ဆောင်ကျင်းအန်းနဲ့ပြန်လည်ဆုံခြင်း
Vol. 2 Ch. 29
လင်းဖန်သည် ရေးစရာနေရာမရှိသော ကျောက်သင်ပုန်းကို ကြည့်ပြီးသူ့လက်ထဲတွင် ရှိသောမြေဖြူခဲကို ချကာ “ဒီသင်္ချာသီအိုရီပစ္ဆာကသေချာဆွေးပြီးမှအဖြေထုတ်သင့်တယ်’’ ဟု ပြောလိုက်သည်။
“ဒီနေ့ တာ့ဒီလောက်ပါပဲနောက်တော့မှဘဲဆက်တွက်တော့မယ်။”
ဟန်တီက သဘောတူကြောင်း ခေါင်းညိတ်ပြီး “အဆက်အသွယ် အချက်အလက် ဖလှယ်နိုင်မလား၊ အချိန်မရွေး ဆွေးနွေးဖို့ အဆင်ပြေအောင်’’ ဟု ပြောလိုက်သည်။
လင်းဖန်က “အဲ့လောက်ကတော့ရပါတယ်’’
ထို့နောက် ၎င်းတို့နှစ်ဦးသည် ၎င်းတို့၏ ဖုန်းကို ထုတ်ကာ WeChat နှင့် ဖုန်းနံပါတ်များကို အပြန်အလှန် လဲလိုက်သည်။
ထိုအချိန်တွင် အတန်းပြီးသောအခါ ခေါင်းလောင်းသံ ထွက်ပေါ်လာခဲ့သည်။
ဟန်တီ သည် စာသင်ခန်းမှ ဖြည်းညှင်းစွာ ဖြင့်ထွက်သွားတော့သည်။
ကျောင်းသားအားလုံး၏ မျက်လုံးများသည် စင်ပေါ်ရှိ လင်းဖန်ကိုသာတစ်ချိန်လုံးအာရုံစိုက်လျက် ရှိသည်..
သူတို့မျက်လုံးတွေက နည်းနည်းနီနေသည်။
အတန်းတစ်ခုလုံးသည်ဟန်တီသည် လင်းဖန်ကိုဆွေးနွေးရန် စင်ပေါ်ကိုခေါ်လိုက်သည်။လင်းဖန်သည်အကုန်လုံးကိုရှင်းပြလိုက်တော့သည်။ထိုအချိန်တွင်ဟန်တီကWechatတောင်းရန်သူမဘက်ကအဆိုပြုခဲ့သည်။
သူတို့သည်လုံးဝမနာလိုပေ။
မျက်လုံးများဖြင်လင်းဖန်ကို သတ်နိုင်ရင်၊ ဒီအချိန်မှာ လင်းဖန်ဟာသူကိုယ်သူဘယ်နှခါသေမှန်းတောင်မသိဘဲနေအုံးမည်ဖြစ်သည်။
လင်းဖန်သည် သူ၏နှာခေါင်းကိုပွတ်ကာ သူ့ထိုင်ခုံဆီသို့ ပြန်လာခဲ့သည်။
“ဆရာမ ဟန်တီ... ဆရာမဟန်တီက အစ်ကို လင်းရဲ့ WeChat အကောင့်ကို ထည့်ဖို့ အစပြုခဲ့တယ် ဘုရားရေ’’ စုရီကအော်ပြောလိုက့သည်။
“ဆရာမဟန်တီရဲ့ WeChat ကို ထည့်ဖို့ အခွင့်မရှိမှန်း သိပါတယ်၊ ဒါပေမယ့် ဆရာမဟန်တီရဲ့ ပရိုဖိုင်ကိုပြပေးဖို့မေတ္တာရပ်ခံပါတယ်။ ပြပေးမှာ့ဒီဘဝမှာ ကျွန်တော့်ရဲ့ ဆန္ဒတွေ လုံးဝပြည့်ဆုံတော့နောင်တမရှိဘဲသေနိုင်ပြီ!” ဇောင်ချင်းဘိုက ပြောပြီးသည်နှင့် လင်းဖန်ကို သူကပြောလိုက်သည်။
လင်းဖန်သည် သူတို့နှစ်ဦး၏ ထူးဆန်းသောအသွင်အပြင်ကို ကြည့်ကာ အနည်းငယ်ရယ်ချင်သွားသည်။
“အစ်ကို လင်း၊မင်းရဲ့လှည့်ကွက်ကို သင်ပေးလို့ရမလား” မူဇောင်က ရှက်မနေတော့ပဲဒါကိုပြောလိုက်ငည်။
မနေ့က မင်းငါ့ကိုပြောတော့ နားမလည်တဲ့မေးခွန်းတွေရှိရင် မင်းကိုယ် အချိန်မရွေးမေးလို့ရတယ်ဆို။
အခုမျက်စိတစ်မှိတ်အတွင်းမှာပဲပြောင်းပြန်ဖြစ်သွားတော့သည်။
ဒီအကြောင်းတွေကိုလင်းဖန်ကတော့သိပ်ဂရုမစိုက်ပေ။
မူဇောင်၏မေးခွန်းကို ကြုံရာကျပန်းကိုဖြေပေးလိုက်သည်။
ထိုအချိန်တွင် သင်းပျံ့သော မွေးရနံ့တစ်ခု သည်သူ့ဘေးနားမှလွင့်ပျံ့လွင့်လာသည်။
ထို့နောက် သူ့ဘေးတွင် လှပသော အချောလေးတစ်ယောက် ပေါ်လာသည်။
သူမ၏ မျက်နှာသွင်ပြင်သည် ကြွေရုပ်လေးကဲ့သို့ဖြစ်ပြီး၊သူမ၏ အသားအရေသည်ဖြူဖွေးဥနေကာ သူမ၏ သွယ်လျပြီးမွှေးကြိုင်သောအနက်ရောင်ဆံပင်များသည်ပုခုံးပေါ်တွင်တင်ထားသည်မှာ သဘာဝအတိုင်း ဆွဲဆောင်မှုရှိသည်။
သူမ၏တစ်ကိုယ်လုံးသည် နူးညံ့၊သိမ်မွေ့တယ်ပြီး၊ ပြေပြစ်သည်။
“လင်းဖန်၊ ငါတို့ပြန်ဆုံပြီ ငါ့နာမည်က ဆောင်ကျင်းအန်း’’
ဆောင်ကျင်းအန်း သည် စကားပြီးနောက်သူမ၏ဖြုဖွေး သွယ်လျသောလက်ကို ဆန့်ထုတ်လိုက်သည်။
ပြန်ဆုံတာလား?
လင်းဖန်သည် ဆေင်ကျင်းအန်းကို အမှန်တရားမျက်လုံးဖြင့် ကြည့်လိုက်သည်။
မျက်နှာတန်ဖိုး: 95
နှစ်သက်နိုင်မှု- 60
နောက်တစ်ခုက ရှားပါးတဲအချောအလှတစ်ယောက်ပင်ဖြစ်သည်။
ထို့အပြင်၊ နှစ်သက်မှုရမှတ် 60 သို့ရောက်ရှိနေသည်၊ ဤ ဆောင်ကျင်းအန်း သည်လဲ သူ့ကိုယ်အထင်ကြီးနေပုံရသည်။
ထူးဆန်းတာကငါကသူမကိုသိတောင်မသိပါပေ။
လင်းဖန်က အံ့အားသင့်သွားသော်လည်း လင်းဖန်က သူ့လက်ကို ဆန့်တန်းကာ “ဟယ်လို... ငါတို့ ဘယ်မှာ တွေ့ဖူးလဲမသိဘူး” လို့ မေးလိုက်သည်။
“လွန်ခဲ့တဲ့ရက်အနည်းငယ်က မင်းအဝေးပြေးလမ်းမပေါ်မှာ Lamborghini ကို မောင်းခဲ့ပြီးငါ့ Ferrari ကို လွယ်လွယ်ကူကူ ကျော်တက်သွားခဲ့တယ်လေ’’ ဆောင်ကျင်းအန်း က ပြောလိုက်သည်။
လင်းဖန်သည်ဒါကိုကြားတော့ ရုတ်တရက်သတိရသွားပြီး “အဲ့ဒါမင်းလား” လို့မေးလိုက်သည်။
ထိုနေ့ရက်တွင်....
လင်းဖန်သာ်သူ့အဖေ လင်းတန် နာမကျန်းဖြစ်နေကြောင်း သိပြီးနောက်တွင် ဖြစ်နိုင်သမျှ အချိန်တိုဆုံးအတွင်း ချင်ရှီသို့ ပြန်သွားချင်ခဲ့သည်။
ဒါကြောင့် လမ်းတစ်လျှောက်တွင်အမြန်ဆုံး အရှိန်နဲ့ မောင်းနှင်လာခဲ့သည်။
လမ်းမှာ Ferrari တစ်စီးသည်အရှိန်ပြင်းပြင်း ဖြင့်သူ့ကားကိုမီရန်မောင်းနှင်နေတာကို တွေ့လိုက်သည်။
သို့သော် ထိုအချိန်တွင် လင်းဖန်သည် Ferrari ကားမောင်းသူကို ဂရုမစိုက်ခဲ့ပေ။
ဆောင်ကျင်းအန်းက “နောက်ဆုံးတော့ မင်းငါ့ကိုမှတ်မိသွားပြီပေါ့။ ဒီလိုအရည်အချင်းကောင်းရှိတဲ့ ရွယ်တူတွေကို ငါတွေ့ခဲတယ်။ဒါကြောင့် WeChat ထည့်လို့ရလား?”
“ရပါတယ်။” လင်းဖန်က ပြောလိုက်သည်။
နောက်ဆုံးတွင်သူတို့နှစ်ယောက်သည်Wechatတွင်သူငယ်ချင်းအဖြစ် အောင်မြင်စွာပေါင်းထည့်လိုက်ကြသည်။
ဆောင်ကျင်းအန်းက “ကောင်းပြီ နောက်မှအချိန်ရရင်ဆက်ပြောကြတာပေါ့”ပြောပြီးသည်နဲ့ ဆောင်ကျင်းအန်းလှည့်ပြီး ထွက်သွားတော့သည်။
လင်းဖန်နောက်တွင်စုရီ၊ ဇောင်လျင်းဘို နဲ့ မူဇောင်တို့၏ပါးစပ်သည်”O” ပုံသဏ္ဍာန်များဖြင့်နေကြသည်။
“ လင်း... အစ်ကို လင်း၊ ဆောင်ကျင်းအန်း ရဲ့ ပရိုဖိုင်ကို ထပ်ပြနိုင်မလား “ ဇောင်ချင်းဘိုက မေးလိုက်သည်။
စုရီသည် ကောင်းကင်ကို မော့ကြည့်ကာ “အို နတ်ဘုရားအပေါင်းတို့ ပထမအမြွှာညီအမတွေက အစ်ကို လင်း ရဲ့ WeChat ကို ထည့်ဖို့ အစပြုပြီး ဆရာမ ဟန်တီ ကလဲ အစ်ကိုလင်းရဲ့ WeChat ကို ထည့်ဖို့ အစပြုခဲ့ပြီး အခု... ရေခဲတောင် အလှ ဆောင်ကျင်းအန်းက ပါ ညီအစ်ကို လင်းရဲ့WeChat ထည့်ရန်အစပြုခဲ့တယ်’’အော်ပြောလိုက်သည်။
“အစ်ကို လင်း၊ မင်းက ငါ့ရဲ့တကယ့်အစ်ကိုပဲ။’’
မူဇောင်လဲအံ့အားသင့်သွားပြီး “အစ်ကို လင်းမင်း တကယ်ကို အံ့သြဖို့ကောင်းတယ်” လို့ပြောလိုက်သည်။
လင်းဖန်သည် သူတို့သုံးယောက်၏ အငွင်ပြင်ကို ကြည့်ကာရယ်မောလိုက်သည်။
...
အမျိုးသမီးအိပ်ဆောင်အခန်း ၅၀၂ ။
လှပသော အနက်ရောင်မျက်လုံးလေးများဖြင့် လင်းဖန်၏ WeChat အကောင့်ကို စိုက်ကြည့်နေသောမျက်လုံးလေးများသည်အမြွှာညီအမနှစ်ယောက်ပင်ဖြစ်သည်။
အချိန်အတော်ကြာပြီးနောက်၊ လင်းဖန်၏အကောင်းသို့ဝင်လိုက်ပြီးစာပို့သောနေရာကိုနှိပ်လိုက်သည်။
မနေ့က ရေးထားတဲ့မက်ဆေ့ချ်အောက်က စာသားကို ဆက်ထည့်လိုက်သည်။
အနီ: ဟယ်လို အိပ်နေပြီလား။ မနေ့ကဘတ်စကတ်ဘောကငါတို့ကိုထိမလိုဖြစ်နေတဲ့အချိန်ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်... ဒီနေ့ ဘတ်စကတ်ဘော မကစားဘူးထင်တယ်၊မနက်ဖြန် ရောကစားမှာလား...
အပြာ: ဟယ်လို အိပ်နေပြီလား? မနေ့ကဘတ်စကတ်ဘောကငါတို့ကိုထိမလို့ဖြစ်တဲ့အချိန်ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်... ဒီနေ့ ဘတ်စကတ်ဘော မကစားဘူးထင်တယ် မနက်ဖြန် ရောကစားမှာလား...
ထို့နောက် သူတို့နှစ်ဦးသည် ပေးပို့သည်နေရာကိုနှိပ်ရန်လက်ချောင်းများကို ဆန့်ထုတ်လိုက်ပြန်သည်။
ဒါပေမယ့် စခရင်ကို ထိတော့မယ့်အချိန်မှာ တစ်ချိန်တည်းမှာပင် ရပ်လိုက်ပြီး အဲဒါကို မနှိပ်နိုင်တော့ပေ။
……
လင်းဖန်သည် နောက်နှစ်ရက်ကို အလွန်စိတ်အေးလက်အေးနှင့် သက်တောင့်သက်သာဖြစ်ဖြတ်သန်းခဲ့သည်။
နေ့လယ် ၁၂ နာရီတွင် စာအိတ်အနီများသည် ငွေသား၊ လမ်းလျှောက်ခြင်း၊ အိပ်ခြင်းနှင့် အသက်ရှူခြင်းမှ ရရှိသော ငွေများကိုလဲရရှိသေးသည်။
ယနေ့တွင် လင်းဖန်၏ ငွေပမာဏာသည် 15 သန်းရောက်ရှိသွားခဲ့ပြီဖြစ်သည်။
ထိုနေ့တွင် လင်းဖန်သည် အတန်းပြီးသွားကာ အဆောင်အိပ်ခန်းဆီသို့လျှောက်လာခဲ့သည်။
ထိုအချိန်သူ့အိတ်ကပ်ထဲက ဖုန်းသည် အနည်းငယ် တုန်ခါသွားတော့သည်။
လင်းဖန်သည် ဖုန်းကို ဖွင့်ကြည့်လိုက်ရာ၊ ၎င်းသည် ဆောင်ကျင်းအန်းကပေးပို့သည့် WeChat မက်ဆေ့ချ်တစ်ခု ဖြစ်သည်။
ဆောင်ကျင်းအန်း: ဒီည ကားပြိုင်ပွဲရှိတယ်၊ အတူတူကစားဖို့ စိတ်ဝင်စားလား?
လင်းဖန်သည် ညဘက်တွင် ဘာမှလုပ်စရာမရှိဟု တွေးလိုက်သည်။သူသည်လဲကားပြိုင်ချင်နေသေးသည်။
ဒါနဲ့ မက်ဆေ့ကို ပြန်ဖြေလိုက်သည်ါ
လင်းဖန်: ကောင်းပြီလေ။
...
ည ၉ နာရီတွင် ညသည် မှင်ကဲ့သို့ မည်းမှောင်နေပြီး ကောင်းကင်တွင် တစ်ခြတည်း တွဲလောင်းကျနေသော လခြမ်းသဏ္ဍာန်လလေးတစ်စင်းသာရှိသည်။
ဆောင်ကျင်းအန်းသည် Lamborghini ၏ တွဲဖက်လေယာဉ်မှူးတွင် ထိုင်နေပြီး “မင်းရဲ့ကားက ပြုပြင်မွမ်းမံထားပုံမပေါ်ဘူး?”
လင်းဖန်သည် ခေါင်းညိတ်လိုက်ပြ”ဟုတ်တယ်”လို့ပြန်ဖြေလိုက်သည်။
“ဒါဆို ဟိုတနေ့ က ဘယ်လလုပ်ပြီးမြန်မြန်မောင်းနှင်နိုင်ရတာတာလဲ” ဆောင်ကျင်းအန်း က မေးလိုက်သည်ယသည်။
“ဖြစ်နိုင်တာက.. မြင်းကောင်ရေ 700 ရှိလို့ထင်တယ်’’လင်းဖန်က ပြောသည်။
ဆောင်ကျင်းအန်းသည်ပြောစရာစကားပျောက်ရှသွားတော့သည်။
Lamborghini မှာ မြင်းကောင်ရေ 700 ကောင်အားရှိတယ်ဆိုတာ သူမသိသည်ဒါပေမယ့် နောက်တောင်ပံ၊ ဘီးအချက်အချာ၊ အင်ဂျင်ချိန်ညှိမှု စတာတွေကို မပြုပြင်ဘူးဆိုရင်တော့ သူ့ရဲ့အမြန်နှုန်းက မြင်းကောင်ရေ၇၀၀အါးလောက်မရှိပေ။ဖြစ်နိုင်တာကသူကားမောင်းကေးကျွမ်းကျင်လို့သာဖြစ်မည်ဟုသးမကောက်ချက်ချလိုက်သည်။
ဤအချိန်တွင် အရှေ့ဘက်အကွေ့အကောက်တောင်ပေါ်လမ်းခွတွင် အလန်းစားပြိုင်ကားကားတစ်ဒါဇင်ကျော်ရပ်ထားသည်။
ငယ်ငယ်ရွယ်ရွယ်နဲ့ ချောမောသည့် ယောက်ျားလေး အယောက်နှစ်ဆယ်နီးပါးရှိသည်။
သူတို့အားလုံးသည် ကျန်ပေ့ တွင်နာမည်ကြီးချမ်းသာသောဒုတိယမျိုးဆက်များပင်ဖြစ်သည်။
“ဗွမ်း!”
နောက်ဆုံးတွင် လင်းဖန်၏ Lamborghini သည် ကားရပ်နားရာနေရာတွင် ရပ်သွားခဲ့သည်။
ချမ်းသာသောဒုတိယမျိုးဆက်များသည်ဆောင်ကျင်းအန်းကိုမြင်ပြီးသူတို့အားလုံးသည်ဆောင်ကျင်းအန်းကိုနှုတ်ဆက်လိုက်ကြသည်။
“ညီမ ကျင်းအန်း!”
“ညီမ ကျင်းအန်း မင်း ကားပြောင်းလိုက်တာလား”
ဆောင်ကျင်းအန်းက ခေါင်းယမ်းလိုက်ပြီး “မဟုတ်ဘူး၊ ဒါက ငါ့သူငယ်ချင်း လင်းဖန် ရဲ့ကား”
“လင်းဖန်?”
ထို့နောက် သူတို့အားလုံးက လင်းဖန်ကို ကြည့်လိုက်ကြသည်။
နာရူတိုအင်္ကျီဝတ်ထားတဲ့ အမျိုးသားက “ညီမ ကျင်းအန်း၊သူက မင်းရဲ့ ချစ်သူဟုတ်တယ် မဟုတ်လား”
ဆောင်ကျင်းအန်း က “မဝုတ်ပါဘူး၊ငါတို့ကအတန်းဖော်တွေပါ။”
“ဗွမ်း!”
“ဗွမ်း!”
ထိုအချိန်တွင် အဝေးမှ သားရဲတစ်ကောင်လို ကားအင်ဂျင်ဟောက်သံဖွက်ပေါ်လာသည်။
ထို့နောက်တွင်၊ အနက်ရောင် Lamborghini နှင့်တော်ဝင်အပြာရောင် McLaren P1 တို့သည်ပြိုင်တူမောင်းလာကြသည်။
အဆုံးတွင် ကားသည် လူတိုင်းရှေ့တွင် ပြတ်ပြတ်သားသား ရပ်လိုက်သည်။
“ဒါက လီယီဟိုင်နဲ့ စုလင်းဟို ရဲ့ကားပဲ!”
“သူတို့နှစ်ယောက်လုံး နှစ်အတော်ကြာ ရန်ဖြစ်နေကြတာမဟုတ်လား၊မမျှော်လင့်ဘဲဒီညအတူတူလာကြတယ်၊သူတို့နှစ်ယောက်ပွဲကစိတ်ဝင်စားစရာပဲ။”
“မိသားစု လီ နဲ့ စု တို့မိသားစုနှစ်စုသာ်ဆေးစျေးကွက်တွင်ဆယ်စုနှစ်နဲ့ချီပြီး အငြင်းပွားလဲ့ကြငည်။ ဒါက သးတို့မတည့်တာလဲဖသ်သင့်တယ်”
လူတိုင်းက အသံတိုးတိုးနဲ့ ပြောနေကြသည်။
လီယီဟိုင်ဒါကို ကြားတော့ သူ့အမူအရာ အနည်းငယ် ပြောင်းသွားသည်။
ဒီရက်ပိုင်းမှာ လင်းဖန် ဟာ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် ရာစုနှစ်ချည်ဂျင်းစင်းမရှာတွေ့လို့ကို မဝယ်နိုင်သေးပေ။(မှတ်ချက်ဆေးသရုတ်ဖော်ကတ်ကဖော်မြူလာပါအဲ့အတိုင်းဖော်စပ်မှာ့လူတစ်ယောက်လုံးကိုအကေားဆုံးကုသနိုင်မည်ဖြစ်သည်။)
လီမိသားစုနှင့် စုမိသားစုတို့သည် ကျန်ပေ့ရှိ နာမည်ကြီး ဆေးဝါးကုမ္ပဏီများဖြစ်သည်။
သူတို့ဆီကတစ်ဆင့်... မျှော်လင့်ချက်တစ်ခုတော့ ရှိကောင်းရှိနိုင်သည်။
အဒီ နေ့တစ်ပိုင်းထဲပါ။မနက်ဖန်ကျများများတင်ပေးပါမယ်။😁😁😁
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး