ကြိုဆိုပါတယ်
Vol. 4 Ch. 36
အာရန်သည် ထိုကဲ့သို့ အရေးကြီးသောအရာတစ်ခုကို မေးမြန်းရန် အခွင့်အရေးအား ဆုံးရှုံးခံလိုက်ရသည်ကို ယခုထိမယုံကြည်နိုင်သေးပါ။
သူသည် မှတ်ဉာဏ်အပိုင်းအစအကြောင်းကိုမူ မေးခွန်းဘောက်ချာ မလိုအပ်ဘဲ မေးနိုင်သည်ဟု ထင်နေခဲ့သည်။ ဤဆုလာဘ်ကိုအသုံးပြုခဲ့သည့်အဓိက အကြောင်းအရင်းမှာ ထိုဆုလာဘ်၏ အသုံးဝင်နိုင်မှု ကိုစမ်းသပ်လို၍ လည်းဖြစ်သည်။
ယခုတွေ့ဆုံမှုက ဤမျှလောက် အချိန်တိုတောင်းခဲ့လိမ့်မည်ဟု သူမသိခဲ့ပါ။ သို့မဟုတ်ထိုသို့ အချိန်တိုသွားရခြင်းသည် မေးခွန်းဘောက်ချာအား သူသုံးခဲ့မိ၍လား မသေချာပါ။
"ငါ အဲဒီလို အခွင့်အရေးမျိုး နောက်တစ်ခါထပ် ရနိုင်ပါဦးမလားလို့ တွေးမိတယ်..." သူက စိတ်ပျက်စွာ အိပ်ရာပေါ်တွင် ပြန်ထိုင်ရင်း မိမိကိုယ်ကို တွေးနေလိုက်သည်။
သူသည် မေးခွန်း ဘောက်ချာဖြင့် မေးခွန်းတစ်ခုသာ မေးနိုင်ပြီး သူ့အတွက် အသုံးအဝင်ဆုံးဟု ထင်သော မေးခွန်းကို ရွေးချယ်ခဲ့သည်။
သူသည် သူ့ကမ္ဘာသို့ ပြန်သွားနိုင်လျှင် သူ့အတွက် အလုံခြုံဆုံးဖြစ်သည်။ ထို့နောက် ဤကမ္ဘာနှင့်ပတ်သက်သော မည်သည့်အရာကိုမျှ စိုးရိမ်ရန် လိုအပ်တော့မည်မဟုတ်ပေ။
ကံမကောင်းစွာဖြင့်ပင် သိလိုက်ရသောအဖြေများက ပို၍ပင် စိတ်ပျက်စရာ ကောင်းနေခဲ့လေသည်။ သူသည် အခြေခံအားဖြင့် ပြန်သွား၍ မဖြစ်နိုင်ဟုပင် ပြော၍ရလေသည်။ ယခုတော့ဤနေရာသည် သူ့အိမ်အသစ်တစ်ခု ဖြစ်လာခဲ့ ပြီဖြစ်လေသည်။
"ဟင် ဒါက"
ရုတ်တရက်အာရန်သည် မကြာသေးမီက ထိုထူးဆန်းသောပုဂ္ဂိုလ် ထိုင်နေခဲ့သော နေရာတွင် စာအိတ်ငယ်တစ်ခု ကျန်ရစ်ခဲ့သည်ကို တွေ့လိုက်ရသည်။
သူသည် အလွန်အံ့အားသင့်သွားပြီး အနားကပ်ကြည့်ကာ ထိုစာအိတ်ကို ကောက်ယူလိုက်သည်။
သူသည် စာအိတ်ကို ဖွင့်လိုက်သောအခါ အတွင်းတွင် သေသပ်စွာခေါက်ထားသော စာတစ်စောင်ကို တွေ့လိုက်ရသည်။
သူသည် ထိုစာကို ဆွဲထုတ်လိုက်ပြီး ထိုပုဂ္ဂိုလ် မတော်တဆများ မေ့ကျန်ခဲ့တာလား ဟု တွေးလိုက်မိသည်။
"မတော်တဆမှုဆိုတာ မရှိနိုင်ဘူး"
ပထမစာကြောင်းကပင် စာရေးသူသည် သူ့မေးခွန်းကို ကြိုတင်မျှော်လင့်ထားသကဲ့သို့ ဖော်ပြထားသည်။
"ငါ မပြောသင့်တဲ့ သတင်းအချက်အလက်ကို ထုတ်ပြောမိခဲ့တဲ့အတွက် ရတဲ့ အချိန်က တိုသွားရတယ် ပြီးတော့ ဟုတ်တယ် မင်းကိုယ်မင်း အပြစ်တင်ရမယ်"
