ဗဟိုဧရိယာအတွင်းသို့ချိုးဖောက်ဝင်ရောက်ခြင်းခြင်း
Vol. 4 Ch. 37
အာရန်သည် စာကို သေခြာဖတ်ပြီးနောက် ထိုစာကိုစာအိတ်ထဲသို့ ဂရုတစိုက် ပြန်ထည့်ထားလိုက်သည်။
ထို့နောက် အိမ်တံခါးဆီသို့ လျှောက်သွားလိုက်ပြီး စာအိတ်ကို အပြင်ဘက်သို့ ပေါ့ပေါ့ပါးပါးပင် ပစ်ချလိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် ဖီးနစ်ငှက်ကို ညွှန်ကြားချက်များ ပေးလိုက်သည်။
ဖီးနစ်၏ မီးလျှံများသည် ချောက်ကမ်းပါးမှ အောက်သို့ပျံ့နှံ့သွားပြီး ထိုစာအိတ်ကို ပြာအဖြစ်သို့ ပြောင်းလဲပစ်လိုက်လေသည်။ လေသည် အကြွင်းအကျန်များအားလုံးကို သယ်ဆောင်သွားသောကြောင့် အစအနတစ်ခုမျှပင် ကျန်မနေခဲ့တော့ပါ။
အာရန်သည် စာအိပ်ကလေးအဖြစ်မှ ပြာပုံဘ၀သို့အသွင်ပြောင်းကာ လေထုထဲသို့ ပြန့်နှံ့၍ပျောက်ကွယ်သွားသောဖြစ်ရပ်အား စောင့်ကြည့်ရင်း ထိုနေရာတွင် ငူငူကြီး ရပ်နေမိလေသည်။
အာရန် သည် တိုးတိုးလေး ညည်းညူလိုက်သည်။
"သတင်းအချက်အလက်အတွက် ကျေးဇူးပါ"
သူရရှိခဲ့သော သတင်းအချက်အလက်သည် ချက်ချင်း အသုံးမဝင်နိုင်ခြင်း ကြောင့် အနည်းငယ် စိတ်ပျက်မိသော်လည်း ထိုသတင်း အချက်အလက်များကို အသိပေးပြောကြားပေးခဲ့သည့်အတွက်ကိုမူ ကျေးဇူးတင်မိဆဲဖြစ်သည်။
"ပင်လယ်နဂါး ဟုတ်လား ငါက အဲ့ဒီ အကြီးအကဲရန်ရဲ့ မှတ်ဉာဏ်အပိုင်းအစတစ်ခုကို မဖွင့်နိုင်ခင်မှာ အချိန်အတော်ယူရလိမ့်ဦးမယ်ထင်တယ်။ ဒါပေမယ့် ပထမဆုံးအနေနဲ့ အဓိကဇာတ်လိုက်ကို ဂရုစိုက်စရာလေးတွေရှိနေသေးတယ်"
"အခု တွေးကြည့်မှပဲ အချိန်ကရောက်တော့မယ်ထင်တယ်..."
အဓိက ဇာတ်လိုက်သည် ဂိုဏ်းထဲသို့ ဝင်ပြီး ရက်အနည်းငယ်အကြာတွင် ဖြစ်ပွားခဲ့သော အရေးကြီးအဖြစ်အပျက်တစ်ခုကို သူ သတိရလိုက်သည်။
၎င်းသည် အဓိကဇာတ်လိုက်ကို သေလုမြောပါးအခြေအနေထိ ဖြစ်စေခဲ့သည့် အရေးပါသည့် ဇာတ်ကြောင်းတစ်ခုဖြစ်ပြီး ၎င်းဖြစ်ရပ်မှ အလွန်အဖိုးတန်သော အခွင့်အရေးတစ်ခုကို ထိုဇာတ်လိုက်မှ ရရှိခဲ့လေသည်။
"၀တ္ထုထဲတွင် ဇာတ်လိုက်မင်းသား ရဲ့လန်သည် စနစ်ကပေးသည့် တာဝန် (မစ်ရှင်) တစ်ခုကို လုပ်ဆောင်ရင်း အလွန်အားကောင်း၍ နောက်ခံအင်အား တောင့်သော အမျိုးသမီးတစ်ဦးနှင့် အမှတ်မထင်ဆုံတွေ့ခဲ့ပြီး သူမအဆိပ်မိ နေစဉ်တွင် အဆိပ်ကို ကုသရန်အတွက် သူမနှင့် အတူအိပ်ခဲ့မိလေသည်။
''ကြည့်စမ်း ဘယ်လောက်တောင် မိမိုက်လိုက်တဲ့ ဇာတ်ကွက်လဲ ဒါပေမယ့် နဂိုဇာတ်လမ်းထဲမှာ ဖြစ်ခဲ့တဲ့ အရာတွေကို ခုချိန်မှာတော့ မင်းကိုငါ ဖြစ်ခွင့်မပေးနိုင်တော့ဘူး"
"ငါကဗီလိန်ဆိုတော့ ဇာတ်လိုက်က ပိုအားကောင်းလာလေ ငါ့အတွက် ပိုအန္တရာယ်များလေပဲ ဒါကြောင့် ဇာတ်လိုက်ရဲ့အခွင့်အရေးအားလုံးကို ခိုးယူရမယ် သူ့အတွက် အသင့်စီစဥ်ထားတဲ့ အရာတွေအကုန်လုံးကို င့ါအတွက်ပဲဖြစ်လာစေရမယ်"
ကမ္ဘာကူးပြောင်းလာကြသောအခြားသူများသည်လည်း ယခုအချိန်တွင် ပိုမိုအားကောင်းလာရန် အစီအစဉ်များချမှတ်ကာ လုပ်ဆောင်နေကြလိမ့်မည် ဟု တွေးမိလိုက်လေသည်။ ဇာတ်လမ်းအပေါ် ကြိုတင်သိထားခြင်းသည် အာရန်ကဲ့သို့ ကမ္ဘာကူးပြောင်းလာသူတို့၏ အကြီးမားဆုံးသော အားသာချက် ပင်ဖြစ်သည်။
သူသည် ၀တ္ထု၏ အပိုင်းအနည်းငယ်ကိုသာ ဖတ်ရှုခဲ့ရသောကြောင့် သူ၏ ဇာတ်လမ်းအပေါ် ကြိုတင်သိရှိခြင်းများသည် အခြားကမ္ဘာကူပြောင်းလာသူများနှင်ယှဉ်ပါက သူသည် ဗဟုသုတ အနည်းဆုံးဖြစ်နေလိမ့်မည်ဖြစ်သည်။
ထို့ကြောင့် သူသည် သူသိထားသော ဤအဓိကဇာတ်လိုက်ကိုသာ ရတနာရှာဖွေစက် အဖြင့်အသုံးချကာ ထိုဇာတ်လိုက်၏ အခွင့်အရေးများအားလုံးကို ခိုးယူရန်သာ တတ်နိုင်လေသည်။
………………………………………………………..
ရက်အနည်းငယ် ပြင်ဆင်ပြီးနောက် အာရန်သည် ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
သူသည် ဂိုဏ်း၏ တာဝန်ခန်းမ သို့ သွားလိုက်ပြီး သူ့တပည့်အတွက် ဆေးပင် ရှာရန် အပြင်ခဏထွက်မည်ဖြစ်ကြောင်း သူတို့ကို ဆင်ခြေပေးလိုက်သည်။ သူပြန်လာဖို့ ရက်အနည်းငယ်ခန့် ကြာနိုင်မည်ဖြစ်ကြောင်းကိုလည်း တာဝန်ခန်းမမှအကြီးအကဲများအား ပိုပိုသာသာပြောလိုက်လေသည်။
အာရန် သည် တာဝန်ခန်းမတွင် စောင့်နေစဉ် ဂိုဏ်းချုပ်က မဟာအကြီးအကဲတစ်ဦးအား တစ်လခန့် နေအိမ်အကျယ်ချုပ် ချထားလိုက်ကြောင်း ပြောနေသည်ကိုလည်း ကြားခဲ့ရသည်။
"သူမက အချစ်မျိုးစေ့ကြောင့်င့ါကိုအရူးအမူးဖြစ်သွားခဲ့ပေမဲ့ ဒီရက်ပိုင်း ငါကိုဒုက္ခလာမပေးတာ အံ့သြစရာ မဟုတ်တော့ပါဘူး။ သူမက ငါ့ကိုရုတ်တရက် ပစ်ကြွေသွားသွားခဲ့ပေမယ့် ခုတော့သူမကိုယ်သူမ ထိမ်းချုပ်နိုင်စွမ်းတော့ ပြန်ရရှိသွားပြီထင်တယ်" အာရန်က ၎င်းသည်လည်း ကောင်းသည့်အချက်ပင်ဖြစ်သည်ဟု ယုံကြည်ရင်း ပြုံးလိုက်သည်။
ထို့နောက်သူ လှည့်ထွက်လာခဲ့ရာ အပြင်သို့ရောက်ခါနီးတွင် တာဝန်ခန်းမမှ လေ့ကျင့်ရေး တာဝန်တစ်ခုကို လှမ်းယူနေသော အဓိကဇာတ်လိုက်ကို သတိထားမိလိုက်သည်။
အာရန်သည် လမ်းလျှောက်ထွက်လာရင်း ပြုံးလိုက်သည်။ အရာအားလုံးသည် သူမျှော်လင့်ထားသည့်အတိုင်း ပင်ဖြစ်ပျက်နေခြင်းဖြစ်သည်။
"ဘာလို့ ခုချိန်ကြီးထပေါ်လာတာလဲ"
အာရန်သည် တာဝန်ခန်းမမှ အပြင်သို့ ထွက်တော့မည့်အချိန်တွင် ရုတ်တရက်ရပ်လိုက်သည်။
ရက်အနည်းငယ်ကြာ ငြိမ်သက်နေသော စနစ်၏ မျက်နှာပြင်သည် တစ်ဖန် ပြန်ပေါ်လာခဲ့သည်။
[ရွေးချယ်မှုတစ် : မင်းက ဂိုဏ်းရဲ့ ရိုးသားတဲ့ အကြီးအကဲတစ်ယောက်ပါ။ မင်းမှာ အပြင်ထွက်တာထက် ပိုအရေးကြီးတဲ့ တာဝန်တွေ ရှိတယ်။
နောက် ရက်သတ္တပတ်အနည်းငယ်ထိ ဂိုဏ်းထဲမှာပဲနေပြီး ဂိုဏ်းထဲမှာ မင်းကိုယ်မင်း ပိုပြီး လူသိများလာအောင် လုပ်ပါ။
ဆုလာဘ်: မီးလျှံဘုရင်၏ ဝတ်ရုံတော် (အဆင့်မြင့်)]
[ရွေးချယ်မှု နှစ်: မင်းဟာ မဟာအကြီးအကဲက မင်းကို သဘောကျသွားအောင် လုပ်ခဲ့တယ်။ ယောက်ျားတစ်ယောက်အနေနဲ့ မင်းရဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူသင့်တယ်။ သူမကို နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်အောင် ကူညီပြီး သူမကို မင်းနဲ့အတူ အပြင်ကို ခေါ်သွားပါ။
ဆုလာဘ်: ပင်လယ်ခုနစ်စင်း၏ မြေပုံ (ရှားပါး အဆင့်)]
[ရွေးချယ်မှု သုံး : မင်းစိတ်ထဲမှာ ရှင်းလင်းတဲ့ ပန်းတိုင်တစ်ခု ရှိတယ်။ အဲဒါက ဂိုဏ်းကနေ ထွက်ခွာဖို့ပဲ။ အခုချက်ချင်း ဂိုဏ်းကနေ ထွက်ခွာပြီး မင်းနောက် ကို ဘယ်သူမှလိုက်မလာနိုင်အောင် သေချာလုပ်ပါ။
ဆုလာဘ်: သန့်စင်လေစွမ်းအား ဖိနပ် (အလယ်အလတ်အဆင့်)]
[ရွေးချယ်မှု လေး : မင်းက ဆရာတစ်ယောက်ဖြစ်တယ်။ မင်းမရှိရင် မင်းတပည့်က မင်းကို လွမ်းနေလိမ့်မယ်ဆိုတာ မင်းသိတယ်။ သူမရဲ့ လေ့ကျင့်ရေးကိုတောင် ထိခိုက်စေလိမ့်မယ်။
မင်းနဲ့အတူ သူမကို ခေါ်သွားပြီး လမ်းမှာ သူမကို လေ့ကျင့်ပေးပါ။
ဆုလာဘ်: တိုက်တန်တစ်ကောင်၏ လက်အိတ် (ရှားပါး အဆင့်)]
"ငါ ရွေးချယ်မှု နှစ်ကို ရွေးမယ်"
အာရန်က ဘာမှမတွေးပဲ ချက်ချင်းပင် ပြောလိုက်သည်။
သူသည် ဆုလာဘ်ကြောင့် အန္တရာယ်အရှိဆုံးဖြစ်ဟန်ရသော ရွေးချယ်မှုကို ရွေးချယ်ခဲ့လေသည်။
ယခုအချိန်တွင် သူအလိုချင်ဆုံးအရာမှာ ပင်လယ်နဂါးကို ရှာတွေ့ရန်ပင်ဖြစ်သည်။ ထို့နောက်ပင်လယ်မြေပုံမှာ ထိုအကြောင်းအရာကိုအနည်းဆုံးတော့ အရိပ်အမြွက်အဖြစ် ဖော်ပြပေးနိုင်ကြောင်းသိလေသည်။
၎င်းသည် ရှားပါးအဆင့် ဆုလာဘ်တစ်ခုဖြစ်သောကြောင့် သာမန်မြေပုံ မဟုတ်ကြောင်း ထင်ရှားနေသည်။ ယင်းအစား ၎င်းသည် အဆင့်မြင့် ရတနာတစ်ခုပင်ဖြစ်သည်။
၎င်းသည် သူ့ကို ရှင်းလင်းသော ဦးတည်ချက်တစ်ခုကို ပေးနိုင်လေသည်။ သူ၏လက်ရှိခွန်အားသည် ပင်လယ်နဂါးကို အနိုင်ယူရန် မဆိုထားနှင့် အနားပင်ကပ်ရန် မလုံလောက်သေးသော်လည်း မဟာအကြီးအကဲ ရှုယင် မှာမူ အလွန်သန်မာသူဖြစ်သဖြင့် ၎င်း၏အကူအညီဖြင့် ဆို အဆင်ပြေနိုင်မည်ဖြစ်သည်။
ထိုဒုတိယရွေးချယ်မှုနှင့်ဆိုပါက သူက မြားတစ်စင်းနဲ့ ငှက်နှစ်ကောင် ကိုပစ်ချနိုင်မည့်အပြင် သူသည် သူအလိုချင်နေဆုံးမြေပုံကို ရနိုင်မည်လည်းဖြစ်သည်။ ထို့အပြင် ရှုယင်ကိုလည်း သူ့အားပင်လယ်ခရီးစဉ်တွင် လိုက်ပါပို့ဆောင်ခိုင်းနိုင်လေသည်။
[ ဒုတိယရွေးချယ်မှုကို ရွေးချယ်လိုက်ပါပြီ]
[တာဝန် ပြီးမြောက်သောအခါ ဆုလာဘ်ကိုရရှိပါမည်]
အာရန်အတွက် ပထမရွေးချယ်မှုသည် အလွယ်ကူဆုံးပုံပေါက်နေသော်လည်း အခက်ခဲဆုံးဟုသတ်မှတ်နိုင်သည့် ဒုတိယရွေးချယ်မှုကိုသာ ရွေးချယ်ခဲ့သည်။
ဤတစ်ကြိမ်တွင် သူသည် ထိုထူးဆန်းသောပုဂ္ဂိုလ်၏ စာအတွင်းတွင် ဖော်ပြထားသည့်အတိုင်း စံပုံစံရွေးချယ်မှုများသည် မှားယွင်းကြောင်း သတိပေးချက်ကို လက်ခံလိုက်မိလေသည်။
ပထမရွေးချယ်မှုသည် ဒုတိယရွေးချယ်မှုထက် ပို၍အန္တရာယ်ကင်းနေသည် မဟုတ်ပါလော။
ဒုတိယရွေးချယ်မှုမှာ ရုတ်တရက်သူတစ်ခုခု အမှားအယွင်းလုပ်မိပါက ချက်ချင်းအသတ်ပါသွားနိုင်လေသည်။ သို့သော် ယခုတွင် အရေးမကြီးတော့ပါ။
"ငါသာ အကြီးအကဲရန်ရဲ့ မှတ်ဉာဏ်တွေကို ပြန်ယူချင်တယ်ဆိုရင် ဒါက ငါ့အတွက်မဖြစ်မနေ ရင်ဆိုင်ရမယ့် အန္တရာယ်ပဲ ဒီဆုလာဘ်က နောက်တစ်ခါ ထပ်ပေါ်လာဦးမလားဆိုတာဘယ်လိုမှမသိနိုင်ဘူး အခု လွတ်သွားရင် နောက်ကို ထာဝရ နောင်တရနေလိမ့်မယ်"
သူသည် စိတ်ကိုပိုင်းဖြတ်လိုက်ပြီး တာဝန်ခန်းမမှ ထွက်ခွာလာခဲ့သည်။
သူသည် မဟာအကြီးအကဲ ရှုယင် ကို သူ့နှင့်အတူ ခေါ်သွားရမည်။ သို့သော် အလုပ်ထက်အပြောမှာ အမြဲတမ်းပိုလွယ်နေသည်မဟုတ်ပါလား။
မဟာအကြီးအကဲ ရှုယင်ကို ဂိုဏ်းချုပ်က အိမ်အကျယ်ချုပ်နဲ့ အပြစ်ပေးထားတယ်။ သူမကို သူ့နှင့်အတူ ခေါ်သွားခြင်းသည် ဂိုဏ်းချုပ်၏ စည်းမျဉ်းများကို တိုက်ရိုက်ချိုးဖောက်ခြင်းပင်ဖြစ်သည်။
သူသည် ထိုပြသနာမှ အသက်ရှင်လွတ်မြောက်နိုင်ရန် လမ်းကြောင်းတစ်ခုတော့ မဖြစ်မနေချန်ထားခဲ့ရမည်ဖြစ်သည်။
အာရန်သည် ဖီးနစ်ငှက်ပေါ်သို့ တက်လိုက်ပြီး ကောင်းကင်သို့ ပျံတက်သွားကာ မဟာအကြီးအကဲ ရှုယင် ၏ နေအိမ်ဆီသို့ တည့်တည့်ပင် ပျံသန်းသွားလိုက်သည်။
အာရန်သည် ဂိုဏ်း၏ အဓိကဗဟိုဧရိယာအတွင်းသို့ ရှာဖွေတွေ့ရှိခြင်းမခံရပဲ ဝင်ရောက်ရန် နည်းလမ်းမရှိပါ။ ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲများသာ ထိုဧရိယာတွင် နေထိုင်ခွင့်ရကြလေသည်။
သူသည် ဗဟိုဧရိယာအတွင်းသို့ ဝင်လိုက်သည်နှင့် အစောင့်များအားလုံး ချက်ချင်း သတိထားမိသွာမည်ဖြစ်သည်။
သို့သော် ခွင့်ပြုချက်မရှိဘဲ တစ်စုံတစ်ယောက်သည် ဗဟိုဧရိယာအတွင်းသို့ ချိုးဖျက်ဝင်ရောက်လာခဲ့လေသည်။
[အောင်နိုင်သူသူရဲကောင်း ၏ လမ်းကြောင်း တိုးတက်မှု: ၁ ရာခိုင်နှုန်း]
#Catfoot