ကားပြိုင်ပွဲ
Vol. 2 Ch. 30
မကြာခင်မှာပဲ အရပ်မနိမ့်မမြင့်လူငယ်နှစ်ယောက်သည် Lamborghini Daniel နဲ့ McLaren P1 ထဲကနေ ထွက်လာခဲ့သည်။
နှစ်ယောက်သား သည်ကားပေါ်မှဆင်းပြီးတစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေကာသူတို့နှစ်ယောက်ကြားတွင်လျှပ်စစ်များမထွက်ရုံတမယ်ကြည့်နေကြသည်။
ခဏအကြာတွင် ရှပ်အင်္ကျီအဖြူဝတ်ထားသည့် စုလင်းဟို က “ညီမ ကျင်းအန်း၊မင်းလည်း ဒီကိုလာဖို့ မမျှော်လင့်ထားဘူး။”
ဆောင်ကျင်းအန်းက “ဒီလောက်လူစုံတက်စုံဆိုတော့သေချာပေါက်ကို လက်လွတ်လို့မဖြစ်ဘူးလေ။ဒီနေ့ ဘယ်လိုပြိုင်မောင်းမှာလဲ။”မေးလိုက်သည်။
စုလင်းဟိုက “ညီမ ကျင်းအန်း၊ ငါနဲ့စုလင်းဟိုကဒေါင်လင်းလမ်းတစ်လျှောက် ပြိုင်မောင်းကြမယ်။ လောင်းကြေးက ငါ့ McLaren P1 နဲ့ သူ့ Lamborghiniပဲ’’
ကုတ်အင်္ကျီဝတ်ထားတဲ့လီယွင်ဟိုင်က ချက်ချင်းအော်ပြောလိုက်သည်”ဒီပြိုင်ပွဲမှာ ဒီမှာရှိနေတဲ့ ညီအကို မောင်နှမတွေ အားလုံးလည်း ပါဝင်နိုင်ပါတယ်။ မင်းတို့အနိုင်ရရင် McLaren P1 နဲ့ Lamborghini တို့က မင်းတို့ပိုင်တယ်!”
စုလင်းဟိုသည် ထိုစကားကိုကြားပြီးနောက် အနည်းငယ်မျက်မှောင်ကြုတ်သွားသော်လည်း ဘာမှတော့ပြန်မပြောပေ။
လီယွင်ဟိုင်၏စကားများကိုကြားပြီးနောက် အကုန်လုံးဝမ်းသာသွားကြသည်။
ဒီမှာရှိတဲ့မိသားစုတိုင်းသည်အနည်းဆုံး ယွမ် သန်း ၁၀၀ ကျော်ပိုင်ဆိုင်မှုရှိသည်။
သို့သော်၊ McLaren P1 နှင့် Lamborghini Daniels တို့သည် သူတို့တစ်ယောက်ချင်းစီမဝယ်နိုင်ပေ။သူ့တို့အဖေအမေကိုတောင်းရင်တောင်မဝယ်ပေးပေ။ဘာလို့ဆို
McLaren P1 သည် ၁၄ သန်းတန်သော စူပါပြိုင်ကားတစ်စီးဖြစ်သည်ကိုသိသင့်သည်။
လီယွင်ဟိုင်၏ Lamborghini သည်မြင့်မားသောစျေးနှုန်းဖြင့် ပြုပြင်ထားပြီး ၎င်း၏စျေးနှုန်းမှာ ၁၄ သန်းအထက် ဖြစ်သောကြောင့်ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုရသော် သင်သည် ပြိုင်ပွဲတွင် အနိုင်ရသည်နှင့် တစ်ပြိုင်နက် အနည်းဆုံး 28 သန်းတန် ပြိုင်ကားတစ်စီးကို ချက်ချင်းရနိုင်မည်ဖြစ်သည်။
ဒါကြောင့်သူတို့အားလုံးစိတ်မရှားဘဲနေမည်နည်း။
လီယွင်ဟိုင်က လူတိုင်းကို အရမ်းပျော်နေတာတွေ့တော့ သူလဲနည်းနည်းတော့ပျော်နေသည်။
ပြီးနောက်ဆောင်ကျင်းအန်းကို “ညီမ ကျင်းအန်း၊မင်း ဒီနေ့ Ferrari SF90 ကို မောင်းမလာဘူးလား”
“ငါကငါ့သူငယ်ချင်းLamborghiniနဲ့ဒီကိုလာခဲ့တာ’’ ဆောင်ကျင်းအန်း က လင်းဖန်ဘက်လှည့်ပြီး “လင်းဖန်ကားပြိုင်ပွဲမှာပါမှာလား’’
လင်းဖန်က “ကောင်းပြီလေပြိုင်ကြတာပေါ့”
ဆောင်ကျင်းအန်းက ပြုံးပြီး “ငါ မင်းရဲ့ဘေးမှာထိုင်ရင် ရမလား” လို့ မေးလိုက်သည်။
“ရပါတယ်” လင်းဖန်က ပြောသည်။
လီယွင်ဟိုင်က လင်းဖန်ကို မကြည့်ဘဲ မနေနိုင်ပေ။ဆောင်ကျင်းအန်းနှင့်အခုလိုနီးစပ်ဖို့ဆိုတာကမလွယ်ပေ။
အစ်ကိုလင်း၊ မင်းကားပြိုင်တာကိုကြိုက်တယ်မလား။ မင်းတဲ့ငါနဲ့အကြိုက်ချင်းတူတယ်။ ဒါပေမယ့် မင်းဟာအခုမှကားမောင်းတာလို့ ငါထင်တယ်” လီယွင်ဟိုင်က ပြုံးပြီး ပြောလိုက်သည်။
“ဟုတ်တယ် တကယ်တော့ ကျွန်တော် ကားမောင်းတာ ရက်အနည်းငယ်ပဲ ရှိသေးတယ်။” လင်းဖန်က ပြောလိုက်သည်။
လီယွင်ဟိုင်က ခေါင်းညိတ်ပြလိုက်ပြီး “ဒါဆိုဒီလိုပေါ့၊ အစ်ကိုလင်း၊ ကျွန်တော့်က ကားတွေကို ပြန်လည်ပြင်ဆင်ရာမှာ အတွေ့အကြုံတော့ရှိတယ်။အနာဂတ်မှာ ကားကိုပြန်လည်ပြုပြင်ချင်တယ်ဆိုရင် အချိန်မရွေး ဆက်သွယ်နိုင်ပြီး မက်းစိတ်ကျေနပ်အောင် လုပ်ပေးနိုင်မယ်လို့ငါအာမခံတယ် “
လင်းဖန် က “ငါ ငါ့ကားကိုပြုပြင်ချင်ရင် ငါမင်းကို သေချာပေါက်ဆက်သွယ်လိုက်ပါ့မယ်”
လီယွင်ဟိုင်က သက်ပြင်းချလိုက်ပြီး “ကံမကောင်းစွာပဲ အစ်ကိုလင်း အရင်ကတည်းကငါနဲ့ဆုံလိုက်ရမှာ၊အဲလိုသာဆိုရင် ငါတို့ ဒီနေ့ တော့ကားပြိုင်နိုင်မယ်”
လင်းဖန်၏ကားကို ပြုပြင်မွမ်းမံမထားခြင်းကြောင့်၎င်းကား၏စွမ်းဆောင်ရည်သည် သူ့သည်သူ့ကားနှင့်မယှဥ်နိုင်ဟုဆျုလိုသည်။
လင်းဖန် ကယုံကြည်မှုရှိစွာဖြင့် “ငါဒီနေ့လည်း ပြိုင်လို့ရပါတယ်”လို့ပြောလိုက်သည်။
“အစ်ကိုလင်း၊ မင်းအဲ့လောက်ယုံကြည်မှုရှိတယ်ဆိုတော့ ကောင်းတယ်...ဟားဟားဟား!” လီယွင်ဟိုက်ကပြောလိုက်သည်။
လီယွင်ဟိုင်၏ရုပ်ရည်သည်သူနဲ့တစ်ယောက်မမတန်ဘူးလို့ရေထားသည့်ပုံပေါ်သည်။
သို့သော်၊ သူ၏စိတ်သည် အလွန်နူးညံ့ပြီးလိမ္မာပါးနပ်သည်။သူ၏ကြုံရာစကားအနည်းငယ်ဖြင့်သူတို့ကို ပိုမိုရင်းနှီးစေသည်။
ပြောရမယ်ဆိုရင်တော့ ဒီချမ်းသာတဲ့ ဒုတိယမျိုးဆက်တစ်သည်မမမောက်မာပဲအရမ်းကိုလိမ္မာပါးတယ်သည်ဖြစ်၍သးသည် မရိုးရှင်းပေ။
ထို့နောက် လီယွင်ဟိုင်က “အချိန်နီးနေပြီဆိုတော့ပြိုင်ပွဲဝင်မယ့် ညီအကို မောင်နှမများ ကျေးဇူးပြုပြီး နေရာယူပေးကြပါ!”
ပြိုင်ပွဲမှာ ပါဝင်လိုသူတွေဟာ သူတို့ပြိုင်ကားပေါ်သို့တစ်ယောက်ပြီးတက်လိုက်ကြသည်။
နောက်ဆုံးတွင် စုစုပေါင်း ကား ၈ စီးသည်ကားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ပြိုင်ပွဲတွင်ပါမည့်သူများသည် McLaren P1 နဲ့ Lamborghini ကို အနိုင်မယူနိုင်ဘူးဆိုတာသူတို့သိသည်။
သို့ရာတွင်သူတို့သည်သူတို့၏ဂုဏ်သိက္ခာမကျရန်အတွက်ပါဝင်ကြသည်။
တွဲဖက်ထိုင်ခုံမှာ ထိုင်နေတဲ့ ဆောင်ကျင်းအန်း က “အရင်က ဒေါင်လင်း လမ်းကိုမောင်းဖူးလား” လို့ မေးလိုက်သည်။
လင်းဖန်က ခေါင်းခါပြီး “မမောင်းဖူးဘူး” လို့ပြန်ဖြေလိုက်သည်။
ဆောင်ကျင်းအန်းက ကားလက်ကိုင်လက်ရန်းတွေကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။ ဘာလို့ဆိုသူတို့ယခမောင်းမည့်လမ်းက အတော်လေး ကျဉ်းပြီး အကွေ့အကောက်တွေအများကြီးရှိပြီးဒါကြောင့် ဘေးကင်းရေးက အရေးကြီးသောကြောင့်ဖြစ်သည်။
ဆောင်ကျင်းအန်း သည်လင်းဖန်နိုင်မည်ဟုလုံးဝမျှော်လင့်ချက်မရှိပေ။
လင်းဖန်ရဲ့ ကောင်းမွန်တဲ့ ကားမောင်းစွမ်းရည်ကို သူမမြင်ဖူးသည်။
ဒါပေမယ့် သူသည်ကားမောင်မှု စွမ်းဆောင်ရည် ဘယ်လောက်ရှိရှိ မရင်းနှီးတဲ့ လမ်းတွေ ကိုမရင်းနှီးဘူးဆိုတော့ဘယ်လိုမအနိုင်အရနိုင်ပေ။
အဲဒီအချိန်မှာ ကားတွေရှေ့မှာ ရပ်နေတဲ့ ပျန်ပန်ပါးပါးစော်လေးက သူ့လက်ထဲက အနီရောင်အလံကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။
“ဗွမ်း!”
ရုတ်တရက်ပင် တောင်ခြေရင်းတွင် ကားသံများတစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် သားရဲများကဲ့သို့ပင်စူပါပြိုင်ကားရှစ်စီးသည် ပန်းတိုင်သို့အမြန်မောင်းနှင်ကြတော့သည်။
ဤကား ၈ စီးထဲတွင် လင်းဖန်၏ Lamborghini သည် ပျမ်းမျှစွမ်းဆောင်ရည်သာရှိသည်။
သို့သော်လည်း ပရော်ဖက်ရှင်နယ် မောင်းနှင်မှုစွမ်းရည်ကို အားကိုးပြီးနောက် ကား ၃ စီးကို တိုက်ရိုက်ကျော်ဖြတ်ကာ အဆင့်ငါးသို့ လွယ်ကူစွာ ရောက်ခဲ့သည်။
ဆောင်ကျင်းအန်းသည် လင်းဖန် ၏ ကျွမ်းကျင်သော လှုပ်ရှားသွားလာမှုများကို ကြည့်ပြီး လျှို့ဝှက်စွာ ခေါင်းညိတ်ကာ “ရှေ့ 1 ကီလိုမီတာမှာ S ပုံသဏ္ဍာန် မျဉ်းကွေးတစ်ခု ရှိတယ်’’ဟု ဆိုလိုက်သည်။
လင်းဖန်က “Ok’’လို့ပြောပြီးနောက်တွင်သူ၏အနက်ရောင် တောက်ပတဲ့ မျက်လုံးတစ်စုံနဲ့ ရှေ့ကို စိုက်ကြည့်ပြီးညိမ်သက်စွာမောင်းနှင်နေသည်။
ဒါပေမယ့် သူ့ခြေထောက်အောက်က အရှိန်ကိုတော့မလျှော့ပေ။
ဆန့်ကျင်ဘက်အနေနှင့်၊ သူသည် အရှိန်ကိုအဆက်မပြတ်မြှင့်တင်နေသည်။
အရှိန်200!
အရှိန်210!
...
ဆောင်ကျင်းအန်းသည် မျဉ်းကွေးနှင့် နီးကပ်လာသည်ကို တွေ့လိုက်ရတော့ သူမ၏ နှလုံးခုန်သံများ အရူးအမူးခုန်လာကာ သူမသည် မထိန်းနိုင်တော့ဘဲ “လင်း...လင်းဖန်ရှေ့မှာ S ပုံသဏ္ဍာန် မျဉ်းကွေးတစ်ခု ရှိတယ်’’
ဆောင်ကျင်းအန်းက အရမ်းနှလုံးခုံမြန်နေသည်မှာအဆန်းတော့မဟုတ်ပေ။
မင်းသိသင့်သည်ဒါက အကွေ့အကောက်လမ်းတစ်ခုဆိုတာကိုပေါ့။
အရှိန် ၂၀၀ ကျော်နှင့် ယာဉ်တိုက်မှုဖြစ်ရင်အထဲမှာရှိသည့်လူသည်လုံးဝကိုသေဆုံးမည်ဖြစ်သည်။
နောက်ဆုံးမှာတော့ Lamborghini သည်အကွေ့ကို ရောက်လာသည်။
လင်းဖန်သည် လုံးဝကိုအရှိန်မလျှော့သေးပေ။
ဆောင်ကျင်းအန်း ၏ လှပသော မျက်နှာသည် ဖြူဖျော့နေပြီး သူမ၏ နဖူးနှင့် လက်ဖဝါးများသည် ချက်ချင်းပင် ချွေးများဖြင့် ဖုံးလွှမ်းသွားသည်။
ဆောင်ကျင်းအန်းသည် အကွေ့နားရောက်ခါနီးတွင် လင်းဖန်သည် နောက်ဆုံးတွင် လှုပ်ရှားသွားခဲ့သည်။
လင်းဖန်သည် စတီယာရင်ကို အမြန်လှည့်လိုက်သည်၊ ကားတစ်ခုလုံးသည် မြွေတစ်ကောင်လို၊ S ပုံသဏ္ဍာန်မျဉ်းကွေးကိုလှလှပပ ဖြတ်သွားကျော်သွားသည်။
...
တောင်ခြေ ရှိသူများသည် ဖန်သားပြင်ကို စိုက်ကြည့်ကာ အာမေဋိတ်သံများဖြည့်ပြည့်နက်နေသည်။
“ကြမ်းလိုက်တာ၊ဒီလိုမောင်းနှင်မှုများကိုတစ်ခါမှမမြင်ဖူးဘူး’’
“အဲ့ဒါကို တိုက်မိတော့မယ်လို့ထင်လိုက်တာ!”
“သေချာတာကဒီကားမောင်းတဲ့သူကပရရိုဆိုတာပဲ’’
...
လင်းဖန်၏S ပုံသဏ္ဍာန် မျဉ်းကွေးကို ဖြတ်ပြီးနောက်ရှေ့ကိုဆက်မောင်းနေသည်။
ဆောင်ကျင်းအန်း သက်ပြင်းရှည်ကြီးချလိုက်ပြီး “လင်... လင်းဖန်၊ လုံခြုံဖို့အရေးကြီးဆုံးပဲ” လို့ ပြောလိုက်သည်။
“ကောင်းပြီ။” လင်းဖန်က ပြန်ဖြေလိုက်သည်။
ထို့နောက် အရှိန်မြှင့်စက်ကို ပိုမိုပြင်းထန်စွာ နင်းလိုက်သည်။
ကားအရှိန်က တဖြည်းဖြည်းတိုးလာပြန်သည်။
အရှိန်240!
အရှိန် 250!
ဆောင်ကျင်းအန်းသည် သူမ၏ နားထဲတွင် လေသံကိုသာ ကြားလိုက်ရပြီး ပြတင်းပေါက် အပြင်ဘက် ရှုခင်းများကိုတောင်ဖြတ်ခနဲသာမြင်တွေ့ရသည်။
ဆောင်ကျင်းအန်းသည် ထိတ်လန့်သွားပြီး မြေပုံကို တစ်ချက်ကြည့်ကာ “လင်းဖန်၊ ရှေ့ 1 ကီလိုမီတာမှာ 90 ဒီဂရီ အကွေ့တစ်ခုရှိတယ်”
“သိပြီ။” လင်းဖန်က ပြန်ဖြေသည်။
နောက်တော့လင်းဖန်သည်ကား၏အရှိန်ကသည်ဖပ်မံတိုးလာပြန်သည်။
အရှိန် 260!
“ဗွမ်း!”
ဘေးကင်းရေးသည် အရေးကြီးဆုံးဖြစ်သည်၊ပြောလိုကသောကြောင့်လဲမသိပေ၊ထို့ကြောင့် ရှေ့သို့ 90 ဒီဂရီ အကွေ့ရောက်သည်အထိဆက်လက် အရှိန်မြှင့်နေသည်။
ပထမဆုံးအကြိမ်အဖြင့်…
ဆောင်ကျင်းအန်းသည် ပထမဆုံးအကြိမ် ကားစီးခြင်းကြောင့် ကြောက်ရွံ့ထိတ်လန့်ပြီးလိုက်လာခဲ့သည်ကို နောင်တရခဲ့သည်။
အမှားပါရင်သည်းခံပေးပါခင်ဗျ။