ကားတစ်စီးဝယ်လိုက်ခြင်း၏ ပျော်ရွှင်မှု
Vol. 2 Ch. 26
လင်ဖန်းသည် သူတို့နှစ်ဦး၏ ဖြစ်ပျက်နေသေအသွင်အပြင်ကို ကြည့်ပြီး ရယ်ချင်နေသည်။
ထိုအချိန်တွင် မူဇောင်သည် စာအုပ်အနည်းငယ်ကိုကိုင်ကာ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
စာအုပ်ကိုစားပွဲပေါ်ချပြီးတာနဲ့ ဖုန်းကို ကိုပွတ်နေလိုက်တော့သည်။
နောက်အခိုက်အတန့်တွင် သူအံ့အားသင့်သွားသည်- “ငါတို့တို့ကျောင်းမှာ Lamborghini တကယ်ရှိနေတယ်ဟ!”
“Lamborghini?” စုရီသည် ထိုစကားကိုကြားတော့ ချက်ချင်းပင် စိတ်အားထက်သန်စွာဖြင့် “တကယ် Lamborghini လား၊ဘယ်မှာတွေ့တာလဲ?”
စုရီသည် ကားများကိုနှစ်သက်သည်။အထူးသဖြင့် စူပါပြိုင်ကားများ စူးစမ်းလေ့လာခြင်းကို အလွန်နှစ်သက်သည်။
Lamborghini သည် စူပါပြိုင်ကားများထဲတွင် ထိပ်တန်းတစ်စီးလည်းဖြစ်သည်။
သူအရမ်းစိတ်လှုက်ရှားနေတာအံ့သြစရာမဟုတ်ပေ။
မူဇောင်က- “ပို့စ်ဘားမှာ တခြားသူတွေတင်ထားတဲ့ ဓာတ်ပုံတွေကိုတော့တွေ့တယ်...”
“မြန်မြန်ငါ့ကိုပြစမ်းပါ!” စုရီသည်ကြည့်ဖို့မစောင့်နိုင်တော့ပေ။
ဇောင်ချင်းဘိုလည်းစိတ်ဝင်တစားကြည့်လိုက်သည်။
“အဲဒါက တကယ့် Lamborghini ပဲ” စုရီ က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
“ ဒီကားကို ဘယ်သူပိုင်မှန်း မသိဘူးကွာ၊သူ့ကိုအားကြလိုက်တာ၊ ငါ့မှာ ဒီကားရှိရင် အမြွှာညီအမတွေ အများကြီးရှာတွေ့ရင်တွေ့နိုင်တယ်” ဇောင်ချင်းဘိုက “ဟေး၊ ဒီပိုစ့်ရဲ့ အောက်မှာ ကားပိုင်ရှင်ရဲ့ဓာတ်ပုံတွေရှိတယ်၊ သူရုပ်ချောမချောကြည့်လိုက်ရအောင်။”
နောက်အခိုက်အတန့်တွင် စုရီ၊ ဇောင်ချင်းဘိုနှင့် မူဇောင်တို့သုံးယောက်လုံး အေးခဲသွားကြသည်။
ကားပိုင်ရှင်ရဲ့ပုံက လင်းဖန်ဖြစ်နေသည်ာယ
စုရီက “လင်း...လင်ဖန်၊ ဒီ Lamborghini က...”
လင်းဖန်က ပြုံးပြီး “ဒါ ငါ့ကားပါ” လို့ပြောလိုက်သည်။
“အို ဘုရားသခင်၊ လူတွေကို အသက်ရှင်ခွင့်လေးပေးပါအုံး၊ ပြီးတော့ အမြွှာညီအမနှစ်ယောက်က မင်းကို ရေဘူးတွေဝယ်ပြီး WeChat တောင်းဖို့ ကိုတောင်အစပြုခဲ့တယ်... အခု ငါ့အိပ်မက်တောင်မမက်နိုင်တဲ့ Lamborghini လဲရှိသေးတယ်၊ လင်းဖန် မဟုတ်ဘူး။ အစ်ကို လင်း ငါမင်းကိုအရှုံးပေးတဲ့အတွက်ဒူးထောက်တယ်” စုရီ က အော်ပြောလိုက်သည်။
ဇောင်ချင်းဘို က “အချော်အလှနှင့် ပြိုင်ကားတစ်စီးရှိတယ်၊ ငါ့ရဲ့ နုနယ်လွန်းတဲ့နှလုံးသားက ဒဏ်ရာအပြင်းအထန်ရသွားပြီ၊ အစ်ကို လင်း အခု ငာအစာစားမှငါ့ရဲ့ဒဏ်ရာတွေကို ကုစားနိုင်တော့မယ်ထင်တယ်”
လင်းဖန် က ပြုံးပြီး “ငါ မနေ့က မင်းတို့ကို ကြီးကြီးကျယ်ကျယ်ထမင်းစားဖို့ ဖိတချင််ခဲ့တာ။ မင်း အသားကင်သွားစားမလို့အတင်းပြောနေတယ်လေ’’
ဇောင်ချင်းဘိုက ရှက်ရွံ့စွာ ပြုံးလိုက်ပြီး “မင်း ဗိုက်ဆာတာကိုဖုံးဖို့အတွက်တစ်ခုခု စားရမှာ ပေါ့မဟုတ်ဘူးလား”
မနေ့က လင်းဖန် က သူတို့ ၃ ယောက်ကို ဆိုင်ကြီးကြီးတွင်သွားစားဖို့ဖိတ်ချင်ခဲ့သည်။
သို့သော်လည်း ဇောင်ချင်းဘိုက လင်းဖန်သည် ပိုက်ဆံကုန်မည်စိုးသောကြော့်
အသားကင်ဆိုင်ကို သွားခိုင်းလိုက်သည်။
လင်းဖန်က ပြုံးပြီး “ငါကားဝယ်ချင်တယ်... ကားအရင်ဝယ်ရအောင်၊ ပြီးမှထမင်းသွားစားရအောင်!”
စုရီ က “မင်းမှာ Lamborghini ရှိတယ်မဟုတ်ဘူးလား။ ဘာလို့ ကားထပ်ဝယ်တာလဲ။”
“ဒီကားက အရမ်းသေးတယ်!” Lin Fan က “ကျွန်တော် ပိုကြီးတဲ့ကားဝယ်ချင်လို့’’
“ဒါဆို ဘယ်ကားဝယ်ချင်လဲ” စုရီက ထပ်မေးလိုက်သည်။
လင်းဖန်က “Big G”
“အစ်ကို လင်းငါတို့မင်းကိုအရှုံးတေဲ့အတွက်ဒူးထောက်ပါတယ်။” စုရီ၊ ဇောင်ချင်းဘို နှင့် မူဇောင် တို့က တညီတညွတ်တည်း ပြောကြသည်။
……
Lamborghini တွင် ထိုင်ခုံ နှစ်ခုသာ ရှိပြီး အဆောင်တွင် စုစုပေါင်း လူ ၄ေကေ်ရှိသည်။
ထို့ကြောင့် လင်းဖန်သည် ကားအရောင်းဆိုင် 4S စတိုးသို့ တက္ကစီစီးရန် ရွေးချယ်ခဲ့သည်။
ဤအရာက စုရီ ကို အရုပ်ဆိုင်တစ်ခုမှဖြတ်သွားစဉ် သူ့အဖေကသူကိုအတင်းအကျပ်ခေါ်ဆောင်သွားသော ကလေးကဲ့သို့ဖြစ်သေည်မှာကူညီနိုင်ပေ။ သူ့မျက်နှာမှာ စိတ်ပျက်စရာမှုတွေနဲ့ပြည့်နေသည်။
ဘာကြောင့်လဲ ဆိုတော့ သူဟာ Lamborghini စီးကြည့်သည်ကို တွေ့ကြုံခံစားဖို့ ဒီအခွင့်အရေးကို လိုချင်ခဲ့သည်။
လင်းဖန်သည် အနာဂတ်တွင် Lamborghini ကို စီးနိုင်သည်ဟု မပြောမချင်း စုရီသည် စိတ်ပျက်နေသောမျက်နှာအဖြစ်သာရှိနေသည်။
လင်းဖန်နှင့် အခြားသူများ တောက်ပစွာ အလှဆင်ပြီး ဇိမ်ခံကားအရောင်းဆိုင် 4S စတိုးဆိုင်သို့ လျှောက်သွားသောအခါ အရောင်းဝန်ထမ်းတစ်ဦးက ချက်ချင်း နှုတ်ဆကလိုက််သည်။
Mercedes-Benz အနေဖြင့်၎င်း၏စျေးနှုန်းသည်သာမန်လူများအတွက်မတတ်နိုင်တဲ့ထိအလွန်မြင့်မားသည်။
လင်းဖန်နှင့် အခြားသူများမှာ ကျောင်းသားများနှင့်တူသောကြောင့် အရောင်းဝန်ထမ်းသည် ပေါ့ဆဆစီစဉ်ရန်မရည်ရွယ်ပေ။
သူက ပြုံးပြီး “4sစတိုးဆိုင် ကြိုဆိုပါတယ်” ဟုပြောသည်။
“ငါတို့ကူညီနိုင်တာတစ်ခုခုရှိလား”
စုရီ၊ ဇောင်ချင်းဘို နှင့် မူဇောင် တို့သည် 4S ဆိုင်ထဲသို့ လျှောက်သွားကာ လှည့်ပတ်ကြည့်ကြသည်။
အထူးသဖြင့် စုရီ သည် အေးမြပြီး စတိုးဆိုင်ထဲတွင်ရှိသော Mercedes-Benz ရှေ့သို့ တိုက်ရိုက်ပြေးကာ ပ ပွတ်သပ်လိုက်သည်။
အရောင်းဝန်ထမ်းမှ မိတ်ဆက်ခဲ့သည်- “ဒါက မြင်းကောင်ရေ 299 ကောင်အားရှိတဲ့ နောက်ဆုံးထွက် Mercedes-Benz E350 ဖြစ်ပြီး သူ့ရဲ့ အသွင်အပြင်က တည်ငြိမ်ပြီး မောင်းရတာမိုက်တယ်၊မင်းလို လူငယ်တွေအတွက် ဒီကားကအရမ်းသင့်တော်တယ်။”
“ဟုတ်ပါတယ်၊ မင်းက မြင်းကောင်ရေ လိုအပ်ချက်တွေ အရမ်းများနေရင် E260 ကို စဉ်းစားကြည့်ဖို့ အကြံပြုလိုပါတယ်၊ အသွင်အပြင်က E350 နဲ့ အတူတူပါပဲ။”
E260 တွင် မြင်းကောင်ရေ 184 ကောင်အားရှိသည်။ သက်တောင့်သက်သာရှိစေကာမူ အလွန်ကောင်းမွန်ပါသည်... ၎င်း၏စျေးနှုန်း/စွမ်းဆောင်ရည်အချိုးသည် E350 ထက် များစွာမြင့်မားသည်။
ယေဘူယျအားဖြင့် အရောင်းဝန်ထမ်းသည် ဖောက်သည်များအား ဈေးကြီးသော ကုန်ပစ္စည်းများ ဝယ်ယူခွင့်ပေးရန် စိတ်စောနေသည်။
သို့သော်၊ ဤအရောင်းသမားသည် ဖောက်သည်တစ်ဦးနှင့်တစ်ဦး အချိန်အတော်ကြာအောင် သိနေသကဲ့သို့ ခွဲခြမ်းစိတ်ဖြာကာ ထည့်သွင်းစဉ်းစားရန် အစပြုခဲ့သည်။
စုရီ က ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းကို ကိုင်လိုက်ပြီး “ တောင်းပန်ပါတယ် ၊ ငါ မင်းကို ဘာမှမရည်ရွယ်ဘဲ မိတ်ဆက်ပေးတဲ့အတွက်၊ငါ ကရှောက် ကြည့်နေတာပါ၊ သူကမှကားဝယ်ဖို့ လာတာ ပါ”
သူစကားပြောနေစဉ် လင်းဖန်ကို လက်ညှိုးထိုးပြလိုက်သည်။
အရောင်းဝန်ထမ်းက ဘာမှ စိတ်အနှောက်အယှက် မဖြစ်ခဲ့သလို “ဒါက ဝယ်သူဖြစ်စေမဝယ်တဲ့သူဖြစ်စေမိတ်ဆက်တာ ငါတို့4sစတိုးဆိုင်တစ်ဆိုင်ပဲရှိတယ်” လို့ ပြောလိုက်သည်။
ထို့နောက် လင်းဖန်အားပြုံးပြကာကာ “မင်းမှာ အကြိုက်ဆုံးကားရှိလား ငါ မင်းကို မိတ်ဆက်ပေးလို့ရပါတယ်”
လင်းဖန်က “Big G”
“ငါတို့ဆိုင်မှာ ရှိပြီးသားကားမို့ ဒီကိုလာခဲ့ပါ။” အရောင်းသမားက ပြောလိုက်သည်။
မကြာခင်မှာပဲ လင်းဖန်တို့သည်4S ဆိုင်ရဲ့တစ်ဖက်ခြမ်းကို ရောက်လာကြသည်။
ထိုအချိန်တွင်၊ သားရဲကြီးကဲ့သို့ ကြမ်းတမ်းပြီးတည်ငြိမ်သောအသွင်အပြင်နှင့်အရိုင်းဆန်သော Big G သည် အလယ်တွင် ရပ်ထားသည်။(မှတ်ချက်အရိုင်းဆန်တာကလုံးဝလုံးဝအမိုက်စားကိုပြောတာပါဗျ)
“ဝိုး! အရမ်းလှတယ်!”
“ဒါက ယောက်ျားလေးတစ်ယောက် မောင်းသင့်တဲ့ကားပဲ”
စုရီ၊ ဇောင်ချင်းဘို နှင့် မူဇောင် တို့သည် အံ့သြသင့်သွားကြသည်။
မဂ္ဂဇင်းများ၊ဖုန်းနှင့် ကွန်ပျူတာများမှတစ်ဆင့် Big G ၏ ဓာတ်ပုံများကို မြင်ဖူးကြပြီး Big G သည် အလွန်မိုက်သည်ဟသာု ထင်မြင်ကြသည်။
ဒါပေမယ့်သူတို့မြင်ဖူးနေတာတောင်အခုအပြင်မှာမြင်ရတော့ အံ့သြနေသေးသည်။
အရောင်းဝန်ထမ်းက “ဒါက Mercedes-Benz G500၊ V8၊ 4.0 ဖြစ်ပြီး အမြင့်ဆုံး မြင်းကောင်ရေ 421 ကောင်ရှိပြီးအမြင့်ဆုံး torque 610 နဲ့ ရင့်ကျက်တဲ့ 9AT ဂီယာဘောက်စ်ပါတယ်၊ပြီးရင်5.9 စက္ကန့်အတွင်း 100 ကီလိုမီတာကိုရောက်နိုင်တယ်ဆိုတာဘယ်သူမှယုံမှာတောင်မဟုတ်ဘူး။’’
အရောင်းသမားကစိတ်လှုပ်ရှားစွာပြောလိုက်သည်။
လင်းဖန်က “စီးဖို့နေရာအများကြီးရှိလား”
“အရမ်းကြီးတယ်။ အဆင့်မြင့် SUV မှာတောင် ပြိုင်ဖက်နည်းနည်းပဲရှိတယ်”
လင်းဖန်က ခေါင်းညိတ်ပြီး “ကောင်းပြီ၊ ဒါပဲယးမယ်” ဟုပြောလိုက်သည်။
စကားပြောပြီးနောက် လင်းဖန်သည် ဘဏ်ကတ်ကို တိုက်ရိုက် ပေးလိုက်သည်။
ဒီလိုပုံမျိုး....
အရောင်းဝန်ထမ်းသည် အံ့အားသင့်သွားအောင် မကူညီနိုင်ဘဲ ဖြစ်နေသည်။
ငါ မင်းကို အများကြီး မမိတ်ဆက်ပေးရသေးဘူးဟုတ်တယ်မလား။
ငါကစျေားတောင်မပြောရသေးဘူး။
သူ... အခု ဝယ်တော့မှာလား။
စျေးနှုန်းအလျော့အတင်းဆွေးနွေးတော့ဘူးလား။
ခဏအကြာတွင်၊ အရောင်းဝန်ထမ်းက “ဒါ... ဒါက G500 Dark Night Special Edition လို့ ပြောဖို့ မေ့သွားခဲ့တယ်။ G500 ရဲ့ အခြေခံအားဖြင့်၊ ဂျီဩမေတြီဘက်စုံအလင်းတန်းတွေနဲ့ လိုက်လျောညီထွေဖြစ်အောင်၊ အလင်းရောင် အနီးမှာ ထည့်ထားတယ်။ ဈေးနှုန်းက သာမန် G500 ထက် 230,000 ပိုဈေးကြီးတယ်။”(ဒီအပိုင်းကာပြန်ရတာနည်းနည်းရှုပ်လို့အဆင်ပြေသလိုပြန်ပေးထားပါတယ်ခင်ဗျ)
“ရက်အနည်းငယ်စောင့်မယ်ဆိုရင်ပုံမှန်ဗားရှင်းကို မကြာခင်မှာ ရပါလိမ့်မယ်။”
လင်းဖန်က သူ့လက်ကို ဝှေ့ယမ်းပြီး “မလိုဘူး၊ဒီတစ်ခုပဲယူမယ်” ဟုပြောလိုက်သည်။
“ကောင်းပြီ ဟုတ်ပြီ!” အရောင်းသမားက “ဒီကားမှာ အာမခံ၊ ဝယ်ယူခွန်နဲ့ တခြားကုန်ကျစရိတ်တွေ အပါအဝင် စုစုပေါင်း 2.18 သန်း၊ အပြည့်သွင်းချင်တာလား ဒါမှမဟုတ် အရစ်ကျပေးချေချင်တာလား။”
“ငွေအပြည့်ပဲချေမယ်” လင်းဖန် က “ကားကို ဘယ်အချိန်လာယူရမှာလဲ”
အရောင်းဝန်ထမ်းက “မနက်ဖြန်မနက် ငါတို့နဲ့အတူ လိုင်စင်နံပါတ်ပြားယူဖို့ မော်တော်ယဉ်စီမံခန့်ခွဲရေးရုံးကို သွားရမယ်၊”
“ကတ်သုံးမလား?” လင်းဖန်က ခဏလောက်စဉ်းစားပြီး “အင်း၊ မင်းကို ၂.၂၀သန်း ကိုမင်းဘဏ်အကောင့်ထဲကို ထည့်ပေးထားမယ်၊ ကားကိုငါကျောင်းကို ပို့ပေး၊ ဘယ်လိုလဲ”
ကားတစ်စီးဝယ်ဖို့က တော်တော်အခက်အခဲဖြစ်နေသည်။
လင်းဖန်သည်အလုပ်မရှုပ်ချင်ပေ။
အရောင်းဝန်ထမ်းက ခဏလောက် ထိတ်လန့်သွားပြီး “ကောင်းပြီ၊ ကျေးဇူးပြုပြီး ငါ့ကို နဲ့ပဲထားလိုက်ပါ!”
ဒီကားက 2.18 သန်းပဲရှိတယ်ဆိုတာ မင်းသိသင့်သည်။
အခုတော့ တခြားပါတီကသူ့ကို ၂.၂၀သန်း တိုက်ရိုက်ပေးသည်။
တစ်နည်းအားဖြင့် ခြေထောက်ကို ပြေးရုံဖြင့် ယွမ် 20,0000 ရနိုင်သည်။
အရောင်းဝန်ထမ်းသည်အရမ်း ပျော်ရွှင်ရွှင်သွားသည်။
အမှားပါရင်သည်းခံပေးပါခင်ဗျ။
ကမ္ဘာ့ပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး