဲ့သည်။
ပြောရမယ်ဆိုရင် ချင်ရီမြို့သည်မြို့ငယ်လေး ဖြစ်သဖြင့်ကုန်စျေးနှုန်းများသည်မြို့ကြီးများကဲ့သို့မမြင့်ပေ။
ရန်ရှီမော်တစ်ခုလုံးတွင် အဝတ်ထည်တစ်ထည်သည်ယွမ်10,000 ထက်မပိုပေ။
အစပိုင်းကလင်းရှောင်ရီ သည် မဆိုင်းမတွ အ၀တ်အစား အနည်းငယ်ဝယ်လိုခဲ့သည်။
ဒါပေမယ့် သူမ တကယ်ပဲ ရန်ရှီမော်ကို ရောက်တဲ့အခါ အဆပေါင်းများစွာ ပိုစျေးကြီးတဲ့ အဝတ်အစားတွေကို ကြည့်ပြီး ဂယ်ဖို့တွန့်ဆုတ်နေပြန်သည်။
လင်းရှောာင်ရီသည် အထည်ဆိုင် တစ်ခုပြီးတစ်ခု လည်ပတ်ကာ လှပပြီး စျေးသက်သာသော အဝတ်အစားများကို ဝယ်ရန်သာဆုံးဖြတ်ခဲ့သည်။
ဤအတွေးဖြင့် လင်းရှောင်ရီသည် ဈေးဝယ်ထွက်သောအခါ ပိုမိုပျော်ရွှင်လာခဲ့သည်။
သူမပျော်နေသော်လည်း လင်းဖန်ကတော့သိပ်မပျော်ပေ။
လင်းဖန်သည် သူ၏ခန္ဓာကိုယ်ကို အလွန်အားကောင်းစေသည့် နည်းပညာပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုင်ရာ အသွင်အပြင်ကို ပိုင်ဆိုင်ထားသည်။
သို့သော် တစ်နာရီကြာ ဈေးဝယ်ပြီးနောက် သူ့ခြေထောက်များသည် အနည်းငယ်ပျော့လာသည်။
သူအဝတ်အစားဆိုင်တစ်ဆိုင်သို့ ထပ်မံလျှောက်လာသောအခါ လင်းဖန်သည် အဝတ်အိတ်ကိုယူကာ အနားယူရန် ထိုင်ခုံပေါ်တွင် တိုက်ရိုက်ထိုင်ကာ လင်းရှောင်ရီကရွေးချယ်သည်ကိုကြည့်ပေးနေသည်။
လင်းရှောင်ရီ သည် လှပသော စကတ်ကို ကောက်ကိုင်လိုက်ပြီး အဝတ်လဲခန်းဆီသို့ ပြေးသွားလိုက်သည်။
ဒါပေမယ့် သူ့နောက်မှာ စုံတွဲတစ်တွဲရှိတယ်ဆိုတာသူမ မသိခဲ့ပေ။
လင်းရှောင်ရီသည် လေးလံသော မိတ်ကပ်လိမ်းခြယ်ထားသော အမျိုးသမီးကို ပြင်းထန်စွာ တိုက်မိကာသူမ၏ကိုယ်ပေါ်သို့နို့လက်ဖက်ရည်များ ဖိတ်ကျသွားခဲ့သည်။
“တောင်းပန်ပါတယ် တောင်းပန်ပါတယ်...” လင်းရှောင်ရီက က အလင်အမြန်တောင်းပန်လိုက်ပြီး အမျိုးသမီး၏ကိုယ်ပေါ်တွင်ဖိတ်ကျထားသော နို့လက်ဖက်ရည်ကို သုတ်ရန် တစ်ရှူးကို ထုတ်လိုက်သည်။
လေးလံသော မိတ်ကပ်လိမ်းခြယ်ထားသော အမျိုးသမီးက ကျားတစ်ကောင်လို ဒေါသထွက်ကာ “မင်းမျက်စိမပါဘူးလား။ဟမ် မင်းလုပ်လို့ငါရဲ့စျေးကြီးတဲ့အဝတ်အစားတွေညစ်ပတ်ကုန်ပြီ’’
စကားပြောနေစဉ်တွင် မိတ်ကပ်အထူကြီးလိမ်းထားသော အမျိုးသမီးက သူမ၏လက်ကို မြှောက်ကာ လင်းရှောင်ရီ၏မျက်နှာကိုရိုက်လိုက်သည်။
ကျယ်လောင်သော ပါးရိုက်သံကြောင့် အထည်ဆိုင်အတွင်း လူများသည်ချက်ချင်းပင်အသံလာရာကိုကြည့်လိုက်သည်။
တခဏချင်းမှာပဲလက်းရှောင်ရီ ရဲ့ မျက်နှာပေါ်မှာ လက်ငါးချောင်းရာတစ်ခု ပေါ်လာခဲ့ငည်။
မိတ်ကပ်ထူကြီးလိမ်းခြယ်ထားသော အမျိုးသမီးသည် သူမ၏ ဒေါသကို မပြေလျော့သေးဘဲ လင်းရှောင်ရီထပ်မံအပြစ်တင်လိုက်သည်။
လင်းရှောင်ရီ သည် ရိုက်နှက်ခံရမှုကြောင့် သူမ၏ သေးသွယ်သော ခန္ဓာကိုယ်သည်မြေပေါ်သို့ လဲကျသွားခဲ့သည်။
ဘေးတွင် အနောက်တိုင်း၀တ်စုံဝတ်ထားသော အမျိုးသားတစ်ဦးက “ငါ့ရည်းစားရဲ့အဝတ်အစားတွေကို ညစ်ပတ်အောင် လုပ်ဖို့ သတ္တိရှိလိုက်တာ။ ဘယ်လောက်တောင်ကန်းလဲမသိဘူး!”
စကားပြောနေစဉ်တွင် မြေပြင်ပေါ်လဲကျသွားသော ထပ်မံကန်ထုတ်လိုက်သည်။
ဒါပေမယ့် ဒီကန်ချက်ကို လင်းဖန်က ရပ်တန့်နိုင်ခဲ့သည်။
မိတ်ကပ်အထူကြီးနဲ့ ကောင်မလေး လင်းရှောင်ရီ ကိုသူ့ရည်းစားကန်လိုက်သောလိုက်သောအခါ လင်းဖန် က တားလိုက်သည်ကိုမြင်လိုက်ရသည်။
လင်းဖန်သည်ခုနကတည်းကမိတ်ကပ်ထူးကြီးလိမ်းထားသောမိန်းကလေးကသူ့ညီမကိုရိုက်တော့မည်ကိုမြင်လိုက်သောအခါတားစီးလျင်သော်လည်း အကွာအဝေးက အရမ်းဝေးလွန်းနေသည်။
လူတစ်ယောက်က သူ့ကန်တာကိုတားတာတွေ့တော့ ဒေါသတကြီးဖြင့် “မင်း ဘယ်သူလဲ၊ ငါကန်တာကိုဘယ်လိုတောင်တားစီးရဲတာလဲ’’
လင်းဖန်က လုံးဝပြန်မဖြေပေ။ သူ့ခြေထောက်ကို မြှောက်ပြီး လူတစ်ယောက်ကို ကန်ထုတ်လိုက်သည်။ ခပ်ဝေးဝေးက နံရံထိလွင့်ထွက်သွားခဲ့သည်။
လင်းဖန်က လင်းရှောင်ရီကို အရင်ဆုံး ကူညီခဲ့ပြီး “ရှောင်ရီ မင်း အဆင်ပြေရဲ့လား?”ဟုစိုးရိမ်တစ်ကြီးမေးလိုက်သည်။
ထိုအချိန်တွင် လင်းရှောင်ရီ၏ဘယ်ဘက်ပါးသည် တဖြည်းဖြည်း နီရဲလာပြီး ရောင်လာခဲ့သည်။
သူမမျက်လုံးများထဲမှ မိုးရေစက်များကဲ့သို့ ကြီးမားသော မျက်ရည်စက်များ တလိမ့်လိမ့်ကျလာတော့သည်။
လင်းရှောင်ရီ က ခေါင်းကိုတဆတ်ဆတ်ခါကာ “မဟုတ်ဘူး... ဘာမှမဖြစ်ပါဘူး...”ဟုဟိုသံဖြင့်ပြောလိုက်သည်။
ဒီစုံတွဲဟာ ပထမတစ်ချက်မှာ ရန်စဖို့မလွယ်ဘူးလို့သူမခံစားရသည်။သူမသည်သူမအကိုလင်းဖန် ကို ဒုက္ခမပေးချင်ပေ။
လင်းဖန်သည် လင်းရှောင်ရီ၏ သနားစရာကောင်းသော အသွင်အပြင်ကို ကြည့်ပြီး ဒေါသဖြစ်ကာ “ရှောင်ရီ၊ စိတ်မပူပါနဲ့၊ ငါ သူတို့ကို သေချာပေါက် သူတို့နှင့်တန်အောင်လုပ်ပေးမယ်’’မျက်တောက်နီဖြင့်ပြောလိုက်သည်။
စကားလုံးတွေကျလာပြီး နောက်လင်းဖန်က ချာခနဲလှည့်ကြည့်လိုက်ပြီး အေးစက်စက်စူးစူးရှတဲ့ မျက်လုံးတစ်စုံနဲ့ လေးလံတဲ့ မိတ်ကပ်လိမ်းထားတဲ့ အမျိုးသမီးကို စိုက်ကြည့်လိုက်သည်။
လေးလံသော မိတ်ကပ်လိမ်းခြယ်ထားသော အမျိုးသမီးသည် သူ့ယောက်ျားက အကန်ခံရခြင်းကြောင့်ပင် တုံ့လှုပ်နေကာအခုထပ်ပြီးလင်းဖန်၏ စိုက်ကြည့်ခြင်းကို ခံခဲ့ရပြီး အကြောင်းတစ်ခုခုကြောင့် သူမသည် ထိပ်လန့်သွားခဲ့သည်။
သူမငည်သတိလက်လွတ်ဖြင့်အနောက်ကိုခြေလှမ်းနှစ်လှမ်းဆုတ်လိုက်မိပြီး “မင်း... မင်းဘာလုပ်မလို့လဲ”
“တောင်းပန်ပါစမ်း” လင်းဖန်က အေးစက်စွာပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် လေးလံသော မိတ်ကပ်လိမ်းထားသော အမျိုးသမီး၏ မျက်နှာကိုဖြတ်ရိုက်လိုက်သည်။
တခဏချင်းမှာပဲ မိတ်ကပ်ထူထူနဲ့ အမျိုးသမီးရဲ့ မျက်နှာဟာ ချက်ချင်းနီလာပြီး ရောင်လာပြီး သူမလိမ်းထားတဲ့မိကပ်တွေ က ပျက်စီးသွားခဲ့သည်။
“တောင်းပန်ပါစမ်း”
နှစ်စက္ကန့်လောက် ခေတ္တရပ်ပြီးနောက် လင်းဖန်က ထပ်မံအော်ပြောလိုက်ပြီး သူ့လက်ကို ထပ်မံဝှေ့ယမ်းပြီး မိတ်ကပ်ထူထူနဲ့ အမျိုးသမီးရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။
ရုတ်တရက် မိတ်ကပ်ထူထူနဲ့ အမျိုးသမီးရဲ့ မျက်နှာဟာပိုမို နီရဲပြီး ရောင်ရမ်းလာပြီး သူမရဲ့ ဒုတိယ မျက်တောက်မွေးအတုတွေတောက်အောက်ကိုပြုတ်ကျသွားခဲ့သည်။
“တောင်းပန်စမ်း’’
လင်းဖန်က ထပ်မံအော်ဟစ်လိုက််ပြီး တတိယအကြိမ်ဖြတ်ရိုက်လိုက်သည်။
ဒီတစ်ကြိမ်ဖြတ််ရိုက်မှုရဲ့ အစွမ်းက လျော့မသွားရုံသာမက ပိုတိုးလာပြီး လေးလံတဲ့ မိတ်ကပ်လိမ်းခြယ်ထားတဲ့ အမျိုးသမီးကို မြေပြင်ပေါ် တိုက်ရိုက်ပြူတ်ကျကာ သွေးတစ်လုတ်အန်လိုက်ရသည်။
ရုတ်တရက် လေးလံသော မိတ်ကပ်လိမ်းထားသော အမျိုးသမီး၏ မျက်နှာတစ်ခုလုံးသည် ဝက်ခေါင်းကဲ့သို့ ရောင်ရမ်းနေပြီဖြစ်သည်။
လင်းဖန်ကသူ့ကိုယ်ထပ်မံရိုက်နှက်မည်ကိုကြောက်သဖြင့် ကြမ်းပြင်ပေါ် တွင်တုန်တုန်ယင်ယင်ဖြစ်ကာ မြေပြင်ပေါ်တွင် ဒူးထောက်ကာ ထိတ်လန့်တကြားအော်ကာ “တောင်းပန်ပါတယ် တောင်းပန်ပါတယ်။ ..ကျွန်မမှားသွားတာပါ...”
အရိုက်ခံရမှာကို လုံးဝကြောက်ပြီး နှာရည်နှင့်မျက်ရည်များတောင်ထွက်နေသည်။
လင်းဖန် က “ငါ့ကို တောင်းပန်ခိုင်းတာမဟုတ်ဘူး’’
မိတ်ကပ်အထူကြီးလိမ်းထားတဲ့ အမျိုးသမီးက လင်းရှောင်ရီစီသို့သွားပြီး “တောင်းပန်ပါတယ် ဒါငါ့အမှားက ငါ့အမှားပါ... မင်းကိုငါမရိုက်သင့်ဘူး၊ မတွန်းလိုက်သင့်ဘူး...”
ထိုအချိန်တွင် စာရေးသည် အလွန်ကြောက်လန့်သဖြင့် ထောင့်စွန်းတွင် ပုန်းနေပြီး စကားမပြောဝံ့တော့ပေ။
လင်းရှောင်ရီသည် မိတ်ကပ်အထူကြီးလိမ်းထားသော အမျိုးသမီး၏ ရုပ်ပျက်ဆင်းပြက်မျက်နှာကိုမြင့်ပြီးထိတ့်လန့်ပြီးနောက် “အစ်ကို...အစ်ကို ဒါကိုမေ့လိုက်ကြရအောင်နော်’’
ထိုအချိန်တွင် အနောက်တိုင်းဝတ်စုံအ၀တ်ဝတ်ထားသော အမျိုးသားသည် မြေပြင်မှ ထလာခဲ့သည်။
သူသည် သူ့ဗိုက်ကို ဆုပ်ကိုင်လိုက်ပြီး လင်းဖန်ကို လက်ညိုးထိုးကာ”ကောင်းတယ်၊အရမ်းကောင်တယ်၊ငါ့ကို ဒီလိုရိုက်ဖို့ ဘယ်သူမှ မရိုက်ရဲဘူး၊မင်းစောင့်နေသတ္တိရှိရင် ဒီမှာနေနေထွက်မသွားနဲ့!”
စကားပြောပြီးနောက် အမျိုးသားက သူ့လက်ကိုင်ဖုန်းကို ထုတ်ကာ အမြန်ဖုန်းခေါ်ဆိုလိုက်သည်။
“ရှင်းဝေ၊ငါက ပန်ဇောင်ရီပါ” ဟုပြောလိုက်သည်။
“အိုး ဇောက်ရီဘာကိစ္စရှိလို့လဲ” ရှင်းဝေ၏ တည်ငြိမ်သော အသံသည် ဖုန်းထဲမှထွက်လာသည်။
“ရှင်းဝေ၊ ငါ့ရည်းစား စန်းရှမ်းဟိုင် နဲ့ ငါ ရန်ရှီမော်ကKK အထည်ဆိုင်အဝင်ပေါက်မှာ အရိုက်ခံလိုက်ရတယ်။ ငါတို့ကို ကူညီဖို့ တစ်ယောက်ယောက်ကို ခေါ်လာခဲ့ပါ’’ ပန်ဇောင်ရီက ပြောလိုက်သည်။
ရှင်းဝေ က “ဘာလဲ? ငါ့နေရာမှာ မင်းကို တစ်ယောက်ယောက်က ရိုက်ဝံ့တာလား၊ သူ့ကို စောင့်ခိုင်းထားစမ်း၊ ငါလူတွေနဲ့ငါချက်ချင်းလာခဲ့မယ်။’’
ပန်ဇောင်ရီ သည် ရှင်းဝေ၏ဝမ်းကွဲဖြစ်သည်။
ပန်ဇောင်ရီ သာ အရိုက်ခံရလျှင် ရှင်းဝေကအဲ့လောက်ဒေါသမထွက်သေးပေ။
ဒါပေမယ့် စန်းရှမ်းဟိုင်ကတော့ မတူပေ။
ရှင်းဝေသည်ချင်ရီရှိ ရန်ရှီမော် ၏ ဌာနခွဲမန်နေဂျာဖြစ်သည်။
စန်းရှမ်းဟိုင်၏ဖခင်သည် ဂျေစီစနိတ်၏ဥက္ကဌဖြစ်သည်။
နှစ်စဉ်နှစ်တိုင်း၊ ဂျေစီစနိတ်ကုမ္ပဏီသည် ၎င်းတို့၏ အဆာပြေမုန့်များကို ရန်ရှီမော် ၏ စူပါမားကတ်သို့ ဝင်ရောက်ခွင့်ပြုရန်အတွက်ရှင်းဝေ အား ငွေအမြောက်အမြား ပေးခဲ့သည်။
စန်းရှမ်းဟိုင်၏ဖခင်သည် ရှင်းဝေအတွက် သောက်ရမ်းချမ်းသာသောသူဖြစ်သည်။
အရမ်းချမ်းသာသောသူ၏သမီးသည် ယခုအခါရန်ရှီမော်တွင် အရိုက်ခံရသောအခါ ရှင်းဝေသည် သဘာဝအတိုင်းဒီတိုင်းထိုင်မနေနိုင်တော့ပေ။သူသည်အရမ်းဒေါသထွက်နေသည်။
ဖုန်းချသွားပြီးနောက် ရှင်းဝေ သည် လုံခြုံရေးအစောင့် အယောက် ၃၀ ကျော်ကို အမြန်ခေါ်ကာ KK အထည်ဆိုင်ဆီသို့ အမြန်လျှောက်လာခဲ့သည်။
လင်းဖန်် ပန်ဇောင်ရီသည် တစ်စုံတစ်ဦးကို ခေါ်သည်ကို လံးဝဂရုမစိုက်ပေ။
လင်းဖန်သည် လူတစ်ရာနှင့် ဆက်ဆံရသော်လည်း ‘ကြမ်းတမ်းသော တိုက်ခိုက်’’ရေးရှိသူဖြစ်သောကြောင့် ယခုအခါကပြဿနာမရှိပေ။
ဒီနေ့ လင်းဖန်က သူ့ညီမကို အနိုင်ကျင့်တဲ့သူတွေကို သင်ခန်းစာတစ်ခုသေလျာပေါက်ပေးမည်ဟုဆုံးဖြတ်လိုက်သည်။
လင်းရှောင်ရီ က လင်းဖန်းကို မြန်မြန်ထွက်သွားဖို့ ပြောချင်ခဲ့သည်။
သို့သော် လင်းဖန်သည် ထွက်သွားရန် လုံးဝ မရည်ရွယ်ဘဲ ထိုင်နေလိုက်သည်။
လင်းရှောင်ရီသည် ပန်ဇောင်ရီ ၏ခေါ်ဆိုမှုကို ပြန်လည်အမှတ်ရပြီး သူမ၏စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများက ဒီရေကဲ့သို့ တိုးလာသည်။
ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် လင်းရှောင်ရီသည် ထောင့်နားသို့ တိတ်တဆိတ် လျှောက်လာပြီး ရဲကိုဖုန်းခေါ်လိုက်သည်။
အမှားပါသွားရင်သည်းခံပေးပါဗျ။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး