← Chapters

အခန်း (၂၄၉)

Vol. 17 Ch. 249

အခန်း (၂၄၉)

Vol. 17 Ch. 249

ဘုန်း။

ရှောင်ကျီသည် ကျောက်နံရံကြီးတစ်ခုဆီသို့ လွင့်စင်သွားတော့သည်။ ပါးစပ်ထဲမှလည်း သွေးတွေအန်ထွက်လာသည်။

အချိန်တိုအတွင်းမှာပဲ သူသည် သိုင်းစစ်သူကြီးအဆင့် ကျင့်ကြံသူတစ်ယောက်၏ လက်သီးချက် နှစ်ဆယ်အား ကြံကြံခံ ရင်ဆိုင်ခဲ့ရ၏။

လက်သီးချက်တစ်ခုချင်းသည် ဂျင်တစ်သိန်းထက် အားမနည်းလှချေ။ သို့ပေမဲ့ သူသည် မတ်မတ်ပင် ရပ်နိုင်သေး၏။

ဤအရာသည် သံမဏိအရိုးဂိုဏ်း၏ တပည့်ပင် ဖြစ်သည်။ မုန်တိုင်းတွေ လေပြင်းတွေ ကြားထဲရောက်နေပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေသည် ဆိုလျှင်တောင်မှ သံမဏိအရိုးကဲ့သို့ မာကျောလှသော စိတ်ဓာတ်အား ပြသရပေလိမ့်မည်။

"ဂိုဏ်းချုပ်လောင်က သိုင်းစစ်သူကြီးအဆင့်ပဲ။ ဒါကိုတောင်မှ သူ မတ်တပ်ရပ်နိုင်သေးတယ်။ဒီကောင်လေးရဲ့ ခန္ဓာကိုယ်က အရမ်းအားကောင်းတာပဲ။သူ သိုင်းပြိုင်ပွဲမှာ ဗိုလ်ဆွဲခဲ့တာ အံ့အားသင့်စရာ မဟုတ်တော့ဘူး။ကံဆိုးတာက သူ့ခန္ဓာကိုယ် ဘယ်လောက်အားကောင်းတယ်ဆိုဆို ဒီလောက် ပြင်းထန်လှတဲ့ တိုက်ခိုက်ချက်ကို ခုခံနိုင်မှာ မဟုတ်တော့ဘူး။"

များပြားလှသော ဂိုဏ်းများမှ ကျင့်ကြံသူများသည် အနီးအနားသို့ စုဝေးလာကြသည်။

သူတို့သည် ရှောင်ကျီတစ်ယောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံနေရသည်ကို ကြည့်ရှုရင်း ရှောင်ကျီ၏ ခံနိုင်ရည်နှင့် ပတ်သက်၍ ဆွေးနွေးလိုက်မိကြ၏။

"မဆိုးဘူး။"

ဂိုဏ်းချုပ်လောင်က ပြောလိုက်သည်။ "ငါ့ရဲ့ လက်သီးချက်တွေ အများကြီးကို ခံယူရတာတောင်မှ မတ်တပ်ရပ်နိုင်သေးတယ်။မင်းက တကယ့်ကို ပြုစုပျိုးထောင်သင့်တဲ့ မျိုးစေ့ကောင်းတစ်ခုပဲ။"

ရှောင်ကျီ၏ မျက်နှာသည် တင်းမာနေ၏။

သူ၏ နှလုံးသားထဲမှာတော့ နာကျင်သည့် ခံစားချက်များသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားစေသည်။ သူသည် ပါးစပ်ကို ဟ၍ တစ်ခုခု ပြောရန်ပင် မတတ်နိုင်တော့ချေ။ စမ်းသပ်မှု မျှော်စင်ထဲတွင် တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံကြောင့်သာ မဟုတ်လျှင် သူသည် အစောကတည်းက လဲကျ သတိမေ့နေမှာ သေချာ၏။

"ကောင်လေး။"

ဂိုဏ်းချုပ်လောင်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ "သံမဏိအရိုးဂိုဏ်းက ထွက်ပြီးတော့ ငါ့ရဲ့ ချီရှန်ဂိုဏ်းကို ဝင်လိုက်။ဒါဆိုရင် မင်း မသေတော့ဘူး"

ချီရှန် ဂိုဏ်း ဟူရန်မြို့၏ အဆင့်ခြောက် ဂိုဏ်းတစ်ခုဖြစ်သည်။ အလုံးစုံအားအင်နှင့် တပည့်အရေအတွက် မှာ ဟောင်ချီဂိုဏ်းထက်ပို၍ မြင့်မားသည်။

ဤသက်လတ်ပိုင်းလူသည် ချီရှန်ဂိုဏ်း၏ ဂိုဏ်းချုပ် လောင်စွင်းဖန်ပင် ဖြစ်သည်။ သူ၏ အားအင်အဆင့်သည် ဒုတိယအဆင့် သိုင်းစစ်သူကြီးဖြစ်ပြီး ချင်ဟောင်ရန်ထက် ပို၍ အားကောင်းလွန်း၏။

"သံမဏိအရိုးဂိုဏ်းကနေ ထွက်ခွာရမယ် ဟုတ်လား။"

ထိုစကားကို ကြားချိန်မှာတော့ ရှောင်ကျီသည် နာကျင်မှု အောင့်အီး သည်းခံလိုက်၏။ ပြီးနောက် သူ၏ ဒဏ်ရာများကို ဖိနှိပ်ပြီး အတင်းအားယူကာ ပြောလိုက်သည်။ "ကျုပ်ဘဝမှာ သံမဏိအရိုးဂိုဏ်းအဖွဲသားပဲ။ဒါကြောင့် သေဆုံးရမယ်ဆိုရင်တောင်မှ သံမဏိအရိုးဂိုဏ်းရဲ့ ဝိညာဉ်ပဲ ဖြစ်ရမယ်။"

"ကောင်လေး။"

"ချီရှန်ဂိုဏ်းဆိုတာက အဆင့်ငါးဖြစ်လာနိုင်တဲ့ ဂိုဏ်းတစ်ခုပဲ။ ဒီလောက်ကောင်းမွန်တဲ့ အခွင့်အရေးက မင်း လက်ထဲမှာ ရှိနေပြီ။ လိုက်ရှာလို့တောင် တွေ့မှာ မဟုတ်ဘူး။ မင်းရဲ့ သံမဏိအရိုးဂိုဏ်းက အဆင့်ရှစ်ဂိုဏ်းတစ်ခုပဲ။"

"သိုင်းပြိုင်ပွဲတစ်ခုကို ဝင်ပြိုင်တယ်ဆိုတာတောင် ဂိုဏ်းချုပ်က လိုက်မလာဘူး။ မင်းက ဘာလို့ အဲ့ဂိုဏ်းထဲမှာ နေပြီး သေရမှာတုန်း။"

"အလွန်ဉာဏ်ကောင်းတဲ့ ငှက်တွေက နားခိုနိုင်ဖို့ သစ်ပင်ကောင်းကို ရှာတတ်ကြတယ်။ဒီဥပဒေသကို မင်း နားလည်တယ်မို့လား။"

ဘေးနားမှာ ရှိသော သူများကလည်း ဝိုင်းဝန်း ပြောဆိုလိုက်ကြသည်။

သို့ပေမဲ့ ဤစကားလုံးများသည် ရှောင်ကျီ၏ နားထဲသို့ ဝင်ရောက်သွားသည် ဆိုသည်နှင့် ရှောင်ကျီသည် ပိုမို၍ လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်မိ၏။

ဤစကားသည် ငြင်းပယ်၍ မရနိုင်ပေ။

လက်ရှိအခြေအနေသည် သူ့အတွက် အလွန်တရာ အန္တရာယ်များနေသည်။ သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းကို စွန့်ခွာရမည်ဆိုသည်မှာ သေသည်ထက်ပင် ဆိုးရွားလှသည့် အရာပင် ဖြစ်တော့သည်။

လောင်စွင်းဖန်သည် သူ၏ လက်ကို မြှောက်လိုက်၏။

စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းပြီးနောက်မှာတော့ သူသည် မနီးမဝေးတွင် ကျဆင်းနေသော စနိုက်ပါသေနတ်အား စိတ်ဝိညာဉ်စွမ်းအင်များနှင့် ဖြစ်တည်လာသော လက်ကြီးဖြင့် ကောက်ယူလိုက်သည်။

အားလုံးသည် မနာလို ဖြစ်မိသွားကြ၏။

သိုင်းစစ်သူကြီးအဆင့်သို ရောက်ရှိပြီးသည့်နောက်မှာတော့ လောက၏ သဘောသဘာဝကို နားလည်မှု ပိုမိုမြင့်တက်လာခဲ့သည်။ ထို့ကြောင့် စိတ်ဝိညာဉ်စွမ်းအင်များနှင့် ထိတွေ့၍ရသော အရာဝတ္ထုများကို လှမ်းယူနိုင်စွမ်းရှိနေ၏။

လောင်စွင်းဖန်သည် စနိုက်ပါသေနတ်အား ဆော့ကစားရင်း ထူးမခြားနားသလို ပြောလိုက်သည်။ "ရှင်းချန်ဂိုဏ်းကို ဝင်မယ်ဆိုရင် မင်းရဲ့အသက်ကို ကယ်တင်နိုင်လိမ့်မယ်။ဒါပေမဲ့ ရှင်းချန်ဂိုဏ်းကို မဝင်ဘူးဆိုရင်တော့ မင်း သေရမယ်။"

သူ၏အသံသည် မောက်မာလွန်းလှ၏။

အလွန်တရာကျွမ်းကျင်လွန်းလှသော ဂိုဏ်းချုပ်တစ်ယောက်၏ ဟိတ်ဟန်အပြည့်နှင့် စကားသံများလည်း ဖြစ်သည်။

ရှောင်ကျီ၏ မျက်လုံးထဲတွင်တော့ အနည်းငယ်မျှသော ကြောက်ရွံ့မှုတရားများ မရှိပေ။ အဲဒီအစား သူသည် ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် ပြောလိုက်သည်။ "ကျုပ် မဝင်ဘူး။"

အားလုံးသည် နှာခေါင်းရှုံ့လိုက်၏။

"ငါ မင်းကို အခွင့်အရေးပေးပြီးပြီ။ ဒါပေမဲ့ မင်းက ဒါကို အခွင့်အရေးဆိုတာမှန်းမသိဘူး။ ဒီတော့ မင်းရဲ့ သေဆုံးခြင်းအတွက် တစ်ခြားသူတွေကို အပြစ်မတင်နဲ့တော့။"

တစ်ခြားသော ဂိုဏ်းများရှိ သိုင်းပညာရှင်များသည်လည်း နှမြောသလို ခံစားမိနေကြသည်။

မည်သို့ပင် ဆိုဆို ရှောင်ကျီသည် ပြုစုပျိုးထောင်သင့်သော မျိုးစေ့တစ်ခုဖြစ်သည်ကို သူတို့ သိရှိထားကြ၏။

"ဒီလိုဆိုမှတော့။"

လောင်စွင်းဖန် အေးစက်စက် ပြောလိုက်သည်။ "မင်းက င့ါရဲ့ ချီရှန်ဂိုဏ်းတပည့်တော်တော်များများကို သတ်ခဲ့တယ်။ ငရဲပြည်ကို သွားတော့။"

ပြောပြီးသည့်နောက်မှာတော့ သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းတက်လိုက်၏။ပြီးနောက် သူ၏ ညာဘက်လက်သီးဖြင့် ထိုးလွှတ်လိုက်တော့သည်။ ဖြစ်ပေါ်လာသော အားအင်များသည် ဂျင်နှစ်သိန်းကျော်ခန့် ရှိ၏။

ဝှစ်… ဝှစ်။

အလွန်တရာ ပြင်းထန်သော လေလှိုင်းများသည် လက်သီးချက်များနှင့်အတူ ရောက်ရှိလာသည်။

ရှောင်ကျီ၏ အနက်ရောင်ဆံပင်များသည် လေထဲတွင် လွင့်နေ၏။

သူ၏ ဖြူလျော်နေသော မျက်နှာမှာတော့ အလွန်တရာ တည်ငြိမ်လျက်ရှိသေးသည်။ သေခြင်းတရားကို ရင်ဆိုင်ရဲသည်ဆိုသော အဓိပ္ပာယ်ပင် ဖြစ်သည်။

ရွှီး …..။

ထိုအချိန်မှာတော့ အမဲရောင် အရိပ်တစ်ခုသည် အမှောင်ထဲမှ ထွက်၍ ပြေးလာ၏

လောင်စွင်းဖန်သည် ထိုအမဲရောင်အရိပ်ဘက်သို့ လှည့်၍ အားကုန် ထိုးလွှတ်လိုက်တော့သည်။

ဘန်း။

ဂျင်နှစ်သိန်းကျော်ရှိသော အားအင်တစ်ခုသည် ထိုသူ၏ ရင်ဘတ်အား ထိမှန် သွားတော့သည်။ သွေးများသည် နေရာအနှံ့သို ပျံ့နှံ့သွား၏။

"ဂျူနီယာညီလေး။"

ရှောင်ကျီ၏ မျက်လုံးများသည် ပြူးထွက်သွားသည်။

ရုတ်တရက်ထွက်ပေါ်လာသော အရိပ်သည် မိုးဆွေဟောခန်း၏ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်သလို သူ့အား ကာကွယ်ပေးရန် တာဝန်ယူထားရသူလည်း ဖြစ်၏။

"စီနီယာအစ်ကို … မြန်မြန် …. ထွက် … ထွက်သွား။"

မိုးစွေဟောခန်းမှ တပည့်သည် နောက်ဆုံးပြောချင်သည့်စကားကို ပြောပြီးသည့်နောက်မှာတော့ နောက်ဆုံးထွက်သက်ကို ရှုရှိုက်သွားတော့သည်။

ရှောင်ကျီသည် ဒေါသတကြီး အော်ဟစ်လိုက်၏။

သူ၏ခန္ဓာကိုယ်ထဲတွင်ရှိသော လက်ကျန်အားအင်များကို စုစည်းကာ လောင်စွင်းဖန်အား ထိုးနှက်လိုက်၏။ သူသည် အားကုန်ထိုးနှက်လိုက်ခြင်း ဖြစ်သည်။

ကံဆိုးစွာနှင့် သူသည် ကောင်းမွန်သည့် အခြေအနေတွင် ရှိနေလျှင်တောင်မှ သိုင်းစစ်သူကြီးတစ်ယောက်အား အနိုင်ယူရန် မဖြစ်နိုင်ပေ။ ယခုလို ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည့် အခြေအနေတွင် ပို၍တောင်ဆိုးသေး၏။

ထို့ကြောင့် သူ၏ လက်သီးချက်များသည် တစ်ဖက်လူ၏ လက်ဝါးရိုက်ချက်များကြားတွင် ပျောက်ကွယ်သွားသည်။

ဘုန်း။

သူသည် အနောက်ဘက်သို လွင့်စင်သွားပြီး ကြီးမားလှသော ကျောက်နံရံကြီးတစ်ခုနှင့် တိုက်မိကာ အောက်သို့ ပြုတ်ကျသွား၏။ မိမိကိုယ်ကိုယ် ထိန်းသိမ်းနိုင်ရန် အားအင်လုံးဝမရှိတော့ချေ။

အားပြင်းလှသော လက်သီးချက်များကို ခံယူပြီးသည့်နောက်မှာတော့ သူ၏ ဒဏ်ရာများသည် ပိုမို၍ ပြင်းထန်လာတော့သည်။

လောင်စွင်းဖန်သည် သု့ရှေ့တွင် ရှိသော အလောင်းအား ကန်ထုတ်လိုက်ပြီး အဝတ်တစ်ခုကို ထုတ်ယူ၍ သူ၏ ပေကျံနေသော လက်အား သုတ်လိုက်၏။

ပြီးနောက် အနားပတ်ဝန်းကျင်ကို ကြည့်ရှုကာ အသာပြောလိုက်သည်။ “အမှောင်ထဲမှာ ပုန်းနေတဲ့လူတွေ ရှိသေးတယ်။”

ထိုစကားသံကို ကြားတော့ ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများ အားလုံးသည် သတိအပြည့်နှင့် ဖြစ်သွားကြသည်။

အမှောင်ထဲမှ ပုန်းအောင်းလျက်ရှိသော မိုးဆွေဟောခန်းမှ တစ်ခြားသော အဖွဲ့ဝင်များ အားလုံးသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိ၏။

သူတို့သည် သူတို့၏ အဖော်သတ်ဖြတ်ခံလိုက်ရသည်ကို မြင်ရချိန်မှာတော့ အလွန် ဒေါသထွက်ရှိနေကြသည်။

အရည်အသွေးရှိသော လုပ်ကြံသတ်ဖြတ်သူများအနေဖြင့် ပြိုင်ဘက်သည် အလွန်တရာ အားကောင်းလှသည်ဆိုလျှင် လုပ်ရမည့် အလုပ်မှာ တစ်ခုတည်းသာ ရှိ၏။

နောက်ဆုတ် ထွက်ပြေးခြင်းပင် ဖြစ်သည်။

သို့ပေမဲ့ သူတို့သည် နောက်ဆုတ်၍ ထွက်ပြေးခြင်းကို မပြုလုပ်ကြပေ။ အဘယ့်ကြောင့်ဆိုသော် မပြုလုပ်နိုင်ခြင်းကြောင့် မဟုတ်ပေ။ ယနေ့ သူတို့ရောက်ရှိလာခြင်းဆိုသည်မှာ သူတို့သည် လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်အနေနှင့် မဟုတ်ဘဲ သံမဏိအရိုးဂိုဏ်း မိုးဆွေဟောခန်း၏ အဖွဲ့ဝင်တစ်ယောက်အနေနှင့် ဖြစ်နေသောကြောင့်ပင်။

ရွှီ။

အဖွဲ့သားတစ်ယောက်သည် မနေနိုင်တော့ဘဲ ရှေ့သို့ ပြေးထွက်သွား၏။

သူသည် မတိုက်ခိုက်ပေ။ မိမိကိုယ်ကို ကိုယ်ထင်ပြပြီး တစ်ခြားတည်နေရာသို့ ထွက်ပြေးသွား၏။ ရန်သူများ၏ အာရုံများကို သူ့ဆီရောက်ရှိရန် ပြုလုပ်လိုက်ခြင်းပင် ဖြစ်သည်။

ထိုမှသာလျှင် တိုက်ခိုက်ခံလိုက်ရသော အစ်ကိုရှောင် လွှတ်မြောက်မှာ ဖြစ်သည်။

များပြားလှသော ဂိုဏ်းများမှ သိုင်းပညာရှင်များသည် ထိုအဖွဲ့အား ပစ်မှတ်ထား၍ အနောက်မှ လိုက်ပါသွားကြတော့သည်။

ဤအတိုင်းသာ ဆက်ပုန်းနေမည်ဆိုလျှင် သူတို့အနေနှင့် ဘာတစ်ခုမှ လုပ်ရကိုင်ရလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် လူယောင်ပြ၍ အလစ်ငိုက် ထွက်ပြေးခြင်းသာ ဖြစ်တော့သည်။

ဟူး။

သိုပေမဲ့ ပထမဆုံး အရိပ်အယောင်ပြ၍ ထွက်ပြေးလိုက်သော အဖွဲ့ဝင် သည် လောင်စွင်းဖန် ၏ လက်မှ မလွတ်မြောက်နိုင်ခဲ့ချေ။

လောင်စွင်းဖန်သည် တစ်ချက်ရိုက်နက်လိုက်ပြီးနောက် ထိုသူ၏ ခန္ဓာကိုယ်ပေါ် ခြေတစ်ဖက်တင်ကာ ရှောင်ကျီအား ကြည့်၍ ပြောလိုက်သည်။

"ဒါက မင်းရဲ့ ဂျူနီယာညီလေးပေါ့ ဟုတ်လား။"

ရှောင်ကျီသည် မျက်နှာကို တစ်ဖက်သို့ လှည့်လိုက်သည်။

သူ၏ဂျူနီယာညီလေးအား ထိုကဲ့သို့ ဆက်ဆံသည်ကို မြင်ရချိန်မှာတော့ သူ၏ ရင်ဘတ်ထဲရှိ ဒေါသများသည် မီးလိုတောက်လောင်လျက်ရှိနေ၏။

"ငါခန့်မှန်းတာ မှန်တယ်မို့လား။"

လောင်စွင်းဖန်သည် သူလိုချင်သည့် အဖြေကို ရရှိပြီးသည့်နောက်မှာတော့ သူ ပြောချင်သည့် အရာများကို ပြောလိုက်၏။ "မင်းက ငါတို့ ဂိုဏ်းရဲ့ လူတွေ အများကြီးကို သတ်ခဲ့တယ်။ဒီတော့ သူ့အသက်ကို ငါအရင်ယူလိုက်မယ်။"

ထိုအချိန်မှာတော့ အနည်းငယ်ပုန်းအောင်းလျက်ရှိသော တစ်ခြားအဖွဲ့ဝင်သုံးယောက်တ့ိုသည် မည်သို့မှ ပုန်းအောင်းမနေနိုင်တော့ချေ။

သူတို့သည် အပြင်ဘက်သို ထွက်လိုက်လျှင် သေဆုံးကြမည်ဆိုသည်ကို သိသော်လည်း ချက်ချင်းပဲ လူယောင်ပြ၍ သူတို့၏ လက်နက်ပုန်းများကို ထုတ်လွှတ်ကာ ပစ်လွှတ်လိုက်တော့သည်။

လောင်စွင်းဖန်သည် သူ၏ လက်ကို မြှောက်၍ ရောက်ရှိလာသော လက်နက်ပုန်းများကို ရိုက်ချလိုက်တော့သည်။ "အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ ကောင်တွေကို ရှာကြ။"

"ကောင်းပါပြီ။"

များပြားလှသော ဂိုဏ်းများမှ သိုင်းပညာရှင်များသည် လက်နက်ပုန်းထွက်ပေါ်ရာ တည်နေရာဆီသို့ လိုက်လံရှာဖွေကြတော့သည်။

ဘန်း။

လောင်စွင်းဖန်သည် သူ၏ ခြေထောက်ကို မြှောက်၍ ဖမ်းမိထားသော အဖွဲ့ဝင်တစ်ယောက်အား ရှောက်ကျီ ရှေ့သို့ ကန်လွှတ်လိုက်၏။

ပြီးနောက် ရှောင်ကျီဆီသို့ တစ်လှမ်းချင်းလျှောက်လာသည်။

ဤအရာသည် အလွန်အမင်း အားနည်းလွန်းသော ပုရွက်ဆိတ်လေးနှစ်ကောင်အား ငုံကြည့်လိုက်သော ဘုရင်ကြီးတစ်ယောက်လိုပင် ဖြစ်နေသည်။

သူပြောလိုက်သည်။ "မင်းတို့က တူညီတဲ့ဂိုဏ်းကဆိုတော့ အတူတူ သေကြပေါ့။ဒါဆို သေဆုံးခြင်းဆီသွားတဲ့လမ်းမှာ အထီးမကျန်တော့ဘူး။"

ပြောပြီးသည့်နောက် သူသည် ခြေထောက်ကို မြှောက်လိုက်၏။

ဝှစ်။

စိတ်ဝိညာဉ်စွမ်းအင်များသည်လည်း စုစည်းလာ၏။ သူ၏ အားအင်များသည်လည်း မြန်မြန်ဆန်ဆန်ပဲ တိုးတက်လာခဲ့၏။ ပြီး‌နောက် ရှောင်ကျီအား နင်း၍ သတ်ရန် ပြင်ဆင်လိုက်တော့သည်။

သိုင်းစစ်သူကြီးတစ်ယောက်၏ အားအင်များသည် အလွန်တရာ အားကောင်းလှ၏။

ထိုခြေထောက်နှင့်သာ နင်းမိပါက ရှောင်ကျီသည် ကျိန်းသေပေါက် သေဆုံးသွားမှာ သေချာသည်။

သို့ပေမဲ့ လောင်စွင်းဖန်သည် ရှောင်ကျီ၏ ဂိုဏ်းတူ ရောင်းရင်းဆီကိုသာ လှည့်၍ နင်းရန် ပြင်လိုက်၏။

"မဟုတ်ဘူး။"

ရှောင်ကျီသည် ထိပ်လန့်တုန်လှုပ်စွာဖြင့် မျက်လုံးများ ပြူးသွားသည်။

သူသည် သူ၏ ခန္ဓာကိုယ်ဖြင့် သူ့ဂျူနီယာညီလေးအား ကာကွယ်ပေးလိုက်ချင်၏။ သို့ပေမဲ့ သူသည် ဆိုးဆိုးရွားရွား ဒဏ်ရာရရှိထားသောကြောင့် တစ်လက်မလောက်ပင် မလှုပ်ရှားနိုင်ချေ။

ဝေါင်း ….။

ထိုအချိန်မှာတော့ နားကွဲလှအောင် ကျယ်လောင်လှသော သားရဲရိုင်းကြီး၏ အသံသည် နောက်ဘက်ဆီမှ ထွက်ပေါ်လာ၏။

များပြားလှသော ဂိုဏ်းများမှ ကျင့်ကြံသူများသည် စိတ်နှလုံးတွေ တုန်ခါသွားသည် အထိ ထိတ်လန့်သွားကြသည်။

ဟမ်။

လောင်စွင်းဖန်သည် သူ၏ ခြေထောက်အား ရပ်တန့်လိုက်၏။

သူသည် နောက်ဘက်သို လှည့်မကြည့်ပေ။ ထိုအစား ဖြည်းဖြည်းချင်း ခေါင်းကို မော့ကာဖြင့် အသာ ငဲ့ကြည့်လိုက်သည်။

အဘယ့်ကြောင့်ဆိုသော် ထိုနေရာဆီမှ အလွန်အမင်း အားကောင်းလှသော သတ်ဖြတ်လိုခြင်း ဆန္ဒများ ထွက်ပေါ်လာသည်ကို သူ ခံစားမိသောကြောင့် ဖြစ်၏။

တောင်ထိပ်တစ်နေရာတွင် ကျွင်းချောင်ရှောင်းသည် မည်သည့်အချိန်က ရောက်နေမှန်း သူ သတိမပြုမိပေ။

ကျွင်းချောင်ရှောင်းသည် လက်တစ်ဖက်ဖြင့် နဂါးစိမ်း လခြမ်းဓားမော့ကို ကိုင်ဆောင်ထား၏။ သူ၏မျက်နှာတစ်ခုလုံးမှာတော့ သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နက်နေသည်။

သူသည် အေးစက်စက် ပြောလိုက်သည်။ "ခင်ဗျားရဲ့ ခြေထောက်ကို ဖယ်လိုက်။ ဒါဆိုရင် ခင်ဗျားကို ကျူပ်က သက်တောင့်သက်သာ နဲ့ သေခွင့် ပေးလိုက်မယ်။"

All Chapters