← Chapters

မင်္ဂလာပါ မစ္စတာလင်း

Vol. 2 Ch. 21

မင်္ဂလာပါ မစ္စတာလင်း

Vol. 2 Ch. 21

လုံခြုံရေးအစောင့်များသည် ရင်းနှီးနေသာ့်ဒီအသံကိုကြားတော့ချက်ချင်းရပ်သွားကြသည်။

ထို့နောက် အစည်းအဝေး၏ထိပ်တွင် ထိုင်လေ့ရှိသော အထွေထွေမန်နေဂျာ ဇောင်ချမ်ကို တွေ့လိုက်ရသည်။

ရှင်းဝေ သည် ဇောင်ချမ်ကသူ့ ကို သတိပေးဖို့ လုံးဝမမျှော်လင့်ထားခဲ့ပေ။ သူ့စိတ်ထဲမှာ ဆိုးရွားတဲ့ ကြိုတင်သတိပေးချက်တစ်ခုရှိနေသည်။သူ့သည်အလျင်အမြန် “ဇောင် မင်းဘာကိစ္စရှိလို့လဲ၊ ထိုင်ပြီး ပြောလို့ရပါတယ်’’ လို့ပြောလိုက်သည်။

ဇောင်ချမ်က သူ့ကို လုံးဝ လျစ်လျူရှုလိုက်ပြီး ရှေ့ကို လျှောက်လာကာ “ခွင့်လွှတ်ပါ... မစ္စတာလင်းဖန် က ဘယ်သူလဲ?”

သူ့လက်တွေကို အိတ်ကပ်ထဲထည့်ထားပြီး အမြဲတမ်း ပေါ့ပေါ့ပါးပါးနဲ့ ဘာမှမထူးခြားတဲ့ပုံရှိတဲ့ လင်းဖန်က “အဲ့ဒါက ငါပဲ” လို့ ပြောလိုက်သည်။

ဇောင်ချမ်သည် လင်းဖန် ၏ ငယ်ရွယ်သောအသွင်အပြင်ကို ကြည့်ကာ ထိတ်လန့်သွားခဲ့သည်။

သို့သော် သူသည် မည်သည့်အရာကိုမျှ မထီမဲ့မြင်မပြုဝံ့ပေ။

ဆန့်ကျင်ဘက်အနေနှင့် လင်းဖန်ကို ပို၍လေးစားလာခဲ့သည်။

ဇောင်ချမ်၏အမြင်အရ အသက်နှစ်ဆယ်ကျော်လူငယ်တစ်ဦးသည် ရန်ရှီဂရု ၏ရှယ်ယာ 51% ကိုပိုင်ဆိုင်ထားသည် ။

သူ့နောက်မှာ စိတ်ကူးမယဉ်နိုင်တဲ့ ဘီလူးတစ်ကောင်ရှိမှာကို သူကြောက်သည်။

ဇောင်ချမ် က ခါးကိုကိုးဆယ်ဒီဂရီကို ကွေးပြီး “မစ္စလင်း၊ တောင်းပန်ပါတယ်၊ ဒါက ငါ့ဝန်ထမ်းတွေကို ကောင်းကောင်းမစီမံခန့်ခွဲနိုင်လို့ မင်း ကိုစိတ်အနှောင့်အယှက်ဖြစ်စေခဲ့မိဘီ...”

ဒါကို ရှင်းဝေမြင်လိုက်တဲ့အခါ သူ့နှလုံးသားထဲမှာ ဆိုးရွားတဲ့ ကြိုတင်သတိပေးချက်တွေက ပိုအားကောင်းလာလဲ့သည်။

“ဇောင်၊ ဒီကိစ္စမှာ နားလည်မှုလွဲမှားနေသလားလို့၊ ဒီလူငယ်က ငါတို့ကုန်တိုက်မှာ ပြဿနာရှာပြီး ဂျေနီစနိတ်ကုပ္မဏီ ဥက္ကဌရဲ့သမီးကို နှိပ်စက်ပြီး ပစ္စည်းတစ်ခုခု ခိုးထားတာ’’ လို့ ပြောလိုက်သည်။

ရှင်းဝေ၏သည် အတွေးသည်အလွန်ရိုးရှင်းသည်။

ဂျေနီစနိတ်ကုပ္မဏီသည် ရန်ရှီမော်နှင့်ကြီးမားသော ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းတစ်ခုလည်းဖြစ်သည်။

သို့သော်...

ရှင်းဝေက ဒါကို မပြောပဲနေရင်တောင်ကောင်းနေသည်။ ဒါကို သူပြောတဲ့အခါ ဇောင်ချမ် ရဲ့ နှလုံးသားက မီးတောက်သွားခဲ့သည်။

ဇောင်ချမ်သည်ရုတ်တရပ်လှည့်ပြီး ရှင်းဝေကိုအေးစက်စွာဖြင့်”မစ္စတာလင်းသည် ကျွန်ုပ်တို့၏ ရန်ရှီဂရု၏ အကြီးမားဆုံးရှယ်ယာရှင်ဖြစ်သည်။’’

ဒါကိုပြောပြီးတာနဲ့ ရှင်းဝေသည်လုံးဝ အေးခဲသွားလဲ့သည်။

ရန်ရှီ​ဂရု၏ အကြီးမားဆုံးရှယ်ယာရှင်။

ဒါက ဘာကိုဆိုလိုတယ်ဆိုတာ သူအတိအကျသိသည်။

သံပြား၊ ဒါတကယ့်ကိုသံပြားကြီး။

သူသည်ဝင်ငွေမြင့်မားပြီး အလုပ်လုပ်ရတာလွယ်ကူသော ရန်ရှီမော်၏မန်နေဂျာဖြစ်သည်။

ရှင်းဝေသည် ဆွေမျိုးများနှင့် သူငယ်ချင်းများရှေ့တွင် အခါအားလျော်စွာကြွားဝါခဲ့သည်။

အခုတော့သူကြောက်သည်။

ရှင်းဝေ၏နှလုံးသားထဲတွင်အဆုံးမဲ့နောင်တများဖြင့်ပြည့်နှက်နေသည်။

ထိုအချိန်တွင် အဝေးမှ စုံစမ်းရေးမှူး သုံးဦး ရောက်လာခဲ့သည်။

သူတို့အထဲမှာ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ပြေးရှိသူက “ဘယ်သူက ရဲကိုခေါ်လိုက်တာလဲ၊ ဒီမှာ ဘာဖြစ်တာလဲ” ဟု မေးသည်။

လင်းရှောင်ရီဟာ ဒီလိုမျိုးတွေ ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

ရန်ရှီမော်၏ အထွေထွေမန်နေဂျာသည်လင်းဖန်ကို အမှန်တကယ် လေးစားခဲ့ပြီး သူသည် ရန်ရှီဂရု ၏ အကြီးမားဆုံးရှယ်ယာရှင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် လင်းရှောင်းရီ သည် ပထမအကြိမ် ဖြင့်မေးခွန်းကို မဖြေနိုင်တော့ပေ။

ပန်ဇောင်ရီ က သူ့ဘေးမှာ ရပ်နေသည့် ဂန်စူကိုမြင်ပြီးနောက်တွင် သူ၏မျက်လုံးများသည် တောက်ပလာပြီး “ဂန်စူ မင်းဒီမှာရှိနေရတာ အရမ်းကောင်းတာပဲ”

ထို့နောက် သူက လင်းဖန်ကို လက်ညှိုးထိုးပြပြီး “ဒီလူက ငါ့ကို အကြောင်းပြချက်မရှိ ရိုက်နှက်တယ်၊မင်း သူ့ကို မြန်မြန်ဖမ်းသင့်တယ်’’

ယနေ့ တွင်ရှင်းဝေသည် လင်းဖန်ကို သင်ခန်းစာပေးနိုင်တော့မည် မဟုတ်ကြောင်း ပန်ဇောင်ရီက သိသည်။

သူ စိတ်ပျက်သွားသောအခါတွင် သူ့အထက်တန်းကျောင်း အတန်းဖော် ဂန်စူကိုတွေ့လိုက်သည်။

ဒါက လင်းဖန်ကို သင်ခန်းစာပေးဖို့ မျှော်လင့်ချက်ကို အလင်းရောင်ကိုမြင်စေခဲ့သည်။

ထိုအချိန်တွင် လင်းရှောင်ရီ ကလည်း “ဦးလေး ကျွန်မကရဲခေါ်လိုက်တာပါ၊ အစ်ကိုက သူ့ကို အကြောင်းပြချက်မရှိဘဲ ရိုက်ခဲ့တာ မဟုတ်ပါဘူး!”

“သူတို့က ငါ့အကို ကိုအရင်ရိုက်တာ၊ငါ့အစ်ကိုက သူ့ကိုယ်သူကာကွယ်ဖို့ အတွက်ပြန်တိုက်တာ”

ဂန်စူသည် ပန်ဇောင်ရီ ညွှန်ပြသည့် လမ်းကြောင်းအတိုင်း ကြည့်လိုက်သည်။

နောက်အခိုက်အတန့်မှာ သူ့​မျက်လုံးတွေပြူးကျယ်ပြီးရုတ်တရက်ထိန့်သွားခဲ့သည်။

သူပဲ။

လွန်ခဲ့သည့်ရက်အနည်းငယ်က ဂန်စူ သည် ကပ္ပတိန်၊ အကြီးတန်းခေါင်းဆောင်များနှင့် အခြားသူများနှင့်အတူ ချင်ရီဆေးရုံသို့ သွားရောက်လည်ပတ်ခဲ့သည်။

သို့သော် လူငယ်တစ်ယောက်သည် ရုတ်တရက်ခေါင်းဆောင်ကြီးထံ ရောက်လာသည်။

ထို့နောက် ခေါင်းဆောင်က တိုက်ရိုက်ပင်လာရောက်လည်ပတ်မှုကို ရပ်ဆိုင်းခဲ့သည်။

ထို့နောက်တွင်၊ ဂန်စူ သည် ကပ္ပတိန်ထံမှ လူငယ်လေးသည် အလွန်ထူးခြားကြောင်း သိရှိလာခဲ့သည်။ သူ့ဆွေမျိုးတွေရဲ့ ရောဂါကို ကုသဖို့အတွက် ခေါင်းဆောင်က ကိုယ်တိုင်ကိုယ်ကျ အကူအညီပေးခဲ့သည်။

နောက်တစ်နေ့တွင်ပင် ခေါင်းဆောင်ကြီးသည် ခွဲစိတ်မှုပြုလုပ်ရန် ၎င်း၏ဆွေမျိုးများကို သွားရောက်ကြည့်ရှုကာ ဆေးရုံသို့ လိုက်လာခဲ့သည်။

ဒီလူငယ်က သေချာပေါက် အကြီးကြီးပင်ဖြစ်သည်။

ဂန်စူသည်ဒီလူကြီးကို မကြာခင် ပြန်တွေ့မယ်လို့ မမျှော်လင့်ထားခဲ့ပေ။

ဝက်ခေါင်းကဲ့သို့ ရောင်ရမ်းနေသော စန်းရှမ်းဟိုင်က “သူ့ကို မြန်မြန်လာဖမ်းပါ! ငါက ဂျင်စီစနိတ်ကုပ္မဏီဥက္ကဌရဲ့ သမီး စန်းရှမ်းဟိုင်ပါ။ သူငါ့ကို ရက်ရက်စက်စက်ရိုက်လိုက်တာ’’။

“မင်း သူ့ကို ဖမ်းပြီး သင်ခန်းစာ ပေးရင် ငါ့ဖေဖေ မင်းကို ကောင်းကောင်းကြီး ဆုချလိမ့်မယ်”

ခေါင်းဆောင်ကြီးတွေတောင် ဂရုတစိုက် ဆက်ဆံရမဲ့ လူကြီးတွေကို ဖမ်းခွင့်ပြုပါ ။

ဂန်စူ၏မျက်နှာသည် နစ်မြုပ်သွားပြီး လက်ထိတ်များကို ထုတ်ကာ စန်းရှမ်းဟိုင်၏လက်တွင် သော့ခတ်ထားလိုက်သည်။

ပန်ဇောင်ရီ က ထိတ်လန့်သွားပြီး “ဂန်စူ မင်းက လူမှားပြီး ဖမ်းလိုက်တာ။ မင်းမရီးကို ဘာလို့ ဖမ်းထားတာလဲ။”

“အဲဒါက ငါတို့ကိုဝင်ရိုက်တာ ဟိုက ကောင်ကို ဖမ်းသင့်တယ်!”

ခွေးကောင်?

အဲဒီလူကြီးကို ကြိမ်းမောင်းတယ်လား?

သူဘယ်လိုတောင်သတ္တိရှိတာလဲ!

နောက်ပြီး ခယ်မအကြောင်း မရီးအကြောင်းလာပြောနေသည်။

ဤအရာက ပန်ဇောင်ရီနှင့် ဆက်ဆံရေးကောင်းရှိနေသည်ဟု မှားယွင်းစွာထင်မြင်စေခဲ့သည်မဟုတ်ပါလား။

ဂန်စူက “ပါးစပ်ပိတ်ထား! ပန်ဇောင်ရီ မင်းဘာပြောနေတာလဲ”

“မင်းနဲ့ငါကအထက်တန်းကျောင်းက သာမန်အတန်းဖော်တွေပဲ၊ မင်းက ငါ့အစ်ကိုဖြစ်နေရင်တောင် မင်းအတွက် ငါဘာမှမလုပ်ပေးနိုင်ဘူး!”

“ဘာလို့လဲဆို​တော့ ငါက တရားမျှတမှုအတွက်​ စုံစမ်း​ရေးမှူးတစ်​​ယောက်​မို့လို့!”

ဂန်စူသည်လင်းရှောင်ရီကို လက်ညှိုးထိုးပြပြီး “ဒီမိန်းမက မင်းသူ့ကို အရင်ရိုက်လိုက်တာလို့ ပြောပြီး သူ့အစ်ကိုက ပြန််တိုက်ခိုက်တာ၊သူတို့ကိုယ်သူတို့ ကာကွယ်တာပဲ!”

ထို့နောက် ဂန်စူသည် စန်းရှမ်းဟိုင် အား လေးနက်စွာဖြင့် “မင်းအတွက်ကတော့ မင်းဟာ အများသူငှာ အရာရှိတစ်ယောက်ကို လာဘ်ထိုးတယ်လို့ သံသယရှိနေတာပဲ၊ဒါကြောင့်မင်းကို အခု မင်းကို ဖမ်းထားတယ်။”

စန်းရှမ်းဟိုင်သည်အထိတ်တလန့်ဖြစ်သွားကာ “ငါ...မလုပ်ဘူး...”

“မဟုတ်ဘူး၊ ငါတို့အားလုံးမှာ နိုင်ငံဥပဒေစိုးမိုးရေးရှိတယ်။” ဂန်စူက ထိုစကားကို ပြောပြီးနောက် သူသည် စကားရပ်လိုက်ပြီး စန်းရှမ်းဟိုင် နှင့် အဝေးသို့ ထွက်ခွာသွားရန် ပြင်ဆင်လိုက်ကြသည်။

ထိုအချိန်တွင် သူ့ဘေးတွင်ရပ်နေသော ဇောင်ချမ် က “စုံစမ်းရေးမှူး၊ ဟဲလို၊ ငါက ရန်ရှီမော် ရဲ့ အထွေထွေမန်နေဂျာ ဇောင်ချမ် ပါ။ တစ်ခုခုကို သတင်းပို့ချင်လို့ပါ။”

စကားပြောနေစဉ် ဇောင်ချမ် က ရှင်းဝေကို လက်ညှိုးထိုးပြပြီး “သူက ရှင်းဝေ ၊ ငါတို့ ရန်ရှီမော်ရဲ့ မန်နေဂျာပါ”

“သူဟာ ဂျင်စီစနိတ်ကုပ္မဏီနဲ့ အမြတ်အစွန်းတွေကို လွှဲပြောင်းရယူပြီး လာဘ်စားကာ ဂျင်စီစနိတ်ကုပ္မဏီရဲ့ အတုအယောင်ထုတ်ကုန်များစွာကို ကျွန်တော်တို့ရဲ့ ရန်ရှီမော် မှာ ရောင်းချဖို့ သူ့ရဲ့ရာထူးကို အခွင့်ကောင်းယူခဲ့ပါတယ်။”

“တစ်ချိန်တည်းမှာပဲ၊ သူက ငါတို့ ရန်ရှီမော်မောလ်ရဲ့ လုံခြုံရေးကို သူ့ရဲ့ မြေအောက် အင်အားစု ဖြစ်လာအောင် လှုံ့ဆော်ပေးခဲ့တယ်။ အခုပဲ ရှင်းဝေ က မြင့်မြတ်တဲ့ မစ္စတာလင်းကို ဘောင်ခတ်ပြီး သူ့ကို အကြမ်းဖက် ခြိမ်းခြောက်မှုတွေ အသုံးချချင်ခဲ့တယ်”

ဂန်စူ သည် အကျင့်ပျက်ခြစားမှုနှင့် လာဘ်ပေးလာဘ်ယူမှုများစွာကို ကြုံတွေ့ခဲ့ရသည်။

သို့သော်ရှင်းဝေသည် မစ္စတာလင်းအား အကြမ်းဖက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများကို လုပ်ချင်နေသေးသည်။

သေချာပေါက်ကို..... လုံးဝမသနားပေ။

ဂန်စူကကျယ်လောင်စွာဖြင့် “အရမ်းဆိုးတာပဲ၊ သူ့ကိုအခုပဲကိုဖမ်းခိုင်းလိုက်စမ်း’’

ရှင်းဝေသည် လက်ထိတ်ကို ၀တ်ထားလိုက်ပြီး တစ်ကိုယ်လုံး ပျော့ခွေသွားကာ မြေပြင်ပေါ်တွင် တိုက်ရိုက် ဒူးထောက်ချလိုက်သည်။

သူသိတယ်... သူပြီးသွားပြီဆိုတာကိုပေါ့။

မကြာခင်မှာပဲ ရှင်းဝေ၊စန်းရှမ်းဟိုင်တို့ကိုဖမ်းခေါ်သွားကြသည်။

ပန်ဇောင်ရီသည် မြင်ကွင်းတစ်ခုလုံးတွင် ခဏရပ်ပြီး ငြိမ်နေခဲ့သည်။

သို့သော် သူ၏ ထိတ်လန့်မှုသည် အခြားသူများထက် မနည်းလှပေ။

စန်းရှမ်းဟိုင်နဲ့ ရှင်းဝေ တို့ဟာ သူတို့ကိုယ်သူတို့လုပ်ရပ်ကြောင့်ဖမ်းခေါ်သွားကြသည်။ဇောင်ချမ်ပြော​ပြသောအကြောင်းကြောင့် ဂျင်စီစနိတ်၏ ထုတ်ကုန်များ၏ အရည်အသွေး ပြဿနာများကို တွေ့ရှိပါက ၎င်းတို့၏ ကံကြမ္မာသည် ...

ပန်ဇောင်ရီက ဒါကို တွေးရုံနဲ့ တုန်လှုပ်သွားခဲ့သည်။

အမှားပါရင်သည်းခံပေးပါခင်ဗျ။

ကမ္ဘာပေါ်တွင်ငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters