← Chapters

ဆီလက်စ်

Vol. 4 Ch. 31

ဆီလက်စ်

Vol. 4 Ch. 31

"ငါ့ပါးတွေ ဒီလောက်နာနေတာ မင်းလက်ချက်လား"

အာရန်က နာကျင်နေဆဲ ပါးနှစ်ဖက်ကို ပွတ်သပ်ရင်း မေးလိုက်သည်။

မိန်းကလေးအငယ်လေးက ချီးကျူးခံရဖို့ မျှော်လင့်နေသလို ပျော်ရွှင်စွာ ခေါင်းညိတ်ပြလိုက်သည်။

"မင်းက ငတုံးလား" အာရန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

မိန်းကလေးအငယ်လေးက သူတစ်ခုခု မှားသွားသလားဟု မေးနေသကဲ့သို့ စိတ်ရှုပ်ထွေးသွားဟန်ဖြင့် စိုက်ကြည့်လိုက်သည်။

အာရန်က သူ့နဖူးကို သူပြန်ရိုက်လိုက်သည်။

"စနစ်က ငါ့ကို တကယ် ဒုက္ခပေးချင်တာလား"

"မင်းက အဲဒီဥထဲက ထွက်လာတာလား"

အာရန်က ဥခွံအကွဲကို လက်ညှိုးထိုးပြရင်း မိန်းကလေးအငယ်လေးကို မေးလိုက်သည်။

မိန်းကလေးအငယ်လေး က ဂုဏ်ယူစွာ ခေါင်းညိတ်ပြလိုက်သည်။

"ဘာမှဂုဏ်ယူစရာ မရှိဘူး" အာရန်က မျက်လုံးကို ပင့်ကစားလိုက်သည်။

"ထားပါတော့၊ မင်းက လူသားတွေနဲ့ပုံစံတူတော့ လူစကားလည်း ပြောနိုင်တယ်မလား"

မိန်းကလေးအငယ်လေးက ခေါင်းခါပြလိုက်သည်။

"မင်းမှာ အားကောင်းတဲ့ တိုက်ခိုက်ရေးအစွမ်း ဒါမှမဟုတ် ကာကွယ်ရေးအစွမ်းတွေကော ရှိလား" အာရန်က မေးလိုက်သည်။

မိန်းကလေးက ထပ်ပြီး ခေါင်းခါလိုက်သည်။

"မင်းမှာ အခြားကျွမ်းကျင်တာ တစ်ခုခုရော ရှိလား"

အာရန်က နဖူးကို ထပ်မံပွတ်လိုက်ရင်း မေးလိုက်သည်။

အတောင်ပံပါသော မိန်းကလေးအငယ်လေးသည် တစ်ဖန် ထပ်၍ ခေါင်းခါလိုက်သည်။

"ဒါဆို အခြေခံအားဖြင့်ပြောရရင် မင်းက ဘာမှအသုံးမဝင်ဘူးပေါ့" အာရန်က သက်ပြင်းချရင်း မေးလိုက်သည်။

မိန်းကလေးအငယ်လေးက ဂုဏ်ယူစွာဖြင့် ခေါင်းညိတ်လိုက်သည်။

"ဟေ့ထပ်ပြောမယ် ဒါကဘာမှဂုဏ်ယူစရာ မရှိဘူးဟ"

အာရန်က မိန်းကလေးကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

သူသည် ဤ 'ဆုလာဘ်' ကို မည်သို့ ကိုင်တွယ်ရမည်ကိုပင် မသိတော့ပါ။ ၎င်းသည် အကျိုးကျေးဇူးထက် ဝန်ထုပ်ဝန်ပိုးနှင့်ပင် ပိုတူနေသည်။

သူသည် အသက်ရှိသတ္တဝါများကို စနစ်သိုလှောင်ခန်းတွင် မထားနိုင်ပါ။ ထို့ကြောင့် သူမကို မဖုံးကွယ်ထားနိုင်ပါ။

ဒီမိန်းကလေးအငယ်လေးတွင် သူ့ကိုကူညီနိုင်သည့် မည်သည့်ကျွမ်းကျင်မှုမျှ ရှိမနေပါ။ ထို့အပြင် သူမသည် ဤကမ္ဘာတွင် ပေါ်ပေါက်မလာသင့်သော အရာတစ်ခုပင်ဖြစ်သည်။

သူမကို အခြားသူများ မြင်သွားပါက မည်သို့ တုံ့ပြန်ကြမည်ကို သူမသိနိုင်ပါ။

သေချာသောအရာတစ်ခုမှာ သူမကို မည်သူမဆို မြင်သွားပါက ဒုက္ခများစွာ သည် သူ့ခေါင်းပေါ်သို့ပင် ကျရောက်လာဦးမည် ဖြစ်သည်။

မိန်းကလေးက အာရန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

အာရန်က သူသည် သူမလေးကို သတ်ပြီး နောင်ဖြစ်လာမည့် ပြဿနာများကို ရှောင်ရှားရန် အစဖျောက်ပစ်နိုင်သည်။ သို့သော် သူမလေးကို တစ်ချက်ကြည့်လိုက်ပြီး ထိုသို့သူ မလုပ်ရက်ပါ။

မိန်းကလေးအငယ်လေးသည် ယခုလေးတင်မှ ဥက ပေါက်ဖွားလာသော မွေးကင်းစကလေးလေးတစ်ဦးဖြစ်သည်။ သူမသည် လူသားတစ်ဦးမဟုတ်သော်လည်း သူမထံမှ အကျိုးကျေးဇူး မရနိုင်သောကြောင့် သေပေးရန် မထိုက်တန်ပါ။

သူမလေးကို သူ့ထံသို့ ပို့ဆောင်ခံရခြင်းသည် သူမလေး၏ အမှားမဟုတ်ပါ။ ယင်းအစား စနစ်၏ အမှားသာဖြစ်သည်။

"ကောင်းပြီ" အာရန်က ခေါင်းကိုထပ်ကုတ်လိုက်သည်။

"မင်းက ငါ့အတွက်ဖြစ်တဲ့အတွက် ဖြစ်လာသမျှကို ငါကိုယ်တိုင်ပဲ ကိုင်တွယ်ရတော့မှာပေ့ါ"

"ဒါပေမယ့် မင်းက တခြားသူတွေရှေ့မှာ ကိုယ့်ကိုယ်ကို ပြခွင့်မရှိဘူး အဲဒါက မင်း အမြဲတမ်းလိုက်နာရမယ့် စည်းမျဉ်းတစ်ခုပဲ နားလည်လား"

အာရန်က မေးလိုက်သည်။

မိန်းကလေးက ပျော်ရွှင်စွာ ခေါင်းညိတ်ပြီး အပေါ်သို့ ပျံတက်သွားကာ အာရန်၏ ပခုံးပေါ်သို့ ဆင်းသက်လိုက်သည်။

သူမသည် ကလေးငယ်တစ်ဦးကဲ့သို့ သူ့ပါးကို ထပ်မံ ထိုးနှက်လိုက်ပြန်သည်။

"နောက်ထပ် စည်းမျဉ်းတစ်ခု မင်း ငါ့ပါးကို ထိခွင့်မရှိဘူး" အာရန်က မိန်းကလေးငယ်ကို စိုက်ကြည့်လိုက်သည်။

မိန်းကလေးက သူမသည် မတရားအနိုင်ကျင့်ခံရသကဲ့သို့ ခေါင်းကို ငုံ့ထားလိုက်သည်။

"ခုငါ့ပခုံးပေါ်က ဆင်းပေးလို့ရမလား ငါ ရေချိုးရဦးမယ်"

အာရန်သည် သူမကို မတော်တဆ ဖိချေမိမည်ကို စိုးရိမ်သောကြောင့် သူမကို မထိခဲ့ပါ။

မိန်းကလေးအငယ်လေးက အရမ်းသေးပြီး အားနည်းလွန်းသောကြောင့် သူမကို ဆုပ်ကိုင်ရန် ပင်မလွယ်ကူပါ။ သူမသည် လူများက ကြည့်ရုံသာကြည့်နိုင်ပြီး မထိရက်မကိုင်ရက်သော အဖိုးတန်ရတနာတစ်ပါးနှင့် ပိုတူနေသည်။

မိန်းကလေးအငယ်လေးက ခေါင်းညိတ်လိုက်သည်။ သူမသည် သူ့ပခုံးပေါ်မှ ခုန်ဆင်းပြီး အိပ်ရာပေါ်သို့ ဆင်းသက်သွားသည်။

အာရန်သည် မတ်တပ်ရပ်ပြီး လည်ပင်းကို ဆန့်လိုက်သည်။

အပြင်ဘက်မှာ နေ့လည်ပိုင်း ရောက်နေပြီဖြစ်သည်။ သူသည် တစ်မနက်လုံး အိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။ သူသည် အပြင်ထွက်ပြီး သူ့တပည့်အသစ်ကို သွားကြည့်ရန်ပင် မေ့သွားခဲ့သည်။

ထို့အပြင် မကြာမီ သူသည် အမည်မသိရသေးသော ပုဂ္ဂိုလ်နှင့်တွေ့ဆုံရဦးမည် ဖြစ်သည်။

ပြင်ဆင်ရန်အတွက် သူ့တွင် နာရီအနည်းငယ်သာ ကျန်တော့သည်။

သူသည် ဤတွေ့ဆုံမှုကို အများကြီး မျှော်လင့်ထားလေသည်။ သူသည် မည်သူ့ကို တွေ့ဆုံရမည်ကို မသိသော်လည်း ၎င်းသည် စနစ်ဆုလာဘ်ဖြစ်သောကြောင့် အနည်းဆုံး အသတ်ခံရမည်တော့မဟုတ်ဟု ခံစားရသည်။

ဖြစ်နိုင်သည်မှာ သူသည် မှတ်ဉာဏ်အပိုင်းအစများအကြောင်း အဖြေများပင် ရှာဖွေနိုင်မည်ဖြစ်သည်။

သူသည် ကွဲသွားသောဥခွံကို စနစ်သိုလှောင်ခန်းအတွင် ပြန်ထည့်ထားလိုက်ပြီး အမှုန်အမွှား အနည်းငယ်မျှပင် မကျန်အောင်ဂရုစိုက်သိမ်းဆည်းပြီး ရေချိုးရန် ပြင်ဆင်လိုက်သည်။

"အခန်းထဲမှာနေပြီး ငါပြန်မလာမချင်း ဘယ်မှမသွားနဲ့"

အာရန်က မိန်းကလေးအငယ်လေးကို သတိပေးပြီး လှည့်ထွက်သွားသည်။

ခြေလှမ်းအနည်းငယ် လှမ်းပြီးမှ ရပ်လိုက်သည်။ သူက လှည့်ကြည့်လိုက်သည်။

"ဟုတ်သားပဲ ငါမေ့သွားတယ် မင်းက ခုမှမွေးတာဆိုတော့ နာမည်မရှိသေးဘူး"

"ငါက နာမည်ပေးတာ မတော်ဘူးဆိုတော့ ဒီနာမည်ကို မကြိုက်ရင် ငါ့ကို အပြစ်မတင်နဲ့"

မိန်းကလေးက အပြစ်ကင်းစွာ အာရန်ကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး ထိုအရာကို မျှော်လင့်နေပုံရသည်။

"မင်းက ကောင်းကင်နတ်သူငယ်လေးတွေကို သတိရသွားစေတော့ မင်းကို ဆီလက်စ်လို့ ခေါ်မယ် ဒီနာမည်ကိုမကြိုက်တာမျိုးရှိလား" အာရန်က မေးလိုက်သည်။

မိန်းကလေးက ခေါင်းကို ထပ်ခါထပ်ခါ ခါယမ်းပြသည်။ ယင်းအစား ထိုနာမည်ကို အလွန်သဘောကျသဖြင့် ပျော်ရွှင်နေပုံရသည်။

"ဝမ်းသာပါတယ်" အာရန်က လှည့်ထွက်သွားပြီး လှပသော အပြုံးတစ်ခုက သူ့နှုတ်ခမ်းတွင် ပေါ်လာလေသည်။

မိန်းကလေးငယ်လေးသည် သူ့အတွက် အထောက်အကူမဖြစ်ကြောင်း သူသိသော်လည်း သူမ၏ ပျော်ရွှင်မှုကို ကြည့်ပြီး သူလည်း ပျော်ရွှင်ခဲ့မိသည်။

အထူးသဖြင့် မိန်းကလေးငယ်လေးသည် သူ၏ ညီမလေးကို သတိရသွားစေသောကြောင့်ဖြစ်သည်။ သူမသည် သူအချိန်အတော်ကြာ ကတည်းက ဆုံးရှုံးခဲ့ရသူတစ်ဦးဖြစ်လေသည်။

....

အာရန်သည် ရေချိုးပြီးနောက် အဝတ်အစားအသစ်များ ဝတ်ဆင်ကာ ထွက်လာခဲ့သည်။ သူ့ဆံပင်များသည် အနည်းငယ် စိုစွတ်နေသေးသော်လည်း ရေချိုးပြီးနောက် အတော်လေး လန်းဆန်းသွားသလိုခံစားလိုက်ရသည်။

သူသည် အပြင်ပြန်ထွက်လာသောအခါ ဆီလက်စ်ကလေး ဝင်နေနိုင်သော အိတ်ကပ်ပါသည့် ဝတ်ရုံကို ရည်ရွယ်ချက်ရှိရှိ တမင်ဝတ်ဆင်လိုက်သည်။

သူသည် တစ်စုံတစ်ယောက်နှင့် တွေ့ဆုံပါက သူမသည် သူ့အိတ်ကပ်ထဲသို့ ဝင်ပုန်းခိုင်း၍ရလေသည်။ ဤနည်းဖြင့် သူသည် သူမ၏ ကျန်ရှိသော ဘဝကို အခန်းငယ်တစ်ခုတွင် ပိတ်လှောင်ထားရန် မလိုတော့ပါ။

"လာ ဆီလက်စ် ငါတို့ အပြင်ထွက်ကြမယ်"

ဆီလက်စ်သည် သကြားလုံးဆိုင်သို့ ခေါ်ဆောင်သွားခံရတော့မည့် ကလေးငယ်တစ်ဦးကဲ့သို့ စိတ်လှုပ်ရှားစွာဖြင့် အာရန်ဆီသို့ ပျံသန်းလာသည်။

အာရန်၏ ညွှန်ကြားချက်များကို နားထောင်ပြီးနောက် သူမသည် အာရန်၏ အိတ်ကပ်ထဲသို့ ဝင်သွားပြီး သူမ၏ ဦးခေါင်းလေးကိုသာ အိတ်ကပ်အပြင်သို့ မသိမသာထွက်နေစေ၍ အပြင်ဘက် ပတ်ဝန်းကျင်ကို ခိုး၍ကြည့်ရှုနေလေသည်။

သူမသည် မိခင်၏ အိတ်ကပ်ထဲတွင် ခိုနေသော သားပိုက်ကောင်လေးနှင့် ပို၍တူလာသည်။

"ဒါကမင်းအနေနဲ့ ပထမဆုံးဒီလောကထဲရောက်လာတာဆိုတော့ ဒီကမ္ဘာရဲ့ အလှတရားကို မင်းမြင်ဘူးအောင်ပြပေးရမယ်"

အာရန်သည် တံခါးကို ဖွင့်လိုက်ပြီး အောက်တွင် ပျံသန်းနေသော ဖီးနစ်ငှက်ကို ခေါ်လိုက်သည်။

လေစွမ်းအားများသည် အာရန်ကို ဝန်းရံထားပြီး ထုံးစံအတိုင်းပျံသန်းရန် ကူညီပေးရလေသည်။ သူသည် မကြာမီ ဖီးနစ်ငှက်၏ နောက်ကျောပေါ်သို့ ရောက်ရှိသွားလေသည်။

ဖီးနစ်ငှက်သည် သူ့ကို သူ့တပည့်မလေး နေထိုင်သော နေရာသို့ ခေါ်ဆောင်သွားသည်။

လမ်းတစ်လျှောက်တွင် အာရန်သည် ဆီလက်စ်ကို ဖီးနစ်ငှက်နှင့် မိတ်ဆက်ပေးခဲ့သည်။

မကြာမီ သူသည် ဦးတည်ရာသို့ ရောက်ရှိသွားသည်။ သို့သော် အောက်သို့ ကြည့်လိုက်သောအခါ အာရန်သည် မျက်မှောင်ကြုတ်မိသည်။

"သူမက..."

#Catfoot

All Chapters