"မင်းကို ပြောပြချင်တဲ့ အရာတွေ အများကြီးရှိပေမယ့် မပြောပြနိုင်ခဲ့ဘူး ဒါကြောင့် ဒီစာကိုပဲ ချန်ထားခဲ့ရတယ် မင်းအတွက် အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်"
အာရန်သည် စာကို ဆက်လက်ဖတ်ရှုခဲ့သည်။ စာအတွင်းဖော်ပြချက်အရ ထို ပုဂ္ဂိုလ် သည်သူ့ကို အတင်းအကျပ် ဖြေကြားရန် စေခိုင်းမှုတစ်ခုကြောင့် တွေ့ဆုံမှု အချိန်တိုသွားရကြောင်း အတည်ပြုခဲ့သည်။
ထို ပုဂ္ဂိုလ်သည် ဤကမ္ဘာ၏ ဖန်တီးသူ မဟုတ်ကြောင်းလည်း ထင်ရှားစေခဲ့သည်။ သူပင်လျှင် ဤကမ္ဘာ၏ စည်းမျဉ်းများဖြင့် ချည်နှောင်ခံထားရသည်ဖြစ်သဖြင့် သူသည် အမှန်တကယ် ဤ၀တ္ထု၏ 'စာရေးဆရာ' မဖြစ်နိုင်ပါ။
"မင်း ဖတ်ပြီးရင် ဒီစာကို မီးရှို့ပစ်လိုက်ဖို့ သေချာနေပါစေနော် မင်းကို ကူညီပေးလို့ xxxတို့နဲ့ငါ ပြဿနာမဖြစ်ချင်ဘူး"
အာရန်သည် ထိုလူက ဘယ်သူ့အကြောင်း ပြောနေသည်ကို မသိနိုင်ပါ။ ထို ပုဂ္ဂိုလ် ကိုယ်တိုင် ကြောက်ရွံ့သော လူများလည်း ရှိနေသေးသည်တဲ့လား ဒီကမ္ဘာကြီး ကဘယ်လောက်တောင်ကြီးကျယ်လွန်းပြီး ဘာတွေဖြစ်နေတာလဲ….
"မင်းမှာ မေးခွန်းတွေ အများကြီးရှိမယ်ဆိုတာ ငါသိပါတယ် ဒါပေမယ့် မင်း မှတ်ထားရမှာတစ်ခုရှိတယ် မင်းကိုယ်တိုင် အဖြေရှာရမယ့် မေးခွန်းတချို့ ရှိတယ်"
"မင်းက တခြားလူတွေကို ဖြေရှင်းခိုင်းရင် မင်းရဲ့လမ်းကြောင်းမှာ အတားအဆီးတစ်ခုလိုသာ ဖြစ်လာလိမ့်မယ်"
"မင်းက အန္တရာယ်များတဲ့ ဘဝကို ဖြတ်သန်းနေတယ်လို့ တွေးမိရင် မှတ်ထား... ဒါက မင်းရဲ့ အစပဲရှိသေးတယ် ဒီကမ္ဘာကြီးမှာ မကြာခင်မှာ ရှုပ်ထွေးပြီး ကစဥ့်ကလျား ဆန်တဲ့ ခေတ်တစ်ခေတ် ကျရောက်လာတော့မယ်။"
"အဲဒီလို ရှုပ်ထွေးမှုတွေကြားမှာ ဘယ်လို ရှင်သန်ရပ်တည်မလဲဆိုတာ မင်းအပေါ်မှာပဲ လုံးလုံးလျားလျား မူတည်လိမ့်မယ်"
အာရန်သည် စိတ်ရှုပ်ထွေးစွာဖြင့် စာကို ဆက်လက်ဖတ်ရှုလိုက်သည်။
သူသည် ဤနေရာသို့ ရောက်လာသည်မှာ ရက်အနည်းငယ်သာ ရှိသေးပြီး အကြိမ်ပေါင်းများစွာ သေလုမြောပါး ဖြစ်ခဲ့သည်။ ထို့နောက်ယခု ထို ပုဂ္ဂိုလ်မှ 'ဒါက အစတောင် မဟုတ်သေးဘူး' ဟုလာပြောနေသည်။
"မင်းက မှတ်ဉာဏ်အပိုင်းအစတစ်ခုကို ရရှိထားပြီးပြီလို့ ငါယုံကြည်တယ် အဲဒီလိုဆိုရင် ဂုဏ်ယူပါတယ် မင်းဟာ မင်းလိုကမ္ဘာပြောင်းလာတဲ့သူတွေကြားမှာ ဘယ်သူမှ မရဘူးသေးတဲ့ ဆုလာဘ်တစ်ခုကို ရရှိခဲ့ပြီ..."
"အဲဒါကိုသုံးဖို့ မင်းရဲ့ စိတ်ပိုင်းဆိုင်ရာကို အားကောင်းလာအောင် လုပ်ဖို့လိုမယ် ပြီးတော့ အဲဒါကို လုပ်ဖို့ တစ်ခုတည်းသောနည်းလမ်းက..."
စာထဲမှာ အဲဒီအချက်ပြီးနောက် ဗလာစာကြောင်းအနည်းငယ် ရှိနေလေသည်။
"ဟေ့ မလိုအပ်တဲ့ စိတ်လှုပ်ရှားမှုကို ဖန်တီးဖို့ ကြိုးစားနေတာလားဟ"
အာရန်က မျက်လုံးကို ကစားရင်း မေးလိုက်တယ်။
"ဟားဟားဟား မင်းက ဒီအထိ ဖတ်ပြီးပြီဆိုရင် မင်းတော်တော် စိတ်မရှည်ဖြစ် နေပြီလို့ ငါထင်တယ် ဟုတ်တယ်မလား" စာက ဆက်ပြောသည်။
"ကောင်းပြီ ကောင်းပြီ ငါ မင်းကို ပြောပြပါ့မယ်။"
"မှတ်ဉာဏ်အပိုင်းအစတစ်ခုကို ကြိုတင်ကာကွယ်မှုမရှိဘဲ သုံးရင် မင်းကို သေစေနိုင်တဲ့ ရတနာတစ်ခုဖြစ်သွားလိမ့်မယ်။ မင်းသေသွားရင်တော့ နှမြောစရာကောင်းမှာပဲ ဟုတ်တယ်မဟုတ်လား"
"မှတ်ဉာဏ်အပိုင်းအစကို သုံးဖို့ မင်းရဲ့နှလုံးသားထဲမှာ အသိစိတ်ပင်လယ်တစ်ခုကို ဖန်တီးဖို့ လိုတယ်။"
"လူအများစုက အဲဒီအချက်ကို ရောက်ဖို့ ဆယ်စုနှစ်တွေ ကုန်ဆုံးတဲ့အထိ ကျင့်ကြံကြရတယ်။ ဒါပေမယ့် မင်းမှာ အဲဒီလောက် အချိန်ရှိမယ်လို့ ငါမထင်ဘူး။ ဒါကြောင့် ငါ မင်းကို ဖြတ်လမ်းနည်းတစ်ခု ပြောပြမယ်။"
" ဖြတ်လမ်းနည်းတစ်ခုဟုတ်လား သူက ငါ့ကို ဘာလို့ ဒီလောက် ကူညီပေးရတာလဲ"
အာရန်က ထို ပုဂ္ဂိုလ်၏ရည်ရွယ်ချက်ကို သံသယဝင်မိသော်လည်း ဆက်စာကိုဆက်ဖက်လိုက်သည်။
"ငါ မင်းကို ဘာလို့ ကူညီနေတာလဲလို့ မင်းတွေးနေမယ်ဆိုတာ ငါသေချာတယ်။" စာက ဆက်ပြောထားလေသည်။
"ဟ ဒီကောင်! ဒါက စာလုံးဝ မဟုတ်တော့ဘူး သူက ငါနဲ့ တကယ် တိုက်ရိုက် live စကားပြောနေတာ"
အာရန်က အော်ဟစ်လိုက်တယ်။ သူ မေးတော့မယ့်အရာကို ဘယ်အချိန်မှာ မေးမယ်ဆိုတာကိုပင် ထို ပုဂ္ဂိုလ် မှ မည်သို့ အတိအကျ သိနိုင်မည်နည်း။
"မဟုတ်ဘူး ငါ မင်းရဲ့စိတ်ကို မဖတ်နိုင်ပါဘူး ဒါပေမယ့် မင်းက တော်တော် လေးခန့်မှန်းရလွယ်တော့ မင်းဘာတွေးနေမယ်ဆိုတာကို ငါကနည်းနည်းလေး ခန့်မှန်းမိရုံပါ ပြီးတော့ ငါမှန်းတာမှန်ခဲ့မယ်ဆိုရင်တော့ ငါ့ကိုယ်ငါ တော်တော်လေး ဂုဏ်ယူမိမှာပဲ ဟဲဟဲ"
ထိုအရာများသည် စကားလုံးများသာဖြစ်သော်လည်း အာရန်က ထိုပုဂ္ဂိုလ်သည် သူ့ကိုယ်သူ မည်မျှအထင်ကြီး မောက်မာကြောင်း မြင်နိုင်လေတယ်။
"သာမန်တွေ့ဆုံမှုလေးတစ်ခုကနေ အတင်းအကျပ် ထုတ်ပယ်ခံရတာတောင် တော်တော်လေး မောက်မာနိုင်တာပဲ" အာရန်က မျက်လုံးကို ကစားရင်း ဆက်ဖတ်လိုက်သည်။
"အသိစိတ်ပင်လယ်တစ်ခုကို ဖန်တီးဖို့ ဖြတ်လမ်းနည်းတစ်ခု ရှိတယ် အဲဒါက လူအနည်းငယ်သာ သိတဲ့ အရာတစ်ခုပဲ ပြီးတော့ အဲဒါကို ရဖို့ဆိုရင် မင်းက ပင်လယ်နဂါးရဲ့ နှလုံးသားတစ်ခုကို ရှာတွေ့ဖို့ လိုမယ်"
"ပင်လယ်နဂါးရဲ့ နှလုံးသား ဒီလိုအရာမျိုးကို ငါ အနိုင်ယူနိုင်တယ်ဆိုဦးတော့ ငါ က ဘယ်မှာ သွားရှာရမှာလဲ အဲ့ပင်လယ်နဂါးကို ဝတ္ထုဖတ်ထားခဲ့မိသလောက်အထိလဲ အဲဒါအကြောင်းကို ဘာမှ ဖော်ပြထားတာ မရှိဘူး"
"မင်းက ဘယ်မှာ ရှာတွေ့နိုင်မလဲလို့ တွေးနေတာလား အဖြေက နာမည်ထဲမှာတင် ရှိတယ် အသုံးမကျတဲ့ကောင်ရဲ့"
"ဘာလဲ ခင်ဗျားက ကျုပ်ကိုဘာလို့ ခုလို ကျိန်ဆဲနေရတာလဲ ကျုပ်က ပင်လယ်နဂါးကို ပင်လယ်ထဲမှာ ရှာတွေ့နိုင်တယ်ဆိုတာတော့သိတာပေ့ါ ဒါပေမယ့် ပင်လယ်က ဘယ်လောက်ကျယ်လဲဆိုတာကို မသိဘူးလား ဒါက တိုက်ကြီးတစ်တိုက်ထက်တောင် ကြီးသေးတယ်"
အာရန်က ဒေါသတကြီး ပြန်ပြောလိုက်သည်။
"ငါက မင်းကို ဒီလောက်အထိ ကူညီပေးခဲ့တာဆိုတော့ မင်းက ငါ့ကို ကျေးဇူးအများကြီး တင်နေမယ်ဆိုတာ ငါသေချာသိနေပါတယ်။ မင်းကို ကြိုဆိုပါတယ် လူငယ်လေးရေ ငါ့လိုလူ တစ်ယောက်ယောက်နဲ့ တွေ့ဖို့ အခွင့်အရေးဆိုတာ လွယ်လွယ်ရတာမဟုတ်ဘူးနော် ဒါကြောင့် မင်းက တော်တော် ကံကောင်းတယ်ပြောရမယ်"
"ဘဝင်ရူးကြီး ဘယ်သူက ခင်ဗျားကို ကျေးဇူးတင်နေမယ်ထင်နေလဲ ခင်ဗျားရဲ့ အကူအညီဆိုတာကလဲ ကျုပ်က မှတ်ဉာဏ်အပိုင်းအစကို ဘယ်တော့မှ မသုံးနိုင်တော့ဘူးလို့ ပြောတာနဲ့ ဘာများထူးသေးလို့လဲ ကျုပ် သက်တမ်း ကုန်တဲ့အထိ ရှာရင်တောင် ပင်လယ်နဂါးတစ်ကောင်ကို ရှာတွေ့ဖို့မသေခြာဘူး"
"ဟဲဟဲ မင်းက ငါ့ကို ဒီလောက် ကျေးဇူးတင်နေတော့ မင်းကို နောက်ထပ် မျက်နှာသာတစ်ခုပေးတဲ့အနေနဲ့ အရိပ်အမြွက်သေးသေးလေးတစ်ခု ပေးမယ် အခုကစပြီး ဘယ်စံပုံစံသတ်မှတ်ချက်ကိုမှ မမှီခိုနဲ့ အဲဒါက အလုပ်မဖြစ်ဘူး... ဒါကြောင့် သတိထားပါ"
"နောက်ဆုံးအနေနဲ့ မှာရရင်…ဟိုနတ်သမီးလေး….. သူမက မင်းထင်ထားတာထက် ပိုအသုံးဝင်တယ် သူမကို မထိခိုက်မိပါစေနဲ့ ပြီးတော့ တစ်နေ့မှာ မင်းက မင်းရဲ့ဆုလာဒ်အတွက် ကျေးဇူးတင်နေမိလိမ့်မယ် ရိုးရိုးသားသားပြောရရင်သူမကို ဆုအဖြစ် မင်းရလိုက်တာကို ငါ မယုံနိုင်သေးဘူး။ ဘယ်လို ချာတိတ်လဲကွာ ကံကောင်းလိုက်တာ!"
#Catfoot