← Chapters

အခန်း (၂၄၃)

Vol. 17 Ch. 243

အခန်း (၂၄၃)

Vol. 17 Ch. 243

"ခရမ်းလျှပ်စီး ကျား သားရဲပေါက်လေးလား။"

“ကောင်းကင်ဘုံ … ဒါက အရမ်းကို ရှားပါးတဲ့ လျှပ်စီးအမျိုးအစား ကျား သားရဲလေးလား။သူက အဆင့်ရှစ် ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်လေ။ ဘယ်လိုဖြစ်ပြီး ဒီလို စီးတော်ယဉ်သတ္တဝါမျိုးရှိနေရတာလဲ။"

သားရဲထိန်းကျောင်းမှု ဂိုဏ်း၏ တပည့်များအားလုံးသည် ထိပ်လန့်မိသွားကြ၏။

သူတို့သည် သားရဲများနှင့် ရင်ဆိုင်၍ အလုပ်လုပ်နေရသည့် ဂိုဏ်းတစ်ခုဖြစ်သောကြောင့် ဤလျှပ်စီးအမျိုးအစား သားရဲမျိုးသည် ထိန်းကျောင်းနိုင်ရန် မည်မျှ ခက်ခဲပြီး မည်မျှတန်ဖိုးကြီးမားကြောင်း သိရှိကြသည်။

သိုသိုသိပ်သိပ် နေစေချင်၍အလိုငှာ ကျွင်းချောင်ရှောင်းသည် စွေ့ယန်နိုင်ငံထဲသို့ ဝင်ရောက်ခဲ့သည့်အချိန်၌ ခရမ်းရောက်လျှပ်စီး ကျားသားပေါက်လေးအား သားကောင်ဖမ်းဘောလုံးထဲတွင် သိမ်းဆည်းထားခဲ့၏။

သိုင်းပြိုင်ပွဲပြီးသည့်နောက်မှာတော့ သူသည် ချင်းယန်နိုင်ငံသို့ ဤသတ္တဝါအား စီးနင်း၍ ပြန်မှ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်သူ ခရမ်းရောင် လျှပ်စီး ကျားသားပေါက်အား စီး၍ ပြန်ခဲ့ခြင်း ဖြစ်သည်။ သို့ပေမဲ့ တောနက်ထဲတွင် သားရဲထိန်းကျောင်းခြင်းဂိုဏ်း၏ သခင်လေးနှင့် ဆုံလိမ့်မည်ဟု မထင်မှတ်မိခဲ့‌ချေ။

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်း၍ ပြောလိုက်သည်။ "သိုသိုသိပ်သိပ်နေဖို့ ဘာလို့ ဒီလောက် ခက်ခဲရတာလဲ။"

ဝေါင်း။

သူ့သခင်၏ အတွေးကို ခံစားမိပြီးနောက် ခရမ်းရောင် လျှပ်စီးကျားသားပေါက်လေးသည် ထပ်မံ၍ ဟိန်းလိုက်၏။

သစ်တောထဲတွင် ရှိသော တရိစ္ဆာန်များအားလုံးသည် ကြောက်လန့်သွားကြသည်။

ကျွင်းချောင်ရှောင်းတွင် စီးတော်သားရဲ ရှိ၏။

ထို့ကြောင့် ရီရှင်းချန်သည် သူ၏ နဂါးခြေလှမ်းကွက်အား အသုံးပြု၍ အားကုန်ပြေးလိုက်နေရသည်။

ဆုလာဘ်များအား သူ့အနေဖြင့် ရရှိခဲ့ပြီးဖြစ်သောကြောင့် သူသည် ဒေါသတကြီး ပြောလိုက်၏။ “အစောကတည်းကသာ သိမယ်ဆိုရင် င့ါခန္ဓာကိုယ် အားကောင်းစေဖို့ စမ်းသပ်မှု မျှော်စင်ထဲမှာ ပဲ နေခဲ့ပါတယ်။”

အပြန်လမ်းတစ်လျှောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စတိုးဆိုင်အား ဖွင့်၍ ပိုလျှံနေသော ဂိုဏ်းစုဆောင်းမှတ်များ အား အသုံးပြု၍ ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးပုလင်းများ ဝယ်ယူရန် စဉ်းစားလိုက်၏။

သူ့အနေနှင့် refresh လုပ်ခြင်းဖြင့် သူ၏ ဂိုဏ်းစုဆောင်းမှတ်များအား မဖြုန်းတီးချင်ပေ။

ထို့ကြောင့် သူသည် refresh လုပ်မည့်အစား ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည် လေးပုလင်းအား ဝယ်ယူလိုက်၏။

သူ၏ ဂိုဏ်းစု‌ဆောင်းမှတ်များသည် ၁၁၅၅ မှ ၉၅၅ သို့ ကျဆင်းသွားသည်။

ဖုံးကွယ်ထားသည့် တာဝန်နှင့် အထူးတာဝန်များအား ပြည့်စုံအောင် ပြုလုပ်ပြီးသည့်နောက်မှာတော့ သူသည် ဂိုဏ်းစုဆောင်းမှတ်များကို ရရှိခဲ့သည်။

ဂိုဏ်းစုဆောင်းမှတ်များသည် မြေကြီးနှင့် ထိလုမတပ် နည်းပါးနေရာကနေ မိုးထိမြင့်မားသော အခြေအနေသို့ ရောက်ရှိသွားသည်ကို မြင်တော့ ကျွင်းချောင်ရှောင်းသည် အလွန်အမင်း စိတ်ကျေနပ်မိနေ၏။

"ဖင်းယန်နိုင်ငံကို လာပြီး သိုင်းပြိုင်ပွဲ လာပြိုင်ရတာ ဂိုဏ်းစုဆောင်းမှတ် တစ်ရာနဲ့ စိတ်ဝိညာဉ် ကျောက်တုံးတစ်ရာကို ရရှိတာပဲ။"

ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်စွာဖြင့် ပြောဆိုလိုက်သည်။ "ဒါက တန်တယ်။"

အဆင့်မြင့် သိုင်းနည်းစနစ်ကရော ….။

အရိုးသားဆုံးပြောရလျှင် သူသည် ထိုအရာကို စိတ်မဝင်စားချေ။

ထို့အပြင် သူ၏ စတိုးထဲတွင် ဤ နည်းစနစ်ထက် ပိုမိုကောင်းမွန်သည့် နည်းစနစ်များ ရှိနေသည် မဟုတ်လား။

အထူးသဖြင့် သူ့တွင် ချင်းယန်နိုင်ငံ၏ သိုင်းပြိုင်ပွဲတွင် ရရှိခဲ့သော သိုင်းနည်းစနစ်လည်း ရှိနေသေး၏။

ဤသိုင်းနည်းစနစ်၏ စာရွက်သည် အလွန်တရာ ကြမ်းတမ်းလှသည်သာ မဟုတ်လျှင် သူ အိမ်သာတက်တဲ့အချိန်၌ အသုံးပြုလိုက်မိမှာ သေချာသည်။

စနစ်မှ ပြောလိုက်သည်။ "ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ များပြားလှတဲ့သိုင်ပညာရှင်တွေရှိတယ်။ ဒီတော့ သိုင်းပြိုင်ပွဲတွေက တစ်ခုမဟုတ် တစ်ခု ရှိနေမှာပဲ ။ လက်ခံသူ အနေနဲ့ တပည့်တွေကို ပြိုင်ပွဲဝင်ဖို့ ပိုပြီးတော့ လွှတ်သင့်တယ်။ ဒါဆိုရင် အရင်းအမြစ်တွေကို ပိုပြီး ရှာဖွေလို ရနိုင်တယ်။”

ကျွင်းချောင်ရှောင်းသည် မျက်လုံးတွေ ချာချာလည်သွား၏။ "ဂိုဏ်းစုဆောင်းမှတ်တွေကို သုံးဖြုန်းဖို့ မပြောတာနဲ့တင် ငါ မင်းကို ကျေးဇူးတင်နေပြီ။အခု ဘယ်လိုဖြစ်ပြီးတော့ ဂိုဏ်းစုဆောင်းမှတ်တွေ ရအောင်တောင် အကြံညဏ်တွေ ပေးနေရတာလဲ။"

စနစ်မှ လေးလေးနက်နက် ပြောလိုက်သည်။ "ငါ့ရဲ့တာဝန်က လက်ခံသူရဲ့ သံမဏိအရိုးဂိုဏ်းကို အားအကောင်းဆုံး ဂိုဏ်းတစ်ခု ဖြစ်အောင် ပြုလုပ်‌ရာမှာ ကူညီပေးဖို့လေ။"

"ကောင်းပြီ။"

ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားလိုက်သည်။

“တပည့်တွေကို သိုင်းပြိုင်ပွဲတွေကို လွှတ်ပြီးတော့ ပြိုင်ခိုင်းရမယ်။ဒါဆိုရင် စိတ်ဝိညာဉ်ကျောက်တုံးတွေ ရရုံမကဘဲ သူ‌တို့တွေကလည်း တကယ်ကို တိုက်ပွဲအတွေ့အကြုံတွေ ရလိမ့်မယ်။ဒါ ဆိုးတဲ့ အကြံအစည်တော့မဟုတ်ဘူး။"

စနစ်မှ ပြောလိုက်သည်။ "သာမန်အခြေအနေအရဆိုရင် ဂိုဏ်းချုပ်အနေနဲ့ သိုင်းပြိုင်ပွဲတွေကို လိုက်ပြီးတော့ လူကိုယ်တိုင် လိုက်တက်စရာ မလိုဘူး။ တပည့်တွေကို ဂိုဏ်းက အသိအမှတ်ပြုတယ်ဆိုတဲ့ အကြောင်းအရာကို ထုတ်ပေးလိုက်ရင် ရပြီ။"

"ဒါဆိုရင် အိုက်မိသားစု ခေါင်းဆောင်ဆီမှာ သွားပြီးတော့ တစ်ခြား ဘယ်နိုင်ငံတွေမှာ သိုင်းပြိုင်ပွဲတွေ ရှိလဲဆိုတာ မေးရမယ်။"

ခဏလောက်ကြာမြင့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ချင်းယန်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာ ၏။

သို့ပေမဲ့ သူသည် သူ၏ ဂိုဏ်းသို့ အလျင်စလို မပြန်ပေ။ အဲအစား ဟူရန်နိုင်ငံသို့ ခရီးထွက်လိုက်၏။

"ဂိုဏ်းချုပ်ကျွင်း … ဖင်းယန်နိုင်ငံရဲ့ သိုင်းပြိုင်ပွဲကို သွားပြီး ယှဉ်ပြိုင်ခဲ့တာ မဟုတ်ဘူးလား။"

"ဟုတ်တယ်လေ"

"တိုက်ပွဲက ဘယ်လိုဖြစ်သွားလဲ။"

"ဒီလိုပါပဲ … သူ သာမာန်လိုပဲ ဗိုလ်ဆွဲခဲ့တယ်လေ"

အိုက်ရှန်းရီ သည် ဆွံ့အသွားမိ၏။

ဂိုဏ်းချုပ်ကျွင်းသည် သူ၏ တပည့်မှာ သိုင်းပြိုင်ပွဲတွင် သာမန်လိုပင် ဗိုလ်ဆွဲခဲ့သည်ဟုဆိုသည်။ မည်မျှ မောက်မာလိုက်သည့် စကားနည်း။

"အိုက်ခေါင်းဆောင်။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "တစ်ခြား ဘယ်နိုင်ငံမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ ဆုပေးတဲ့ သိုင်းပြိုင်ပွဲတွေ ရှိနေသေးလဲ။"

အိုက်ရှန်းရီ ၏ နှုတ်ခမ်းများသည် တဆတ်ဆတ် နှင့် တုန်ခါသွားသည်။

သူပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း တပည့်တွေကို လွှတ်ပြီးတော့ သိုင်းပြိုင်ပွဲကို ပြိုင်စေချင်လို့လား။"

"ကျုပ်ရဲ့ ဘာမှသုံးစားမရတဲ့ တပည့်တွေက ဂိုဏ်းထဲမှာ ကျင့်ကြံတေိုးတက်လာမှာ မဟုတ်ဘူးလေ။ဒီတော့ သူတို့ကို အပြင်လောကတွေကို လွှတ်ပြီးတော့ ယှဉ်ပြိုင်စေမှ ပိုပြီးတော့ တိုးတက်တော့မှာပေါ့။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

အိုက်ရှန်းရီ "..."

ခင်ဗျားရဲ့ ဘာမှမဟုတ်တဲ့ တပည့်တွေက ဟောင်ချီဂိုဏ်းရဲ့ တိုက်ရိုက်တပည့်တွေကိုတောင် အနိုင်ယူခဲ့တယ်လေ။ တကယ့်ကို အသုံးဝင်တဲ့ တပည့်သာဆိုရင် ကောင်းကင်ဘုံကို တက်ပြီး နတ်မင်းရဲ့ဖင်ကို မီးတက်ရှို့မလား မသိဘူး။

အိုက်ရှန်းရီ သဘောတူညီစွာဖြင့် ပြောလိုက်သည်။

“ဂိုဏ်းထဲမှာ ကျင့်ကြံတယ်ဆိုတာက တံခါးပိတ်ကျင့်ကြံတယ်ဆိုတာနဲ့ အတူတူပဲလေ။ ဒါကြောင့် ကျင့်ကြံခြင်း လောကထဲကို ဝင်ပြီးတော့ အတွေ့အကြုံတွေကို ယူမှ တကယ့်ကို သူတို့ ရင့်ကျက်လာလိမ့်မယ်။"

သူ ခဏလောက် ရပ်တန့်ပြီးနောက် ပြောလိုက်သည်။ "လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာ ဟွာရင်နိုင်ငံက သိုင်းပြိုင်ပွဲတစ်ခု ကျင့်ပလိမ့်မယ်။ ဒါက ဖင်းယန်နိုင်ငံရဲ့ သိုင်းပြိုင်ပွဲနဲ့ဆင်တူပြီးတော့ ဆုလာဘ် က တာ့ ရက်ရက်ရောရော ပေးတယ်။"

"ဒီလိုကိုး" ကျွင်းချောင်ရှောင်း၏ စိတ်ဝင်စားမှုများသည် မြင့်တက်လာသည်။

အိုက်ရှန်းရီ လေးလေးနက်နက် ပြောလိုက်သည်။

"ဒါပေမဲ့ ဟွာရင်နိုင်ငံမှာက များပြားလှတဲ့ မိစ္ဆာဂိုဏ်းတွေ ရှိတယ်။သိုင်းပြိုင်ပွဲတွေမှာ လူတော်တော်များများ သေဆုံးတက်ကြတယ်။ ဒါကြောင့် ဂိုဏ်းချုပ်ကျွင်းကို အဲလို သိုင်းပြိုင်ပွဲတွေဆီ တပည့်တွေ မလွှတ်ဖို့ ပြောချင်တယ်။ပြီးတော့ …"

သူ ခဏလောက် ရပ်တန့်ကာ ပြောလိုက်သည်။ "ကျုပ် ကြားထားတဲ့ သတင်းအရဆိုရင် ဟွာရင်နိုင်ငံမှ ရှိတဲ့ အဆင့်ခုနစ် ဂိုဏ်းတစ်ခု ဖြစ်တဲ့ လင်းယုန်နက် က တစ်ညအတွင်းမှာပဲ သုတ်သင် ရှင်းလင်း ခံလိုက်ရတယ်။ အဲနိုင်ငံ က မငြိမ်းချမ်းဘူး။"

အချိန်ကာလသည် လဝက်လောက် ကြာမြင့်ပြီးသည့် နောက်မှာတော့ သူသည် ထိုသတင်းအား ရရှိခဲ့သည်။ ထို့ကြောင့် အိုက်မိသားစု ၏ သတင်းစုဆောင်းမှု နှုန်းသည် အလွန်တရာ နှေးကွေးသည်ဟု ဆိုရမည်။

ဝိုး။

ကျွင်းချောင်ရှောင်းသည် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "အခြားနိုင်ငံတွေမှာရော ရှိသေးလား။"

"နေဦး ကျုပ် စဉ်းစားလိုက်အုံးမယ်။"

အိုက်ရှန်းရီ ခဏလောက်စဉ်းစားမိလိုက်သည်။ ပြီးနောက် နိုင်ငံလေးခု၏ အမည်များအား တစ်ခုပြီး တစ်ခု ပြောလိုက်သည်။

တစ်ချို့သည် နီးနီးနားနား နိုင်ငံများ ဖြစ်ပြီး တစ်ချို့သည် အလွန် အလှမ်းဝေးလှ၏။

သို့ပေမဲ့ သူတို့ ကျင်းပမည့် သိုင်းပြိုင်ပွဲများသည် လက်ရှိ သူတို့ ပြိုင်ဆိုင်ခဲ့သည့် သိုင်းပြိုင်ပွဲများနှင့် ဆင်တူနေ၏။

သူလိုချင်သော သတင်းအချက်အလက်များကို ရရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် လက်သီးဆုပ်ကာဖြင့် ပြောလိုက်သည်။ "ဂိုဏ်းထဲမှာ တစ်ခြား အရေးတကြီး လုပ်စရာလေးတွေ ရှိသေးတယ်။ ဒါကြောင့် ကျုပ်သွားတော့မယ်။"

အိုက်ရှန်းရီ သည် ‌အလောတကြီးဖြင့် သူ့အား လိုက်လံ ပိုဆောင်လိုက်သည်။

ပြီးနောက် ကြိတ်ကာ ခေါင်းကို ခါယမ်းပြီး ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းက တကယ်ပဲ ဖင်းယန်နိုင်ငံရဲ့ သိုင်းပြိုင်ပွဲမှာ အနိုင်ရခဲ့တာလား။"

"မိသားစုခေါင်းဆောင်။"

အိုက်ရှန်းကီသည် လမ်းလျောက်လာပြီး ပြောလိုက်သည်။

"ဖင်းယန်နိုင်ငံရဲ့ ဆေးပင်တွေ သွားဝယ်တဲ့ စီနီယာအစ်ကိုဆီကနေ သတင်းစကားတွေ ရလာတယ်။သိုင်းပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းပဲ။"

ဝိုး။

အိုက်ရှန်းရီ သည် ခိုဖြင့် ပေးပို့လာသော စာအား အလောတကြီးဖြင့် လှမ်းယူလိုက်သည်။

အထဲတွင် ရေးသားထားသော သိုင်းပြိုင်ပွဲအသေးစိတ်အကြောင်းအရင်းအား ဖတ်ကြည့်ပြီးသည့်နောက် သူသည် တွေဝေစွာဖြင့် ပြောလိုက်သည်။ "‌ဒါ … ဒါ တကယ့်ကို ဗိုလ်ဆွဲခဲ့ဝာာပဲ။သာမန်လိုပဲ ‌ဗိုလ်ဆွဲခဲ့တာ‌"

ဟူရန်မြို့မှ ပြန်လည် ထွက်ခွာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ခရမ်းရောင် လျှပ်စီး ကျားသားရဲလေးအား စီးနင်း၍ သံမဏိအရိုးဂိုဏ်းဆီသို့ ပြန်လာခဲ့သည်။

ရီရှင်းချန်သည် အရင်ဆုံး ရောက်နှင့်နေပြီဖြစ်သည်။

ထိုအချိန်မှာတော့ သူ့အား တပည့်များသည် အခြေအနေကို ဝိုင်းဝန်း မေးမြန်းလျက် ရှိကြသည်။

"ပြောစရာလိုသေးလို့လား။"

စုရှောင်မိုသည် လေသံ မြင့်မြင့်ဖြင့် ပြောလိုက်သည်။ "ဂျူနီယာညီလေးရီက ကျိန်းသေပေါက် ဗိုလ်ဆွဲခဲ့ ရမယ်။"

"ဂျူနီယာ ညီလေးရီ။"

"စီနီယာအစ်ကိုရီ က အရမ်းကြမ်းတယ်။"

တပည့်များအားလုံးသည် ချီးကျူးလိုက်ကြသည်။

ရီရှင်းချန်သည် ထိုသူတို့အား လျစ်လျူရှုကာ လူအုပ်ထဲမှ လျောက်ထွက်လာသည်။ ပြီးနောက် သူသည် စမ်းသပ်မှု မျှော်စင်ထဲသို့ ဦးတည်သွား၏။

သူ၏ အတွေးထဲမှာတော့ ဖင်းယန်နိုင်ငံသို့ သွား၍ သိုင်းပြိုင်ရသည်ဆိုသည်မှာ အချိန်ဖြုန်းခြင်းပင်။

ဒါပေမဲ့ သူ့အား လိုက်လံပိုဆောင်၍ အားပေးခဲ့ကြသလို ပြန်လာချိန်မှာလည်း ဝိုင်းဝန်းနှုတ်ဆက်၍ အားပေးကြသော ဂိုဏ်းတူ ညီအစ်ကို များအား မြင်ချိန်မှာတော့ သူ၏ စိတ်နှလုံးသားကို နွေးထွေးစေကြောင်းကို တော့ သူ ဝန်ခံရမည်။

……..

"ချင်းယန်။"

အဓိက ဟောခန်း၏ ထိုင်ခုံပေါ်တွင် ထိုင်၍ ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ "ရက်အနည်းငယ် အတွင်းမှာ ဟွာရင်နိုင်ငံရဲ့ သိုင်းပြိုင်ပွဲတစ်ခုရှိတယ်။အဲဒီမှာ မင်းသွားပြီး ပြိုင်ရမယ်။"

"ဂိုဏ်းချုပ်။"

လီချင်းယန်သည် အားပျော့စွာဖြင့် ပြောလိုက်သည်။ "တစ်ခြား ဂျူနီယာ ညီလေးတွေကို လွှတ်လို့ မရဘူလား။ကျွန်တော် အချိန်အတိုင်းအတာတစ်ခုထိ သေသေချာချာ လေ့ကျင့်ချင်သေးတယ်။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "တစ်ခြားတပည့်တွေက တစ်ခြား နိုင်ငံကို သွားပြီး ပြိုင်ရမှာ။"

"ကျွန်တော် နားလည်ပါပြီ။"

လီချင်းယန် ပြောလိုက်သည်။ "ကျိန်းသေပေါက် ကောင်းမွန်တဲ့ ရလာဒ်ကို ရအောင်ယူခဲ့ပါ့မယ်။"

ကျွင်းချောင်ရှောင်းသည် မေးထောက်ကာ ပြောလိုက်သည်။ "ငါမင်းကို တစ်ခု တောင်းဆိုချင်တယ်။အဲ့ဒါက သိုင်းပြိုင်ပွဲမှာ ဗိုလ်ဆွဲခဲ့ဖိုပဲ။"

"ကောင်းပါပြီ။"

လီချင်းယန်သည် ခေါင်းမော့ကာ ပြောလိုက်သည်။

"ကျွန်တော် ဂိုဏ်းချုပ်ကို စိတ်မပျက်စေရပါဘူး။"

ကျွင်းချောင်ရှောင်း ရှောင်ကျီ၊ စုရှောင်မိုနှင့် တစ်ခြားသူများကို ခေါ်ယူလိုက်ပြီး နိုင်ငံတစ်ခုချင်းစီ၏ သိုင်းပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် တာဝန်ချထားလိုက်သည်။

သူ့အနေနှင့် အားလုံးအား တောင်းဆိုချက်တစ်ခုတည်းသာ တောင်းဆိုခဲ့သည်။ ထိုအရာသည် သိုင်းပြိုင်ပွဲတွင် ဗိုလ်ဆွဲခဲ့ရန်သာ ဖြစ်၏။

ပြီးနောက် သိုင်းပြိုင်ပွဲမှ ပေးအပ်သောဆုလာဘ်များအား ပြန်လည်ယူဆောင်ခဲ့ရုံပင်။

ဟုတ်ပေသည်။ လုံခြုံရေးအတွက် သူသည် သေသေချာချာ မှာကြားခဲ့၏။ တစ်ဖက်ပြိုင်ဘက်များသည် အလွန်တရာ အားနည်း လွန်းသည်ဆိုလျှင် ကိစ္စ မရှိပေ။ အလွန်အားကောင်းနေသည်ဆိုလျှင် အနိုင်ယူနိုင်ရန် ခက်ခဲပေသည်။

နိုင်ခဲ့ပြန်လျှင်လည်း တစ်ခြားသော မကောင်းသည့် လူများမှ ပစ်မှတ်ထားခြင်း ခံရလိမ့်မည်။

ထို့ကြောင့် ကျွင်းချောင်ရှောင်း မိုးဆွေဟာခန်းမှလူများကို နောက်မှ တိတ်တဆိတ်လိုက်ပါ စောင့်ရှောက်ရန် မှာကြားခဲ့၏။

သူ၏ အတွင်းတပည့်များသည် သူ၏ တန်ဖိုးကြီးမားလှသော ရတနာများပင် ဖြစ်၏။ အခု အပြင်လောကသို့ ထွက်၍ လေ့ကျင့်ယှဉ်ပြိုင်လျှင် ကျိန်းသေပေါက် ဘေးကင်းလုံခြုံနေမှ ဖြစ်ပေလိမ့်မည်။

All Chapters