← Chapters

အမှန်တရားမျက်လုံး

Vol. 2 Ch. 22

အမှန်တရားမျက်လုံး

Vol. 2 Ch. 22

ဇောင်ချမ်သည် လင်းဖန်ကို ညစာစားဖို့ ဖိတ်ချင်နေသည်။

ယခုလင်းဖန်သည် အနည်းငယ်နီပြီး ရောင်နေသေးသည့် ဘင်းရှောင်ရီ၏ မျက်နှာကို ဆေးထည့်ပေးချင်သည်နှင့်ငြင်းလိုက်သည်။

Lamborghini ထဲပြန် ဝင်လာကြသည်။

လင်းရှောင်ရီစိတ်လှုပ်ရှားစွာဖြင့် “အစ်ကို၊ မင်း ဘယ်တုန်းက တိုက်ခိုက်ဖို့ သင်ယူခဲ့တာလဲ၊ မင်း သူတို့တွေကို သင်ခန်းစာပေးတဲ့ဟာအရမ်းလှတာပဲ!”

လင်းရှောင်ရီ၏ စကားပြောသောအခါစိတ်လှုပ်ရှားမှုများကြောင့် သူမသည် နီရဲပြီး ရောင်ရမ်းနေသော မျက်နှာကို မတော်တဆ ထိမိကာ နာကျင်စွာ အော်လိုက်သည်။

လင်းဖန်က “စကား​ပြောမနေနဲ့ ငါမင်းကို ဆေးသွားဝယ်ပေးမယ်။”

လင်းရှောင်ရီက “ဘာဆေးကို သုံးမှာလဲ၊ ရေခဲတုံးနည်းနည်းလောက် ယူလိုက်ရင်ရပြီလေ။”

နောက်ဆုံးတွင် လင်းဖန် သည် လင်းရှောင်ရီအတွက် ဆေးအချို့ဝယ်နှင့် ရေခဲဗူးများဝယ်လာခဲ့သည်။

လင်းရှောင်ရီ၏မျက်နှာကိုဆေးလိမ်းပြီးရေခဲအအုံပေးလိုက်သည်။

ချင်ရီဆေးရုံသို့ ပြန်ရောက်သောအခါ လင်းရှောင်ရီ၏ မျက်နှာတွင် နီရဲပြီး ရောင်ရမ်းခြင်း များလုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ထိုအချိန်တွင် လင်းဖန်၏ ဆဲလ်ဖုန်းသည် ကျယ်လောင်စွာမြည်လာသည်။

“မစ္စတာလင်း၊ ဒီနေ့ အတွက်စိတ်မကောင်းပါဘူး၊ ချင်ရီရန်ရှီမော်ရဲ့ သက်ဆိုင်ရာဝန်ထမ်းတွေကိုအလေးအနက်ထားပြီး ကိုင်တွယ်ပါ့မယ်” စုဇောင်ဖန်က သတိထားပြီး ပြောလိုက်သည်။

လက်းဖန်က “ရပါတယ် ဇောင်ချမ်ကတော့ကောင်းကောင်းလုပ်ခဲ့ပါတယ်၊ဒါပေမယ့် နောင်မှာ ဒီလိုမျိုး လုံးဝထပ်မဖြစ်စေချင်ဘူး။”

“ဟုတ်ကဲ့၊မစ္စတာလင်းစိတ်ချပါ!” စုဇောင်ဖန်သည်ပြောပြီးသင်နဲ့သက်ပြင်းချလိုက်သည်။

ဖုန်းချပြီးနောက်။

လင်ရှောင်ရီ က “အစ်ကို၊ မင်းတကယ်ပဲ ရန်ရှီမော်ရဲ့ အကြီးမားဆုံးရှယ်ယာရှင်လား?”

“ဟုတ်တယ်၊ နောင်မှာ မင်းအဝတ်အစားတွေ ဝယ်ချင်သရွေ့ စျေးနှုန်းကို ဂရုမစိုက်ဘဲ တိုက်ရိုက်ဝယ်လို့ရတယ်၊ မင်းအစ်ကိုငါအတွက်ပိုက်ဆံမရှားပေ” လင်းဖန်က ပြောလိုက်သည်။

လင်းရှောင်ရီ သည် လင်းဖန်၏ပါးကို နမ်းလိုက်ပြီး “အစ်ကိုက အကောင်းဆုံးပဲ!”

သူတို့နှစ်ယောက်ချင်ရီ၏ VIP အခန်းသို့ ရောက်သောအခါ လင်းတန်သည် အခန်းထဲတွင် အပြန်ပြန်အလှန်လှန် လျှောက်သွားနေသည်။

ဒေါင်ဝမ်ဝမ်ကတော့ အဝတ်တွေအားလုံးကို သေတ္တာထဲကို ခေါက်ထည့်နေသည်။

“ဖေဖေ မေမေ မက်းတို့ဘာလုပ်နေတာလဲ” လင်းဖန်က မေးလိုက်သည်။

လင်းတန် က “ငါ ဆေးရုံမှာ နေရတာ ပျင်းလွန်းလို့ လွန်ခဲ့ တဲ့ နှစ်ရက် လောက်က ပုံမှန် ဖောက်သည် တော်တော်များများ က ငါတို့ရဲ့ အထည်ဆိုင်အလျိန်ဖွင့်မှာလဲ ဖုန်းဆက်ပြီး မေးနေကြတယ်…ဒါကြောင့် ဒီနေ့ ဆေးရုံက ဆင်းတော့မယ်။ .”

“ဒီနေ့ ဆေးရုံက ဆင်းမလို့လား” လင်းဖန်က “ဖေဖေ၊ မင်း ခွဲစိတ်မှု လုပ်ထားတာမကြာသေးဘူး၊ဒါကြောင့် နောက်ထပ် ရက်အနည်းငယ်လောက်ထပ်နေကြရအောင်”

လင်းတန် က “ငါကဒီမီာ ဘယ်လိုနေရမလဲ။ ဆေးရုံကဆရာဝန်တွေက ဆေးရုံကဆင်းဖို့ သဘောတူလိုက်ပြီ၊ငါဒီမှာ ထပ်နေမယ်ဆိုရင် ဒီရောဂါအပြင်တခြားရောဂါတွေကိုတောင်ရချင်ရနိုင်လိမ့်မယ်” ဟုလင်းတန်က ပြောလိုက့သည်။

လင်းဖန်သည် အဓိပ္ပာယ်ရှိလှသည်ဟု ထင်သည်။ အဲဒါကို စဉ်းစားပြီးနောက် သူက “ဆေးရုံက ဆင်းရတာ ကောင်းပါတယ်၊ ဒါပေမယ့် အထည်ဆိုင်က ဖွင့်စရာ မလိုပါဘူး။ ချင်ရီဒါမှမဟုတ် ကျန်ပေ့ မှာ အဖေတို့အတွက် ဗီလာတစ်လုံး ဝယ်ပေးမယ်လေ......”

“မဝယ်ပါနဲ့... ငါတို့အိမ်က တော်တော်လေးကောင်းနေပြီ၊ ငါတို့ အဲ့ကြောင့်ဘယ်လို့အိမ် ပြောင်းရမှာလဲ” လင်းတန် က သူ့လက်ကို အထပ်ထပ်အခါခါ ဝှေ့ယမ်းပြီး “အထည်ဆိုင်က သိပ်အားစိုက်ထုတ်စရာ မလိုပါဘူး၊ ဆိုင်ဖွင့်ဖို့ပဲလိုတယ်လေ။’’

ဒေါင်ဝမ်ဝမ် က “ရှောင်ဖန် မင်းအခု ပြောနေတာကိုငါတို့သိပါတယ်၊ ငါတို့ကကိုယ့်အိမ်မှာပံကိုယ်နေပြီးစီးပွားရေးလုပ်ချင်တယ်လေ။ပြီးရင် မင်းအဖေနဲ့ ငါကစီတန်လမ်းမှာ တစ်သက်လုံး နေထိုင်ခဲ့ကြပြီး အသိမိတ်ဆွေတွေ အားလုံးကလဲရှိတယ်လေ။ ငါတို့ရုတ်တရတ် တခြားနေရာကို ပြောင်းသွားရင်သူတို့ငါ့ကိုအပြစ်တင်နေကြလိမ့်မယ်’’။

“ဒါ့အပြင် မင်းအဖေနဲ့ ငါက အသက်မကြီးသေးပါဘူး။ ငါတို့က အိမ်မှာနေပြီး နေ့တိုင်း ဘာလုပ်စရာမှမရှိ​ဘဲနေနေရမှာပျင်းစရာကြီး”

“ဒါကြောင့်ငါတို့မပြောင်းချင်ဘူး၊အထည်ဆိုင်ကဖွင့်ရက်ဆိုရင်အချိန်ကုန်ရင်ကုန်မှန်းတောင်မသိဘူး’’

လင်းဖန် က ကူကယ်ရာမဲ့ စွာဖြင့်”ဒါ... ဒါပေမယ့် အဖေ၊အမေတို့သိပ်ပင်ပင်ပန်းပန်းဟာတွေမလုပ်ပါနဲ့၊ပြီးရင်ထမင်းကိုဂရုစိုက်စားပြီးကျန်မားရေးကိုဂရုစိုက်ပါ’’။

“စိတ်မပူပါနဲ့။” ဒေါင်ဝမ်ဝမ်ကပြုံးပြီးပြောလိုက်သည်။

လင်းဖန်သည် နောက်သုံးရက်ကြာအောင် စီတန်လမ်းတွင် မိဘများနှင့်အတူ နေထိုင်ခဲ့သည်။

အဆိုပါ သုံးရက်တာအတွက် လင်းဖန်သည် နေ့စဉ် နေ့လယ် ၁၂ နာရီတွင် ငွေသားအိတ်နီအိတ်များ အားလုံးကို ဖွင့်လှစ်ခဲ့ပြီး သုံးရက်တာ အိပ်ခြင်း၊ အသက်ရှူခြင်း၊ လမ်းလျှောက်ခြင်းမှ ရရှိသည့် ငွေများဖြစ်ပြီး လင်းဖန်သည် စုစုပေါင်း ၃ သိန်းကျော် ရခဲ့သည်။

ယခုအချိန်တွင် လင်းဖန်၏ လက်ကျန်ငွေသည် 13.2 သန်းသို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်သည်။

ဒီနေ့မှာတော့ သူ့မိဘတွေရဲ့ တိုက်တွန်းချက်အရ လင်းဖန် ဟာ Lamborghini ကို မောင်းနှင်ပြီး ကျန်ပေ့မြို့သို့မောင်းနှင်လာခဲ့သည်။

လင်းတန်နှင့် ဒေါင်ဝမ်ဝမ်တို့၏ အကြောင်းပြချက်များသည် အလွန်ရိုးရှင်းပါသည်။ လင်းဖန်သည် နောက်ဆုံးတွင် ကျန်ပေ့တက္ကသိုလ်တွင် ပညာသင်ကြားရန် အထူးစုဆောင်းခံရသည်။ ကျောင်း ပျက်ရက်များနေတာကြာလှပြီမို့ ဆရာ့သည်သူ့ကိုမလေးစားသည်ဟုထင်စေသည်။

ဒီအကြောင်းများကြောင့် ကျောင်းထွကလိုက်ရ်ရင် တကယ်နောင်တရစရာဖြစ်သည်။

လင်းဖန်က သူ့မိဘတွေအပြင် သူ့အဖေရဲ့ ခန္ဓာကိုယ်ကို သူကူညီနိုင်တဲ့ကိစ္စမရှိပေ။

ထို့ကြောင့် သူသည် ကျန်ပေ့သို့ ပြန်သွားခဲ့ရသည်။

လင်းဖန်သည် လွန်ခဲ့သော ရက်အနည်းငယ်က ချင်ရီသို့ ရောက်လာသောအခါတွင် သူသည် အလွန်စိုးရိမ်နေခဲ့သည်။ သူသည် ခရီးတစ်လျှောက်လုံး အမြန်ဆုံးအရှိန်ဖြင့် မောင်းနှင်ပြီး ချင်းရှီသို့ အချိန်တိုအတွင်း ရောက်ရှိလာခဲ့သည်။

ယခု ကျန်ပေ့ သို့ပြန်ရောက်သောအခါ သူသည် တစ်လမ်းလုံး အဆက်မပြတ် အရှိန်တင်ပြီးမောင်းနှင်သောကြောင့်လိုက်လျောညီထွေရန် အချိန်အတော်ကြာမည်ဖြစ်သည်။

Lamborghini ကို ခဏလောက် မောင်းပြီးလင်းဖန်က သိပ်ပြီး မတွေးထားပေ။

သို့သော်လည်း အချိန်အကြာကြီး ကားမောင်းပြီးနောက် သူ့ခါးသည် တဖြည်းဖြည်း နာကျင်လာခဲ့သည်။

