← Chapters

အမြွှာညီအမနှစ်ယောက်ရဲ့မြင်မြင်ချင်းအချစ်

Vol. 2 Ch. 25

အမြွှာညီအမနှစ်ယောက်ရဲ့မြင်မြင်ချင်းအချစ်

Vol. 2 Ch. 25

စုရီ၊ ဂိုဇောင် နှင့် ဟေးဒီတို့သုံးယောက်သည် လင်းဖန်တို့ကနှစ်ဂိုးဆက်တိုက် သွင်းယူနိုင်ခဲ့သဖြင့်အားလုံးက စိုးရိမ်တကြီး မျက်နှာထားများဖြင့်ပြည့်နေသည်။

ထို့ကြောင့် ပွဲသစ်စသောအခါတွင် သုံးယောက်လုံးသည် ဖြောင့်တန်းစွာ ပြေးလာပြီး ခြင်းတောင်းနားသို့ အလျင်အမြန် ရောက်လာသည်။

အချိန်တိုအတွင်း သူတို့သည်ဘတ်စကတ်ပေါ်ကိုခြင်းတောင်းထဲတွင်ထည့်ချင်နေသည်။

သို့သော်...

တခါတရံမှာ...ကိုယ်တွေးနေတာရဲ့အမြဲတမ်းဆန့်ကျင့်ဘက်ဖြစ်တတ်သည်။

“ဗွမ်း!”

ဘတ်စကတ်ဘောသည် ခြင်းတောင်းစီသွင်းခါနီးတွင်ကြားဖြတ်လုယူခံလိုက်ရသည်။

ဟေးဒီ၏မျက်နှာသည် အနည်းငယ်ပြောင်းသွားပြီး အမြန်ခုန်ပြန်လုရန်လုပ်လိုက်သည်။

ဒါပေမယ့် ဟေးဒီ၏အရှိန်သည် တစ်ဝက်လောက် နှေးသွားခဲ့သည်။

နံပါတ် 3 က ဘတ်စကတ်ဘောကို လုယူလိုက်ပြီးလင်းဖန်စီသို့လှမ်းရိုက်ပြီးပေးလိုက်သည်။

လင်းဖန်၏ သူတို့အဖွဲ့တွင်အကျွမ်းကျင်ဆုံးဟုသးတို့စိတ်ထဲတွင်အသိအမှတ်ပြုထားပြီးဖြစ်သည်။

သူသည် လင်းဖန်ကို ဘတ်စကတ်ဘောကိုယူပြီးနောက်ထပ်ဂိုး သွင်းစေချင်သည်။

သို့သော် နံပါတ် ၃ သည် အလွန်စိတ်လှုပ်ရှားနေသောကြောင့် သူသည် မတော်တဆ ပြင်းထန်လွန်းပါကဘတ်စကတ် ဘောလုံး၏ ဦးတည်ရာမှာလည်း သွေဖည်သွားခဲ့သည်။

လင်းဖန်သည် ပထမဆုံးအကြိမ်ဖြင့် ဘတ်စကတ်ဘောလုံးကို ဖမ်းမမိနိုင်သဖြင့် ဘတ်စကတ်ဘောလုံးသည်ကွင်းပြင်စို့လွင့်ထွက်သွားခဲ့သည်။

ထိုအချိန်တွင် အပြာရောင်ဝတ်စုံနှင့်အနီ ဝတ်စုံ၀တ်ထားသော ကောင်မလေးနှစ်ယောက်ပေါ်လာခဲ့သည်။

ဘတ်စကတ်ဘောက သူမတို့ကိုယ်သူတို့ ထိတော့မယ်ဆိုတာ သူတို့မြင်ပေမယ့် ရှောင်ဖို့ကနောက်ကျသွားခဲ့ပြီဖြစ်သည်။

မိန်းကလေးနှစ်ယောက်၏ လှပသောမျက်နှာများသည် ဖြူဖျော့သွားကာ ချွေးစက်ကလေးများပင်ထွက်နေသည်။

ထိုအချိန်တွင် သူတို့ရှေ့တွင် အရပ်ရှည်သော အသွင်အပြင်တစ်ခုရုတ်တရက် ပေါ်လာပြီး ဘတ်စကတ်ဘောကို ဖမ်းလိုက်တော့သည်။

သူကတော့ လင်းဖန်ပင်ဖြစ်သည်။

လင်းဖန်သည်နောက်ကို လှည့်ကြည့်ကာ “အဆင်ပြေရဲ့လား”ဟုမေးလိုက်သည်။

တောက်ပပြီး မျက်လုံးများ၊ တန်းနေသောနှာတံ၊......

ဤအခိုက်အတန့်တွင် မိန်းကလေးနှစ်ယောက်သည် အရောင်အသွေးစုံလင်သော တိမ်တိုက်များအောက်တွင် ကောင်းကင်မှဆင်းသက်လာသော ကမ္ဘာ့သူရဲကောင်းများကို မြင်လိုက်ရသလိုဖြစ်သည်။

【ဒင်း! ဆွဲဆောင်မှုရှိသော ရောင်ဝါ၊ မြင်မြင်ချင်း အချစ်ကို ဖြစ်ပေါ်စေခဲ့သည် ။ 】

【ဒင်း! ဆွဲဆောင်မှုရှိသော ရောင်ဝါ၊ မြင်မြင်ချင်း အချစ်ကို ဖြစ်ပေါ်စေခဲ့သည် ။ 】

လင်းဖန်သည် သူ့စိတ်ထဲတွင် အချက်ပေးသံကို နားထောင်ရင်း အံ့အားသင့်သွားခဲ့သည်။

သူ့ရှေ့က မိန်းကလေးနှစ်ယောက်ကို စိုက်ကြည့်ရုံမှတစ်ပါးမကူညီနိုင်ပေ။

သမူတို့၏အဝတ်အစားအရောင်ကလွဲလို့ ကျန်တဲ့အရာအားလုံးနီးပါးက အတူတူပဲဆိုတာ သူတွေ့လိုက်သည်။

ကြွေရုပ်တစ်ရုပ်ကဲ့သို့ မျက်နှာသည်အတူတူပင်ဖြစ်ပြီးဖြူဖွေးသော အသားအရေနှင့် ဖွံ့ဖြိုးသော ခန္ဓာကိုယ် အချိုးအစားများသည်လဲအတူတူပင်ဖြစ်သည်။

သူတို့သည်အမြွှာညီအမများ ဖြစ်ကြသည် ။

ထို့နောက် လင်းဖန်သည် ၎င်းတို့နှစ်ဦးကို ကြည့်ရှုရန် အမှန်တရားမျက်လုံးဖြင့်ကြည့်ရှူလိုက်သည်။

အပြာရောင်စကတ် ကောင်မလေး။

[မျက်နှာတန်ဖိုး- 95]

【အကြိုက်ဆုံးအဆင့်သတ်မှတ်ချက်- 99】

စကတ်အနီ ကောင်မလေး။

[မျက်နှာတန်ဖိုး- 95]

【အကြိုက်ဆုံးအဆင့်သတ်မှတ်ချက်- 99】

၎င်းတို့နှစ်ဦးစလုံး၏အလှသည်95 မှတ်ရှိပြီး ၎င်းတို့သည်လင်းဖန်ကိုကြိုက်နှစ်သက်သည်မှာ99 သို့ရောက်ရှိနေသည်။

မျက်နှာအသွင်အပြင်နှင့် ကြိုက်နှစ်သက်မှုတို့၏ပြီးပြည့်စုံသောရမှတ်မှာ 100 သာဖြစ်သည်ကို သင်သိထားသင့်သည်။

ဒါကရှားပါးသောအချောအလှလေးများဖြစ်ကြသည်။ ထို့အပြင် သူမတို့သည်အမြွှာညီမများဖြစ်ပြီးအလွန်ချစ်ဖို့ကောင်းနေသည်ကိုပင်ဖြစ်သည်။

အဲ့ဒါ... သူမတို့ကိုဘတ်စကတ်ဘောမထိအောင်ကူညီပေးခဲ့လို့လား။(လင်းဖန်၏အတွေး)

လင်းဖန်သည် သူမကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရတော့ အမွှာညီအမနှစ်ယောက်၏မျက်နှာမှာခရမ်းချဉ်သီးကဲ့သို့ နီရဲသွားတော့သည်။

ဒီအခိုက်အတန့်မှာ အဝေးက စုရီ က “လင်းဖန်သးတို့အဆင်ပြေရဲ့လား” လို့မေးလိုက်သည်။

လင်းဖန် က “အဆက်ပြေပါတယ်!”

“ကောင်းပြီ ရေအရင်သောက်ရအောင်!” စုရီက သူပြောပြီးသည်နှင့်ရေတစ်ဘူးကိုပစ်ပေးလိုက်သည်။

လင်းဖန်သည် အနည်းငယ် ရေငတ်သလို ခံစားရသောကြောင့် သူသည်ရေဘူးအဖုံးကိုဖင့်ကာပါးစပ်အပြည့်ရေတလုတ်လောင်းထည့်လိုက်သည်။

ထို့နောကလင်းဖန်သည်် ဘောလုံးကို စုရီထံ ပစ်ပေးလိုက်သည်။

ဘတ်စကတ်ဘောဂိမ်း ပြန်ကစားတော့သည်။

အခုအချိန်ဘတ်စကတ်ဘောကိုဆော့နေသည်တွင်အရင်နှင့်မတူတော့ပေ။အရင်ကသူတို့ဘတ်စကတ်ဘောကွင်းတွင်သူတို့ခြောက်ယောက်သာရှိသည်။

ယခုအချိန်တွင်၊ လွတ်နေသော ဘတ်စကတ်ဘောကွင်းတွင် လှပသောအမြွှာညီအမများကြောင့်ကြည့်ရှုသူများပိုမိုများပြားလာကြသည်။

လင်းဖန်သည် ဘစ်စကတ်ဘောလုံးကို သူ့ကိုယ်ပိုင်နည်းများဖြင့်ဆော့နေသည်ကိုကြည့်ရသည်မှာထူးထူးဆန်းဆန်းဖြစ်သည်။

လင်းဖန်သည်ဘတ်စကတ်ဘောနောက်တစ်် ဂိုးသွင်းယူသည်ကိုမြင်သောအခါအမြွှာညီအမတို့၏နှလုံးသားနှစ်ခုသည်အရူးအမူးခုန်သွားတော့သည်။

လင်းဖန်သည် သူသည်နောကတစ်ဂိုးသွင်းပြီးသည်တွင်ရေအနည်းငယ် ငတ်သဖြင့်ရေတစ်လုတ်သောက်ပြီးသည်တွင် လင်းဖန်ရှေ့တွင်အမြွှာညီအမနှစ်ယောက်သည်ရေဘူးကိုတစ်ယောက်တစ်ဘူးစီကိုင်ပြီးပေါ်လာကြသည်။

လင်းဖန်က “ငါ့ကို ပေးမလို့လား။”ဟုမေးလိုင်သည်။

အမြွှာညီအမနှစ်ယောက်သည်တစ်ချိန်တည်းမှာပင်အထပ်ထပ် ခေါင်းညိတ်ပြကြသည်။

လင်းဖန်သည် အပြာရောင်ဝတ်စုံဝတ်ထားသောရေးဘူးကိုယူကာ ပုလင်းအဖုံးကိုကိုဖွင့်ပြီးတစ်ငုံသောက်လိုက်သည်။

အပြာရောင်ဝတ်စုံဝတ်ထားသည့် အမြွှာညီမသည်ကြွေရုပ်လေးလို လှပသောမျက်နှာပေါ်တွင် အပြုံးတစ်ခုငိုပြသနေပြီး ချယ်ရီပါးစပ်တွင် ကျောက်တန်းလေးများသဖွယ်သွားများပေါ်နေလေသည်။

အနီရောင် ၀တ်စုံဝတ်ထားသောအမြွှသည်ကျောက်မျက်များကဲ့သို့ လှပသော မျက်လုံးများသည် လင်းဖန်သူရေဘူးကိုယူမလားဟုမျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

လင်းဖန်သည် သူမ၏အကြည့်ကိုတွေ့လိုက်ပြီးသူမပေးသောရေဘူးကိုဖွင့်ကာ တစ်ငုံသောက်လိုက်သည်။

လင်းဖန်​သူမရေဘူးကိုသောက်သည်ကိုမြင်သောအခါအနီရောင် စကတ်ဝတ်ထားသော အလှ၏မျက်နှာတွင်ချိုမြိန်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

အဝေးတွင်ရှိသော စုရီသည် သူ့၏ဗလာကျင်းနေသော ရေဘူးကိုကြည့်ကာ လင်းဖန်၏လက်ထဲတွင်ရှိသောရေဘူးနှစ်ဘူးကို မြင်သောအခါလင်းဖန်ကိုအားကျနေသည်။

ဘတ်စကတ်ဘောသည်ဆက်ကစားနေသည်။

လင်းဖန် တွင် ပရော်ဖက်ရှင်နယ် ဘတ်စကတ်ဘော ကျွမ်းကျင်မှု ရှိပြီး သာမန်လူများထက် သာလွန်သော ကိုယ်လုံးကိုယ်ပေါက်သောကြောင့်တစ်ဂိုးပြီးတစ်ဂိုးသွင်းနေတော့သည်။

​ပရော်ဖက်ရှင်နယ်ဘတ်စကတ်ဘောစွမ်းရည်ကြောင့်မည်သို့ရှုံးမည်နည်း။

လင်းဖန်တို့သည်ဘတ်စကတ်ဘောကို နှစ်နာရီကျော်အထိကစားနေကြသည်။

အဆုံးမှာတော့ စုရီတို့အဖွဲ့ဟာ ဖရိုဖရဲဖြစ်သွားတယ်။

စုရီသည်ခွေးသေတစ်ကောင်လို မြေပြင်ပေါ်မှာ လှဲနေပြီး “လင်းဖန်၊ မင်း ဘတ်စကတ်ဘော မကစားတာကြာပြီပေါ့’’

“ဟုတ်တယ်လေ” လင်းဖန်က ပေါ့ပေါ့ပါးပါး ပင်ပြန်ဖြေလိုက်သည်။

စုရီသည်သူ့မျက်လုံးတွေဝေဝါးနေသည်ကိုသိလိုက်သည်။ခနကြာသော်သူ့မျက်​လုံး​ထောင့်​မှ မျက်​ရည်​များ စီးကျလာတော့သည်​။

လင်းဖန်သည် ဒါတွေကိုသိပ်ဂရုမစိုက်ဘဲ အမြွှာညီအမထံ သို့သွားကာ “မင်းတို့ညီအမနှစ်ယောက်ကိုရေဘူးအတွက် ကျေးဇူးတင်ပါတယ်” လို့ပြောလိုက်သည်။

အမြွှာအလှမယ်နှစ်ယောက်သည်ခေါင်းကိုယမ်းနေလိုက်ကြသည်။

ထို့နောက် တစ်ချိန်တည်းမှာပင် ၎င်းတို့၏ လက်ကိုင်ဖုန်းကို ထုတ်ကာ လင်းဖန်အား အလွန်အမင်း မျှော်လင့်နေသော မျက်လုံးများဖြင့် ကြည့်နေလေသည်။

လင်း​ဖန်က “မင်း... တို့ငါ့ WeChat ကိုလိုချင်လို့လား”ဟုမေးလိုက်သည်။

နှစ်ယောက်သား သည်အမြန် ခေါင်းညိတ်ပြလိုက်ကြသည်။

လင်းဖန် က “ဒါဆိုလဲကောင်းပြီလေ’’

စကားပြောနေစဉ် WeChat add friend interface ကိုဖွင့်လိုက်သည်။

အမြွှာညီအမနှစ်ယောက်ကဒါကိုမြင်လိုက်ကြသောအခါ ရတနာနဲ့တူတဲ့ လှပတဲ့မျက်လုံးတွေက တောက်ပလို့သွားတော့သည်။သူမတို့နှစ်ယောက်သည်လင်းဖန်၏အကောင့်တွင်friendဖြစ်သည်ကိုမြင်သောအခါ

နှစ်ယောက်သားသည် ဖုန်းကို လက်ထဲတွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကာသူတို့၏အကြီးမားဆုံးရတနာ ပျောက်မည်သကဲ့သို့ဆုပ်ကိုင်ထားကြသည်။

လင်းဖန် က “ငါ အိပ်ဆောင်ကို အရင်ပြန်တော့မယ်၊ မင်းတို့လည်း စောစောပြန်တော့ အပြင်မှာ နေအရမ်းပူတယ်”

အမြွှာညီအမနှစ်ယောက်သည်အထပထပ်အခါခါခေါင်းညိတ်ပြလိုက်သည်။

အဆောင်အိပ်ခန်း။

ဇောင်ချင်းဘိုသည်ဂိမ်းတစ်ခုကစားပြီးနောက် လင်းဖန် နှင့် စုရီတို့၏ချွေးများထွက်နေသောအသွင်အပြင်ကိုကြည့်ပြီးနောက်ရယ်မောကာ “လင်းဖန် ၊ မင်း ဘတ်စကတ်ဘောမကစားတာကြာပြီ၊ ဆိုတော့ဆော့ရတာဘယ်လိုလဲ”

“သူဘတ်စကတ်ဘော မကစားတာ ကြာပြီလို့ ဘယ်တော့မှမပြောနဲ့!” စုရီ က အော်ပြောလိုက်သည်။

ဒီစကားတွေကို ပြောပြီးနောက်တွင်ကြေကွဲသွားသလို ခံစားရသည်။

“မင်းမသိဘူး၊ လင်းဖန်က ဘောလုံးရဖို့ပဲလိုတယ်၊ တစ်ချက် ဘောလုံးရတာနဲ့တစ်ဂိုးပဲသိလား၊ငါတို့က နှစ်နာရီကျော်ကစားတယ်၊ငါတို့အသင်းက ၂ ဂိုးပဲရတယ်။”

စုရီသည် စကားများကိုခန္ဓာကိုယ်လှုပ်ပြီးပြောသောကြောင့်သူ့နဖူးမှ ချွေးစက်များသည်မျက်လုံးထဲသို့ လှိမ့်ဝင်လာသည်။

ချွေးစက်များသည်မျာက်လုံးထဲမှပါးပြင်ပေါ်သို့ကျလာသည်။

ဇောင်ချင်းဘိုက ရယ်ပြီး “ဘတ်စကတ်ဘော ကစားနေတဲ့အကြောင်းပြော​နေတာ မဟုတ်ဘူးလား၊ ဘာလို့ ငိုနေတာလဲ”

စုရီက “ငါ မငိုပါဘူး!”

သို့သော် သူ့မျက်လုံးထဲတွင် မျက်ရည်များသည်ပါးပြင်ပေါ်သို့ထပ်​ပြန်ထွက်လာပြန်သည်။(အခုမတစ်ကယ်ငိုတာပါ)

ဇောင်ချင်းဘို သည် စုရီ၏ရယ်မောဖွယ်အသွင်အပြင်ကို ကြည့်ပြီး ကျယ်လောင်စွာရယ်မောလိုက်သည်။

စုရီကက “ငါတို့ ဘတ်စကတ်ဘော ဘာအတွက် ကစားနေကြတာလဲ၊ အခေါအလှလေးတွေကိုဆွဲဆောင်ဖို့မဟုတ်ဘူးလား”

“ငါက ကျောင်းမှာ နေ့တိုင်း ဘတ်စကတ်ဘော ကစားတယ်။ ဒါပေမယ့် WeChat ကိုတစ်ခါမှ မတောင်းခံဖူးပါဘူး။”

“လင်းဖန်ကတော့ကျောင်းမှာ ပထမဆုံးအကြိမ် ဘတ်စကက်ဘော ကစားတုန်းက အရေးဘူးဝယ်ပြီး WeChat ကို တောင်းဆိုတဲ့ အမြွှာနှစ်ယောက် တောင်ဏှိတယ်’’

ဒါကိုပြောပြီးတာနဲ့ ဇောင်ချင်းဘို က ပြုံးနေတာကို ရပ်လိုက်ပြီး “ဘာလဲ? အမြွှာညီအမလား၊ပြီးတော့လှသေးလား?”

စုရီက “ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်၊ ကြွေရုပ်လိုမျက်နှာနှင့်ဖြူဖွေးသောအရည်နဲ့ကိုလှတယ်လို့ မင်းမထင်ဘူးလား?!”

“အိုဘုရားရေ!”

ဇောင်ချင်းဘို က အော်ဟစ်လိုက်ပြီး သူ့တစ်ကိုယ်လုံးမှာရှိတဲ့အဆီတွေ တဆတ်ဆတ်တုန်လို့နေသည်။

သူကိုတစ်ယောက်ယောက်ကဓားနဲ့ထိုးခံရသလိုမျိုး သူ့ရင်ဘတ်ကို တင်းတင်းကြပ်ကြပ် ဖိထားလိုက်သည်။

အမှားပါရင်သည်းခံပေးကြပါခင်ဗျ။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters