← Chapters

အခန်း (၂၃၈)

Vol. 17 Ch. 238

အခန်း (၂၃၈)

Vol. 17 Ch. 238

ကျွင်းချောင်ရှောင်းနှင့် ရီရှင်းချန်တို့သည် ပေါ့ပေါ့ပါးပါးနှင့် ခရီးထွက်ခဲ့လိုက်၏။

သူသည် တစ်ခြားသော တပည့်များအား မခေါ်ယူခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သိုင်းပြိုင်ပွဲဆိုသည်မှာ အလွန်တရာ ခက်ခဲလှသည်တော့ မဟုတ်လှပေ။ ထို့ကြောင့် လူအများကြီးနှင့် ထွက်ခွာလျှင် အချိန်ဖြုန်းခြင်းနှင့်ဆင်တူပေလိမ့်မည်။ ထို့ကြောင့် ဂိုဏ်းသားများအနေနှင့် ဂိုဏ်းတွင် နေထိုင်၍ ကျင့်ကြံသည်ကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ချင်းယန်နိုင်ငံ၏ စီစဉ်သူသာ ထိုအကြောင်းကို သိမည်ဆိုလျှင် ကျိန်းသေပေါက် ဒေါသထွက်မှာ သေချာသည်။ သူတို့၏ သိုင်းပြိုင်ပွဲများသည် ချင်းယန်နိုင်ငံ၏ သိုင်းပြိုင်ပွဲ ထက် ပို၍ ခမ်းနားကာ ကြီးကျယ်လှ၏။

ဂိုဏ်းချုပ်ကျွင်း အနေနှင့် အနည်းငယ်သော လေးစားမှုကို ပေး၍ မရဘူးလား။

တကယ်တမ်း မှာတော့ လေးစားမှုကို အစောကတည်းက ပေးပြီးဖြစ်၏။ မဟုတ်လျှင် ဂိုဏ်းချုပ်ကျွင်းသည် သူ၏ တပည့်အား ဝင်ပြိုင်ခိုင်းမည် မဟုတ်ချေ။

ချင်းယန်နိုင်ငံသို့ လာသည့် ခရီးသည် အနည်းငယ် အလှမ်းဝေးလှ၏။

ထို့ကြောင့် ခရမ်းရောင် ကျားသားရဲကြီးအား ဆင့်ခေါ်ကာ စိတ်တိုင်းကျ စီးနင်းတော့သည်။

ရီရှင်းချန်မှာတော့ သူ၏ နဂါးရွှေ့ပြောင်းခြင်း ခြေလှမ်းကွက်ကို အသုံး၍ နောက်မှ ထပ်ကြပ်မကွာ ပြေးလိုက်နေရ၏။

"ချီးတဲ့မှ …."

ငါ့ရဲ့ ပဋိညာဉ် သားရဲကြီးသာ ရှိနေတယ်ဆိုရင် အတောင်ပံဖြန့်လိုက်‌တာနဲ့ မိုင်တစ်ထောင်လောက်ကို အသာလေးပဲ။ ကျားသားရဲလောက်ကို အနောက်မှာ ဖြတ်ပြီး ချန်ခဲ့လို့ရတယ်။

စစ်မှန်သော ယောကျာ်းကောင်းများသည် အတိတ်မှ အောင်မြင်မှုများကို ကြွားလုံးမထုတ်တတ်ကြပေ။ ရီရှင်းချန်သည် ထို့ကြောင့် ခြေလျင်သာ လိုက်လာခဲ့၏။

ဒုတိယမြောက်နေ့မှာတော့ သူတို့သည် အိမ်နီးချင်းနိုင်ငံဖြစ်သော ဖင်းယန်နိုင်ငံထဲသို့ ဝင်ရောက်လာခဲ့ပြီဖြစ်သည်။

ဖင်းယန်နိုင်ငံသည် အလွန်အမင်း ကြီးမားလှပြီး ချင်းယန်နိုင်ငံထက် ပို၍ အားကောင်းလှသည်။

အနည်းဆုံး နိုင်ငံအတွင်း၌ ဂိုဏ်းပေါင်းသုံးရာနှင့် အဆင့်ငါး ဂိုဏ်းနှစ်ခုလည်း ရှိနေ၏။

တစ်ခုသည် တောက်ပလဂိုဏ်းဖြစ်ပြီး အခြားတစ်ခု မှာတော့ မိုးရေစက် ခန်းမဆောင် ဖြစ်သည်။

မှန်ပေသည်။ လေလံအိမ်ထဲတွင် ကျွင်းချောင်ရှောင်းနှင့် အကြီးအကျယ် လေလံပြိုင်တင်ခဲ့သော သခင်လေးသည် ဖင်းယန်နိုင်ငံ၏ မိုးရေစက် ခန်းမဆောင် သခင်လေးပင် ဖြစ်တော့သည်။

ဖင်းယန်နိုင်ငံ၏ ပြည်သူ့လုံခြုံရေး စနစ်သည် အလွန်ကောင်းမွန်လှ၏။

ထို့ကြောင့် မိစ္ဆာဂိုဏ်းများ ရှိသည်ဆိုသော်လည်း အလွန်အမင်း အားကောင်းလှသော လူကောင်းဂိုဏ်းများသည် မိစ္ဆာဂိုဏ်းများအား ဖိနှိပ်ထားသည်။

ထို့ကြောင့် မိစ္ဆာဂိုဏ်းများသည် ခိုးကြောင်ခိုးဝှက်နှင့်သာ လှုပ်ရှားကြရ၏။

ကျွတ် ကျွတ်။

ကျားသားရဲကြီးပေါ်တွင် ထိုင်ပြီး လှပသော သစ်တောထဲတွင် ခရီးဆက်နေသော ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်သည်။ "ဒီမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက ချင်းယန်နိုင်ငံမှာ ရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေထက် ပိုပြီးတော့ အားကောင်းတယ်။"

ရီရှင်းချန် ပြောလိုက်သည်။ "ချင်းယန်နိုင်ငံက အဆင့်ကိုး နိုင်ငံလေး တစ်ခုလေ။ ဒါကြောင့် အဆင့်ရှစ် နိုင်ငံနဲ့တော့ ဘယ်ယှဉ်လို ရမှာလဲ။"

"အဆင့်ကိုး ၊ အဆင့်ရှစ် ဟုတ်လား။"

ကျွင်းချောင်ရှောင်း အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ "နိုင်ငံတွေကိုလည်း မတူညီတဲ့ အဆင့်တွေနဲ့ ခွဲခြားထားသေးတယ်လား။"

ဂိုဏ်းချုပ်တစ်ယောက်အနေနှင့် ဤလူသည် အခြေခံအချက်အလက်များကို ပင် အဘယ့်ကြောင့် မသိရှိရသနည်း။

ရီရှင်းချန် ပြောလိုက်သည်။ "ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာလည်း ဂိုဏ်းတွေကို မတူညီ‌တဲ့ အဆင့်တွေအဖြစ် ခွဲခြားထားသေးသလို နိုင်ငံတွေကိုလည်း မတူညီတဲ့ အဆင့်တွေအဖြစ် ခွဲခြားထားတယ်။"

"အဆင့်ကိုးက အနိမ့်ဆုံးလား။"

"အမှန်ပါပဲ။"

"....."

ကျွင်းချောင်ရှောင်း ငြိမ်သက်သွားမိသည်။

သူသည် ဝိညာဉ်ကူးပြောင်း ရောက်ရှိလာပြီးသည့်နောက် အဆင့်ကိုးနိုင်ငံအတွင်းရှိ အဆင့်ကိုး ဂိုဏ်းတစ်ခုထဲသို့ ရောက်ရှိခဲ့သည်။ သူ၏ ကံတရားသည် မည်မျှ ဆိုးရွားလိုက်သနည်း။

စနစ်မှ ပြောလိုက်သည်။ "ခက်ခဲမှုတွေ မရှိဘူးဆိုရင် ဘယ်လိုလုပ် စိန်ခေါ်မှု ဖြစ်တော့မှာလဲ။ ဒါမျိုးကမှ လက်ခံသူရဲ့ အကြိုက်ဖြစ်လိမ့်မယ်။"

သူသည် စနစ်အား လျစ်လျူရှုထားပြီး ရီရှင်းချန်အား လှည့်ကာ ပြောလိုက်သည်။ "မင်း တော်တော် သိတာပဲ။"

"...."

ထိုအရာများသည် အခြေခံသိထားသင့်သော အချက်အလက်များ မဟုတ်လော။

ကျွင်းချောင်ရှောင်းသည် အဓိပ္ပာယ်ပါပါနှင့် ပြောလိုက်သည်။ "ရှင်းချန် မင်းက နောက်ခံဇာတ်ကြောင်းရှိတဲ့ လူတစ်ယောက်ဆိုတာ ငါသိတယ်။"

ဂိုဏ်းအတွင်းတွင် တစ်ချိုသော အရာများကို ပြောဆို၍ မဖြစ်နိုင်ပေ။ သို့ပေမဲ့ လက်ရှိအချိန်တွင် သူတိုနှစ်ယောက်တည်းသာ ရှိသောကြောင့် လွတ်လွတ်လပ်လပ်နှင့် ပြောဆိုနိုင်၏။

ရီရှင်းချန်ပြောလိုက်သည်။

"မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့ ဇာတ်ကြောင်းမျိုးလား။"

ကျွင်းချောင်ရှောင်း လေးလေးနက်နက်နှင့်ပြောလိုက်သည်။ "မင်းကတော့ မဖြစ်နိုင်ဘူး။"

"တကယ်တော့ …."

ကျွင်းချောင်ရှောင်းသည် လိုရင်းကိုသာ ဦတည်ပြီး ပြောလိုက်သည်။ "လူတွေဆီမှာ ကိုယ်ပိုင်လျိုဝှက်ချက်ဆိုတ ရှိတယ်။ဒါကို တစ်ခြားသူတွေကို သွားပြောလို့ မဖြစ်ဘူး။"

ရီရှင်းချန် ငြိမ်သက်သွားသည်။

ဂိုဏ်းချုပ်သည် သူ၏ လျို့ဝှက်ချက်ကို အမှန်ပင် သိရှိနေပြီလား။ မဖြစ်နိုင်ပေ။

ပြန်လည် မွေးဖွားခြင်း ဆိုသည်မှာ ကောင်းကင်တာအိုကို ငြင်းဆန်ခဲ့သော အလုပ်တစ်ခု ဖြစ်သည်။ မည်သူက သိရှိနိုင်မည်နည်း။ သူ့ကို လှည့်စားနေခြင်းသာ ဖြစ်ပေလိမ့်မည်။

"ရှင်းချန်။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

"မင်းရဲ့ လျိုဝှက်ချက်ကို သိရှိရဖို့ ငါ စိတ်မဝင်စားဘူး။"

"မင်း သိထားရမှာက မင်းအနေနဲ့ သံမဏိအရိုးဂိုဏ်းသားတစ်ယောက် ဖြစ်ပြီဆိုရင် တစ်သက်လုံး သံမဏိအရိုးဂိုဏ်းသားတစ်ယောက်ပဲ။"

ဤတပည့်သည် ဂိုဏ်းအတွင်းသို ဝင်ရောက်ရန် အတင်း ဆွဲခေါ်ခဲ့ရသူဖြစ်သည်။

ထို့ကြောင့် သူ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေပေလိမ့်မည်။ သူ့အနေနှင့် ဂိုဏ်းသားတစ်ယောက်အဖြစ် လက်ခံနိုင်ရန် ဖြည်းဖြည်းချင်း သိမ်းသွင်းသွားမှ ဖြစ်ပေလိမ့်မည်။

"နားလည်ပါတယ်။" ရီရှင်းချန် ပြောလိုက်သည်။

သို့ပေမဲ့ သူ၏ စိတ်ထဲမှာတော့ အလိုမကျဖြစ်မိနေသည်။

ဤအတောအတွင်း သူသည် တက်တက်ကြွကြွနှင့် ဂိုဏ်း၏ ကိစ္စများကို လုပ်ဆောင်ခဲ့သည် ဆိုသော်လည်း အစစ်အမှန် ရည်ရွယ်ချက်မှာ ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် အထောက်အပံ့များကို ရရှိရန်သာဖြစ်၏။ ဂိုဏ်းသည် သူ့အား ပိုင်ဆိုင်သည်ဟု မည်သို့သော အခါကမှ မစဉ်းစားမိချေ။

.......

ဖင်းယန်နိုင်ငံ၏ သိုင်းပြိုင်ပွဲ သည် စွေ့ရန်မြို့တွင် ကျင်းပခြင်းဖြစ်သည်။

စွေ့ရန်မြို့သည် နိုင်ငံ၏ အဓိက မြို့တစ်ခု မဟုတ်သော်လည်း အလွန်အမင်း အားကောင်းကာ ၊ ချမ်းသာ ကြွယ်ဝ၏။ ချင်းယန်မြို့ထက်ပို၍ စည်ကား သိုက်မြိုက်နေသည်။

အိုက်ရား။

အဘိုးအိုတစ်ယောက်သည် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ "ဒါက ကြိုးကြာ တောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် မဟုတ်လား။"

"မ‌တွေ့ရတာတောင် အတော်ကြာပြီ။ ခင်‌ဗျားရဲ့ ကျင့်ကြံခြင်းက တိုးတက်လာခဲ့တာပဲ။"

“ဟားဟား။ ဂိုဏ်းချုပ်ခုံးကို မတွေ့တာကြာပြီ။”

ကြိုးကြာတောင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် သူ၏ တပည့်ကို ခေါ်ပြီး လက်သီးဆုပ် နှုတ်ဆက်လိုက်၏။

များပြားလှသော ဂိုဏ်းများနှင့် လူများသည် တစ်ယောက်နှင့်တစ်ယောက် ယဉ်ကျေးစွာဖြင့် နှုတ်ဆက်လျက်ရှိပြီး မြို့၏ ဂိတ်တံခါးတွင်လည်း လူတွေစည်ကားလျက်ရှိ၏။

ဝေါင်း။

ထိုအချိန်မှာတော့ ဒေါသတကြီးဟိန်းသံတစ်ခုသည် နောက်ဘက်ဆီမှ ထွက်ပေါ်လာသည်။

အားလုံးသည် ထိပ်လန့်တုန်လှုပ်သွားသောကြောင့် နောက်ဘက်သို့ လှည့်ကြည့်လိုက်မိ၏။

ပန်းပွင့်ပုံများ ရေးထိုးထားသော ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် အနက်ရောင် ကျားသစ်သားရဲကြီးအား စီး၍ ဖြည်းညှင်းစွာဖြင့် လျှောက်လှမ်းလာသည်။

"ဒါ ကျားသစ်နတ်ကြီးပဲ”

“ ကောင်းကင်ဘုံ ….ဒါက သိုင်းတပည့် ထိပ်ဆုံးအဆင့်နဲ့ နှိုင်းးယှဉ်လို့ရတဲ့ သားရဲကြီးပဲ။"

"ဒါက အဆင့်ခြောက် သားရဲထိန်းကျောင်းခြင်း ဂိုဏ်းရဲ့ သခင်လေး မဟုတ်လား။"

"တကယ့်လူပဲ …. သူက အပြင်ထွက်လာတဲ့အချိန်မှာတောင်ကျားသစ်နက်ကြီးကို စီးလာနိုင်တယ်။"

"သားရဲ ထိန်းကျောင်းခြင်း ဂိုဏ်းရဲ့ သခင်လေးက ဒီကို ဘာ့ကြောင့် ရောက်လာတာလဲ။ သိုင်းပြိုင်ပွဲကို ဝင်ပြိုင်မလိုလား။"

"သိုင်းပြိုင်ပွဲရဲ့ စည်းမျဉ်းတွေအရဆိုရင် ဝင်ရောက်ယှဉ်ပြိုင်တဲ့လူတွေက အသက်နှစ်ဆယ်ထက် ငယ်မှ ဖြစ်မယ်။ ဒါကြောင့် သူ ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ မဖြစ်နိုင်ဘူး။ လာကြည့်တာပဲ ဖြစ်ရမယ်။"

အားလုံးသည် တီးတိုး ပြောဆိုနေကြ၏။

သူတို့၏ မျက်လုံးများတွင်တော့ မနာလိုမှုများနှင့် ပြည့်နက်လျက်ရှိကြသည်။

ကျားသစ်နက်ကြီးကို စီးနင်းလာသော လူငယ်သည် ဂုဏ်ယူစွာဖြင့် လျှောက်လှမ်းလာ၏။

သူ၏တပည့်များသည်လည်း အနောက်ဘက်မှ ဝန်းရံ၍ ဖြည်းဖြည်းချင်း လျှောက်လာကြသည်။

သူ သားရဲကြီးကို စီးနင်း၍ အပြင်ကို ထွက်လာသည် ဆိုသည်မှာ လူများ၏ အာရုံစိုက်မှုကိုခံချင်၍ ဖြစ်သည်။ ထိုသို့ ပြုမူရသည်မှာ စိတ်ချမ်းသာမှုကို ခံစားရ၏။

ဟမ်။

ရုတ်တရက်ဆိုသလိုပဲ သခင်လေးသည် မျက်မှောင်ကုတ်မိသွား၏။

အဘယ့်ကြောင့်ဆိုသော် သူ၏ရှေ့တွင်ရှိသော လူနှစ်ယောက်သည် တစ်ချက်ကလေးမှ လှည့်မကြည့်ဘဲ ခပ်မြန်မြန်လျောက်လျက်ရှိနေသောကြောင့် ဖြစ်သည်။

လူများ၏ သတိပြုမိခြင်းကို ခံယူချင်နေသောသူသည် ရုတ်တရက် သူ့အား ဂရုမစိုက်သော လူနှစ်ယောက်နှင့်တွေ့မြင် လိုက်ရသောကြောင့် အကြီးအကျယ် မနှစ်မြို့သလို ဖြစ်သွားသည်။ သူ အော်ဟစ်လိုက်၏။ "ရှေ့ကနှစ်ယောက် ရပ်စမ်း"

ကျားသစ်နက်ကြီးသည် သူ့သခင်၏စိတ်ကို နားလည်၏။ ထို့ကြောင့် ချက်ချင်းဆိုသလိုပဲ ရှေ့မှ သွားနေသော လူနှစ်ယောက်ကို ဟိန်းဟောက်လိုက်တော့သည်။

“ဝေါင်း …”

ဟိန်းသံသည် အလွန်တရာ ကျယ်လောင်လှ၏။

ထို့ကြောင့် ကျင့်ကြံသူများ၏ စိတ်နှလုံးများသည် တုန်ခါသွားကြ၏။

အခြားသော ကျင့်ကြံသူများသည် ရှေ့မှ လူနှစ်ယောက်အား သတိပြုမိသွားကြ၏။

"သူတို့က ကျားသစ်နက်သားရဲကြီးရှေ့မှာတောင် လမ်းလျောက်ရဲတယ်။ အလွန်ရဲရင့်လိုက်တဲ့ လူတွေပဲ။'

"ဘာလို့လဲ။"

ရှေ့၌ လမ်းလျောက်လျက်ရှိသော လူသည် ရုတ်တရက်ရပ်၍ လှည့်ကာ မေးလိုက်၏။ ထိုသူသည် ချောမောလှပလွန်းသော ဂိုဏ်းချုပ်ကျွင်းပင် ဖြစ်တော့သည်။

ပြောနေစရာပင် မလိုပေ။

ဂိုဏ်းချုပ်ကျွင်း၏ ဘေးမှာ ရှိနေသောသူသည် ရီရှင်းချန်ပင် ဖြစ်တော့သည်။

ရှေ့မှလူ၏ မထိမဲ့မြင်အကြည့်ကို မြင်တော့ သခင်လေးသည် ဒေါသထွက်လာ၏။

မင်းတို့ ရှေ့မှာ ရှိနေတဲ့ ကျားသစ်နက်ကြီးကို စီးထားတာက ငါလေ ။မင်းတို့ မမြင်ဘူးလား။ နည်းနည်းတော့ ကြောက်လန့်တဲ့ပုံ ပြဦးမှပေါ့။

သခင်လေးသည် မထီမဲ့မြင်နှင့် မေးလိုက်၏။ "ခင်ဗျားကို ကြည့်ရတာ ရင်နှီးနေသလိုပဲ။ ဘယ်ဂိုဏ်းကလဲ"

"ချင်းယန်နိုင်ငံ သံမဏိအရိုးဂိုဏ်းက … " ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

အနားပတ်ဝန်းကျင်မှာ ရှိသော လူများသည် ထိုအသံကို ကြားလိုက်ချိန်‌မှာတော့ ဆွံ့အသွားမိကြသည်။

ထိုသူတို့သည် အချင်းချင်း ဆွေးနွေးလျက်ရှိသည်။

"ဒါဆိုရင် အနီးအနားနိုင်ငံက သံမဏိအရိုးဂိုဏ်းပေါ့။"

"အခုတစ်လောမှ အဆင့်တက်လာတဲ့ အဆင့်ရှစ် ဂိုဏ်းတစ်ခု မဟုတ်ဘူးလား။သူ့တို့ စွေ့ယန်နိုင်ငံကို လာတာ ပွဲကြည့်ဖိုထင်တယ်။"

သခင်လေးသည် လူအများ၏ ပြောဆိုဆွေးနွေးမှုကို ကြားလိုက်ချိန်မှာတော့ အထူးသဖြင့် အဆင့်ရှစ်ဂိုဏ်းတစ်ခုဟု ကြားလိုက်ချိန်မှာတော့ မျက်လုံးထဲတွင် အထင်သေးမှု များဖြင့် ပြည့်နက်သွားသည်။

"ရောင်းရင်တို့ … မင်းတို့ ငါသွားတဲ့လမ်းကို ပိတ်ထားတယ်ဆိုတာ သတိမထားမိဘူးလား"

All Chapters