လင်းဖန်က “ငါအချိန်ရရင် ပိုကြီးတဲ့ကားဝယ်ရမယ်ထင်တယ်’’ လို့ ရေရွတ်ရင်း လင်းဖန်က မမောင်းနိုင်လဲမောက်းရမည်ဖြစ်သည်။

လင်းဖန်သည် ကျန်ပေ့ ဟစ်တို ဟိုတယ် သို့ ပြန်ရောက်သောအခါ အချိန်သည် ၁၂ နာရီ ထိုးနေပြီဖြစ်သည်။

ဖုန်းက အနည်းငယ်တုန်ခါသွားပြီး စာအိတ်အနီတစ်ခု ချက်ချင်းပေါ်လာသည်။

“Ding၊ ဂုဏ်ယူပါတယ် မင်း 5000 ယွမ်ရရှိခဲ့သည်။”

“Ding၊ ဂုဏ်ယူပါတယ် မင်းမှာ ယွမ် 10,000 ရခဲ့သည်။”

...

“Ding! ဂုဏ်ယူပါတယ် မင်း 5 ယွမ် ရရှိခဲ့တယ်”

“Ding! ဂုဏ်ယူပါတယ် မင်း အမှန်တရားမျက်လုံး စွမ်းရည်ကို ရရှိခဲ့သည်။’’

ယခုအချိန်12:01 နာရီသို့ ရောက်ရှိနေပြီဖြစ်သည်။

လင်းဖန် က “ငါ ချင်ရီမှာရှိတုန်းကတော့ ပိုက်ဆံပဲရရှိခဲ့သည်။အခု ကျန်ပေ့ကို ပထမဆုံးရောက်တော့ကျွမ်းကျင်မှုတစ်ခုကိုရခဲ့သည်၊ကျန်ပေ့က ငါ့အတွက်ကံကောင်းတဲ့နေရာပဲ”

စကားပြောနေစဉ်တွင် လင်းဖန်သည် အမှန်တရားမျက်လုံးကို အာရုံစိုက်လာခဲ့သည်။

[အမှန်တရားမျက်လုံး- 1. အမျိုးသမီးများ၏ စစ်မှန်သော အလှကို သင်မြင်နိုင်သည် (အမှတ်အသား 100 ပြည့်သည်။ မှတ်ချက်- ၀တ်ဆင်ခြင်း၊ အသက်) ၏ အသွင်အပြင်ကို ထိခိုက်ပါသည်။ 2. အမျိုးသမီးများသည် အိမ်ရှင်ကို အထင်ကြီးလေးစားကြသည် (အမှတ် 100 ပြည့်သည်)။ အမှန်တကယ် လှပသော အလှများကို ရွေးချယ်ပြီး ၎င်းတို့၏ ရိုးသားမှုကို ရရှိခြင်းသည် လှပသော အမျိုးသမီးတိုင်းကိုပြုလုပ်သင့်သည် ။ 】

Lin Fan က “အမှန်တရားမျက်လုံးဒါက စိတ်ဝင်စားဖို့ကောင်းတယ်။”

...

တစ်ဖက်တွင်၊ ကျူရှင်းရသည် များစွာအားစိုက်ထုတ်ခဲ့ပြီး နောက်ဆုံးတွင် သူ့အစ်ကိုသည်ဝမ်ကျင်းဝမ်ရှင်နတီသို့ ပြောင်းရွှေ့ခဲ့သည်။

ထို့နောက် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ဖြင့်အိမ်သို့ပြန်လာခဲ့သည်။

ဤအချိန်တွင် မိခင် ချမ်မိဖန် သည် ပျော်ရွှင်စွာ လမ်းလျှောက်လာပြီး “ရှင်းရာ၊ မင်း ပြင်ဆင်ပြီး မျက်မမြက် တွေ့သင့်တယ်” လို့ ပြောလိုက်သည်။

ကျူရှင်းရသည်ကူကယ်ရာမဲ့စွာဖြင့် “အမေ၊ နောက်တစ်ခါ မျက်မမြင်တွေ ထပ်တွေ့ဦးမှာလား”

ချမ်မိဖန်က သူ့သမီးကို တွေ့ဖို့ တွန့်ဆုတ်နေပုံကိုတွေ့လိုက်ပြီး”ဒီကောင်လေးက လင်းဖန် နဲ့ မတူဘူး၊လင်းဖန်ရဲ့ မိသားစုက ဆင်းရဲတယ်၊ ဒီကောင်လေးက စက်ရုံတစ်ခုမှာအလုပလုပ််တယ်၊ သူ့မှာ Mercedes Benz ကားနှစ်စီးရှိတယ်” လို့ ပြောလိုက်သည်။

ချန်မိဖန် က ဒီလိုပြောတဲ့အခါ သူ့မျက်နှာတစ်ပြင်လုံးက အပြုံးတွေနဲ့ ပြည့်လို့နေသည်။

ကျူရှင်းရ က “လင်းဖန် ရဲ့ မိသားစုက ဆင်းရဲတာဆိုရင် ဒီကမ္ဘာမှာ ချမ်းသာတဲ့သူ တစ်ယောက်မှရှိမှာမဟုတ်ဘူး။’’

“သူဌေးလား။ ရှင်းရမင်းဘာပြောနေတာလဲ၊ လင်းဖန်ကဘယ်လိုလုပ်ကြွးသူဌေးဖြစ်မှာလဲ” ချမ်မိဖန် က ပြောလိုက်သည်။

ဒီတော့ ကျူရှင်းရသည် လွန်ခဲ့တဲ့ရက်က ဖြစ်ပျက်ခဲ့တာကို ပြောပြလိုက်တော့သည်။

ချမ်မိဖန် က ချက်ချင်းပင် “ရှင်းရ၊ မင်း လင်းဖန် က လှည့်စားခဲ့ရတာဖြစ်မယ်။ သူ့မှာ ဇိမ်ခံကားနဲ့ အိမ်တစ်အိမ်လုံး ဝမ်ကျင်းစီးတီးမှာ ဘယ်လိုလုပ်ရှိနိုင်မှာလဲ။ သူတို့မိသားစုကိုလည်း ငါကောင်းကောင်းသိပါတယ်။”

“အမေ၊မင်းမသိပါဘူး လင်းဖန်ရဲ့အဖေက မနေ့ က နေမကောင်းဖြစ်လို့ သူ့အမေက ပိုက်ဆံချေးပေးဖို့ ဖုန်းဆက်လိုက်တယ်။”

“လင်းဖန် ရဲ့ မိသားစုက ပိုက်ဆံရှိရင် ငါ့ကို ဘာလို့ပိုက်ဆံချေးပေးဖို့ လာတောင်းရမှာလဲ”

ကျူရှင်းရ သည် သူ့အမေ၏စကားများကို နားထောင်ရင်း ထိတ်လန့်သွားကာ ထိတ်လန့်သွားခဲ့သည်။

ခဏအကြာတွင် သူက မယုံနိုင်စွာဖြင့် “အမေလင်းဖန်ရဲ့အမေက.......မင်းကို ပိုက်ဆံချေးခိုင်းတာ တကယ်လား”

“ငါမင်းကိုဘာလို့လိမ်ရမှာလဲ’’ ချမ်မိဖန်က သူ့လက်ကိုင်ဖုန်းကို ထုတ်လိုက်ပြီး ဖုန်းခေါ်ဆိုမှုမှတ်တမ်းတစ်ခုကို လှမ်းခေါ်ပြလိုက်သည်။

သေချာပေါက်အဲ့ဖုန်းနံပါပတ်ကဒေါင်ဝမ်ဝမ်ရဲ့ ဖုန်းနံပါတ် ပတ်ပင်ဖြစ်သည်။

ကျူရှင်းရသည်ချက်ချင်း သဘောပေါက်သွားတော့သည်။

ထို Lamborghini ကို လင်းဖန်မှ အမှန်တကယ် ငှားရမ်းခဲ့သည်။

ထို့အပြင် လင်းဖန် သည် ဝမ်ကျင်းဝမ်ရှင်နတီ တွင် အိမ်တစ်လုံး မရှိသေးဘဲ ဝန်ထမ်းကို သရုပ်ဆောင်ရာတွင် ကူညီပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်မယ်ဟုကောက်ချက်ချလိုက်သည်။

လင်းဖန်သည် ချမ်းသာသောလူမဟုတ်ဘဲတကယ့်ကိုဆင်းရဲမွဲတေသောသူဖြစ်သည်ဟုသူမတွေးလိုက်သည်။

အမှားပါရင်သည်းခံပေးပါခင်ဗျ။

ကမ္ဘာပေါ်တွင်ငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters