မင်းထဲကဘယ်သူသူ့ကိုထိရဲလဲ
Vol. 2 Ch. 20
ရှင်းဝေသည် ရန်ရှီမော်တွင် နှစ်အတော်ကြာ အလုပ်လုပ်ခဲ့ပြီး ဤနေရာ၌ အရာအားလုံးကိုအလွန်ရင်းနှီးသည်။
ခဏအကြာတွင် လုံခြုံရေးအစောင့်အဖွဲ့ကြီးတစ်ဖွဲ့သည် KK အထည်ဆိုင်ရှေ့သို့ရောက်လာခဲ့သည်။
ပန်ဇောင်ရီ သည် အဝေးမှရှင်းဝေတို့လာသည်ကိုမြင်လိုက်ရပြီး လက်ကိုဝှေ့ယမ်းကာ “ရှင်းဝေ၊ဒီမှာ၊ ငါဒီမှာ”
စကားပြောနေစဉ်တွင် လင်းဖန်ကိုအလွန်အေးစက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။
မျက်နှာတစ်ခုလုံး ဝက်ခေါင်းကဲ့သို့ ရောင်ရမ်းနေသော စန်းရှမ်းဟိုင် သည် လူများစွာ လာနေသည်ကို မြင်လိုက်ရသောအခါတွင် အလွန်ဝမ်းသာသွားပြီးချက်ချင်းပင်မောက်မာသွားခဲ့သည်။
သူမသည်လင်းဖန်ကို လက်ညှိုးထိုးပြီး “အဲဒါ သူပဲ၊ သူက ငါ့ကို ရိုက်လိုက်တာ။ ရှင်းဝေ၊မင်းသူ့ကိုငါ့အစားသင်ခန်းစာ သင်ပေးလိုက်’’။
စန်းရှမ်းဟိုင်၏ သနားစရာကောင်းသော အသွင်အပြင်ကို မြင်သောအခါ ရှင်းဝေအံ့အားသင့်သွားပြီး “ညီမ ရှမ်းဟိုင်၊စိတ်မပူပါနဲ့၊ ငါ သူ့ကို မှတ်လောက်သားလောက်အောင်သင်ခန်းစာပေး ပေးမယ်” လို့ ကတိပေးလိုက်သည်။
ထို့နောက် ရှင်းဝေသည်လင်းဖန်ကို ကြမ်းတမ်းစွာဖြင့်”ကောင်လေး၊ မင်းက အရမ်းသတ္တိကောင်းတာပဲ၊ မင်းကငါတို့ ရန်ရှီမော်မှာ ပြဿနာရှာဝံ့တယ်! ဟုတ်လား၊မင်းကို အခုပဲငါတို့ ရန်ရှီမော်ကတန်ဖိုးကြီးပစ္စည်းကိုမင်းခိုးတယ်လို့သံသရာရှိတယ်’’
“ညီအစ်ကိုတို့ သူ့ကိုဖမ်းပြီး လုံခြုံရေးအခန်းကို ခေါ်သွားပြီးတော့ စုံစမ်းမှုအဖြေကို စောင့်နေမယ်!”
ရှင်းဝေ၏ အကြံအစည်သည် အလွန်ရိုးရှင်းပါသည်။
ယခုအချိန်သည်ရန်ရှီမော်တွင် လူများစွာရှိသည်။
လင်းဖန်ကို လူသိရှင်ကြား သင်ခန်းစာပေးလို့မရပေ။
မဟုတ်ရင် သးပဲဒုက္ခရောက်လိမ့်မယ်ဖြစ်သည်။
လင်းဖန်းကို လုံခြုံရေးအခန်းထဲခေါ်သွားဖို့ အကြောင်းပြချက်ရှာနေတာပဲဖြစ်သည်။သူတို့သူ့ကိုခေါ်သွားပြီးရင်ကြိုက်သလောက်ပညာပေးလို့ရပြီဖြစ်သည်။
လင်းဖန်သည် အခင်းဖြစ်ပွားရာနေရာရှိ လုံခြုံရေးအစောင့်ကို ကြည့်လိုက်ရာ သူ့မျက်နှာပေါ်တွင် ထူးဆန်းသောအကြည့်တစ်ခုပေါ်လာသည်။
မူလက သူတို့ခေါ်ဖို့စီစဉ်ထားတဲ့လူတွေအားလုံးကို သင်ခန်းစာကောင်းကောင်းပေးမယ်လို့စည်စဉ်ထားသည်။
သို့သော် ဤလုံခြုံရေးအစောင့်များသည်ရန်ရှီမော်မှဖြစ်သည်။ အဲဒါ ငါ့ရဲ့ဝန်ထမ်းမဟုတ်ဘူးလား။
ဒါကိုတွေးမိပြီး လင်းဖန်က သူ့လက်ကိုင်ဖုန်းကို ထုတ်ပြီး နံပါတ်တစ်ခုကိုခေါ်လိုက်သည်။
ရှင်းဝေ က လင်းဖန်ဖုန်းခေါ်တာကိုမြင်တော့ အထင်အမြင်သေးပြီး “တစ်ယောက်ယောက်ကို ခေါ်မလို့လား၊ အိုး ငါတွေ့ချင်လိုက်တာ၊ ငါတို့ ရန်ရှီမော် မှာ ခိုးယူသူတွေကို ဘယ်သူက ကးညီပေးမလဲဆိုတာ’’။
လုံခြုံရေးအစောင့်တွေက လင်းဖန်ကို ဖမ်းဖို့လုပ်နေသည်ကို ချက်ချင်းရပ်ထားလိုက်ပြီး လင်းဖန်ရဲ့ ပြက်လုံးတွေကို မြင်ချင်ပုံပေါ်သည်။
...
ရန်ရှီဂရု ဌာနချုပ်၊ အစည်းအဝေးခန်း။
ဘုတ်အဖွဲ့ဥက္ကဋ္ဌ စုဇောင်ဖန် သည် ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ၊ ဒါရိုက်တာနှင့် အခြားအမှုဆောင်အရာရှိများနှင့် အဆင့်မြင့်အစည်းအဝေးတစ်ခု ပြုလုပ်နေသည်။
ထိုအချိန်တွင် စုဇောင်ဖန်၏ ဖုန်းသည် လျင်မြန်စွာ တုန်ခါလာသည်။
စုဇောင်ဖန်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ အစည်းအဝေးတစ်ခုအတွင်း ဖုန်းလာခြင်းဖြင့် အနှောက်အယှက်ဖြစ်ခြင်းကို သူမကြိုက်ပေ။ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ချက်ချင်း ဖုန်းချဖို့လိုက်လိုက်သည်။ဒါပေမဲ့ဖုန်းဆက်တဲ့နံပါတ်ကိုကြည့်လိုက်တော့ရုတ်ရက်ထိန့်လန့်သွားခဲ့သည်။
စုဇောင်ဖန်သည် လုံးဝ တုံ့ဆိုင်းခြင်းမရှိဘဲ ဖုန်းကို အမြန်ချိတ်ဆက်လိုက်သည်။
“မစ္စတာလင်း ဘာကိစ္စရှိလို့လဲခင်ဗျ” စုဇောင်ဖန်က သတိထားပြီး ပြောလိုက်သည်။
“အခုငါ့ကို ချင်ရီမှာရှိတဲ့ရန်ရှီမော်က လုံခြုံရေးအစောင့် ဒါဇင်နဲ့ချီပြီး ငါ့ဝိုင်းထားတယ်။ သူတို့တွေကငါ့ကို ရန်ရှီမော်က ပစ္စည်းတွေ ခိုးယူသံသရာရှိတယ်လို့ပြောတယ်။အခု သူတို့က ကျွန်တော့်ကို ဖမ်းပြီး လုံခြုံရေးအခန်းကို သွားချင်နေတယ်’’
လင်းဖန်သည် စကားပြီးသောအခါတွင် သူ သည်တိုက်ရိုက်ဖုန်းချလိုက်သည်။
ဒီစကားကို စုဇောင်ဖန်ကြားတော့ သူ့နဖူးမှာ အေးစက်တဲ့ ချွေးတွေထွက်လာတော့သည်။
သူ ဘာကြားလိုက်တာလဲ။
လင်းဖန်... ချင်ရီက ရန်ရှီမော် တွင် လုံခြုံရေး အစောင့် ဒါဇင်ပေါင်းများစွာဖြင့်ဝိုင်းရံခံထား ရသည်။
ပြီးတော့ရန်ရှီမော်ကပစ္စည်းကိုခိုးယူတယ်လို့ပြောလိုကသေးသည်။
ဒီလုံခြုံရေးအစောင့်တွေက ဘယ်လောက်တောင် သတ္တိရှိလိုက်လဲ။ !
လင်းဖန်သည် ရန်ရှီဂရု၏ရှယ်ယာ 51% ကို ပိုင်ဆိုင်သည်။
ရှန်ရှီမော်တစ်ခုလုံးကို ဖြိုဖျက်လိုက်လျှင်တောင် ပြဿနာ တစ်စုံတစ်ရာ မရှိပေ။
ပစ္စည်းခိုးဖို့လား။
ဟာသလုပ်မနေပါနဲ့။
လင်းဖန်သည် နောက်ဆုံးတွင် ရှယ်ယာများ၏ အမြတ်ဝေစုများသာပေးရန် ဆုံးဖြတ်ခဲ့သည်။သူကဒီလိုကိစ္စတွေကိုစိတ်မဝင်စားတာရှင်းနေပြီဖြစ်သည်။
ဒီလုံခြုံရေးအစောင့်တွေ၊ ဒီလိုလူကို..... နှိုးဆော်ဝံ့တယ်လား။
“အသုံးမကျတဲ့ကောင်တွေကွာ” စုဇောင်ဖန်က ကျိန်ဆဲလိုက်သည်။
အစည်းအဝေးခန်းရှိအဆင့်မြင့်လူများသည် စုဇောင်ဖန်ပြောဆိုနေသည်ကိုသာကြည့်ရှုနေကြသည်။
စုဇောင်ဖန် သည် အစည်းအဝေးလုပ်ချိန်တွင်လုံးဝဖုန်းမဖြေခဲ့ပေ။
ဒီနေ့တော့ သူသည်ဖုန်းကိုကိုင်လိုက်သာ်။
ပြီးတော့ ဖုန်းပြန်ဖြေတဲ့အခါမှာလည်း အရမ်းသတိထားနေရသည်။ သူ့လေသံတွင် လဲမြှောက်ပင့်ပေးသည့် အရိပ်အမြွက်ပင် ရှိနေသေးသည်။
နောက်ဆုံးမှာတော့ ဒေါသကိုမထိန်းနိုင်ဘဲစူဇောင်ဖန်သည်တိုက်ရိုက်အော်ငေါက်ခဲ့သည်။
နာမည် လင်း?
သူတို့သည် မကြာသေးမီက အဖွဲ့၏ရှယ်ယာ 51% ကိုရယူခဲ့သော လျှို့ဝှက်ဆန်းကြယ်သောလူလို့၊အမှုဆောင်များအားလုံးသည် ၎င်းတို့၏ နှလုံးသားထဲတွင် ထင်ကြေးများ ရှိကြသည်။
ဒါပေမယ့် စုဇောင်ဖန်ကတော့ ဒါတွေကိုဂရုမစိုကပေ။ သူ့ရှေ့ရှိလက်တော့ပ်ကို အမြန်ဖွင့်လိုက်သည်။ရှာဖွေပြီးနောက်၊ သူသည်ချင်ရီအထွေထွေမန်နေဂျာ ဇောင်ချမ်၏ နံပါတ်ကို အမြန်ခေါ်ဆိုလိုက်သည်။
...
ဖောက်သည်များနှင့်စီးပွားရေး ဆွေးနွေးပြီးနောက် ဇောင်ချမ်သည် ရန်ရှီမော်၏ ကားရပ်နားရာသို့ တိုက်ရိုက်မောင်းလာပြီး စာရွက်စာတမ်းအချို့ကို လုပ်ဆောင်ရန် ရုံးသို့ ပြန်သွားရန် အဆင်သင့်ဖြစ်ခဲ့သည်။
ဒီအချိန်မှာ သူ့အိတ်ကပ်ထဲရှိဖုန်းကအသံမြည်လာသည်။
သူသည်ဖုန်းကိုပေါ့ပေါ့ပါးပါးထုတ်ကာနံပါတ်ကိုတစ်ချင်ကြည့်လိုက်သည်။
နောက်အခိုက်အတန့်တွင် ဇောင်ချမ်၏ မျက်လုံးများသည် ရုတ်တရက် ကျုံ့သွားကာ နှလုံးတစ်ခုလုံး လျင်မြန်စွာခုန်လာသည်။
ဇောင်ချမ်သည် အလွန်သတိကြီးသောသူဖြစ်သည်။ သူသည် ကုမ္ပဏီ၏ ထိပ်တန်းစီမံခန့်ခွဲရေးမှူးများ၏ နံပါတ်များအားလုံးကို သိမ်းဆည်းထားပြီးတစ်ခုချင်းစီကိုသေချာမှတ်ထားသည်။
ထိုအချိန်တွင်၊ ဤဖုန်းခေါ်ဆိုမှုသည်... အမှန်တကယ်ဥက္ကဌ စုဇောင်ဖန်ထံမှ လာခြင်းဖြစ်သည်။
ဇောင်ချမ် သည် စိတ်လှုပ်ရှားပြီးအဖြေခလုတ်ကို နှိပ်လိုက်သည်။
“မင်္ဂလာပါ ဥက္ကဌ”
“ကောင်းပြီ၊ မင်းဘယ်လိုတွေလုပ်နေတာလဲဇောင်ချမ် ၊မင်း ဘယ်လိုလုပ်ပြီး အထွေထွေ မန်နေဂျာ ဖြစ်လာတာလဲဟမ်၊ မင်း လာဘ်ထိုးပြီးဝင်လာတာလား....ဟမ်” စုဇောင်ဖန်သည်ခက်ချင်းပင်ဟောက်လိုက်သည်။
ဇောက်ချမ်သည် သူ့ကိုဥက္ကဌဆူမည်ဟုဘယ်တော့မှမတွေးခဲ့မိပေ။ စက္ကန့်အနည်းငယ်ကြာပြီးနောက်၊ “ဥက္ကဌ၊ ကျွန်တော် ဘာကိုပြောတာဘဲနားမလည်ဘူး...”
“နားမလည်ဘူး ဟုတ်လား...ဟမ့်၊ဒါဆို ပြောပြမယ်၊ချင်ရီမြို့ရဲ့ ရန်ရှီမော်မှာ လုံခြုံရေး အစောင့် ဒါဇင်ပေါင်းများစွာက ရန်ရှီဂရုရဲ့ အကြီးဆုံးရှယ်ယာရှင် မစ္စတာ လင်းဖန်ကို ပစ္စည်းခိုးယးမှုနဲ့ဖမ်းထားတာလဲ....ဟမ်’’ဇောင်ဖန်ကဒေါသတကြီးဖြင့်အော်ပြီးပြောလိုက်သည်။
ဇောင်ချမ် သည် သူ့နားထဲတွင် ဗုံးတစ်လုံးတိုက်ရိုက်ပေါက်ကွဲသွားသလို ခံစားလိုက်ရပြီးလုံးဝ အံ့အားသင့်သွားခဲ့သည်။
မကြာသေးမီက၊လျှို့ဝှက်ဆန်းကြယ်သူတစ်ဦးသည် ရန်ရှီဂရု ၏ရှယ်ယာ 51% ကိုဝယ်ယူခဲ့ပြီး ရန်ရှီဂရု၏အကြီးမားဆုံးရှယ်ယာရှင်ဖြစ်လာခဲ့သည်ဟူသော အတင်းအဖျင်းသတင်းကိုသိရှိခဲ့ရသည်။
အခု၊ အကြီးဆုံးရှယ်ယာရှင်ကို သူစီမံခန့်ခွဲတဲ့ ကုန်တိုက်မှာ ဝိုင်းထားပြီး သူ့ကို လုံခြုံရေးက ဖမ်းဖို့လုပ်နေတာလား။
ဒါ...ဒါက သေချာပေါက် ကြီးတဲ့ ကိစ္စပဲ!
ဇောင်ချမ်က ထိတ်လန့်တကြားနဲ့ “ဒါ... ဥက္ကဌ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး နားလည်မှုလွဲမှားနေတာ ဖြစ်နိုင်ပါတယ်... ကျွန်တော် အလုပ်ကိစ္စရှိလို့အခုမှရန်ရှီမော်ပြန်ရောက်တာပါ။’’
“မြန်မြန်လုပ်စမ်း၊ မစ္စတာလင်းဖန် ကျေနပ်ရအောင်လုပစမ်း၊မဟုတ်ရင်တော့.....ဟမ်!” စုဇောင်ဖန်၏စူးစူးဝါးဝါး အသံကြောင့် ဇောင်ချမ်လန့်သွားခဲ့သည်။
မူလက ဇောင်ချမ်သည် ရန်ရှီမော်ရုံးခန်းဆီသို့ မီတာ ၁၀၀ အရှိန်ဖြင့် ကုန်တိုက်ဆီသို့ ပြေးသွားခဲ့သည်။
အရှိန်ပြင်းပြင်းပြေးလာသောကြောင့် ဇောင်ချမ်သည်မြေပြင်ပေါ်သို့ မတော်တဆ ပြုတ်ကျသွားခဲ့သည်။
ဒါပေမယ့် သူ့ဒူးများပွန်းသွားသည်ကို လုံးဝဂရုမစိုက်ဘဲ အမြန်ဆုံးအရှိန်နဲ့ ပြေးပြီးသွားလိုက်သည်။
KK အထည်ဆိုင်ရှေ့။
ရှင်းဝေသည် လင်းဖန်ခကအချိန်ဆွဲနေသည်ကို ထင်လိုက်သည်နှင့် ရန်ရှီမော်မှ သူ့လူများဘက်သို့ လှမ်းကြည့်လိုက်သည်။
နှောင့်နှေးမနေနိုင်တော့ဘူး၊ မဟုတ်ရင်... အဲဒါက သူ့ကိုယ်မလိုအပ်တဲ့ ဒုက္ခတွေ ယူဆောင်လာလိမ့်မယ်လို့ ခံစားရသည်။
ထို့နောက် ရှင်းဝေက “ညီအစ်ကိုတို့၊ နောက်ထပ်အချိန်မဖြုံးနဲ့တော့၊ မြန်မြန်လေးအကြမ်းဖက်ခြင်းနဲ့ပစ္စည်း ခိုးသူကို လုံခြုံရေးအခန်းဆီ ခေါ်သွားပါ။ ပြီးတော့ စုံစမ်းစစ်ဆေးမှုကို သေချာလုပ်ပါ။”
လုံခြုံရေးအစောင့်များသည် ပြောတာကိုကြားတော့ ရပ်မနေရဲဘဲ လင်းဖန်ကို ဝိုင်းထားလိုက်ကြသည်။
ထိုအချိန်တွင် အဝေးမှ ဒေါသတကြီး အော်ဟစ်သံကြီး အသံထွက်ပေါ်လာသည်။
“အရမ်းကောင်းတယ်မင်းတို့သူ့ကိုဘယ်သူထိရဲလဲငါကြည့်မယ်’’
အမှားပါရင်သည်းခံပေးပါဗျ။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး