← Chapters

အခန်း (၂၄၆)

Vol. 17 Ch. 246

အခန်း (၂၄၆)

Vol. 17 Ch. 246

ကျွင်းချောင်ရှောင်းသည် စုန့်စစ် ကို မသတ်ဖြတ်ခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် သူ ပြဿနာမရှိချင်၍ ဖြစ်သည်။

သို့ပေမဲ့ သူ ဤအတိုင်းလည်း လွှတ်မပေးလိုက်ချင်ပေ။ မဟုတ်ပါက ဝိညာဉ်လက်ဂိုဏ်းသည် သူ့ဆီသို့ နောက်တစ်ကြိမ် ထပ်မံရောက်လာပေလိမ့်မည်။

ထို့ကြောင့် သူ၏ ကျေးကျွန်အဖြစ် နေထိုင်ရန် ခိုင်းစေခဲ့ခြင်းဖြစ်သည်။ ထိုမှသာ အနာဂတ် ပြဿနာများအား ရှောင်ရှားပေးနိုင်လိမ့်မည်။

သို့ပေမဲ့ ဤလူ၏ ဝိညာဉ်အရင်းအမြစ်ကို ထိန်းချုပ်နိုင်ခဲ့ခြင်းသည် ဖုံးကွယ်ထားသော တာဝန်တစ်ခု ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်မိခဲ့ချေ။

လုချင်းချင်း ပြောလိုက်သည် “ဂိုဏ်းချုပ် တော်တော် ရင့်ကျက်လာခဲ့ပြီပဲ”

စုန့်စစ်ကို မသတ်ဖြတ်ဘဲ ထိန်းချုပ်ရန် ရွေးချယ်မှု၏ ဂိုဏ်း၏ ဉာဏ်အမျှော်အမြင်နှင့် ရင့်ကျက်မှု တိုးတက်လာခြင်း ဖြစ်ကြောင်း သိသာ ထင်ရှားစေသည်။

ကျွင်းချောင်ရှောင်းသည် တံခါးရှေ့သို့ လျှောက်သွားပြီး သူမ နှင့် မီတာဝက် အကွာအဝေးလောက်တွင် ရပ်လိုက်သည်။ ပြီးနောက် ဆွဲဆောင်မှုရှိသော ဟန်ပန်ကို လုပ်ယူ၍ ပြုံးကာ ပြောလိုက်သည် “မင်း နားလည်လာပြီပဲ။ မင်း ဘဝကို ပုံအပ်ဖို့အထိ ရင့်ကျက်တဲ့ယောကျာ်းတစ်ယောက် ဖြစ်ကြောင်း ပိုသိလာလိမ့်မယ်။”

လုချင်းချင်း ၏ မျက်လုံးများသည် အေးစက်သွားသည်။

ကျွင်းချောင်ရှောင်းသည် ခပ်သုတ်သုတ်ပဲ ထွက်ပြေးလိုက်တော့၏။

…..

ဝိညာဉ်လက်ဂိုဏ်း၏ စုန့်စီတစ်ယောက်မှ လွဲလျှင် တခြားမည်သူမှ ပြဿနာလာမရှာသောကြောင့် ရှောင်ကျီ၏ သိုင်းပြိုင်ပွဲအတွင်း လုပ်ဆောင်ချက်များသည် ပြည့်စုံစွာနှင့် ပြီးစီးသွားပြီ ဖြစ်ကြောင်း သတ်မှတ်ရနိုင်သည်။

ညအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် စနစ်ကို ဖွင့်၍ တီးတိုးရေရွတ်လိုက်သည် “ဂိုဏ်းစုဆောင်းမှတ် ငါးဆယ် ရှိနေတယ်။ အဲတာကို အရင်ဆုံး ရှင်းပစ်ရမယ်။”

စနစ်မှ ပြောလိုက်သည် “စွဲလန်းမှုတစ်မျိုးပဲ။ သူ့ဘာသာ ပိုနေတော့လည်း ဘာဖြစ်လဲ။ ကုန်ခါနီးမှ တစ်ခုခု ဝယ်လိုက်ရတာပဲ။ ဒါကို စိတ်ရောဂါလို့ သတ်မှတ်ရမယ်။”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “စိတ်မပူနဲ့။ refresh တွေ အများကြီးလုပ်ပြီးနောက်မှာ ငါ့ရဲ့ စိတ်နှလုံးက ရေလို ကြည်လင်နေပြီ။ ကောင်းတဲ့အရာကို မရနိုင်ဘူး ဆိုရင်တောင်မှ စိတ်ထဲမှ သက်တောင့်သက်သာ ခံစားမိနေပြီ။ ဒီတော့ ပိုနေတာကို သုံးလိုက်လည်း ဆုံးရှုံးမှုလို့ မသတ်မှတ်ဘူး”

စနစ်မှ ပြောလိုက်သည် “ဒီလိုပဲ မျှော်လင့်ပါတယ်”

ကျွင်းချောင်ရှောင်းသည် မြန်မြန်ပဲ refresh လုပ်လိုက်သည်။ စနစ်၏ စတိုးဆီတွင် ပစ္စည်းသစ်များ နေရာယူလာသည်။

သို့ပေမဲ့ သေချာကြည့်ရှုပြီး နောက်မှာတော့ သူ၏ စိတ်နှလုံးများသည် အေးခဲသွားသည်။

နေ့စဉ်သုံးပစ္စည်းပစ္စယများမှ လွဲ၍ တခြားဘာမှ မရှိချေ။

အဆိုးဆုံးမှာ သားဖောက်စက် ဟူသော အရာတစ်ခုပင် ရှိနေခြင်း ဖြစ်၏။

နေအုံး …။

ဘာကြီး .. သားဖောက်စက် ဟုတ်လား။

ကျွင်းချောင်ရှောင်း ကြောင်သွားသည်။ ပြီးနောက် စနစ်၏ အသေးစိတ် အချက်အလက်များအား မြန်မြန် ဖွင့်ကြည့်လိုက်မိသည်။

ပစ္စည်း - သားဖောက်စက်။

ဖော်ပြချက် - လုံလောက်သည့် သလင်းအမြူတေ စွမ်းအင်များ ရှိမည် ဆိုလျှင် လောကရှိ မည်သည့် ဥ ကို မဆို သားဖောက်နိုင်သည်။ အထူးသဖြင့် ကျင့်ကြံခြင်းလောက၏ သားရဲဥများဖြစ်သည်။

အကျိုးသက်ရောက်မှု - သားဖောက်ပြီးပါက သားပေါက်လေးသည် လက်ခံသူ နှင့် တခါတည်း ပဋိညာဉ်စာချုပ် ချုပ်ဆိုပြီး ဖြစ်နေလိမ့်မည်။

အထူးအကျိုးသက်ရောက်မှု - သားဖောက်နေစဉ်အတွင်း သားပေါက်လေးသည် သန္ဓေပြောင်းလဲနိုင်သော အခွင့်အရေး လည်း ရှိသည်။ သန္ဓေပြောင်းလဲသွားမည် ဆိုလျှင် သားရဲသည် အလွန်အမင်း အားကောင်းသွားလိမ့်မည်။

ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ၃၀၀။

ချီးတဲ့မှ …။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “သားဖောက်စက် က နဂါးစိမ်းလခြမ်းဓားမော့ ထက်တောင် ပိုပြီး ဈေးကြီးနေသေးတယ်”

စနစ်မှ ပြောလိုက်သည် “သားရဲဥကို သားဖောက်ပေးနိုင်တဲ့ ပစ္စည်းပဲ။ အောင်မြင်အောင် သားဖောက်ပြီးရင် တစ်ခါတည်း ပဋိညာဉ်ချုပ်ဆိုမှု လုပ်ပြီးရံတင် မဟုတ်ဘူး။ သန္ဓေပြောင်းသားရဲကို ပိုင်ဆိုင်နိုင်ဖို့လည်း အခွင့်အရေး ရှိသေးတယ်။ ဒီတော့ ဂိုဏ်းစုဆောင်းမှတ် ၃၀၀ ဆိုတာ ဈေးပေါတယ်လို့ သတ်မှတ်ရမယ်။”

“သေမင်းတောင်ကြားထဲမှာ ရခဲ့တဲ့ နဂါးဥ ရှိတယ် မဟုတ်လား။ အဲတာကို စမ်းသပ်ကြည့်ဖို့ ထောက်ခံတယ် …”

“ငါသိပြီ”

ကျွင်းချောင်ရှောင်း ဖြတ်ပြောလိုက်သည် “ကြယ်ငါးပွင့် အဆင့် ထောက်ခံတာ မဟုတ်လား”

စနစ်သည် အလွန်သဘောကျသွား၏ “လက်ခံသူတောင် သိလာပြီ။ လက်ခံသူရဲ့ ဦးနှောက်က တိုးတက်လာပြီလို့ ဆိုရမယ်။”

“တော်စမ်း”

ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ပြီး တီးတိုးရေရွတ်လိုက်သည် “နဂါးဥကို ယူလာတာကြာပြီ။ ဘယ်လိုသားဖောက်ရမလဲ မသိဘူး ဖြစ်နေတယ်။ ဒီတော့ ဝယ်လိုက်တာ ကောင်းပါမယ်လေ”

သို့ပေမဲ့ ..။

ဤသားရဲသည် ရုပ်မဆိုးလွန်းဘူးလား။

ပဋိညာဉ်ချုပ်ဆိုပြီး သားရဲများ အတွက် ကျွင်းချောင်ရှောင်းသည် သွင်ပြင်လက္ခဏာကို ဦးစားပေးသည်။ ထို့အပြင် လှပပြီးခန့်ညားနေမှ အပြင်ထွက်ချိန်တွင် လူတိုင်းချီးကျူးမည် မဟုတ်လော။

စနစ်သည် ဆွံ့အသွားသည် “မီးနဂါးသားရဲ က အရမ်းကြီးမားတဲ့ခန္ဓာကိုယ် ရှိတယ်လေ။ ပြီးတော့ မီးဓာတ်သားရဲပဲ။ စီးသွားမယ်ဆိုရင် အားလုံးက လည်ပြန်လှည့်ကြည့်ဖို့ တစ်ရာ ရာခိုင်နှုန်း သေချာသည်။”

“အမှန်ပဲ”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဝယ်မယ်”

“ဒင် .. လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၃၀၀ ကို အသုံးပြုပြီး သားဖောက်စက်အား ဝယ်ယူခဲ့သည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”

“ဒင် .. ဂိုဏ်းစုဆောင်းမှတ် ၇၄၀ / ၁၀၀၀”

သူ၏ သိစိတ်သည် သိုလှောင်လက်စွပ်ထဲသို့ ရောက်ရှိသွားသည်။

စတုရန်းမီတာ နှစ်မီတာလောက် ကြီးမားသော သားဖောက်စက်ကြီးကို ကြည့်၍ ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ခါသွားသည် “ဒီလောက်ကြီး ကြီးတာလား”

စနစ်မှ ပြောလိုက်၏ “အဆင့်မြင့်သားရဲတွေက တောင်လောက်တောင် ကြီးမားတယ်လေ။ ဒီသားဖောက်စက် က အသေးစားလေးလို့ ပြောရမယ်”

“…….”

ကျွင်းချောင်ရှောင်းသည် သားဖောက်စက်ရှိရာဆီ လျှောက်သွားကြည့်လိုက်တော့ အောက်ခြေတွင် သလင်းအမြူတေ စွမ်းအင်များ ထည့်သွင်းရာ နေရာ တစ်ခုရှိနေကြောင်း မြင်လိုက်ရ၏။

“စမ်းကြည့်ရမယ်”

အပြင်ကမ္ဘာဆီသို့ပြန်လာပြီး သူ သားဖောက်စက်အား စာကြည့်ခန်းထဲတွင် ထားရှိလိုက်သည်။ ပြီးနောက် နဂါးဥအား သယ်ဆောင်လာပြီး သားဖောက်စက်ထဲ ပစ်ထည့်လိုက်သည်။

စနစ်မှ ပြောလိုက်သည် “စတိုးထဲမှ အဆင့်မြင့် သားဖောက်စက်တွေ ရှိသေးတယ်။ အဲလိုစက်တွေက ဥတွေ အများကြီးကို တပြိုင်နက်တည်း သားဖောက်နိုင်တယ်။ ပြီးတော့ တခြားတွေနဲ့ ပဋိညာဉ်ရေးထိုးထားတဲ့ သားကောင် ဖြစ်အောင်လည်း လက်ခံသူ လုပ်ပေးနိုင်တယ်”

ကျွင်းချောင်ရှောင်းအံ့အားသင့်မိသွားသည်။ “ချီးတဲ့မှ .. အဲလောက်ကောင်းတာလား”

ဥတွေ အများကြီးအား သားဖောက်ပြီး တပည့်များနှင့် ပဋိညာဉ်ရေးထိုးမှု ပြုလုပ်ပေးလိုက်မည် ဆိုလျှင် တပည့်များသည် ကိုယ်ပိုင်သားရဲကို ရရှိကြမှာ ဖြစ်သည်။

စနစ်မှ ပြောလိုက်၏ “အဆင့်မြင့် သားဖောက်စက်ကို အလယ်အလတ် စတိုးဆီမှာပဲ ရ နိုင်တယ်”

“တော်စမ်း” ကျွင်းချောင်ရှောင်း အော်လိုက်မိ၏။

နဂါးဥအား ပစ်ထည့်ပြီးသည့်နောက် နောက်တစ်ဆင့်သည် သလင်းအမြူတေ၏ စွမ်းအင်များ ထည့်သွင်းပေးခြင်း ပင် ဖြစ်သည်။

သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် သလင်းအမြူတေ တစ်လုံးအား ထည့်သွင်းပြီး သားဖောက်မည် ဆိုသော ခလုတ်ကို နှိပ်ပြီးဖြစ်ပေမဲ့ တစ်ခုမှ ထူးခြားသွားခြင်း မရှိပေ။

ငါ အတုကြီး ဝယ်လာမိတာလား။

စနစ်မှ ပြောလိုက်သည် “ဒါက မီးနဂါး သားရဲဥလေ။ ဒီတော့ အလယ်အလတ်အဆင့် သလင်းအမြူတေ တစ်လုံး နဲ့ သားဖောက်လို့မရဘူး ထင်တယ်”

သားရဲဥများအား သားဖောက်ရာတွင် သလင်းအမြူတေ၏ အဆင့်ပေါ်တွင်လည်း မူတည်နေသေးသည်။

ကျွင်းချောင်ရှောင်းသည် နောက်ထပ် သလင်းအမြူတေ ဆယ်လုံးကို ထုတ်ယူပြီး စက်ထဲ ထည့်လိုက်၏။

သို့ပေမဲ့ မထူးခြားတုန်းပင်။

စနစ် သည် အံ့အားတသင့်နှင့် ပြောလိုက်သည် “ဒါတောင် မရဘူးလား။”

ကျွင်းချောင်ရှောင်း စိတ်ဓာတ်ကျသွားသည် “ငါ အတုကြီး ဝယ်မိတာ ဖြစ်မယ်”

စနစ်မှ ပြောလိုက်၏ “လက်ခံသူ … အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်နဲ့ ပြောင်းပြီး ထည့်ကြည့်ပါ”

“မဖြစ်နိုင်ဘူး”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းတွေသည် တဆတ်ဆတ် တုန်ခါနေသည် “ဒါက တော်တော် တန်ဖိုးကြီးတယ်။ မီးနဂါးသားရဲဥကို သားဖောက်ဖို့ သုံးမယ် ဆိုရင် ဆုံးရှုံးမှု ဖြစ်လိမ့်မယ်”

စနစ်မှ ပြောလိုက်သည် “လိုချင်တာရှိရင် ပေးဆပ်မှု ရှိရမှာပဲ မဟုတ်လား။ လက်ခံသူ အနေနဲ့ ကံကောင်းရင် ရှုးပျံကိုတောင် ရနိုင်တယ်။”

“ချီးတဲ့မှ …”

ကျွင်းချောင်ရှောင်း ပြောလိုကသ်ည် “မင်း ကြော်ငြာခ ဘယ်လောက်ရလဲ”

သို့ပေမဲ့ ရှုးပျံ ဆိုသည်ကို ကြားတော့ သူ နည်းနည်း စိတ်လှုပ်ရှားမိသည်။

“လာစမ်း …” သလင်းအမြူတေများအား ထုတ်ယူ၍ အဆင့်မြင့် အမြူတေ ဆယ်လုံး ထုတ်ယူကာ စက်ထဲ ထည့်သွင်းလိုက်၏။

အလင်းတန်းများ ဖြတ်ပြေးသွားသည်။

ကျွင်းချောင်ရှောင်းသည် လက်များအား ပွတ်သပ်၍ ခလုတ်အား နှိပ်ရန် စဉ်းစားနေမိသည်။ အရင်းအနှီးကြီးမားသော ကြောင့် စိတ်လည်း လှုပ်ရှားနေမိ၏။

ဖောက် ..။

ဟူး .. ဟူး…။

ချက်ချင်းဆိုသလိုပဲ အဆင့်မြင့် သလင်းအမြူတေ၏ စွမ်းအင်များကြောင့် သားကောင်ဖမ်းစက်သည် စတင်၍ အလုပ်လုပ်တော့သည်။

ဒွီ .. ဒွီ ..။

အသံတစ်ခု ထွက်ပေါ်လာပြီး စက်ပေါ်တွင် စာတန်းတစ်ခု ပေါ်လာ၏။

သားဖောက်ချိန် - ၀ / ၁၅ ရက်။

သန္ဓေပြောင်းနှုန်း - ၁ / ၁၀၀။

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ခါသွားသည် “၁ / ၁၀၀ ဟုတ်လား”

“အမှန်ပါပဲ” စနစ်မှ ပြောလိုက်၏။

ကျွင်းချောင်ရှောင်း အလိုမကျသလို ပြောလိုက်သည် “ဒါက သန္ဓေမပြောင်းတာနဲ့ ဘာကွာမှာလဲ”

သူသည် အလွန်အမင်း ကံကောင်းနေသည် ဆိုလျှင်တောင်မှ ၁/ ၁၀၀ အခွင့်အရေးနှင့် မည်သို့မှ ရှုးပျံသားရဲကို မရနိုင်ကြောင်း သေချာသိသည်။

စနစ်မှ ပြောလိုက်သည် “သန္ဓေပြောင်းနှုန်းကို တိုးတက်စေချင်တယ် ဆိုရင် သလင်းအမြူတေစွမ်းအင်တွေကို သားဖောက်စက်ထဲ ထပ်ထည့်လေ။”

“ဘယ်လောက် ထည့်ရမှာလဲ” ကျွင်းချောင်ရှောင်း မေးလိုက်၏။

စနစ်မှ ပြောလိုက်သည် “လက်ခံသူ အနေနဲ့ ဘယ်လောက်ထည့်ရမလဲ ဆိုတာ ထည့်ကြည့်ပြီးမှ သိမှာပဲ”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် အလယ်အလတ်အဆင့် သလင်းကျောက်များအား ထုတ်ယူ၍ စက်ထဲ ထပ်မံထည့်သွင်းလိုက်သည်။ မည်သည့် တုံ့ပြန်မှုမှ မရှိချေ။

သူသည်ကျန်နေသော သလင်းအမြူတေ ကိုးခုကို ထပ်မံထည့်သွင်းကြည့်လိုက်တော့ သန္ဓေပြောင်းနှုန်းသည် ၁ မှ ၂ သို့ပြောင်းသွား၏။

“…….”

ကျွင်းချောင်ရှောင်း စိတ်ဓာတ်ကျသွားသည် အလယ်အလတ်အဆင့် သလင်းအမြူတေ ဆယ်လုံးကို တောင်မှ တစ်မှတ်ပဲ တိုးတယ်ပေါ့”

အဆင့်နိမ့် သလင်းအမြူတေ များသာဆိုလျှင် အလုံးပေါင်း မည်မျှတောင် ထည့်သွင်းရမည်နည်း။

အလွန်တရာများပြားပေးလိမ့်မည်။ အနိမ့်ဆုံး အမြူတေ တစ်သောင်းလောက်ကုန်ကျနိုင်ပြီး တန်ဖိုးမှာလည်း မနည်းလှချေ။

ဥတစ်လုံးအတွက် ဤမျှ ရင်းနှီးရမည် ဆိုလျှင် တန်ပါမည်လော။

စနစ်မှပြောလိုက်သည် “လက်ခံသူ က ရှုးပျံသားရဲ လိုချင်တယ် မဟုတ်လား။ ဆက်လုပ်ရမှာပေါ့”

All Chapters