← Chapters

ကတိပြုထားသော အချိန်

Vol. 4 Ch. 32

ကတိပြုထားသော အချိန်

Vol. 4 Ch. 32

"သူမက..."

အာရန်သည် မယုံကြည်နိုင်စွာ အောက်သို့ ငုံ့ကြည့်လိုက်သည်။

"ငါ တစ်လလောက် အိပ်ပျော်သွားတာများလား"

သူက မယုံကြည်နိုင်စွာ ကိုယ့်ကိုယ်ကိုမေးလိုက်သည်။

"သူမက ဒါတွေအားလုံးကို တစ်ရက်တည်းနဲ့ ဘယ်လိုလုပ်လုပ်နိုင်မှာလဲ"

သူ့တပည့် ဝမ်ချင်းယုသည် သူမအတွက် နေထိုင်ရန် နေရာတစ်ခုကို ဖန်တီးပြီးစီးသွားပြီ ဖြစ်ကြောင်းကို သူမြင်တွေ့လိုက်ရသည်။ သူမ ဖန်တီးထားသော အိမ်သည် သူ့အိမ်ထက်ပင် ပိုမိုခမ်းနားထည်ဝါနေသေးသည်။

သူနေထိုင်သော နေရာကို ပြန်တွေးမိသောအခါ အနည်းငယ် ရှက်ရွံ့မိသည်အထိပင် ဖြစ်သွားလေသည်။

သူမသည် သစ်သားဖြင့်သာ အိမ်လေးတစ်လုံးကို ဖန်တီးခဲ့သော်လည်း သူမျှော်လင့်ထားသည်ထက် များစွာ ပိုကြီးနေသည်။ သူ့အိမ်မျိုး ဆယ်လုံးပင် သူမအိမ်ထဲတွင် ထည့်ထား၍ရလေသည်။

ဖီးနစ်ငှက်၏ လေစွမ်းအင် အကူအညီဖြင့် သူသည် သူမ၏ အိမ်အပြင်ဘက်တွင် ဆင်းသက်လိုက်သည်။

သူမသည် အိမ်ပတ်လည်တွင် ခြံစည်းရိုးတစ်ခုကိုလည်း ဖန်တီးထားပြီး အန္တရာယ်ရှိနိုင်သော သားရဲများဝင်မလာနိုင်ရန်လုံလောက်လေသည်။

အာရန်သည် ခြံစည်းရိုးပေါ်ရှိ သစ်သားပြားကို ကြည့်လိုက်ပြီး စာတစ်စောင် ရေးထားသည်ကိုတွေ့လိုက်သည်။

"ခွင့်ပြုချက်မရှိဘဲ ဤနေရာသို့ကျူးကျော်လာသူများအား သနားညှာတာမှုမရှိဘဲ သတ်ပစ်မည်။"

အာရန်သည် သူ့ခေါင်းကို ထပ်မံ၍ကုတ်လိုက်မိသည်။

"ဒီမိန်းကလေးက င့ါအရင်ကမ္ဘာမြေက မြို့ပြအင်ဂျင်နီယာ တစ်ယောက်ယောက်များ ပြန်လည်ဝင်စားတာများလား"

အာရန်သည် ခြံစည်းရိုးကို ကျော်၍ အခြားတစ်ဖက်တွင် ဆင်းသက်လိုက်သည်။ သူသည် မိန်းကလေးကို တောင်ပေါ်တွင် မည်သည့်နေရာတွင်မျှ မတွေ့ခဲ့ရသောကြောင့် သူမသည် အိမ်ထဲတွင်သာ ရှိနေမည်ဟု တွေးမိလိုက်သည်။

"ချင်းယုရေ" သူ ခေါ်လိုက်သော်လည်း တုံ့ပြန်မှု မရှိပါ။

အာရန် သည် တံခါးကို တွန်းဖွင့်ပြီး အိမ်ထဲသို့ ဝင်သွားလိုက်သည်။

အိမ်ထဲသို့ ဝင်ပြီးနောက် သူသည် ပို၍ပင် အံ့အားသင့်သွားရသည်။

အိမ်သည် အပြင်ဘက်မှ ကြည့်လျှင် ကောင်းမွန်စွာဆောက်ထားပုံရလေသည်။ သို့သော် အတွင်းပိုင်းတွင်လည်း ပို၍ပင် ကောင်းမွန်နေသေးသည်။

အခန်းများစွာ ရှိသော်လည်း အံ့အားသင့်စရာ အကောင်းဆုံးအပိုင်းမှာ ၎င်းတို့အားလုံးတွင် ပရိဘောဂများ ရှိနေခြင်းဖြစ်သည်။

တောင်ပေါ်တွင် ရှာဖွေစုဆောင်း၍ မရနိုင်သော ပရိဘောဂများဖြစ်သည်။

"သူမက ဒီပစ္စည်းတချို့ကို သူမရဲ့ သိုလှောင်လက်စွပ်ထဲမှာ ထည့်ယူလာပုံရတယ်"

သူသည် အိမ်ထဲသို့ ၀င်လိုက်ပြီး အခန်းများကို လိုက်လံစစ်ဆေးခဲ့သည်။

တေးဂီတတူရိယာပစ္စည်းများဖြင့် ပြည့်နှက်နေပုံရသော အခန်းတစ်ခန်းလည်း ရှိသေးသည်။ မိန်းကလေးသည် သူမ၏ အားလပ်ချိန်များတွင် တေးဂီတများကို ဖန်တီးရသည်ကို နှစ်သက်သည်ဟု ဆိုထားသည်။

အနာဂတ်တွင်စားသုံးရန်အတွက် စားစရာများစွာကို စုဆောင်းထားသော အခန်းတစ်ခန်းလည်း ရှိသည်။ ရေတစ်ဝက် ပြည့်နေသေးသော ရေချိုးကန်ပါရှိသော ရေချိုးခန်းလည်း ရှိသည်။

ကြမ်းပြင်ပေါ်တွင် ရေအချို့ ရှိနေပြီး သူမသည် မကြာသေးမီကမှ ရေချိုးပြီးစီးကြောင်း ထင်ရှားစေသည်။ စိုစွတ်သောအဝတ်များသည် ရေချိုးခန်းထောင့်တွင် ရှိနေသည်။

"သူမက တော်တော်လေး အရည်အချင်းရှိပုံရတယ်"

"စာအုပ်ထဲမှာ သူမက ဒီအရာတွေမှာ ဒီလောက် ကျွမ်းကျင်တယ်လို့ မဖက်ခဲ့ရဘူး သူမက အကြီးအကဲကျန်း နဲ့ ရှိနေတဲ့အတွက် ဒါတွေက လုပ်ဖို့ မလိုလို့လား"

အာရန်သည် မကြာမီ မိန်းကလေး၏ အိပ်ခန်းသို့ ရောက်ရှိသွားပြီး သူမသည် သက်တောင့်သက်သာရှိသော အိပ်ရာတစ်ခုပေါ်တွင်လှဲလျောင်းနေလေသည်။ ထိုအိပ်ရာတွင် ပိုးသားမွေ့ယာတစ်ခုလည်း ရှိသည်။

မိန်းကလေးသည် တစ်ညလုံး အိမ်ဆောက်ရန် ကြိုးစားခဲ့သောကြောင့် ယခုတော့ စိတ်အေးချမ်းစွာဖြင့် အိပ်ပျော်နေပုံရသည်။ သူမသည် သူမ၏ ဆရာကို စိတ်ပျက်စေလိုခြင်း မရှိပါ။

မိန်းကလေးသည် အခန်းထဲတွင် အခြားတစ်ယောက်ရောက်ရှိလာကြောင်းကိုပင် သတိမထားမိလောက်အောင် အိပ်မောကျနေသည်။

အာရန်သည် သင့်လျော်စွာပင် ဝတ်ဆင်ထားခြင်းမရှိသော မိန်းကလေးကို ကြည့်လိုက်သည်။ သူမသည် အိပ်နေစဉ်မည်သည့်အရာမှ ခြုံလွှမ်းထားခြင်းမရှိပေ။

အာရန်သည် အိပ်ရာဆီသို့ ပိုမိုနီးကပ်စွာ လျှောက်သွားလိုက်ပြီး ညက အမှန်တကယ် အလုပ်ကြိုးစားခဲ့သော မိန်းကလေးကို ငေးကြည့်နေသည်။

"ကျူးကျော်သူအားလုံးကို သတ်ပစ်မယ်တဲ့ ငါက စိတ်ဓာတ်ခိုင်မာလို့ ကံကောင်းတယ် တခြားတစ်ယောက်ဆိုရင်တော့..."

ဤတောင်သည် တစ်ချမ်းတွင် မြူနှင်းများဖြင့်အေးစက်လျက်ရှိပြီး သူမသည်ကျင့်ကြံသူ တစ်ဦးဖြစ်သော်လည်း ဤနေရာသည် မည်မျှ အေးစိမ့်‌နေကြောင်းကို သူခံစားနိုင်သည်။

သူမကို စောင်ဖြင့် သေချာစွာခြုံပေးလိုက်ပြီး အာရန်သည်လှည့်ထွက်လာခဲ့သည်။

"မင်း ကောင်းကောင်းလုပ်နိုင်တယ်။ မင်းအတွက် ဆရာအတော်လေး ဂုဏ်ယူမိတယ်" အာရန်က အပြင်သို့ထွက်ခွာသွားရင်း ပြောလိုက်သည်။

အာရန်အခန်းထဲမှ ထွက်သွားသည်နှင့် ဝမ်ချင်းယုသည် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ စောင်ကို ပွေ့ဖက်ထားရင်း သူမ၏ မျက်နှာတွင် လှပသော အပြုံးတစ်ခု ရှိနေသည်။

....

အာရန်သည် အိမ်ထဲမှ ထွက်လာပြီးနောက် ဤတပည့်ကို အနီးအနားတွင် သူ့အတွက်အိမ်တစ်လုံဖန်တီးခိုင်းသင့်လားဟု တွေးတောနေသည်။

ဖြစ်နိုင်လျှင် သူသည် ချောက်ကမ်းပါးစွန်းရှိ အိမ်တွင် မနေချင်တော့ပါ။ သူနေထိုင်သောအိမ်သည် လုံလောက်စွာ ခိုင်ခံ့မှု ရှိမရှိပင် မသေချာပါ။

ထိုအိမ်သည် သာမန် ငလျင်တစ်ခုနှင့်ပင် အိမ်တစ်ခုလုံး ချောက်ကမ်းပါးသို့ ပြုတ်ကျသွား နိုင်သည်။ ထိုသို့ဖြစ်သောအခါ သူ အိပ်ပျော်နေပါက ဘာဖြစ်သွားသည်ကိုပင် သိလိုက်မည်မဟုတ်ပါ။

"အင်း ဆရာတစ်ယောက်အနေနဲ့ ငါက သူမကို ငါ့အတွက် အိမ်တစ်လုံး ဖန်တီးခိုင်းရင် အရမ်းရှက်ဖို့ကောင်းလိမ့်မယ်"

ဖီးနစ်ငှက်ကို သူ့အား ခေါ်ဆောင်သွားရန် ပြောလိုက်ပြီး ထိုအကြံအစည်ကို အလျင်အမြန် စွန့်လွှတ်လိုက်သည်။

အစပိုင်းတွင် သူ သတိမထားမိခဲ့ပါ။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ စကားလုံးများ မလိုအပ်ဘဲ စိတ်ဖြင့်ပင် ဖီးနစ်ငှက်ထံသို့ သတင်းစကားများ ပေးပို့နိုင်ကြောင်း သဘောပေါက်လိုက်သည်။

ညင်သာသော လေစွမ်းအားများသည် အာရန်ကို ဝန်းရံထားပြီး လေထဲသို့ မြောက်တက်သွားရန် ကူညီပေးသည်။ အမည်မသိသူတစ်ဦးနှင့် တွေ့ဆုံရန်အတွက် နာရီအနဲငယ် အချိန်ရနေသေးသည်။

သူသည် ထိုအချိန်ကို ဝမ်ချင်းယုနှင့်အတူ ကုန်ဆုံးစေရင်ကောင်းမလားဟု တွေးလိုက်မိသည်။ သူမသည် အိမ်ဆောက်ရန် သစ်သားများကို ဆက်လက် ခုတ်ထစ်နေလိမ့်မည်ဟု သူအစက မျှော်လင့်ထားခဲ့သည်။

ကံမကောင်းစွာဖြင့် သူမသည် သူ့မျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေခဲ့သည်။ ပိုဆိုးသည်မှာ သူမသည် ယခု အိပ်ပျော်နေခြင်းပင်ဖြစ်သည်။

"ငါ စာကြည့်တိုက်ကို နောက်တစ်ခေါက်ထပ်သွားသင့်လား ငါ့ကံက သူတို့ကို ထပ်ပြီး တွေ့ရလောက်တဲ့ထိတော့ မဆိုးနိုင်ဘူး မဟုတ်လား။"

စဉ်းစားပြီးနောက် သူသည် ထိုအကြံအစည်ကို တစ်ဖန် စွန့်လွှတ်လိုက်သည်။ ဂိုဏ်းချုပ်က သူ့နောက်တွင် ရှိနေသောအချိန်က ထိုအန္တရာယ်ရှိသော ခံစားချက်ကို သူ မမေ့သေးပါ။

"စာကြည့်တိုက်မှာလည်း ငါသိချင်တဲ့ သတင်းအချက်အလက်တွေ ရှိနေမယ်လို့ အာမခံချက်မရှိပါဘူးလေ ပြီးတော့ ဒါက တခြားအရှင်သခင်တွေ အတွက်အဖိုးတန်တဲ့အရာတွေဆိုရင် ဒီလိုမေးခွန်းမျိုးတွေက အရာရာကို သံသယဝင်သွားစေနိုင်တယ်"

နောက်ဆုံးတွင် သူသည် သူ့ဆုံးဖြတ်ချက်များကို ဆင်ခြေများပေး၍ သတင်းအချက်အလက် စုဆောင်းရန် စာကြည့်တိုက်သို့သွားမည့် အကြံအစည်ကို စွန့်လွှတ်လိုက်သည်။

သူသည် သူ့အိမ်သို့သာ ပြန်သွားလိုက်ပြီး ကတိပြုထားသော တွေ့ဆုံချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

အချိန် နီးကပ်လာသည်နှင့်အမျှ အာရန်သည် အနည်းငယ် စိတ်လှုပ်ရှားလာသည်။ သူသည် မည်သူ့ကို တွေ့ဆုံရမည်ကို မသိပါ။

ထိုကဲ့သို့ အန္တရာယ်ရှိသော နေရာတွင် ရှိသော သူ့အိမ်ထဲသို့ ဝင်ရောက်နိုင်သူ အနည်းငယ်သာ ရှိသည်။ ၎င်းတို့အားလုံးသည် ဂိုဏ်းတွင်း အကြီးအကဲများ သို့မဟုတ် ပိုမိုအားကောင်းသူများ ဖြစ်ကြသည်။

သူသည် ဂိုဏ်းချုပ် မဖြစ်ပါစေနှင့်ဟု အမှန်တကယ် မျှော်လင့်နေသည်။

မကြာမီ စောင့်မျှော်နေသောအချိန်သို့ ရောက်ရှိလာသည်။ သို့သော် မည်သူမျှ တံခါးပေါက်တွင်ပေါ်မလာပါ။ အိမ်အပြင်တွင် မည်သူမျှ ရှိမနေပါ။

ဖီးနစ်ငှက်သည်လည်း သူ့တောင်သို့ ရောက်လာသူ မည်သူကိုမျှ မခံစားမိပါ။

"သူတို့ နောက်ကျနေတာလား" အာရန်က မေးလိုက်သည်။

သူပြောပြီးသည်နှင့် သူ့နှလုံးသားတွင် ထူးဆန်းသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူ့နှလုံးခုန်နှုန်းသည် မမှန်မကန် ဖြစ်လာသည်။ ဖီးနစ်ငှက်နှင့် သူ့ဆက်သွယ်မှုသည် ရုတ်တရက် ပြတ်တောက်သွားသည်။

ဖီးနစ်ငှက်သာမက ဆီလက်စ်ကိုပင် မခံစားနိုင်တော့ပါ။

သူသည် သူ့ဘေးကို ကြည့်လိုက်သည်။ ဆီလက်စ်သည် ထိုနေရာတွင် ရှိနေသေးသော်လည်း ယခုအချိန်အတွင်း ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ရပ်တန့်နေလေသည်။

#Catfoot

All Chapters