ပရော်ဖက်ဆာနယ်ဘတ်စကတ်ဘောကျွမ်းကျင်မှု
Vol. 2 Ch. 24
မနက်ခင်းနေသည်အရှေ့အရပ်မှထွက်ပေါ်ခဲ့သည်။
လင်းဖန်သည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူ့လက်ကိုင်ဖုန်းဖြင့်အေးအေးဆေးဆေး ကစားနေသည်။ပြတင်းပေါက်မှ ရံဖန်ရံခါ စာငှက်ကလေးအော်သံများကိုလဲသူကြားရသည်။
ထိုအချိန်တွင် မူဇောင်သည်သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ မနေ့ကအရက်အရမ်းသောက်မိသောကြောင့် မူးဝေနေသော ခေါင်းကို ပွတ်လိုက်ပြီး “ညီကိုတို့ အိပ်ရာထချိန်ရောက်ပြီ” ဟု အသံကြီးဖြင့် ပြောလိုက်သည်။
“ကောင်းပြီ။” လင်းဖန်က တုံ့ပြန်လိုက်ပြီး ကုတင်ပေါ်ကနေ တိုက်ရိုက်ထလိုက်သည်။
ဇောင်ချင်းဘိုက “လင်းဖန် ငါ ဘယ်သူ့ကိုမှ အထင်ကြီးတာ မဟုတ်ဘူး။ဒါပေမယ့် မင်းကို တစ်ကယ့်ကိုအထင်ကြီးတယ်ကွ!”
“မနေ့က ငါတို့ သုံးယောက်လုံးမူးအောင် သောက်ခဲ့တယ်ငါတို့သာမူးတာမင်းကတော့ဘာမှမဖြစ်ဘူး’’
လင်းဖန်သည်ဘယ်လောက်သောက်သောက်မမူးပေ။ဘာလို့ဆိုသူ့ရဲ့စနစ်စီကနေ ဘယ်လောက်သောက်သောက်မမူးခြင်းစွမ်းရည်ကိုရရှိထားသောကြောင့်ဖြစ်သည်။
“လင်းဖန်၊ မင်း အရှေ့မြောက်ဒေသက မဟုတ်ဘူးမလား” စုရီက ပြောသည်။
လင်းဖန်က ပြုံးပြီး “အရှေ့မြောက်ဒေသကမဟုတ်ဘူး။ငါ့ဇာတိက ချင်ရှီကပါ၊ဒါကြောင့်မြန်မြန်ထကြရအောင်’’။
သူတို့သည် လင်းဖန်ပြောသည်ကိုသဘောပေါက်ပြီး နောက်ဆုံးတွင်ကုတင်ပေါ်ကနေ ထလိုက်ကြသည်။
ငယ်ရွယ်တာဟာကောင်းတယ်လို့ပြောရမည်။
သူတို့နိုးလာသောအခါတွင် ဇောင်ချင်းဘို၊ မူဇောင်နှင့် စုရီတို့သည် အလွန်ခေါင်းမူးနေသေးသည်။
ဒါပေမယ့် သးတို့နိုးလာပြီးမနက်စာစားပြီးသောအခါသူတို့သုံးယောက်စလုံးပုံမှန်ပြန်ဖြစ်သွားကြသည်။
နံနက်ခင်းသည် ပါမောက္ခဟောင်း ရှင်းပြသော သင်္ချာသီအိုရီ အတန်းဖြစ်သည်။ ဇောင်ချင်းဘိုနှင့် စုရီတို့သည် ငိုက်မျဉ်းနေကြသည်။
မူဇောင် သည် သင်္ချာပါမောက္ခဟောင်းရှင်းပြသည်များကိုဂရုတစိုက်လိုက်နားထိုင်နေသည်။
လင်းဖန်သည် တစ်ခါတစ်ရံ သင်ခန်းစာများကို နားထောင်ပြီး နောက်တွင်သူ့ဘာသာသူ စာအုပ်များကို လှန်ကြည့်နေလိုက်သည်။
အတန်းပြီးသောအခါ ခေါင်းလောင်းထိုးသံမြည်လာသည်။
မူဇောင် “လင်းဖန် မင်းသင်္ချာနားမလည်တာရှိရင် ငါ့ကိုအချိန်မရွေး လာမေးလို့ရတယ်။”
လင်းဖန်သည် အတန်းထဲရှိစဉ်က စာလိုက်နားမထောင်ဘဲ စာအုပ်များကို ဟိုလှန်ဒီလှန်ကြည့်နေသည်ကို သူသတိပြုမိသည်။
ထို့ကြောင့် လင်းဖန်သည် နားမလည်နိုင်ဟု သူထင်လိုက်သည်။
သို့သော် လင်းဖန်သည် သင်္ချာ အကြောင်းရင်းကို နားမလည်သောကြောင့် မဟုတ်ဘဲ အလွန်ရိုးရှင်းလွန်းသည်ဟု ခံစားမိသောကြောင့်ဖြစ်သည်ကိုမူဇောင် က ဒါတွေကိုမည်သို့သိမည်နည်း။
ဇောင်ချင်းဘိုက သမ်းဝေလိုက်ပြီး “ဟုတ်တယ် မူဇောင်က တခြားကဏ္ဍတွေမှာ မတော်ချင်နေမယ်၊ ဒါပေမယ့် သူ့ရဲ့စာလေ့လာမှုက တော်တော်လေးကောင်းတယ်”
“ငါဘယ်ကိုမတော်လို့လဲ” မူဇောင် က ခက်ချင်းကန့်ကွက်လိုက်သည်။
ဇောင်ချင်းဘိုရယ်ပြီး “ဒါဆို ဒီည ကလပ် သွားမလား?”
“ကောင်းပြီ၊စကားပြောတာတောရအောင်၊ ကန်တင်းသွားရအောင်နောက်ကျလို့နေရာမရဘဲဖြစ်နေအုံးမယ်” စုရီကဝင်အကြံပေးလိုက်သည်။
ကျန်ပေ့တက္ကသိုလ်ကန်တင်း နှင့်လင်းဖန် အထက်တန်းကျောင်း ကန်တင်းကြားတွင် ကြီးမားသော ခြားနားချက်တစ်ခု ရှိသည်။
လင်းဖန်၏ အထက်တန်းကျောင်းစားသောက်ဆိုင်သည် လမ်းမှာကျွေးသည့်စတုဒီသာနဲ့တူသည်။
ဒါပေမယ့် ကျန်ပေ့တက္ကသိုလ်ရဲ့ကန်တင်းသည်ကတော့ လုံးဝကွဲပြားသည်။
ကြက်ကင်၊ဘဲကင် ၊ အသားကင် ၊ ခေါက်ဆွဲကျော်စသဖြင့် တစ်ခြားအမျိုးပေါင်း များစွာရှိသည်။
ကျန်ပေ့တက္ကသိုလ် ကျောင်းသားများသည် စားရန်အတွက်ရောတိုင်းတွင်တန်းစီနေကြသည်။
ဒီအချိန်နေ့လယ် 12:00 ။
လင်းဖန်၏ဖုန်းသည် အနည်းငယ်တုန်ခါသွားပြီး စာအိတ်အနီတစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။
လင်းဖန်သည် ဝင်တန်းစီလိုက်ပြီးသူ့အလှည့်ကျမည်ကိုစောင့်ကာဖုန်း စခရင်ကို ပွတ်နေလိုက်သည်။
“ဒင်း! ဂုဏ်ယူပါတယ် မင်း 5 ယွမ် ရခဲ့သည်။’’
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း ယွမ် ၁၀၀၀ ရရှိခဲ့သည်။”
...
“ဒင်း၊ ဂုဏ်ယူပါတယ် မင်းယွမ် 10,000 ရရှိခဲ့သည်။”
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 3 ယွမ် ရခဲ့သည်။’’
“ဒင်း၊ဂုဏ်ယူပါတယ်၊ မင်း ပရော်ဖက်ရှင်နယ် ဘတ်စကတ်ဘော စွမ်းရည်ကို ရရှိခဲ့သည်။’’
နေ့လယ်12:01မိနစ်တွင်စာအိတ်နီများဆက်မရှိတော့ပေ။
ထိုအချိန်တွင် လင်းဖန်သည် ဟင်းလျာများကို ရွေးချယ်ရန် အလှည့်ကျလာပြီဖြစ်သည်။
လင်းဖန်သည်လေးယောက်စလုံးအတွက် အသားတွေ အများကြီး ရွေးပြီး သူတို့အားလုံး အလွန်ပျော်ရွှင်စွာ စားသောက်နေကြသည်။
စုရီ က “ဒီနေ့မွန်းလွဲပိုင်းမှာ အတန်းချိန်မရှိဘူး။ သူငယ်ချင်းတွေနဲ့ ဘတ်စကတ်ဘောကစားဖို့ ချိန်းထားတာရှိတယ်။ လင်းဖန် အတူတူလာကစားမလား။”
လင်းဖန်သည် နေ့ခင်းဘက်တွင် ဘာမှ လုပ်စရာမရှိဟု တွေးကာ သူ့တွင် ပရော်ဖက်ရှင်နယ် ဘတ်စကတ်ဘော ကျွမ်းကျင်မှု ရှိသေးသောကြောင့် ဤအခွင့်အရေးကို စမ်းသုံးကြည့်ချင်နေသည်။
လင်းဖန်က ဒါကိုစဉ်းစားပြီး နောက် “ကောင်းပြီ” လို့ပြောလိုက်သည်။
စုလင်းက လင်းဖန် ရဲ့ ပခုံးပေါ်လက်တင်လိုက်ပြီး “ကောင်းတယ် အစ်ကို!”
နောက်တော့ သူ စဉ်းစားမိလိုက်သည်။ မနေ့က လင်းဖန်က သူ ဘတ်စကတ်ဘော မကစားတာကြာပြီလို့ပြောထားသည်။
ထို့နောက် သူသာ် “စိတ်မပူပါနဲ့ ငါတို့ရဲ့ အရည်အချင်းကလဲ သိပ်မကောင်းပါဘူး၊မရိုက် တတ်ရင်တောင်လူပေးလို့ရတယ်လေ”
နေ့လည်စာစားပြီးနောက် ဇောင်ချင်းဘိုသည် အဆောင်အိပ်ခန်းသို့ပြန်သွားပြီးမူဇောင်ကတော့စာကြည့်တိုက်သို့သွားခဲ့သည်။
စုရီနဲ့ လင်းဖန် တို့ဟာ ရေတစ်ဘူးကိုဝယ်ပြီး ဘတ်စကတ်ဘောကွင်းကို တိုက်ရိုက်သွားခဲ့သည်။
ယခုအချိန်တွင် ဘတ်စကတ်ဘောကွင်းတွင်အမျိုးသားလေးဦးရှိနေသည်။
အရပ်ရှည်ရှည် အသားအရေ ညိုမည်းသော အမျိုးသားက “စုရီ၊နောက်ဆုံးတော့ မင်းဒီကို ရောက်လာပြီ!”
“မိတ်ဆက်ပေးပါရစေ၊ ဒါက ကျွန်တော်တို့အဆောင်မှာရှိတဲ့ ကျွန်တော်ညီအကို လင်းဖန်တဲ့၊ သူက ဘတ်စကတ်ဘောမကစားတာကြာပြီ။ ဒါကြောင့်သိပ်ပြင်းပြင်းထန်ထန် မကစားတတ်ဘူး’’ဟု စုရီက ပြောလိုက်သည်။
“အဆင်ပြေပါတယ်။”
“ပြဿနာမရှိဘူး!”
လေးယောက်စလုံးသည် တယောက်ပြီး တယောက် ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် ဘတ်စကတ်ဘော၏ စည်းမျဉ်းအတိုင်းလူများကို အဖွဲ့နှစ်ဖွဲ့ ခွဲလိုက်ကြသည်။
မကြာခင်မှာပင်လင်းဖန်ဟာ နံပါတ် 1 နဲ့ နံပါတ် 3 ဂျာစီတွေဝတ်ထားတဲ့ အမျိုးသားတွေကို အုပ်စုဖွဲ့တဲ့ထဲပါသွားခဲ့သည်။
သူတို့နှစ်ဦးသည် သူတို့အဖွဲ့ကို ကူကယ်ရာမဲ့စွာ မျက်နှာထားဖြင့် ကြည့်လိုက်ကြသည်။
သူတို့သည် အရမ်းမကျွမ်းကျင်ကြပေ။ ပြီးတော့အရပ်အမောင်းမှာလဲဘာအားသာချက်မှမရှိပေ။
နောက်တစ်ယောက်ကမကစားရတာကြာပြီဖြစ်တဲ့လင်းဖန်ဖြစ်သည်။
စုရီ၊ ဟေးဒီနှင့် ဂိုဇောင်တို့သည် ဆန့်ကျင်ဘက်အဖွဲ့တွင်ဖြစ်သည်။
သုံးယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်တော့ မျက်နှာတစ်ပြင်လုံး အပြုံးများဖြင့်ပြည့်နှက်နေကြသည်။
“စိတ်မပူပါနဲ့၊ ပျော်ပျော်ကစားရအောင်”
မကြာခင်မှာပဲ စုရီက အရပ်ရှည်တဲ့ကောင်လေးဆီလို့ ပစ်ပေးပို့လိုက်သည်။
အရပ်ရှည်ပြီး သန်မာတဲ့သူကို ဖြတ်သွားခဲ့သည်။
ထို့နောက် လူမည်းကြီးသည် ဘောလုံးကို ခြင်းတောင်းထဲသို့သို့ အမြန်ပစ်ချလိုက်သည်။
ဘတ်စကက်ဘောသည် ပိုက်ထဲကို အောင်မြင်စွာ သွင်းယူနိုင်ခဲ့သည်။
နောက်တစ်ပွဲတွင် နံပါတ် 1 ကန်သွင်းမှုတွင် သူသည် အရပ်ရှည်သူတစ်ဦးထံ လျင်မြန်စွာ ကပ်ခံထားရသည်။
ကူကယ်ရာမဲ့စွာဖြင့်နံပါတ် 3 သို့ ဘောလုံးပေးပို့ခဲ့ရသည်။
နံပါတ် 3 သည် ဘောလုံးကို အချိန်အတော်ကြာအောင် ကန်သွင်းခဲ့ပြီးနောက်တွင်လူမည်းမှ တိုက်ရိုက်ကြားဖြတ် ခံခဲ့ရသည်။
ထို့နောက်၊ လူမည်း သည် ဘောလုံးကို ထပ်မံ၍ပိုက်ထဲသို့အမြန်ပစ်ထည့်လိုက်သည်။
နောက်ထပ်တစ်ဂိုး။
တတိယပွဲမှာ နံပါတ် 1 ထံသို့ဘောလုံးရလိုက်သည်နံပါတ် 3 ကို ယောက်ျားသည်မသိချင်ယောင်ဆောင်နေတာသူမြင်လိုက်သည်။ စိတ်ပျက်အားငယ်စွာဖြင့် လင်းဖန်ထံသို့ ဘတ်စကတ်ဘောကို လွှဲပေးခဲ့ရသည်။
လင်းဖန်နှင့် မနီးမဝေးတွင် ရပ်နေသော စုရီသည် ရယ်ကာ “လင်းဖန်၊ မင်းကို လာမှာကိုစောင့်နေမယ်၊မင်းသတိသာထားတော့’’ လို့ ပြောလိုက်သည်။
စကားပြောနေစဉ်တွင် သူသည် လင်းဖန်ဆီသို့ အလျင်အမြန်ပြေးသွားခဲ့သည်။
သို့သော် စုရီသည်လင်းဖန်အနားမကပ်မီတွင် လင်းဖန်သည် လေပြင်းများကဲ့သို့ ဘောလုံးကို လျင်မြန်စွာဖြင့်သူ့ကိုဖြတ်ကျော်သွားခဲ့သည်။
အရပ်ရှည်ရှည်နှင့် သန်မာသောလူသည် မျက်ခုံးပင့်တင်ကာ ကမန်းကတန်း လိုက်တားလိုက်သည်။
လင်းဖန်သည် ဘောလုံးကိုကိုင်ထားပြီးပရိုဆန်ဆန်ပုတ်လိုက်ကာရှောင်လိုက်ပီးပိုက်ထဲသို့ပစ်လိုက်သည်။
လူမည်းသည် နံပါတ် ၃ ကိုကားထားရာမှ အမြန်ပိတ်ဆို့ရန် လာခဲ့သည်။
ဒါပေမယ့် အရမ်းနောက်ကျသွားခဲ့ပြီဖြစ်သည်။
လင်းဖန်သည် ပစ်လိုကသောဘောလုံးသည်ခြင်းတောင်းထဲသို့ အလွယ်တကူ ဝင်သွားခဲ့သည်။
“ကောင်းတယ်!” နံပါတ် ၁ နဲ့ နံပါတ် ၃ က အားလုံးက ဝမ်းသာအားရဖြင့်အော်ပြောလိုက်သည်။
စုရီကအံ့သြသွားပြီး “လင်းဖန် မင်းရဲ့ဘတ်စကတ်ဘောနည်းပညာက သိပ်မဆိုးဘူး!”
“နည်းနည်းထဲပါ။” လင်းဖန်က ပြုံးပြီးပြောလိုက်သည်။
ဘတ်စကတ်ဘောဆက်ကစားနေသည်။
စုရီသည် နံပါတ် 1 က တင်းတင်းကြပ်ကြပ် ခုခံကာကွယ်ခဲ့ရာမှကို ကျော်သွားခဲ့သည်။
စုရီက ပြုံးပြီး “လင်းဖန်၊ မင်းငါ့ဘောလုံးကို ယူနိုင်မလား ကြည့်မယ်”
လင်းဖန်သည် ထိုစကားကိုကြားပြီး လက်ကိုလေထဲမြှောက်ကာ ဘတ်စကတ်ဘောကို သူ့လက်ထဲသို့ တိုက်ရိုက်လုယူလိုက်သည် ။
စုရီတစ်ခဏချင်း ထိတ်လန့်သွားသည်။
ငါ မင်းကို လာယူလို့ပြောခဲ့တာမှန်တယ်၊ဒါပေမယ့် ငါ့စီကနေမင်းဒီလောက် မြန်မြန် လုယူနိုင်လိမ့်မည်မထင်ထားခဲ့ပေ။
သို့သော် လင်းဖန်သည် အလွန်အမင်း ဂရုမစိုက်ဘဲ လှည့်ကာ ဘောလုံးကို အမြန်ဆွဲကာ ခြင်းတောင်းဆီသို့ ပစ်သွင်းလိုက်သည်။
ပိုက်ထဲဝင်သွားပြီးအမှတ်ရပြန်သည်။
“ပစ်တာကောင်းတယ်” နံပါတ် ၁ နဲ့ နံပါတ် ၃ က အားတက်သရော အော်ပြောလိုက်သည်။
စုရီက “လင်းဖန်၊ မင်း ဘတ်စကတ်ဘောသိပ် မကစားတတ်တာသေချာလား’’
လင်းဖန်က ခေါင်းညိတ်လိုက်သည်။
စုရီ:......
အကယ်၍ မင်းကဘတ်စကတ်ဘောသိပ် မကစားတတ်ဘူးဆိုရင် အခုက ဘာလဲ။
ဒါလားဘတ်စကတ်ဘောသိပ် မကစားဖူးတတ်တာ။
(Broတို့မရှင်းဘူးထင်လို့လူကခြောက်ယောက်ရှိတယ်တစ်ဖက်သုံယောက်စီပါ၊လင်းဖန်ဖက်ကနံပါတ်1နဲ့2တို့ကတစ်ဖွဲ့၊စုရီဖက်က၊အရပ်ရှည်တဲ့သူရယ်၊အသားမည်းတဲ့သူရယ်ပါ၊မရှင်းမှာစိုးလို့ပါ။)
ဒီအပိုင်းနည်းနည်းရှုပ်သွားတဲ့အတွက်တောင်းပန်ပါတယ်။ဆကလက််ကြိုးစားဘာသာပြန်ပေးပါမယ်ခင်ဗျာ။)
အမှားပါရင်သည်းခံပေးပါခင်ဗျ။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး