← Chapters

စီစဉ်ထားသည့်အတိုင်းဝင်ရောက်ခြင်း

Vol. 4 Ch. 38

စီစဉ်ထားသည့်အတိုင်းဝင်ရောက်ခြင်း

Vol. 4 Ch. 38

"ဒီနည်းလမ်းကို ရွေးချယ်မိတာ ငါ တကယ်ကြီး ရူးနေတာပဲ ဖြစ်ရမယ်။ ဒါပေမယ့် အခုရွေးပြီးသွားပြီဆိုတော့ မတတ်နိုင်ဘူး... အဆုံးထိဆက်လျှောက်ရမှာပဲ"

အာရန်သည် သူ့အတွက်ခွင့်ပြုချက်ရမထားသော ဗဟိုဧရိယာအတွင်းသို့ ချင်းနင်း ဝင်ရောက်လိုက်သည်။ ၎င်းသည် ဂိုဏ်းအတွင်းရှိ အားအကောင်းဆုံး အကြီးအကဲများ နေထိုင်သော နေရာလည်းဖြစ်သည်။

၎င်းသည် မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်နေထိုင်သော ဂိုဏ်း၏အဓိကနန်းတော် တည်ရှိရာ နေရာလည်းဖြစ်သည်။

အာရန်သည် တားမြစ်ဧရိယာအတွင်းသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ယောက်သည် ခွင့်ပြုချက်မရှိဘဲ ဤနေရာသို့ ဝင်ရောက်လာသည့် အကြောင်း အစောင့်များအားလုံးထံ သတင်းပေးခံလိုက်ရသည်။

"ငါ အသက်ရှင်နေသေးရင် ငါတို့ထပ်တွေ့ကြတာပေ့ါ င့ါရဲ့နေမင်းလေးရေ" အာရန်သည် ကြီးမားသော အမြင့်မှ ခုန်ဆင်းခြင်းမပြုမီ ဖီးနစ်ငှက်၏ခေါင်းကို ညင်သာစွာ ပုတ်ပေးလိုက်သည်။

အာရန်သည် ဗဟိုဧရိယာအတွင်းသို့ ခုန်ဆင်းလိုက်စဉ် ခမ်းနားထည်ဝါလွန်း သည့် ဖီးနစ်ငှက်တစ်ကောင်၏ အော်ဟစ်မြည်ကြွေးသံသည် နှုတ်ဆက်သံတစ်ခုအလာ ကြယ်လောင်စွာထွက်ပေါ်လာသည်။

အာရန် သည် အောက်သို့ကျဆင်းလာစဉ် လေအေးများသည်က သူ၏ခန္ဓာကိုယ်ကို ဖြတ်တိုက်သွားကြသည်။ အချိန်တိုအတွင်း မြေပြင်နှင့်တဖြည်းဖြည်း ပိုမို၍ နီးကပ်လာလေသည်။

ဤကျဆင်းလာသည့် အရှိန်ဖြင့်သာ သူသည် မြေပြင်ကို တကယ်ထိမိလိုက်လျှင် မုတ်ချပင် သေဆုံးမည်ဖြစ်သည်။

"မဖြစ်ဘူး..."

"ခုသေလို့မဖြစ်သေးဘူး..."

သူသည် ဆက်လက်ကျဆင်းစဉ် အော်ဟစ်ညီးညူမိလိုက်သည်။

သူနှင့်ပြေပြင်ကြား မီတာအနည်းငယ်သာ ကွာဝေးတော့သောအခါ "လုပ်လိုက်တော့" ဟု အော်ဟစ်လိုက်သည်။

နွေးထွေးသော လေစွမ်းအင်များသည် အာရန်၏ ခန္ဓာကိုယ်ကို ဝန်းရံသွားပြီး သူ့ကို ညင်သာစွာ မြှောက်တင်ပေးလိုက်သည်။

ထို့နောက် ဖြည်းညှင်းစွာဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်နိုင်လိုက်လေသည်။

....

ဤ ကျူးကျော်လာသူကို ရှာဖွေရန် အစောင့်များစွာသည် အရိပ်များအတွင်းမှ ထွက်ပေါ်လာခဲ့ကြသည်။

အစောင့်များ၏ ခေါင်းဆောင်သည် အကြီးအကဲအဆင့် မဟုတ်သော်လည်း သာမန်အကြီးအကဲများထက် ပိုမိုအားကောင်းလေသည်။

ဂုဏ်၏ ဗဟိုဧရိယာကို ကာကွယ်ရန်နှင့် အတွင်းမှ ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးကို ထိန်းသိမ်းစောင့်လျှောက်ရန်မှာ သူ၏ တစ်ခုတည်းသော တာဝန်ဖြစ်ပြီး အတွင်းရှိ မဟာအကြီးအကဲများနှင့်ဂိုဏ်းချုပ်ကို အနှောင့်အယှက်တစ်စုံတစ်ရာ မဖြစ်စေရန်အတွက်ဖြစ်သည်။

သူတို့သည် မကြာမီ ကျူးကျော်ဝင်ရောက်လာသူကို တွေ့ရှိလိုက်ရသည်။

"အဲဒါက အကြီးအကဲရန်ရဲ့ ဖီးနစ်ငှက် မဟုတ်ဘူးလား" အစောင့်တစ်ဦးက ကောင်းကင်တွင် ပျံသန်းနေသည့် ခမ်းနားထည်ဝါသည့် သားရဲတစ်ကောင်ကို သတိထားမိလိုက်သဖြင့် အချင်းချင်းမေးလိုက်မိသည်။

"ငါက အဲဒီပေါ်မှာ အကြီးအကဲရန်ကို မတွေ့မိဘူး သူ့ရဲ့ဖီးနစ်ငှက်က ဒီနေရာကို မတော်တဆ ဝင်လာမိတာကော ဖြစ်နိုင်မလား" နောက်ထပ် အစောင့်တစ်ဦးက မေးလိုက်သည်။

အစောင့်တစ်ဦးက အနည်းငယ် စဥ့်စားလိုက်ပြီး "ငါတို့... သူကိုသတ်ပစ်သင့်လား" ဟု ပြောလိုက်သည်။

စည်းမျဉ်းများအရ ကျူးကျော်ဝင်ရောက်လာသူများသည် ဤနေရာသို့ ဝင်ရောက်ရန် လုံလောက်သော အကြောင်းပြချက်မပေးနိုင်ပါက ရရှိမည့်ပစ်ဒဏ်မှာ သေဒဏ်ပင်ဖြစ်သည်။

"အမ် ဒါပေမယ့် အကြီးအကဲရန်က အသူရာသွေးနတ်ဘုရားမ ထက်တောင် ပိုအားကောင်းတယ်လို့ ငါကြားထားတယ် ဒီနေရာကို မတော်တဆ ဝင်လာမိတဲ့ သူ့သားရဲကို ငါတို့သတ်လိုက်တာသာသူသိသွားရင်... သူငါတို့ကို အလွတ်ပေးမယ်ထင်လား"

အကယ်၍ အကြီးအကဲရန်သာ ဖီးနစ်ငှက်နှင့်အတူပါလာမည်ဆိုလျှင် ကိစ္စမျာမှာခြားနားသွားမည်ဖြစ်သည်။ သို့သော်ယခုတွင်ထိုသို့မဟုတ်ပါ။ ဖီးနစ်ငှက်သည် ဤနေရာသို့ မတော်တဆသာ ဝင်ရောက်လာမိခြင်းဖြစ်ပြီး မည်သူ၏ ခိုင်းစေချက်နှင့်မျှ ဝင်ရောက်လာခြင်းမျိုးမဟုတ်ပါ။

ဖီးနစ်ငှက်သည် ဤကောင်းကင်အခွင်အတွင်း ကြီးကျယ်ခမ်းနားလွန်းသော သားရဲတစ်ကောင်ဖြစ်သည်။ အကြီးအကဲရန် အိပ်ပျော်နေချိန် သို့မဟုတ် အလုပ်များနေချိန်တွင် သူ၏ဖီးနစ်ငှက်သည် မိစ္ဆာဂိုဏ်း၏ ကောင်းကင်ထက်တွင် ပျံသန်းလေ့ရှိသည်ကို မိစ္ဆာဂိုဏ်းသားများမကြာခဏ မြင်တွေ့ရကြောင်း သူတို့ကြားရလေ့ရှိသည်။

ယခုလည်းထိုကဲ့သို့ပင်ဖြစ်လိမ့်မည်ဟု တွေးမိလိုက်ကြသည်။

အစောင့်များ၏ ခေါင်းဆောင်သည်လည်းမည်သို့ ပြုမူရမည်ကိုတွေးရင်း ခေါင်းကိုက်လာလေသည်။

"ဒါက မတော်တဆမှုဖြစ်နေတော့ ငါတို့ သေဒဏ်ပေးလို့မရဘူး အကြီးအကဲရန်ကို မျက်နှာသာပေးတယ်လို့ပဲ သဘောထားလိုက်ရအောင် တကယ်လို့ ဗီးနစ်ငှက်က ငါတို့သတိပေးလို့မှ မရပ်ပဲဆက်သွားနေမယ်ဆိုရင် ငါတို့အရှင်ဖမ်းထားလိုက်ပြီး အကြီးအကဲရန်ကို ပြန်ပေးလိုက်လို့လဲရတယ်လေ"

အစောင့်ခေါင်းဆောင်သည် ဗဟိုဧရိယာအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်ရန်ကျိုးစားနေသော ဖီးနစ်ငှက်ကို ဖမ်းရန် သူ့လူများကို အမိန့်ပေးတော့မည့်အချိန်တွင်….

ကံကောင်းစွာဖြင့် သူ အမိန့်မပေးရသေးခင်ပင် ဖီးနစ်ငှက်က လှည့်ပြန်လာခဲ့လေသည်။

"ဟမ်" ဖီးနစ်ငှက်က ဗဟိုအတွင်းဧရိယာမှ တစ်ဖန် ထွက်ခွာသွားသောအခါ အစောင့်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

"ငါတို့... ဆက်ပြီးလိုက် ဖမ်းသင့်လား" အစောင့်တစ်ဦးက ခေါင်းဆောင်ကို မေးလိုက်သည်။

အဖွဲ့ခေါင်းဆောင်က သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။

"သူထွက်သွားပြီဆိုတော့ ထားလိုက်ပါ နောက်တစ်ခေါက်လာရင်တော့ ဖမ်းရလိမ့်မယ်"

အစောင့်အားလုံးသည်လူစုခွဲ၍ မိမိတို့တာဝန်ကျရာ နယ်နိမိတ်တစ်ဝိုက်သို့ အရိပ်များသဖွယ်ပြန်လည်ပြောင်းလဲရင်း တဖြည်းဖြည်း ပျောက်ကွယ် သွားကြလေသည်။

ဗဟိုဧရိယာအတွင်း ကျူးကျော်ဝင်ရောက်လာသူများကို ထောက်လှန်းရန် အသိပေးသော အချက်ပြတစ်ခု ရှိသော်လည်း ၎င်းတွင် ချို့ယွင်းချက်တစ်ခု တော့ရှိနေလေသည်။

တစ်ချိန်တည်းတွင် တစ်နေရာတည်းမှ နှစ်ဦးထက်ပို၍ ဝင်ရောက်လာပါက ထိုကျူးကျော်ဝင်ရောက်လာသူ အရေအတွက်ကို အတိအကျ ပြန်မပြပေးနိုင်ပါ။

အစောင့်များသည် ဖီးနစ်ငှက် တစ်ဦးတည်းသာ မျက်စိလည်၍ ဝင်ရောက်လာသည်ဟု တွေးခဲ့ကြပြီး အစောင့်အရှောက် လျှော့နည်းနေစဉ်အခိုက် အခွင့်ကောင်းယူကာ ကျူးကျော်ဝင်ရောက်သွားသောသူသည် ဗဟိုဧရိယာ အတွင်း၌ ရောက်ရှိနေပြီဖြစ်ကြောင်း မည်သူမျှသတိမထားမိလိုက်ကြပါ။

အစောင့်များ ပြန်လည်ဆုတ်ခွာသွားချိန်တွင် အာရန်သည် သစ်ပင်အောက်တွင် ရပ်နေပြီး ကောင်းကင်ကိုမော့ကြည့်နေလေသည်။

"အခုတော့ ဒီအစီအစဉ်က အလုပ်ဖြစ်သွားပုံပဲ"

သူသည် မည်သည့်လှုပ်ရှားမှုမပြုလုပ်မီ သေခြာအောင် နောက်ထပ် မိနစ်အနည်းငယ်ခန့် ထပ်မံစောင့်ဆိုင်းခဲ့သည်။

သူသည် ဗဟိုဧရိယာအတွင်းသို့ ဝင်ရောက်နိုင်ခဲ့သော်လည်း ဖြေရှင်းရန် ပြဿနာတစ်ခုတော့ ကျန်နေသေးသည်။

သူသည် ရှုယင် နေထိုင်သောတည်နေရာကို မသိချေ။ ဤကဲ့သို့ ကျယ်ပြန့်သော နေရာတွင် အပြောရလွယ်သလောက် တကယ်ရှာဖွေရန်မှာ ထင်သလောက် မလွယ်လှချေ။

ဂိုဏ်းတွင် မဟာအကြီးအကဲများစွာ ရှိသည်။ အလားတူပင် ၎င်းတို့အားလုံး သည် ဤနေရာတွင် နေထိုင်ကြလေသည်။ သူသည် တစ်စုံတစ်ယောက်၏ စံအိမ်ထဲသို့ ရိုးရိုးတန်းတန်း ဝင်စစ်ဆေး၍မရပါ။

သူသည် ရှုယင်၏ အိမ်ထဲသို့ တန်းဝင်မိလျှင် အဆင်ပြေသေးသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် သူမ၏ နှလုံးသားထဲတွင် အစိုက်ထူခံထားရသော ချစ်ခြင်းမျိုးစေ့ကြောင့် သူ့ကိုသတ်မည် မဟုတ်မှန်းသိနေသောကြောင့်ဖြစ်သည်။ အခြား အကြီးအကဲများမှာမူထိုသို့မဟုတ်ပါ။

ထိုတနေ့လုံးတွင် အာရန်သည် ရှုယင်၏ ခြံဝင်းကို ရှာဖွေရင်း ထိုအတွင်းဧရိယာအတွင်း ဂရုတစိုက်ဖြေးညှင်းစွာရွေ့လျားနေခဲ့လေသည်။

သူသိထားသော တစ်ခုတည်းသောအရာမှာ သူမ၏ နေအိမ်သည် အခြား မဟာအကြီးအကဲများ၏ နေအိမ်များနှင့် အဝေးဆုံးပင်ဖြစ်သည်ဟူ၍ ဖြစ်သည်။

ဤသဲလွန်စတစ်ခုတည်းဖြင့်ပင် သူမ၏ ခြံဝင်းကို သူရှာဖွေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အချိန်အတော်ကြာရှာဖွေပြီးနောက် နောက်ဆုံးတွင်ကိုက်ညီမှု နှစ်ခုကို တွေ့ရှိခဲ့သည်ဟု ပြော၍ရ

လေသည်။

အခြားမဟာအကြီးအကဲတည်နေရာများနှင့် ဝေးကွာသောနေရာတွင် ခြံဝင်းနှစ်ခု ရှိလေသည်။ ၎င်းတို့နှစ်ခုစလုံးသည် အဓိကနန်းတော်၏ မတူညီသော ဘေးတစ်ဖက်တစ်ချပ်စီတွင် ရှိနေကြသည်။

၎င်းတို့သည် ဤအဓိကဗဟိုဧရိယာ၏ အလယ်ဗဟိုနှင့် နီးကပ်စွာတည်ရှိနေသော နေရာများဖြစ်ပြီး အဓိကနန်းတော်နှင့် အနည်းငယ်သာ ဝေးကွာသော နေရာများလည်း ဖြစ်ကြသည်။

"နှစ်ခုလုံးက အချက်အလက်နဲ့ ကိုက်ညီနေတယ် ဒါပေမယ့် အခုက လောင်းကစားလုပ်ရတော့မယ်နဲ့တူတယ် ဘယ်တစ်ခုကို ရွေးချယ်ရွေးချယ် အောင်မြင်ဖို့ ငါ့မှာ ၅၀ ရာခိုင်နှုန်း ပဲရှိတယ်"

အာရန်သည် နှစ်ခုထဲမှ ဘယ်တစ်ခုက ရှုယင်နှင့် သက်ဆိုင်သည်ကို မသိနိုင်ပါ။ ဤခြံဝင်းနှစ်ခုနှင့် ပတ်သက်လာလျှင် သူရရှိထားသော သဲလွန်စများအားလုံးသည် အချီးနှီးသာဖြစ်လေသည်။

အချိန်အတော်ကြာအောင် သူသည် ဆုံးဖြတ်ချက်တစ်ခု မချနိုင်ပဲ ငေး၍ စောင့်ဆိုင်းနေမိလေသည်။ သို့သော် အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်လေသည်။

သူသည် ဤအတိုင်းတွေးနေရုံမျှဖြင့် ဘာမှမလုပ်နိုင်ကြောင်း နားလည်လိုက်သည်။ လောင်းကစားတစ်ခုဖြစ်လျှင်ပင် ဘာမှမလုပ်နေခြင်းထက် တစ်ခုခုရွေးချယ်လိုက်ခြင်း ကသာ၍ကောင်းလေသည်။ နောက်ဆုံး ဤနေရာတွင် သူသည် အချိန်အတော်များများ ဖြုန်းတီးမိခဲ့ပြီဖြစ်သည်။

သူသည် ဤနေရာတွင် အချိန်အလွန်အကျွံ ကုန်ဆုံးမိပါက အဓိက ဇာတ်လိုက်ထံမှ ရိပ်သိမ်းနိုင်မည့် အခွင့်အရေးကို ဆုံးရှုံးသွားနိုင်လေသည်။

သူသည် အဓိက ဇာတ်လိုက် မတိုင်မီ သူ့ထက်အရင် ထိုနေရာသို့ ရောက်နှင့်နေရမည်ဖြစ်သည်။ ထိုအတွက် အာရန်သည် နောက်ထပ် မနှောင့်နှေးချင်တော့ပါ။

အာရန်သည် ဘယ်ဘက်ခြမ်းရှိ ခြံဝင်းကို ရွေးချယ်လိုက်ပြီး မလွဲမှားစေဖို့မျှော်လင့်ရင်း သူ့ကံတွင်သာအရာအားလုံးပုံအောလိုက်လေသည်။

သူသည် အစောင့်မရှိသော ခြံဝင်းတစ်ခုထဲသို့ ဂရုတစိုက် ဝင်ရောက်သွားလိုက်သည်။

#Caftoot

All Chapters