← Chapters

အခန်း (၂၄၇)

Vol. 17 Ch. 247

အခန်း (၂၄၇)

Vol. 17 Ch. 247

“လက်ခံသူ အနေနဲ့ သလင်းအမြူတေ တွေ မသုံးဘဲ ဘယ်လိုလုပ် ရှုးပျံသားရဲကို ရမှာလဲ။ အဓိပ္ပာယ်မရှိတာ။ ရှုးပျံသားရဲ ဆိုတာ အဲလောက် ဈေးမပေါဘူးလေ။”

ထိုစကားသည် သူ့နှလုံးသားအား ထက်ရှသည့် ဓားတစ်လက်ဖြင့် လှီးဖြတ်လိုက်သလိုပင်။ အလွန်တရာ နာကျင်လှပေသည်။

အမှန်ပင်ဖြစ်သည်။

ထိုက်တန်သည့် ပေးဆပ်မှုကိုမလုပ်ဘဲ မည်ကဲ့သို့ ရှုးပျံ သားရဲအား ရရှိနိုင်မည်နည်း။

“ပိုက်ဆံတွေ ထပ်သုံးရုံပဲ မဟုတ်လား”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ငါ့မှာ မရှိတာမှ မဟုတ်တာ”

သူ၏ မခံချင်စိတ်များသည် နိုးကြွလာသည်။ ပြီးနောက် သူသည် အဆင့်တစ် သလင်းကျောက် ငါးဆယ်အား သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူပြီး သားဖောက်စက်ထဲသို့ အကုန်ပစ်ထည့်လိုက်သည်။

သန္ဓေပြောင်းနှုန်းသည် ၂ မှ ၃ သို့ ပြောင်းလဲသွား၏။

မဆိုးပေ။

အဆင့်တစ် သလင်းအမြူတေ ငါးဆယ် အတွက် တစ် ရာခိုင်နှုန်းကြီးများတောင် တိုးလာခဲ့သည်။

“ချီးတဲ့မှ …။”

ကျွင်းချောင်ရှောင်းသည် စိတ်ထိခိုက်ရလွန်းသောကြောင့် လဲကျတော့မလိုပင် ဖြစ်သွားမိ၏ “လက်ခံသူ လေးရာခိုင်နှုန်း တိုးချင်တယ် ဆိုရင် သလင်းအမြူတေ တစ်ရာ ထည့်ရမှာပေါ့”

“ဒါကမများလွန်းဘူးလား”

ကျွင်းချောင်ရှောင်း ရူးချင်စိတ်တွေပင် ပေါက်နေမိ၏။

သူ့တွင် သလင်းအမြူတေများ ရှိသေးသည် ဆိုသော်လည်း ပက်ပက်စက်စက် သုံးဖြုန်းပစ်ရန် သူ စိတ်ကူးမထားချေ။

စနစ်မှ ပြောလိုက်သည် “ပိုပြီး အဆင့်မြင့် ၊ အရည်အသွေးမြင့်မားတဲ့ သလင်းအမြူတေတွေကို သုံးကြည့်မှ ဖြစ်မယ်”

“……” ကျွင်းချောင်ရှောင်း။

အဆင့်မြင့် သလင်းအမြူတေများသည် အလွန်တရာ ဈေးကြီးလွန်းလှသည်။ သန္ဓေပြောင်းနှုန်းကို တိုးတက်လာစေနိုင်သော်လည်း ကုန်ကျမှုကလည်း အဆမတန် များပြားလွန်းနေ၏။

ထားလိုက်တော့ .. ထားလိုက်တေော့ ..။

စပြီးပြီ ဆိုမှတော့ မရှုံးအောင် လိုက်ရတော့မည်။ သူ့အနေနှင့် အနည်းဆုံး ၃ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းထိ တိုးထားနိုင်လျှင် လုံလောက်ပြီဟု စိတ်ထဲတွင် သတ်မှတ်လိုက်သည်။

အမှားအယွင်း တစ်ခုခု ဖြစ်မည်ကို စိုးရိမ်သောကြောင့် ဂိုဏ်းချုပ်ကျွင်းသည် အဆင့်ငါး သလင်းအမြူတေ ဆယ်လုံးကို ထပ်မံ ထုတ်ယူလိုက်၏။

အားလုံးကို ထည့်သွင်းပြီးနောက် ၃ ရာခိုင်နှုန်းမှသည် ၄ ရာခိုင်နှုန်းသို့ ပြောင်းလဲသွားသည်။

သို့ပေမဲ့ ၄ ရာခိုင်နှုန်းမှသည် ၅ ရာခိုင်နှုန်းထိ တိုးလာရန်အတွက် သူသည် အဆင့်ငါး သလင်းအမြူတေ ငါးဆယ် အသုံးပြုခဲ့ရ၏။

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းတွေသည် တဆတ်ဆတ် တုန်ခါနေသည် “မီးနဂါးဥကို သန္ဓေပြောင်းစေချင်တယ် ဆိုရင် MOBA ဂိုဏ်းတွေမှာ စိန်ဝယ်ပြီး မဲနှိုက်ရတာထက် ကုန်မယ် ထင်တယ်”

စနစ်မှ အားပေးလိုက်သည် “ဒီအဆင့်ထိ ရောက်လာမှတော့ ဆက်သာလုပ်ပါ။ လက်ခံသူ အနေနဲ့ လမ်းတစ်ဝက်မှာ ရပ်လိုက်လို့မဖြစ်ဘူး။”

“…….” ကျွင်းချောင်ရှောင်း ဆွံ့အသွားသည်။

စနစ်မှ ဆက်ပြောလိုက်သည် “အဆင့်မြင့် သလင်းအမြူတေ တွေကသာ သားဖောက်မှုကို ပြုလုပ်နိုင်တယ်။ ဒီတော့ နဂါးဥကသာမာန်ထက် ပိုနေမှာပဲ။ သန္ဓေပြောင်းသွားမယ် ဆိုရင် လက်ခံသူ က ကုန်တာထက်ပိုတဲ့ အကျိုးကျေးဇူးကို ရလိမ့်မယ်။”

ဤစကားလုံးများသည်ကျွင်းချောင်ရှောင်းအား ပိုမိုအားတက်လာစေသည်။ ထို့ကြောင့် သူ သလင်းအမြူတေ များအား ထတ်ယူ၍ စက်ထဲသို့ ပိုးဆိုးပက်စက် ထည့်သွင်းလိုက်တော့သည်။

သူသည် အဆင့်ရှစ်နှင့် အဆင့်ကိုး သလင်းအမြူတေ များကိုပါ ထည့်သွင်းလိုက်၏။

အဆုံးသတ်မှာတော့ သိုလှောင်လက်စွပ် ထဲ၌ အဆင့်မြင့် သလင်းအမြူတေ အနည်းငယ်သာ ကျန်ရှိတော့သည်။ အဆင့်နိမ့် နှင့် အလယ်အလတ် အဆင့် သလင်းအမြူတေ အားလုံးကို ထည့်သွင်းခဲ့ပြီး ဖြစ်သည်။

သန္ဓေပြောင်းမှုသည် ၅ မှ ၁၀ သို့ တိုးတက်သွားသည်။

သလင်းအမြူတေ ထောင်ကျော် အသုံးပြုပြီးနောက်မှာတော့ ရာခိုင်နှုန်း တိုးတက်မှုသည် ၉ ရာခိုင်နှုန်းသို့ တိုးတက်လာသည်။ ကျွင်းချောင်ရှောင်းသည် မည်ကဲ့သို့ ဖြုန်းတီးရမည် ဆိုသည်ကို နက်နက်နဲနဲ နားလည်သွားမိ၏။

သိရန်လိုသည်မှာ အိုက်မိသားစုဆီ သလင်းအမြူတေ ငါးရာ ရောင်းချခဲ့စဉ်က ဆယ်သန်းကျော် ရရှိခဲ့သည် ဆိုခြင်းပင်။

ယခု သလင်းအမြူတေ ထောင်ကျော် ကုန်ဆုံးသွားပြီ ဖြစ်သောကြောင့် သန်းနှစ်ဆယ်လောက် ဖြုန်းတီးပြီးပြီ ဟု သတ်မှတ်နိုင်သည်။

“စိတ်ကို ငြိမ်ငြိမ်ထား .. စိတ်ကို ငြိမ်ငြိမ်ထား”

ကျွင်းချောင်ရှောင်း အသက်ကို ပြင်းပြင်းရှုလိုက်သည်။ “ဒါက အဆုံးမဲ့တွင်းကြီးလိုပဲ။ ငါ ဆက်မဖြည့်နိုင်တော့ဘူး။”

သူ တကယ်ပဲ လက်လျော့လိုက်ချင်သည်။ သို့ပေမဲ့ သူ၏ လက်များအား မထိန်းချုပ်နိုင်ပေ။ အဆုံးသတ်မှာတော့ သူသည် အဆင့်မြင့် သလင်းအမြူတေ အပြင် မီးနဂါးဘုရင်၏ သလင်းအမြူတေ နှင့် ကျောက်တုံးမွန်းစတား၏ သလင်းအမြူတေကိုပင် ထည့်သွင်းလိုက်တော့သည်။

သိုင်းစစ်သူကြီးအဆင့် သလင်းအမြူတေသည် သားဖောက်စက်နှင့် ပေါင်းစပ်သွားချိန်မှာတော့ သန္ဓေပြောင်းနှုန်းသည် ၂၂ မှသည် ၇၂ ရာခိုင်နှုန်းထိ တိုးတက်သွားခဲ့၏။

ငါးဆယ်မှတ်တိတိ တိုးသွားခြင်းဖြစ်သည်။

ကျွင်းချောင်ရှောင်း တုန်လှုပ်သွား၏ “ဘာတွေဖြစ်ကုန်တာလဲ”

စနစ်သည် ခဏလောက် ငြိမ်သက်သွားသည်။ ပြီးနောက် “မမှားဘူးဆိုရင် မီးနဂါးကြီးရဲ့ သလင်းအမြူတေ က နဂါးဥ ရဲ့ ဓာတ်သဘာဝ နဲ့ ကိုက်ညီတယ်။ ဒါကြောင့် သန္ဓေပြောင်းနှုန်း ချက်ချင်း တိုးတက်သွားတာပဲ”

“ဒီလိုကိုး ..” စနစ်မှ ပြောလိုက်သည်။

ကျွင်းချောင်ရှောင်း ပြောလိုက်၏ “ငါ မီးနဂါးလေးတွေရဲ့ သလင်းအမြူတေတွေကို ထည့်သွင်းတုန်းက ဘာလို့ ရာခိုင်နှုန်း မတိုးခဲ့တာလဲ”

“အဆင့်နိမ့်လို့ဖြစ်မယ်”

“…….”

ကျွင်းချောင်ရှောင်း သက်ပြင်းချလိုက်မိသည်။

သူသည် ဆက်လက်စဉ်းစားမနေတော့ပေ။ ချက်ချင်းပဲ သလင်းအမြူတေများအား ပစ်ထည့်လိုက်တော့၏။

သားကောင်ဖောက်စက်ပေါ် လက်တင်ပြီး ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်သည် “ငါ့ရဲ့ သလင်းအမြူတေတွေ အားလုံးကို သုံးပြီးပြီ။ ရှုးပျံ ထွက်လာဖို့ပဲ လိုတော့တယ်”

စနစ်မှ ပြောလိုက်သည် “ဂိုဏ်းစုဆောင်းမှတ်တွေနဲ့ refresh လုပ်တုန်းက အခြေအနေကို သုံးသပ်ရမယ် ဆိုရင် လက်ခံသူ အနေနဲ့ ၉၉ ရာခိုင်နှုန်းလောက် ရှိနေမှ စိတ်ချရမယ်။ မဟုတ်ရင် သားဖောက်စက်ထဲ ထည့်လိုက်တဲ့ သလင်းအမြူတေတွေက ရေထဲကျသွားတဲ့ ကျောက်ခဲလိုပဲ ဖြစ်မယ်”

“…….”

ကျွင်းချောင်းရှောင်းသည် ရေထဲကျသွားသော ကျောက်ခဲများ ကိစ္စကို မစဉ်းစားတော့ချေ “မင်း ဆိုလိုတာ သားဖောက်စက်ထဲ သလင်းအမြူတေတွေ ဝယ်ထည့်ရအုံးမှာပေါ့”

“အမှန်ပါပဲ ….”

“သလင်းအမြူတေ ရဲ့ တန်ကြေးက ဘယ်လောက်လို့ မင်းထင်လဲ”

“ငါ့မှာ ရှိသမျှ ပိုက်ဆံအားလုံး သုံးပြီး သလင်းအမြူတေတွေ ဝယ်မယ်ဆိုရင်တောင်မှ ၉၉ ရာခိုင်နှုန်းထိ တိုးလာဖို့ ဆိုတာ မဖြစ်နိုင်ဘူး ဆိုတာ သိလား”

ကျွင်းချောင်ရှောင်း၏ ဆက်တိုက် မေးခွန်းထုတ်မှုကို ကြားတော့ စနစ်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည် “လက်ခံသူသာ ရှုးပျံကို ရမယ်ဆိုရင် ဒါက ထိုက်တန်ပါတယ်လေ”

အချိန်အတော်ကြာ တိတ်ဆိတ်ပြီးသည့်နောက် …

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒါ အဓိပ္ပာယ်ရှိတယ်”

……

နောက်တစ်ရက်မှာတော့ …

ကျွင်းချောင်ရှောင်းသည် ဟူရန်မြို့သို့ သွားရောက်ပြီး အိုက်ရှန်းရီ အား သွားရှာလိုက်သည်။ ပထမ သူပြောသည့် စကားမှာ သူ ရောင်းချခဲ့သော သလင်းအမြူတေများအား မူလ ဈေးဖြင့် ပြန်လည် ရောင်းချပေးရန် ဖြစ်တော့၏။

အိုက်ရှန်းရီ သည် ဆွံ့အနေမိသည်။

ရောင်းပြီး ချက်ချင်း ပြန်ဝယ်ချင်နေသည်။ ဂိုဏ်းချုပ်ကျွင်း ဘာတွေ လုပ်နေသနည်း။

“ရတာပေါ့”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ခင်ဗျားရဲ့ဆိုင်မှာ နဂါးသားရဲ နဲ့ ပတ်သက်တဲ့ သလင်းအမြူတေ တွေ ရှိလား။ အဆင့်ငါး နဲ့ အထက် သလင်းအမြူတေတွေ ရှိရင် ကျုပ်ကို ရောင်းပေးပါလား”

အိုက်ရှန်းရီ သည် နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်ရင်သွားသည် “ဂိုဏ်းချုပ်ကျွင်း … နဂါးသားရဲ နဲ့ ပတ်သက်တဲ့ သလင်းအမြူတေမျိုးဆိုတာ အရမ်းရှားတယ်။ အဆင့်ငါး အထက်ဆို ပိုဆိုးပေါ့။ ချင်းယန် နိုင်ငံ မပြောနဲ့ အဆင့်ရှစ်နိုင်ငံဖြစ်တဲ့ ဖင်းယန်နိုင်ငံမှာတောင် မရှိလောက်ဘူး”

“ဘယ်နိုင်ငံမှာ ရှိလောက်လဲ” ကျွင်းချောင်ရှောင်း မေးလိုက်သည်။

အိုက်ရှန်းရီ ပြောလိုက်သည် “ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ နဂါဆိုတဲ့ စကားလုံးက အလွန်ခန့်ညားပြီး ရှားပါးတဲ့ သတ္တဝါဖြစ်မှန်း လူတိုင်း သိကြတယ်။ အဆင့်ငါး နိုင်ငံတွေလောက်ပဲ ရှိလိမ့်မယ် ထင်တယ်”

“အဆင့်ငါး နိုင်ငံကို ဒီကနေ သွားမယ်ဆိုရင် ဘယ်လောက်ကြာနိုင်လဲ” ကျွင်းချောင်ရှောင်း မေးလိုက်သည်။

“ပျံသန်းနိုင်တဲ့ သားရဲကြီးကို စီးသွားမယ်ဆိုရင် အနည်းဆုံး တစ်လလောက် ကြာမယ် ထင်တယ်” အိုက်ရှန်းရီ ပြောလိုက်သည်။

တစ်လ ဟုတ်လား။

ကျွင်းချောင်ရှောင်း မြေပေါ် လဲကျမလိုပင် ဖြစ်သွားသည်။

ပျံသန်းနိုင်သော သားရဲသည် အလွန်မြန်ဆန်လွန်း၏။ ထိုသို့သော သားရဲမျိုး စီးသွာလျှင်ပင် တစ်လ ကြာမည် ဆိုတော့ သူ၏ ခရမ်းရောင် လျှပ်စီးကျားသားပေါက် နှင့် ဆိုလျှင် မည်မျှကြာလိမ့်မည်နည်း။

သားဖောက်စက်၏ ကြာမြင့်ချိန်သည် ၁၅ ရက်သာ ရှိသည်။ ထို့ကြောင် မည်သို့ပင်သွားသွား မဖြစ်နိုင်ချေ။ ထို့ကြောင့် ဤကိစ္စအား မေ့လိုက်မှ ဖြစ်မည်။

ကျွင်းချောင်ရှောင်းသည် သူ ပထမရောင်းချထားသော သလင်းအမြူတေများအား ပြန်လည် ဝယ်ယူရုံမကဘဲ အိုက်မိသားစု၏ အဆင့်မြင့် သလင်းအမြူတေ များကိုပါ ထပ်မံ ဝယ်ယူခဲ့သည်။ ထို့အပြင် သူသည် တခြားသော သလင်းအမြူတေ ရောင်းချရာ ဆိုင်များသို့သွားရောက်၍ ဝယ်ယူခဲသေး၏။

သူသည် သန်းနှစ်ဆယ်ကျော် အသုံးပြုပြီး ဖြစ်သည်။

သိုင်းစစ်သူကြီးအဆင့်နှင့် နှိုင်းယှဉ်၍ ရသော သားရဲ၏ သလင်းအမြူတေသည် လေးသိန်းထိ တန်ကြေးရှိနေသည်။

“ငါလုပ်နိုင်တာ ဒါအကုန်ပဲ။” ကျွင်းချောင်ရှောင်းသည် တခြားမြို့များသို့ မသွားဘဲ ဂိုဏ်းဆီသို့ ပြန်လာလိုက်၏။ တိုက်ဆိုင်စွာနှင့် ဂိုဏ်းသို့ ပြန်လာချိန်တွင် သိုင်းလေ့ကျင့်ရေး ကွင်းပြင်ထဲ၌ လေ့ကျင့်လျက်ရှိသော လုံကျိရန် အား သူမြင်လိုက်ရ၏။

လုံ ဆိုသည်မှာ နဂါးပင် ဖြစ်သည်။ သူ ဤတပည့်အား ဖမ်းချုပ်၍ သားကောင်ဖမ်းစက်ထဲ ပစ်ထည့်လိုက်လျှင် ကောင်းမည်လော။

ကျွင်းချောင်ရှောင်းသည် လုံကျိရန်အား ခဏလောက် စိုက်ကြည့်ပြီးနောက် ခေါင်းခါယမ်းကာ အတွင်း ခြံဝန်းထဲသို့ လျှောက်ဝင်သွားလိုက်သည်။

လုံကျိရန် “ဂိုဏ်းချုပ် ငါ့ကို ဘာလို့ ဒီလိုမျိုး ကြည့်သွားတာလဲ။ ကြက်သီးတောင်ထတယ်”

စာကြည့်ခန်းထဲသို့ ပြန်လာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သူ ဝယ်ယူလာသော သလင်းအမြူတေများ အားလုံးကို သားဖောက်စက်ထဲ ထည့်သွင်းလိုက်တော့သည်။ သန္ဓေပြောင်းနှုန်းသည် ၇၂ မှသည် ၈၅ ရာခိုင်နှုန်းထိ တိုးတက်သွားတော့၏။

သူသည် တစ်ရာရာခိုင်နှုန်းထိ ရောက်ချင်သည်။ သို့ပေမဲ့ သူ လုပ်နိုင်သည်မှာ လက်ကုန်ဖြစ်သည်။ ကံကြမ္မာကိုသာ အားကိုးရတော့မည် ဖြစ်သည်။

ထို့အပြင် …

၈၅ ရာခိုင်နှုန်း ဆိုသည်မှာ များပြားနေပြီဖြစ်သည်။

သို့ပေမဲ့ ဆယ့်ငါး ရာခိုင်နှုန်း ကံဆိုးမည့်ဘက်သို့ ကျရောက်နိုင်ကြောင်း စဉ်းစားမိတော့ တစ်ကိုယ်လုံး တုန်ရင်သွားမိ၏။

All Chapters